Elon Musk က SpaceX အတွက် ဝန်ထမ်းခေါ်ယူရာတွင် အသုံးပြုသည့် တမူထူးသော လက်နှစ်ဖက် စမ်းသပ်ချက်

Elon Musk က SpaceX အတွက် ဝန်ထမ်းခေါ်ယူရာတွင် အသုံးပြုသည့် တမူထူးသော လက်နှစ်ဖက် စမ်းသပ်ချက် - Property Knowledge in Myanmar from iMyanmarHouse.com
5 Aug 2024 12:45 pm တွင် တင်ခဲ့သည်
691 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

နည်းပညာကုမ္ပဏီများ၏ ထိပ်တန်း အလုပ်အကိုင်ရာထူးအချို့မှာ တက္ကသိုလ်မှ ဘွဲ့ရရန် လိုအပ်မည်ဖြစ် သော်လည်း Elon Musk ကမူ အတန်းပညာထက် လုပ်ငန်းကျွမ်းကျင်မှုကိုသာ အမြဲတန်ဖိုးထား အလေးပေးသူ ဖြစ်သည်။

အတန်းပညာနှင့် ပညာ မရောထွေးရန် Elon Musk တခါက သတိပေးဖူးသည်။

“ကျွန်တော် ဟားဗတ်ကို မရောက်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက် အလုပ်လုပ်ပေးနေတဲ့သူတွေ တက်ခဲ့ကြပါတယ်” Elon Musk က Tesla နှင့် SpaceX တို့အတွက် ထိပ်တန်းအရည်အချင်းရှိသူများ ရောက်လာစေရန် ဆွဲဆောင် မှုများ လုပ်ဆောင်လျက်ရှိရာ ထိုသို့ ဝန်ထမ်းခေါ်ယူမှုတွင် Elon Musk အနေဖြင့် မည်သို့သော မဟာဗျူဟာများ အသုံးပြုသည်ကို အချို့က သိလိုကြသည်။

Elon Musk က ဝန်ထမ်းခေါ်ယူရာတွင် သူ၏ စကားအရဆိုလျှင် “လက်နှစ်ဖက် မဟာဗျူဟာ” ကို သုံးသည်ဟု ဆိုသည်။

လက်နှစ်ဖက် မဟာဗျူဟာတွင် အပိုင်း ၂ ခု ပါဝင်သည်။

(ပထမလက် -အတွေ့အကြုံ))

Elon Musk သည် အတန်းပညာထက် အတွေ့အကြုံကို ပိုမိုတန်ဖိုးထားကြောင်း အထက်တွင် ဆိုခဲ့ပြီး ဖြစ်သည်။

သူ ပြောခဲ့ဖူးသည့် စကားတစ်ခု ရှိသည်။

“ကောလိပ်ဆိုတာ အခြေခံအားဖြင့်တော့ အပျော်အတွက်ပဲလို့ ကျွန်တော်ထင်တယ်။ ကိုယ့်ရဲ့ ဝေယျာဝစ္စ အလုပ်တွေကို လုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ တစ်ခုအတွက်ပဲ။ သင်ယူလေ့လာဖို့အတွက် မဟုတ်ပါဘူး” ဟု ဆိုသည်။

ထို့ကြောင့် ပထမအဆင့်မှာ လျှောက်ထားလာသူ၏ ဘွဲ့တစ်ခုရရန် နာရီပေါင်းမည်မျှ လေ့လာခဲ့ရသည် ဆိုခြင်း ထက် ၎င်း၏ အတွေ့အကြုံကို ဆန်းစစ်ခြင်း ဖြစ်သည်။

သို့အတွက် လျှောက်ထားလာသူသည် ၎င်းလျှောက်ထားသော ရာထူးနေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကျွမ်းကျင်မှုနှင့် ဗဟုသုတမည်မျှရှိသည် ဆိုသည့်အပေါ် ပိုမိုချဉ်းကပ်သည့်နည်းအား အသုံးပြုသည်။

အတန်းပညာမည်မျှ ကောင်းသည်ဆိုသည့်အပေါ် Elon Musk က ကြည့်လေ့မရှိ။

(Elon Musk က ဝန်ထမ်းခေါ်ယူရာတွင် လက်နှစ်ဖက် ချဉ်းကပ်ပုံကို သဘောကျသည်။ ဓာတ်ပုံ-Marc Piasecki/ Getty Images)

((တိုက်ရိုက်စမ်းသပ်ခြင်း/ Hands-on testing))

မဟာဗျူဟာ၏ ဒုတိယကဏ္ဍမှာ Hands-on testing ဟုခေါ်ပြီး အင်တာဗျူး စစ်ဆေးခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

အင်တာဗျူးများတွင် သမားရိုးကျနည်းအတိုင်း မေးမြန်းကာ လျှောက်ထားသူ၏ ဗဟုသုတကို လေ့လာခြင်းမျိုး သည် ၎င်းလျှောက်ထားသည့် ရာထူးနေရာတွင် လုပ်ဆောင်ရမည့် တာဝန်တို့နှင့် စပ်လျဉ်းသည့် အလုပ်တစ်ခု စမ်းသပ်သည့် နည်းလောက် ထိရောက်မှု မရှိချေ။

ထိုနည်းလမ်းမှာ လျှောက်ထားသူ၏ ဗဟုသုတကိုစစ်ဆေးရန် ကြိမ်ဖန်များစွာ အင်တာဗျူးနေခြင်းထက် ပိုမိုထိရောက်သည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk uses unique two-hands test to hire SpaceX employees (unilad)

Photo Credit: Marc Piasecki/ Getty Images

[Zawgyi]

Elon Musk က SpaceX အတြက္ ဝန္ထမ္းေခၚယူရာတြင္ အသံုးျပဳသည့္ တမူထူးေသာ လက္ႏွစ္ဖက္ စမ္းသပ္ခ်က္

နည္းပညာကုမၸဏီမ်ား၏ ထိပ္တန္း အလုပ္အကိုင္ရာထူးအခ်ဳိ႕မွာ တကၠသိုလ္မွ ဘြဲ႔ရရန္ လိုအပ္မည္ျဖစ္ ေသာ္လည္း Elon Musk ကမူ အတန္းပညာထက္ လုပ္ငန္းကၽြမ္းက်င္မႈကိုသာ အျမဲတန္ဖိုးထား အေလးေပးသူ ျဖစ္သည္။

အတန္းပညာႏွင့္ ပညာ မေရာေထြးရန္ Elon Musk တခါက သတိေပးဖူးသည္။

“ကၽြန္ေတာ္ ဟားဗတ္ကို မေရာက္ခဲ့ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ့္အတြက္ အလုပ္လုပ္ေပးေနတဲ့သူေတြ တက္ခဲ့ၾကပါတယ္” Elon Musk က Tesla ႏွင့္ SpaceX တို႔အတြက္ ထိပ္တန္းအရည္အခ်င္းရွိသူမ်ား ေရာက္လာေစရန္ ဆဲြေဆာင္ မႈမ်ား လုပ္ေဆာင္လ်က္ရွိရာ ထိုသို႔ ဝန္ထမ္းေခၚယူမႈတြင္ Elon Musk အေနျဖင့္ မည္သို႔ေသာ မဟာဗ်ဴဟာမ်ား အသံုးျပဳသည္ကို အခ်ဳိ႕က သိလိုၾကသည္။

Elon Musk က ဝန္ထမ္းေခၚယူရာတြင္ သူ၏ စကားအရဆိုလွ်င္ “လက္ႏွစ္ဖက္ မဟာဗ်ဴဟာ” ကို သံုးသည္ဟု ဆိုသည္။ လက္ႏွစ္ဖက္ မဟာဗ်ဴဟာတြင္ အပိုင္း ၂ ခု ပါဝင္သည္။

(ပထမလက္ -အေတြ႔အၾကံဳ))

Elon Musk သည္ အတန္းပညာထက္ အေတြ႔အၾကံဳကို ပိုမိုတန္ဖုိးထားေၾကာင္း အထက္တြင္ ဆိုခဲ့ျပီး ျဖစ္သည္။

သူ ေျပာခဲ့ဖူးသည့္ စကားတစ္ခု ရွိသည္။

“ေကာလိပ္ဆိုတာ အေျခခံအားျဖင့္ေတာ့ အေပ်ာ္အတြက္ပဲလို႔ ကၽြန္ေတာ္ထင္တယ္။ ကိုယ့္ရဲ႕ ေဝယ်ာဝစၥ အလုပ္ေတြကို လုပ္ႏိုင္တယ္ဆိုတာ သက္ေသျပဖို႔ တစ္ခုအတြက္ပဲ။ သင္ယူေလ့လာဖုိ႔အတြက္ မဟုတ္ပါဘူး” ဟု ဆိုသည္။

ထို႔ေၾကာင့္ ပထမအဆင့္မွာ ေလွ်ာက္ထားလာသူ၏ ဘြဲ႔တစ္ခုရရန္ နာရီေပါင္းမည္မွ် ေလ့လာခဲ့ရသည္ ဆိုျခင္း ထက္ ၎၏ အေတြ႔အၾကံဳကို ဆန္းစစ္ျခင္း ျဖစ္သည္။

သို႔အတြက္ ေလွ်ာက္ထားလာသူသည္ ၎ေလွ်ာက္ထားေသာ ရာထူးေနရာအတြက္ ယွဥ္ျပိဳင္ႏိုင္စြမ္းရွိသည့္ ကၽြမ္းက်င္မႈႏွင့္ ဗဟုသုတမည္မွ်ရွိသည္ ဆိုသည့္အေပၚ ပိုမိုခ်ဥ္းကပ္သည့္နည္းအား အသံုးျပဳသည္။

အတန္းပညာမည္မွ် ေကာင္းသည္ဆိုသည့္အေပၚ Elon Musk က ၾကည့္ေလ့မရွိ။

(Elon Musk က ဝန္ထမ္းေခၚယူရာတြင္ လက္ႏွစ္ဖက္ ခ်ဥ္းကပ္ပံုကို သေဘာက်သည္။ ဓာတ္ပံု-Marc Piasecki/ Getty Images)

((တိုက္ရိုက္စမ္းသပ္ျခင္း/ Hands-on testing))

မဟာဗ်ဴဟာ၏ ဒုတိယက႑မွာ Hands-on testing ဟုေခၚျပီး အင္တာဗ်ဴး စစ္ေဆးျခင္းကို ရည္ညႊန္းျခင္း ျဖစ္သည္။

အင္တာဗ်ဴးမ်ားတြင္ သမားရိုးက်နည္းအတိုင္း ေမးျမန္းကာ ေလွ်ာက္ထားသူ၏ ဗဟုသုတကို ေလ့လာျခင္းမ်ဳိး သည္ ၎ေလွ်ာက္ထားသည့္ ရာထူးေနရာတြင္ လုပ္ေဆာင္ရမည့္ တာဝန္တို႔ႏွင့္ စပ္လ်ဥ္းသည့္ အလုပ္တစ္ခု စမ္းသပ္သည့္ နည္းေလာက္ ထိေရာက္မႈ မရွိေခ်။

ထိုနည္းလမ္းမွာ ေလွ်ာက္ထားသူ၏ ဗဟုသုတကိုစစ္ေဆးရန္ ၾကိမ္ဖန္မ်ားစြာ အင္တာဗ်ဴးေနျခင္းထက္ ပိုမိုထိေရာက္သည္ဟု ဆိုသည္။

Ref: Elon Musk uses unique two-hands test to hire SpaceX employees (unilad)

Photo Credit: Marc Piasecki/ Getty Images

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လင်မယားနှစ်ဦးပစ္စည်း ခွဲဝေခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လင်မယားနှစ်ဦးပစ္စည်း ခွဲဝေခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
တရုတ်ပြည်တွင် သားဖြစ်သူကို ကျောင်းစာ ကူလုပ်ပေးသည့် အသက် ၄၇ နှစ်အရွယ် ဖခင်နှင့် သားဖြစ်သူတို့ နှစ်ဦးလုံး တက္ကသိုလ်ဝင်ခွင့်ရခဲ့...
တရုတ်ပြည်တွင် သားဖြစ်သူကို ကျောင်းစာ ကူလုပ်ပေးသည့် အသက် ၄၇ နှစ်အရွယ် ဖခင်နှင့် သားဖြစ်သူတို့ နှစ်ဦးလုံး တက္ကသိုလ်ဝင်ခွင့်ရခဲ့...
ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန်ကြီးတွင် စုံတွဲတစ်တွဲ အမှတ်တရ ရိုက်ကူးခဲ့သော ဓာတ်ပုံ၏ နောက်ကွယ်မှ ဆို့နင့်ကြေကွဲဖွယ်ဖြစ်ရပ်...
ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန်ကြီးတွင် စုံတွဲတစ်တွဲ အမှတ်တရ ရိုက်ကူးခဲ့သော ဓာတ်ပုံ၏ နောက်ကွယ်မှ ဆို့နင့်ကြေကွဲဖွယ်ဖြစ်ရပ်...
Warren Buffett အသက် ၉၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်၊ သူ၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်မှာ ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်မှုပုံစံဖြစ်မည်ဟု အများက ခန့်မှန်းသော်လည်း သူ၏ စားသောက်ပုံမှာ အများထင်မြင်ထားသည်နှင့် များစွာခြားနား...

ဖြတ်ရဲမှ ဖြတ် ၊ ပေ (1000) နီးပါး အမြင့်ရှိပြီး လည်ပတ်သူတိုင်းကို ကြောက်ဒူးတုန်စေမယ့် ကမ္ဘာ့အရှည်ဆုံးနဲ့ အမြင့်ဆုံး ဖန်တံတား...
ဖြတ်ရဲမှ ဖြတ် ၊ ပေ (1000) နီးပါး အမြင့်ရှိပြီး လည်ပတ်သူတိုင်းကို ကြောက်ဒူးတုန်စေမယ့် ကမ္ဘာ့အရှည်ဆုံးနဲ့ အမြင့်ဆုံး ဖန်တံတား...
မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်များ
မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်များ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မိမိအိမ်လေးရောင်းထွက်စေဖို့ ကြည့်ကောင်းစေတဲ့ ဓာတ်ပုံရိုက်နည်းများ
မိမိအိမ်လေးရောင်းထွက်စေဖို့ ကြည့်ကောင်းစေတဲ့ ဓာတ်ပုံရိုက်နည်းများ
Jeff Bezos က လုပ်ငန်းအောင်မြင်ရန်အတွက် စိတ်ပျက်ဖွယ်ကောင်းသူများကို အလုပ်ခန့်ထားရန် အရေးကြီးကြောင်း ပြောကြား...
Jeff Bezos က လုပ်ငန်းအောင်မြင်ရန်အတွက် စိတ်ပျက်ဖွယ်ကောင်းသူများကို အလုပ်ခန့်ထားရန် အရေးကြီးကြောင်း ပြောကြား...
သိပ္ပံပညာရှင်တို့က ကမ္ဘာမြေအောက်တွင် သမုဒ္ဒရာကြီးတစ်ခုရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ အားလုံးရှိ ရေထက် ၃ ဆ ပိုမိုများပြားကြောင်းသိရ...
သိပ္ပံပညာရှင်တို့က ကမ္ဘာမြေအောက်တွင် သမုဒ္ဒရာကြီးတစ်ခုရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ အားလုံးရှိ ရေထက် ၃ ဆ ပိုမိုများပြားကြောင်းသိရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိတို့ အိမ်ဆောက်နေထိုင်သော မြေနေရာမှ မြေရှင်၏ နှင်ထုတ်ခံရမှုကြောင့် နောင်တချိန်တွင် မောင်နှမ ၁၁ ဦးလုံးကို အိမ်ဝယ်ပေးမည
မိမိတို့ အိမ်ဆောက်နေထိုင်သော မြေနေရာမှ မြေရှင်၏ နှင်ထုတ်ခံရမှုကြောင့် နောင်တချိန်တွင် မောင်နှမ ၁၁ ဦးလုံးကို အိမ်ဝယ်ပေးမည
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ကနေဒါတွင် ရုပ်ရှင်ရိုက်စဉ်က နေထိုင်ခဲ့ပြီး မင်းသားဟယ်ရီနှင့် အချစ်ရေးစ
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ကနေဒါတွင် ရုပ်ရှင်ရိုက်စဉ်က နေထိုင်ခဲ့ပြီး မင်းသားဟယ်ရီနှင့် အချစ်ရေးစ
ပြင်သစ်နိုင်ငံတွင် ကျင်းပနေသော အိုလံပစ်ပွဲတော်၌ ရွှေတံဆိပ်ဆုရ ရေကူးချန်ပီယံ ကစားသမားက အိုလံပစ်ကျေးရွာ အဆောက်အအုံများတွင်
ပြင်သစ်နိုင်ငံတွင် ကျင်းပနေသော အိုလံပစ်ပွဲတော်၌ ရွှေတံဆိပ်ဆုရ ရေကူးချန်ပီယံ ကစားသမားက အိုလံပစ်ကျေးရွာ အဆောက်အအုံများတွင်
Apple ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သော တတိယမြောက်ပုဂ္ဂိုလ်က သူ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဒေါ်လာ ၈၀၀ မျှဖြင့် ရောင်းထုတ်သ
Apple ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သော တတိယမြောက်ပုဂ္ဂိုလ်က သူ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဒေါ်လာ ၈၀၀ မျှဖြင့် ရောင်းထုတ်သ
ဒူဘိုင်းမှာ အိမ်ငှားတွေကို ဆက်မငှားတော့တဲ့ အိမ်ရှင်တွေများလာနေတာ ဘာကြောင့်လဲ
ဒူဘိုင်းမှာ အိမ်ငှားတွေကို ဆက်မငှားတော့တဲ့ အိမ်ရှင်တွေများလာနေတာ ဘာကြောင့်လဲ
ဂင်းနက်စ် စံချိန် ၈ ခုတင်ထားသော အဆိုတော် Mariah Carey ငှားရမ်းနေထိုင်ခဲ့သည့် ဘီဗာလီဟေးလ်စံအိမ် ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရ
ဂင်းနက်စ် စံချိန် ၈ ခုတင်ထားသော အဆိုတော် Mariah Carey ငှားရမ်းနေထိုင်ခဲ့သည့် ဘီဗာလီဟေးလ်စံအိမ် ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရ
မိမိ၏ ပိုင်ဆိုင်မှုများကို ဝန်ထမ်းဖြစ်သူ ပန်းဥယျာဉ်မှူးအား လွှဲပြောင်းပေးရန် စီစဉ်ခဲ့သော ကန်ဒေါ်လာ ၁၃ ဘီလီယံ ချမ်းသာကြွယ
မိမိ၏ ပိုင်ဆိုင်မှုများကို ဝန်ထမ်းဖြစ်သူ ပန်းဥယျာဉ်မှူးအား လွှဲပြောင်းပေးရန် စီစဉ်ခဲ့သော ကန်ဒေါ်လာ ၁၃ ဘီလီယံ ချမ်းသာကြွယ
တချိန်က ရူပီး ၉၀ တန် ရထားလက်မှတ်ဖိုးပင် မရှိခဲ့သူ၊ နောင်အခါတွင် ကုမ္ပဏီကြီးတစ်ခုက ချမ်းသာကြွယ်ဝ သော ကလေးများကို စာသင်ပေး
တချိန်က ရူပီး ၉၀ တန် ရထားလက်မှတ်ဖိုးပင် မရှိခဲ့သူ၊ နောင်အခါတွင် ကုမ္ပဏီကြီးတစ်ခုက ချမ်းသာကြွယ်ဝ သော ကလေးများကို စာသင်ပေး
Jeff Bezos က Amazon အတွက် ဝန်ထမ်းခေါ်ယူရာတွင် ၎င်းမေးသော မေးခွန်း ၂ ခု ဖြေဆိုနိုင်သူအား ချက်ချင်းအလုပ်ခန့်ထားခဲ့
Jeff Bezos က Amazon အတွက် ဝန်ထမ်းခေါ်ယူရာတွင် ၎င်းမေးသော မေးခွန်း ၂ ခု ဖြေဆိုနိုင်သူအား ချက်ချင်းအလုပ်ခန့်ထားခဲ့
တချိန်က ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးများ၊ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးမှ အထပ်ပေါင်းများစွာ၊ တန်ဖိုးကြီး ကားများ ပိုင
တချိန်က ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးများ၊ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးမှ အထပ်ပေါင်းများစွာ၊ တန်ဖိုးကြီး ကားများ ပိုင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

grand-aung-tharyar
ig-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service