သိမှတ်ဖွယ် ဥပဒေရေးရာ

သိမှတ်ဖွယ် ဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
28 Jan 2024 12:00 pm တွင် တင်ခဲ့သည်
620 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ဒီတစ်ပတ်မှာတော့ နောက်အိမ်ထောင်ပြုရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိ/မရှိ ဆိုတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းလေးအပါအဝင် မြေယာနဲ့ပတ်သတ်တဲ့မေးခွန်းသုံးခုကို ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။

 

 

မေးခွန်း (၁) - မြေအမျိုးအစားအလိုက် စစ်ဆေးရမည့် စာရွက်စာတမ်း ပုံစံများကိုဖော်ပြပါ။

လယ်ယာမြေနှင့်သက်ဆိုင်သည့် မြေအမျိုးအစားအား ဝယ်ယူရန် စစ်ဆေးပါက အမည်ပေါက် ပုံစံ-၇ နှင့် ပုံစံ-၁၀၅/၁၀၆၊ အစိုးရအား နှစ်စဉ်အခွန်ပေးဆောင်ထားသော စလစ်များကို စစ်ဆေးရမည်။ လယ်ယာမြေ ရောင်းချသူမှာ အမည်ပေါက်ဖြစ်ရန် လိုအပ်ပြီး ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ် - ၂၄(က) အရ အရောင်းအဝယ်ပြုလုပ်သည့်အခါ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှောက်တွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ စာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။

မြေပိုင်မြေများဆိုသည်မှာ ၁၈၅၃ ခုနှစ်တွင် မြို့မြေကွက်များ ဖော်ထုတ်ကာ အသိအမှတ်ပြုပြီး ခွင့်ပြုခဲ့ သည် လူနေထိုင်ရန်အတွက် မြေအမျိုးအစားပင်ဖြစ်ပါသည်။ ၁၈၇၆ ခုနှစ် ၊ အခွန်တော်ဥပဒေအရ လက်ဝယ်ထားရှိ ပိုင်ဆိုင်ခွင့်ရှိသော မြေအမျိုးအစားပင်ဖြစ်ပြီး ဘိုးဘွားပိုင်မြေဟုလဲ ခေါ်ဆိုကြပါသည်။

အဆိုပါဘိုးဘွားမြေအား လွှဲပြောင်းဝယ်ယူလိုသည့်အခါ မှတ်ပုံတင် စာချုပ်စာတမ်း အဆက်အစပ်များကို စစ်ဆေးရန် ကြည့်ရှုရန် လိုအပ်ပြီး သက်ဆိုင်ရာဌာနတွင်လဲ စာရွက်စာတမ်းများ စစ်ဆေးပြီးမှ စရန်ငွေချပါ။ အရပ်ကတိစာချုပ်များ ချုပ်ဆိုပြီးပါကလဲ တရားဝင်အခွန်ဆောင်၍ မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ အရောင်းအဝယ် ပြုရပါမည်။

ဂရန်မြေဆိုသည်မှာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေကို နေထိုင်ခွင့်အတွက် အမည်ပေါက်ဂရန် လျှောက်ကာ ငှားရမ်းသုံးစွဲသောမြေပင်ဖြစ်ပါသည်။ မြေငှားဂရန်တွင် စည်းကမ်းချက်နှင့် သတ်မှတ်သက်တမ်းကာလပါရှိ ပြီး နှစ်တို၊နှစ်ရှည် ခွဲခြားသတ်မှတ်ထားပါသည်။ နှစ်ရှည်ဂရန်မှာ နှစ် (၃၀) ကို (၃) ကြိမ် သက်တမ်းတိုးနိုင်သော နှစ်(၉၀)ထိ ဂရန်ဖြစ်ပါသည်။ ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုဌာနတွင် မြေကွက်အမှတ်၊ ဂရန်အမည်ပေါက်အမည် ၊ အတိုင်းအတာ၊ သက်မှတ်ခွင့်ပြုထားသည့် ဂရန်ဟုတ်မဟုတ် ၊ ဂရန် သက်တမ်း ကျန်ရှိခြင်းရှိမရှိ သွားရောက်စုံစမ်းရန် လိုအပ်ပါတယ်။

ဂရန်မြေအား ဝယ်ယူသည့်အခါ တစ်နှစ်အတွင်း ထုတ်ယူထားသော အရောင်းမြေပုံ မရှိသေးပါက ရောင်းချသူအား ထုတ်ယူခိုင်းရပါမည်။ တနည်းအားဖြင့် အရောင်းမြေပုံ ထုတ်ယူနိုင်မည်မှသာ ရောင်းချသူမှ ပိုင်ဆိုင်မှု ခိုင်မာပါသည်။ အမည်ပေါက်မှ သေဆုံးသွားပါက တရားဝင် အမွေဆက်ခံခွင့်ရှိသူများထံမှ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် တောင်းယူစစ်ဆေးကြည့်ရှုရန် လိုအပ်ပါသည်။ ပါမစ်မြေအား ဝယ်ယူလိုပါက ပါမစ်မြေ အမည်ပေါက်မှန်မမှန်နှင့် အင်ထရီဝင်ပြီး ပြန်လည် စစ်ဆေးပြီး သောမြေဟုတ်မဟုတ် စစ်ဆေးရန် လိုအပ်ပါသည်။ လေးထောင့်တံဆိပ်တုံး ပါမစ်စာရွက်စာတမ်း၏ နောက်ကျောဘက်တွင် ပါရှိမှသာ အင်ထရီဝင်ပြီးသော မြေဖြစ်မည်ဖြစ်ပါသည်။ စာရွက်စာတမ်းများ မှန်ကန်မှုရှိကာ အင်ထရီဝင်ပြီးသော မြေအား အရောင်းအဝယ်စာချုပ်ချုပ်ဆိုမည်ဆိုပါက ရောင်းချသူ မူလအမည်ပေါက်၏ မှတ်ပုံတင် မိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူအားလဲ တောင်းယူရန် လိုအပ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၂) - နောက်အိမ်ထောင်ပြုရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိ/မရှိ ရှင်းပြပေးပါ။

အိမ်ထောင်တစ်ခုပြုသောအခါ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများသည် လင်ယောကျ်ားနှင့် တန်းတူ အခွင့်အရေး ရရှိသည်။ ပစ္စည်းခန်းတွင် လင်မယားနှစ်ဦး လက်ထပ်ပြီး နောက်ပိုင်း ဖြစ်ထွန်းလာသော ပစ္စည်းသည် နှစ်ဦးပိုင်ပစ္စည်းအဖြစ် လင်မယားနှစ်ဦးစလုံး ညီတူညီမျှ အတူ ပိုင်ဆိုင်သူများအဖြစ် ရှိသည်။ (မလှအောင်နှင့် မအေး၊အက်ဂျေ ၂၁၉(၂၂၁) ) တစ်လင်တစ်ယားဥပဒ-၁၀ အရ တရားဝင်လက်ထပ်ထမ်းမြားပြီးသော ယောကျ်ား (သို့) မိန်းမသည် အခြားသူတစ်ဦး တစ်ယောက်နှင့် ထပ်မံထိမ်းမြားခြင်း မပြုနိုင်ပါ။

တစ်လင်တစ်ယားဥပဒ-၁၆ တွင်လဲ တရားဝင် ထိမ်းမြားခြင်း အတည်ဖြစ်နေစဉ် အခြားမိန်းမတစ်ဦးနှင့် ထပ်မံထိမ်းမြားပါက တရားမဝင်ထိမ်းမြားခြင်းဖြစ်သဖြင့် နောက်မိန်းမသည် အဆိုပါယောကျ်ား၏ အမွေကို ဆက်ခံခွင့်မရှိကြောင်းနှင့် နောက်မိန်းမယူသည့် ယောကျ်ားသည်လည်း ပထမမိန်းမနှင့် နောက်မိန်းမတို့၏ အမွေကို ဆက်ခံခွင့်မရှိစေရဟု ဖော်ပြထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် နောက်အိမ်ထောင်ပြုပါက ပထမအိမ် ထောင်၏ အမွေအား ခံစားခွင့် မရှိတော့ပါ။

တစ်ဦးဦးမှ နောက်အိမ်ထောင်ပြုလိုက်သည့်အခါ ၂ဝ၁၅ ခုနှစ် နောက်ပိုင်း ထိမ်းမြားမှုတွေကတော့ တစ်လင်တစ်မယား စနစ်ဥပဒေနဲ့ သက်ဆိုင်ပြီး ကွာရှင်းမှု တရားဝင်ပြုပြီးမှ နောက်အိမ်ထောင်ပြုနိုင်ပါသည်။ ထိမ်းမြားမှု အတည်ဖြစ်နေစဉ်အတွင်း ကွာရှင်းမှုသဘောတူညီချက်မရှိဘဲ နောက်အိမ်ထောင်ပြုပါက တစ်လင် မယားဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ကာ ကျူးလွန်သူမှာ နှစ်ဦးပိုင်ပစ္စည်းအား ခံစားခွင့်မရှိဘဲ စွန့် လွတ်ရမည် ဖြစ်ပါတယ်။

ထို့ကြောင့် နောက်အိမ်ထောင်မှာလဲ ကွာရှင်းခြင်းမပြုရသေးသူ အိမ်ထောင်ရှိနှင့် တရားမဝင်ယူခြင်း ဖြစ်သည့်အတွက် ၎င်းမှာ တရားဝင် ပစ္စည်းပိုင်ဆိုင် ခံစားခွင့်မရှိပါ။ ပထမအိမ်ထောင်နှင့် ဖြစ်ထွန်းသော လက်ထပ် ပွှားပစ္စည်းများမှာ ပထမအိမ်ထောင်တစ်ဦးထဲနှင့်သာ သက်ဆိုင်ပြီး ခံစားခွင့်ရှိပါသည်။ နောက်အိမ်ထောင်ထံ ပစ္စည်းများရောက်ရှိနေပါက ပထမအိမ်ထောင်မှ ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ပါသည်။

သို့သော် ပထမအိမ်ထောင်နှင့် ဖြစ်ထွန်းလာသော ပစ္စည်းများအား အညီအမျှခွဲဝေပြီး တရားဝင် ကွာရှင်းမှုပြုပြီး နောက်မှ နောက်အိမ်ထောင်ပြုပါက ယခင်အိမ်ထောင်ရှိမှ ပါရှိလာသော ပစ္စည်းအား ခံစားခွင့်ရရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၃) - မြေလွတ်မြေရိုင်းနဲ့ လယ်ယာမြေက ဘာကွာပါသလဲ။ မြေလွတ်မြေရိုင်းတွေကို အရောင်းအဝယ် လုပ်လို့ရပါသလား။

မြေလွတ်၊ မြေလပ်ဆိုသည်မှာ ယခင်က သီးစားခံယူလုပ်ကိုင်ဖူးပြီး စွန့်လွတ်ထားသည့် စိုက်ပျိုး လုပ်ကိုင်ခြင်း မရှိသောမြေကိုဆိုလိုပါသည်။ မြေရိုင်းဆိုသည်မှာ သစ်ပင်၊ ခြုံနွယ်ပင်များ ပေါက်ရောက်လျက်ရှိပြီး မြေသွင်ပြင် ညီညာသည်ဖြစ်စေ၊ မညီညာသည်ဖြစ်စေ၊ မြေအမျိုးအစားခွဲခြားခြင်း မပြုနိုင်သေးသော မြေကို ဆိုလိုသည်။ လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊‌ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသော မြေ၊ ဓနိမြေ ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟု သော်လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်း သတ်မှတ်ထားသောမြေများကို ဆိုလိုသည်။ လယ်ယာမြေမှာ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ-၈ အရ ဝယ်ယူခြင်း၊ လဲလှယ်ရယူခြင်း၊ ပေးကမ်းခြင်း၊ အမွေဆက်ခံခြင်း တို့ပြုနိုင်ပြီး မြေလွတ်၊ မြေရိုင်းမှာမှု အသုံးပြုခွင့်သာရရှိပြီး လွှဲပြောင်း ရောင်းချခွင့်မရှိပါ။ မြေလွတ်၊ မြေရိုင်း အသုံးပြုသူသည် လုပ်ငန်းအလိုက် နိုင်ငံတော်အား ပေးသွင်းရန် နည်းဥပဒေနှင့်အညီ သတ်မှတ်ထားသော မြေခွန်အား ပေးဆောင်ရပါမည်။မြေလွတ်၊ မြေရိုင်းအား အောက်ပါလုပ်ငန်းများ လုပ်ကိုင်ရန် အတွက် အသုံးပြုခွင့်ပေးအပ်နိုင်ပါသည်။

(၁)။ စိုက်ပျိုးရေးလုပ်ငန်း

(၂)။ မွေးမြူရေးလုပ်ငန်း

(၃)။ ဓာတ်သတ္တူ ထုတ်လုပ်ခြင်းလုပ်ငန်း

(၄)။ အစိုးရက ခွင့်ပြုထားသော အဆိုပါမြေနှင့်ညီညွတ်သည့် လုပ်ငန်းတို့ ဖြစ်ပါသည်။

မြေလွတ်၊မြေရိုင်းအား အသုံးပြုခွင့်ရရှိသူသည် သတ်မှတ်ထားသည့် အာမခံကြေးအားလဲ ပေးသွင်းရပါမည်။ လုပ်ငန်း =အသုံးပြုခွင့်ကာလအား စုစုပေါင်း နှစ်(၃၀)ထက် မပိုစေဘဲ အကြိမ်ကြိမ် ကော်မတီမှ ခွင့်ပြုနိုင် =သည်။ ခွင့်ပြုလုပ်ငန်းအား ဖော်ဆောင်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက အဆိုပါမြေလွတ်၊ မြေရိုင်းအား အစိုးရမှ ပြန်လည် သိမ်းဆည်းမည်ဖြစ်ပါသည်။ ထို့အပြင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေပုဒ်မ-၁၆(ဂ)အရ အသုံးပြုခွင့်ရရှိသော မြေအား ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်းနှင့် အခြားနည်းဖြင့် လွှဲပြောင်းခြင်း (သို့) ခွဲစိတ်ခြင်း ပြုခွင့်မရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

 

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

သိမွတ္ဖြယ္ ဥပေဒေရးရာ

 

ဒီတစ္ပတ္မွာေတာ့ ေနာက္အိမ္ေထာင္ျပဳရင္ ပထမအိမ္ေထာင္က အေမြရပိုင္ခြင့္ ႐ွိ/မ႐ွိ ဆိုတဲ့ စိတ္ဝင္စားဖြယ္ေမးခြန္းေလးအပါအဝင္ ေျမယာနဲ႔ပတ္သတ္တဲ့ေမးခြန္းသုံးခုကို ေ႐ွ႕ေနမွ တိက်မွန္ကန္စြာေျဖၾကားေပးထားပါတယ္။

 

ေမးခြန္း (၁) - ေျမအမ်ိဳးအစားအလိုက္ စစ္ေဆးရမည့္ စာ႐ြက္စာတမ္း ပုံစံမ်ားကိုေဖာ္ျပပါ။

လယ္ယာေျမႏွင့္သက္ဆိုင္သည့္ ေျမအမ်ိဳးအစားအား ဝယ္ယူရန္ စစ္ေဆးပါက အမည္ေပါက္ ပုံစံ-၇ ႏွင့္ ပုံစံ-၁၀၅/၁၀၆၊ အစိုးရအား ႏွစ္စဥ္အခြန္ေပးေဆာင္ထားေသာ စလစ္မ်ားကို စစ္ေဆးရမည္။ လယ္ယာေျမ ေရာင္းခ်သူမွာ အမည္ေပါက္ျဖစ္ရန္ လိုအပ္ၿပီး ၂၀၁၂ ခုႏွစ္ လယ္ယာေျမဥပေဒပုဒ္ - ၂၄(က) အရ အေရာင္းအဝယ္ျပဳလုပ္သည့္အခါ သက္ဆိုင္ရာ ရပ္ကြက္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေ႐ွ႕ေမွာက္တြင္ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္၍ စာခ်ဳပ္ခ်ဳပ္ဆိုရန္ လိုအပ္ပါသည္။

ေျမပိုင္ေျမမ်ားဆိုသည္မွာ ၁၈၅၃ ခုႏွစ္တြင္ ၿမိဳ႕ေျမကြက္မ်ား ေဖာ္ထုတ္ကာ အသိအမွတ္ျပဳၿပီး ခြင့္ျပဳခဲ့ သည္ လူေနထိုင္ရန္အတြက္ ေျမအမ်ိဳးအစားပင္ျဖစ္ပါသည္။ ၁၈၇၆ ခုႏွစ္ ၊ အခြန္ေတာ္ဥပေဒအရ လက္ဝယ္ထား႐ွိ ပိုင္ဆိုင္ခြင့္႐ွိေသာ ေျမအမ်ိဳးအစားပင္ျဖစ္ၿပီး ဘိုးဘြားပိုင္ေျမဟုလဲ ေခၚဆိုၾကပါသည္။

အဆိုပါဘိုးဘြားေျမအား လႊဲေျပာင္းဝယ္ယူလိုသည့္အခါ မွတ္ပုံတင္ စာခ်ဳပ္စာတမ္း အဆက္အစပ္မ်ားကို စစ္ေဆးရန္ ၾကည့္႐ႈရန္ လိုအပ္ၿပီး သက္ဆိုင္ရာဌာနတြင္လဲ စာ႐ြက္စာတမ္းမ်ား စစ္ေဆးၿပီးမွ စရန္ေငြခ်ပါ။ အရပ္ကတိစာခ်ဳပ္မ်ား ခ်ဳပ္ဆိုၿပီးပါကလဲ တရားဝင္အခြန္ေဆာင္၍ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုကာ အေရာင္းအဝယ္ ျပဳရပါမည္။

ဂရန္ေျမဆိုသည္မွာ အစိုးရစီမံခန္႔ခြဲပိုင္ခြင့္႐ွိေသာေျမကို ေနထိုင္ခြင့္အတြက္ အမည္ေပါက္ဂရန္ ေလွ်ာက္ကာ ငွားရမ္းသုံးစြဲေသာေျမပင္ျဖစ္ပါသည္။ ေျမငွားဂရန္တြင္ စည္းကမ္းခ်က္ႏွင့္ သတ္မွတ္သက္တမ္းကာလပါ႐ွိ ၿပီး ႏွစ္တို၊ႏွစ္႐ွည္ ခြဲျခားသတ္မွတ္ထားပါသည္။ ႏွစ္႐ွည္ဂရန္မွာ ႏွစ္ (၃၀) ကို (၃) ႀကိမ္ သက္တမ္းတိုးႏိုင္ေသာ ႏွစ္(၉၀)ထိ ဂရန္ျဖစ္ပါသည္။ ရန္ကုန္ၿမိဳ႕ေတာ္၊ စည္ပင္သာယာေရးေကာ္မတီ ေျမယာစီမံခန္႔ခြဲမႈဌာနတြင္ ေျမကြက္အမွတ္၊ ဂရန္အမည္ေပါက္အမည္ ၊ အတိုင္းအတာ၊ သက္မွတ္ခြင့္ျပဳထားသည့္ ဂရန္ဟုတ္မဟုတ္ ၊ ဂရန္ သက္တမ္း က်န္႐ွိျခင္း႐ွိမ႐ွိ သြားေရာက္စုံစမ္းရန္ လိုအပ္ပါတယ္။

ဂရန္ေျမအား ဝယ္ယူသည့္အခါ တစ္ႏွစ္အတြင္း ထုတ္ယူထားေသာ အေရာင္းေျမပုံ မ႐ွိေသးပါက ေရာင္းခ်သူအား ထုတ္ယူခိုင္းရပါမည္။ တနည္းအားျဖင့္ အေရာင္းေျမပုံ ထုတ္ယူႏိုင္မည္မွသာ ေရာင္းခ်သူမွ ပိုင္ဆိုင္မႈ ခိုင္မာပါသည္။ အမည္ေပါက္မွ ေသဆုံးသြားပါက တရားဝင္ အေမြဆက္ခံခြင့္႐ွိသူမ်ားထံမွ အေမြဆက္ခံ ပိုင္ဆိုင္ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္ ေတာင္းယူစစ္ေဆးၾကည့္႐ႈရန္ လိုအပ္ပါသည္။ ပါမစ္ေျမအား ဝယ္ယူလိုပါက ပါမစ္ေျမ အမည္ေပါက္မွန္မမွန္ႏွင့္ အင္ထရီဝင္ၿပီး ျပန္လည္ စစ္ေဆးၿပီး ေသာေျမဟုတ္မဟုတ္ စစ္ေဆးရန္ လိုအပ္ပါသည္။ ေလးေထာင့္တံဆိပ္တုံး ပါမစ္စာ႐ြက္စာတမ္း၏ ေနာက္ေက်ာဘက္တြင္ ပါ႐ွိမွသာ အင္ထရီဝင္ၿပီးေသာ ေျမျဖစ္မည္ျဖစ္ပါသည္။ စာ႐ြက္စာတမ္းမ်ား မွန္ကန္မႈ႐ွိကာ အင္ထရီဝင္ၿပီးေသာ ေျမအား အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုမည္ဆိုပါက ေရာင္းခ်သူ မူလအမည္ေပါက္၏ မွတ္ပုံတင္ မိတၱဴႏွင့္ သန္းေခါင္စာရင္းမိတၱဴအားလဲ ေတာင္းယူရန္ လိုအပ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - ေနာက္အိမ္ေထာင္ျပဳရင္ ပထမအိမ္ေထာင္က အေမြရပိုင္ခြင့္ ႐ွိ/မ႐ွိ ႐ွင္းျပေပးပါ။

အိမ္ေထာင္တစ္ခုျပဳေသာအခါ ျမန္မာဗုဒၶဘာသာဝင္အမ်ိဳးသမီးမ်ားသည္ လင္ေယာက်္ားႏွင့္ တန္းတူ အခြင့္အေရး ရ႐ွိသည္။ ပစၥည္းခန္းတြင္ လင္မယားႏွစ္ဦး လက္ထပ္ၿပီး ေနာက္ပိုင္း ျဖစ္ထြန္းလာေသာ ပစၥည္းသည္ ႏွစ္ဦးပိုင္ပစၥည္းအျဖစ္ လင္မယားႏွစ္ဦးစလုံး ညီတူညီမွ် အတူ ပိုင္ဆိုင္သူမ်ားအျဖစ္ ႐ွိသည္။ (မလွေအာင္ႏွင့္ မေအး၊အက္ေဂ် ၂၁၉(၂၂၁) ) တစ္လင္တစ္ယားဥပဒ-၁၀ အရ တရားဝင္လက္ထပ္ထမ္းျမားၿပီးေသာ ေယာက်္ား (သို႔) မိန္းမသည္ အျခားသူတစ္ဦး တစ္ေယာက္ႏွင့္ ထပ္မံထိမ္းျမားျခင္း မျပဳႏိုင္ပါ။

တစ္လင္တစ္ယားဥပဒ-၁၆ တြင္လဲ တရားဝင္ ထိမ္းျမားျခင္း အတည္ျဖစ္ေနစဥ္ အျခားမိန္းမတစ္ဦးႏွင့္ ထပ္မံထိမ္းျမားပါက တရားမဝင္ထိမ္းျမားျခင္းျဖစ္သျဖင့္ ေနာက္မိန္းမသည္ အဆိုပါေယာက်္ား၏ အေမြကို ဆက္ခံခြင့္မ႐ွိေၾကာင္းႏွင့္ ေနာက္မိန္းမယူသည့္ ေယာက်္ားသည္လည္း ပထမမိန္းမႏွင့္ ေနာက္မိန္းမတို႔၏ အေမြကို ဆက္ခံခြင့္မ႐ွိေစရဟု ေဖာ္ျပထားၿပီး ျဖစ္ပါသည္။ ထို႔ေၾကာင့္ ေနာက္အိမ္ေထာင္ျပဳပါက ပထမအိမ္ ေထာင္၏ အေမြအား ခံစားခြင့္ မ႐ွိေတာ့ပါ။

တစ္ဦးဦးမွ ေနာက္အိမ္ေထာင္ျပဳလိုက္သည့္အခါ ၂ဝ၁၅ ခုႏွစ္ ေနာက္ပိုင္း ထိမ္းျမားမႈေတြကေတာ့ တစ္လင္တစ္မယား စနစ္ဥပေဒနဲ႔ သက္ဆိုင္ၿပီး ကြာ႐ွင္းမႈ တရားဝင္ျပဳၿပီးမွ ေနာက္အိမ္ေထာင္ျပဳႏိုင္ပါသည္။ ထိမ္းျမားမႈ အတည္ျဖစ္ေနစဥ္အတြင္း ကြာ႐ွင္းမႈသေဘာတူညီခ်က္မ႐ွိဘဲ ေနာက္အိမ္ေထာင္ျပဳပါက တစ္လင္ မယားဥပေဒအတိုင္း အေရးယူေဆာင္႐ြက္ႏိုင္ကာ က်ဴးလြန္သူမွာ ႏွစ္ဦးပိုင္ပစၥည္းအား ခံစားခြင့္မ႐ွိဘဲ စြန္႔ လြတ္ရမည္ ျဖစ္ပါတယ္။

ထို႔ေၾကာင့္ ေနာက္အိမ္ေထာင္မွာလဲ ကြာ႐ွင္းျခင္းမျပဳရေသးသူ အိမ္ေထာင္႐ွိႏွင့္ တရားမဝင္ယူျခင္း ျဖစ္သည့္အတြက္ ၎မွာ တရားဝင္ ပစၥည္းပိုင္ဆိုင္ ခံစားခြင့္မ႐ွိပါ။ ပထမအိမ္ေထာင္ႏွင့္ ျဖစ္ထြန္းေသာ လက္ထပ္ ပႊားပစၥည္းမ်ားမွာ ပထမအိမ္ေထာင္တစ္ဦးထဲႏွင့္သာ သက္ဆိုင္ၿပီး ခံစားခြင့္႐ွိပါသည္။ ေနာက္အိမ္ေထာင္ထံ ပစၥည္းမ်ားေရာက္႐ွိေနပါက ပထမအိမ္ေထာင္မွ ဥပေဒႏွင့္အညီ တရားစြဲဆိုႏိုင္ပါသည္။

သို႔ေသာ္ ပထမအိမ္ေထာင္ႏွင့္ ျဖစ္ထြန္းလာေသာ ပစၥည္းမ်ားအား အညီအမွ်ခြဲေဝၿပီး တရားဝင္ ကြာ႐ွင္းမႈျပဳၿပီး ေနာက္မွ ေနာက္အိမ္ေထာင္ျပဳပါက ယခင္အိမ္ေထာင္႐ွိမွ ပါ႐ွိလာေသာ ပစၥည္းအား ခံစားခြင့္ရ႐ွိေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - ေျမလြတ္ေျမ႐ိုင္းနဲ႔ လယ္ယာေျမက ဘာကြာပါသလဲ။ ေျမလြတ္ေျမ႐ိုင္းေတြကို အေရာင္းအဝယ္ လုပ္လို႔ရပါသလား။

ေျမလြတ္၊ ေျမလပ္ဆိုသည္မွာ ယခင္က သီးစားခံယူလုပ္ကိုင္ဖူးၿပီး စြန္႔လြတ္ထားသည့္ စိုက္ပ်ိဳး လုပ္ကိုင္ျခင္း မ႐ွိေသာေျမကိုဆိုလိုပါသည္။ ေျမ႐ိုင္းဆိုသည္မွာ သစ္ပင္၊ ျခဳံႏြယ္ပင္မ်ား ေပါက္ေရာက္လ်က္႐ွိၿပီး ေျမသြင္ျပင္ ညီညာသည္ျဖစ္ေစ၊ မညီညာသည္ျဖစ္ေစ၊ ေျမအမ်ိဳးအစားခြဲျခားျခင္း မျပဳႏိုင္ေသးေသာ ေျမကို ဆိုလိုသည္။ လယ္ယာေျမဆိုသည္မွာ လယ္ေျမ၊ ယာေျမ၊ ကိုင္းကြၽန္းေျမ၊‌ ေတာင္ယာေျမ၊ ႏွစ္႐ွည္ပင္ စိုက္ပ်ိဳးေသာ ေျမ၊ ဓနိေျမ ၊ ဥယ်ာဥ္ေျမဟုေသာ္လည္းေကာင္း၊ ဟင္းသီးဟင္း႐ြက္၊ ပန္းမန္စိုက္ပ်ိဳးသည့္ ျခံေျမဟု ေသာ္လည္းေကာင္း၊ ေျမႏုကြၽန္းေျမဟုေသာ္လည္း သတ္မွတ္ထားေသာေျမမ်ားကို ဆိုလိုသည္။ လယ္ယာေျမမွာ ၂၀၁၂ခုႏွစ္ လယ္ယာေျမဥပေဒပုဒ္မ-၈ အရ ဝယ္ယူျခင္း၊ လဲလွယ္ရယူျခင္း၊ ေပးကမ္းျခင္း၊ အေမြဆက္ခံျခင္း တို႔ျပဳႏိုင္ၿပီး ေျမလြတ္၊ ေျမ႐ိုင္းမွာမႈ အသုံးျပဳခြင့္သာရ႐ွိၿပီး လႊဲေျပာင္း ေရာင္းခ်ခြင့္မ႐ွိပါ။ ေျမလြတ္၊ ေျမ႐ိုင္း အသုံးျပဳသူသည္ လုပ္ငန္းအလိုက္ ႏိုင္ငံေတာ္အား ေပးသြင္းရန္ နည္းဥပေဒႏွင့္အညီ သတ္မွတ္ထားေသာ ေျမခြန္အား ေပးေဆာင္ရပါမည္။ေျမလြတ္၊ ေျမ႐ိုင္းအား ေအာက္ပါလုပ္ငန္းမ်ား လုပ္ကိုင္ရန္ အတြက္ အသုံးျပဳခြင့္ေပးအပ္ႏိုင္ပါသည္။

(၁)။ စိုက္ပ်ိဳးေရးလုပ္ငန္း

(၂)။ ေမြးျမဴေရးလုပ္ငန္း

(၃)။ ဓာတ္သတၱဴ ထုတ္လုပ္ျခင္းလုပ္ငန္း

(၄)။ အစိုးရက ခြင့္ျပဳထားေသာ အဆိုပါေျမႏွင့္ညီၫြတ္သည့္ လုပ္ငန္းတို႔ ျဖစ္ပါသည္။

ေျမလြတ္၊ေျမ႐ိုင္းအား အသုံးျပဳခြင့္ရ႐ွိသူသည္ သတ္မွတ္ထားသည့္ အာမခံေၾကးအားလဲ ေပးသြင္းရပါမည္။ လုပ္ငန္း =အသုံးျပဳခြင့္ကာလအား စုစုေပါင္း ႏွစ္(၃၀)ထက္ မပိုေစဘဲ အႀကိမ္ႀကိမ္ ေကာ္မတီမွ ခြင့္ျပဳႏိုင္ =သည္။ ခြင့္ျပဳလုပ္ငန္းအား ေဖာ္ေဆာင္ျခင္းမ႐ွိေၾကာင္း စစ္ေဆးေတြ႕႐ွိပါက အဆိုပါေျမလြတ္၊ ေျမ႐ိုင္းအား အစိုးရမွ ျပန္လည္ သိမ္းဆည္းမည္ျဖစ္ပါသည္။ ထို႔အျပင္ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္း ဥပေဒပုဒ္မ-၁၆(ဂ)အရ အသုံးျပဳခြင့္ရ႐ွိေသာ ေျမအား ေပါင္ႏွံျခင္း၊ ေပးကမ္းျခင္း၊ ေရာင္းခ်ျခင္း၊ အငွားခ်ထားျခင္းႏွင့္ အျခားနည္းျဖင့္ လႊဲေျပာင္းျခင္း (သို႔) ခြဲစိတ္ျခင္း ျပဳခြင့္မ႐ွိေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ
အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ရင်ခုန်စိတ်လှုပ်ရှားစရာ အေးမြမှုအပြည့်နဲ့ ဖြတ်သန်းနိုင်မယ့် Alps တောင်တန်းရဲ့ အရှည်လျားဆုံး လူကူးကြိုးတံတား...
ရင်ခုန်စိတ်လှုပ်ရှားစရာ အေးမြမှုအပြည့်နဲ့ ဖြတ်သန်းနိုင်မယ့် Alps တောင်တန်းရဲ့ အရှည်လျားဆုံး လူကူးကြိုးတံတား...
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ ကုမ္ပဏီကြီးကို ဦးဆောင်နေသူတစ်ဦးအကြောင်း...
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ ကုမ္ပဏီကြီးကို ဦးဆောင်နေသူတစ်ဦးအကြောင်း...
စုပေါင်းအဆောက်အအုံ တည်ထောင်ရာတွင် သိရှိထားသင့်သည့် အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းအဆောက်အအုံ တည်ထောင်ရာတွင် သိရှိထားသင့်သည့် အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအား ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး တွေ့မြင်ရသည့်မြင်ကွင်းဟာ ရှေးဟ...
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအား ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး တွေ့မြင်ရသည့်မြင်ကွင်းဟာ ရှေးဟ...
အင်္ဂလန်တွင် အာနိုး၊ အိုင်စတိုင်း၊ မဒမ်ကျူရီ၊ အင်္ဂလန်ဝန်ကြီးချုပ်တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ ရုပ်ရှင်ဇာတ်ကောင်များကို စာခြောက်ရုပ်အဖြစ် ပုံဖော်ဖန်တီးကာ ပြသခဲ့သော စာခြောက်ရုပ်ပွဲတော်...
အင်္ဂလန်တွင် အာနိုး၊ အိုင်စတိုင်း၊ မဒမ်ကျူရီ၊ အင်္ဂလန်ဝန်ကြီးချုပ်တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ ရုပ်ရှင်ဇာတ်ကောင်များကို စာခြောက်ရုပ်အဖြစ် ပုံဖော်ဖန်တီးကာ ပြသခဲ့သော စာခြောက်ရုပ်ပွဲတော်...
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက်ဖြစ်ရသောကြောင့် သတ်မှတ်ချိန်အတွင်း ဖယ်ရှားမပေးပါက တရားစွဲမည်ဟုပြော...
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက်ဖြစ်ရသောကြောင့် သတ်မှတ်ချိန်အတွင်း ဖယ်ရှားမပေးပါက တရားစွဲမည်ဟုပြော...
ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်းပုံ သိစေလိုသောကြောင့် လမ်းဘေးတွင် ဈေးရောင်းခိုင်းရာ ၁၀ ရက် အတွင်း ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀) ရခဲ့ပြီးနောက် ကျေ...
ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်းပုံ သိစေလိုသောကြောင့် လမ်းဘေးတွင် ဈေးရောင်းခိုင်းရာ ၁၀ ရက် အတွင်း ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀) ရခဲ့ပြီးနောက် ကျေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်ရှိ အကြီးမားဆုံး နွားခြံများတွင်တစ်ခုအပါအဝင်ဖြစ်သောခြံကြီး ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းဖြင့် အရေ
အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်ရှိ အကြီးမားဆုံး နွားခြံများတွင်တစ်ခုအပါအဝင်ဖြစ်သောခြံကြီး ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းဖြင့် အရေ
Warren Buffett အသက် ၉၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်၊ သူ၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်မှာ ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်မှုပ
Warren Buffett အသက် ၉၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်၊ သူ၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်မှာ ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်မှုပ
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအ
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအ
အသက် ၉၃ နှစ်အရွယ်တွင် ၅ ကြိမ်မြောက်လက်ထပ်ခဲ့သော ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့က ၎င်းအား လေးစားမှု ပြသသောအနေဖြင့် ဒေါ်
အသက် ၉၃ နှစ်အရွယ်တွင် ၅ ကြိမ်မြောက်လက်ထပ်ခဲ့သော ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့က ၎င်းအား လေးစားမှု ပြသသောအနေဖြင့် ဒေါ်
စင်္ကာပူတွင် လစာကောင်းသော အလုပ်၊ တန်ဖိုးကြီးမော်တော်ကားတို့ရှိပြီး လူအများအိပ်မက်ကြသည့် ‘စင်္ကာပူအိပ်မက်’ ကို ရရှိခဲ့ကာ
စင်္ကာပူတွင် လစာကောင်းသော အလုပ်၊ တန်ဖိုးကြီးမော်တော်ကားတို့ရှိပြီး လူအများအိပ်မက်ကြသည့် ‘စင်္ကာပူအိပ်မက်’ ကို ရရှိခဲ့ကာ
နေ့ချင်းညချင်း ဘီလျံနာဖြစ်လာသလို အိမ်ကိုပင်ရောင်းချကာ စီအီးအိုဘဝမှ နှုတ်ထွက်ပေးခဲ့ရသူ Peloton ကုမ္ပဏီပိုင်ရှင် အမေရိကန်
နေ့ချင်းညချင်း ဘီလျံနာဖြစ်လာသလို အိမ်ကိုပင်ရောင်းချကာ စီအီးအိုဘဝမှ နှုတ်ထွက်ပေးခဲ့ရသူ Peloton ကုမ္ပဏီပိုင်ရှင် အမေရိကန်
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင်
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင်
လီကာရှင်း၏ ဟောင်ကောင်ရှိ ဈေးဝယ်စင်တာကြီးမှာ တရုတ်လူမျိုးတို့ ငွေသုံးစွဲမှု ထိုးကျနေသောကြောင့် လူသူကင်းမဲ့လျက်ရှိ
လီကာရှင်း၏ ဟောင်ကောင်ရှိ ဈေးဝယ်စင်တာကြီးမှာ တရုတ်လူမျိုးတို့ ငွေသုံးစွဲမှု ထိုးကျနေသောကြောင့် လူသူကင်းမဲ့လျက်ရှိ
Johnny Depp ၏ လူအများသတိမထားမိသော ရက်ရောသည့်အလှူ (သို့မဟုတ်) ရုပ်ရှင်ကားတစ်ခုတွင် တွဲဖက် သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသာ
Johnny Depp ၏ လူအများသတိမထားမိသော ရက်ရောသည့်အလှူ (သို့မဟုတ်) ရုပ်ရှင်ကားတစ်ခုတွင် တွဲဖက် သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသာ
Mariah Carey မှာ ခွေးများအတွက် လစဉ် spa ပို့ပေးရသည့် စရိတ် ဒေါ်လာ ၄၅,၀၀၀ ၊ တန်ဖိုးကြီး ပန်းများ အတွက် တစ်လလျှင် ဒေါ်လာ ၁
Mariah Carey မှာ ခွေးများအတွက် လစဉ် spa ပို့ပေးရသည့် စရိတ် ဒေါ်လာ ၄၅,၀၀၀ ၊ တန်ဖိုးကြီး ပန်းများ အတွက် တစ်လလျှင် ဒေါ်လာ ၁
expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service