အင်္ဂလန်တွင် မိမိကိုယ်တိုင် ဆောက်လုပ်ခဲ့သည့် အုတ်တံတိုင်းတစ်နေရာအား ဖြိုချခဲ့သော အသက် ၈၈ နှစ်အရွယ် အဘိုးအို တရားစွဲခံထားရ

အင်္ဂလန်တွင် မိမိကိုယ်တိုင် ဆောက်လုပ်ခဲ့သည့် အုတ်တံတိုင်းတစ်နေရာအား ဖြိုချခဲ့သော အသက် ၈၈ နှစ်အရွယ် အဘိုးအို တရားစွဲခံထားရ - Property News in Myanmar from iMyanmarHouse.com
15 Dec 2023 10:46 am တွင် တင်ခဲ့သည်
753 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်နိုင်ငံတောင်ပိုင်းတွင် နေထိုင်သူ အသက် ၈၈ နှစ်အရွယ် ရွန်နိုက်အမည်ရှိ အဘိုးအိုမှာ ၎င်းပိုင်သည့် ခြံဝန်းတွင် ၎င်းကိုယ်တိုင် တည်ဆောက်ခဲ့သည့် အုတ်တံတိုင်းအား ဖြိုဖျက်မှုဖြင့် တရားစွဲခံထားရကာ အိမ်ရာမဲ့ ဖြစ်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

အသည်းနှလုံးမရှိသော မြို့ကောင်စီက မိမိအား ပြီးခဲ့သော ၆ နှစ်တာအတွင်း အကြိမ်ကြိမ်ဒဏ်ရိုက်ခဲ့ကာ ယခုအခါ မိမိမှာ နေအိမ်ဆုံးရှုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ရွန်နိုက်က ပြောသည်။

 

(ပြီးခဲ့သည့် ၆ နှစ်တာအတွင်း မကြာခဏ ဒဏ်ရိုက်ခံခဲ့ရသည်။ ဓာတ်ပုံ-SWNS)

 

(ခြံဝန်း၏ အုတ်နံရံကို အဘိုးအိုကိုယ်တိုင် ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-SWNS)

 

 

(ရွန်က သူ၏ ယာတောခြံတစ်စိတ်တစ်ဒေသကို ရောင်းချခဲ့ပြီးနောက် ဝယ်ယူလိုက်သူများအတွက် ဝင်ပေါက်ရ စေရန် အုတ်တံတိုင်းတစ်နေရာကို ဖြိုချပေးခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-SWNS)

 

မြို့ကောင်စီက ပြောသည်မှာ ရွန်ဖြိုဖျက်လိုက်သော အုတ်တံတိုင်းမှာ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး နယ်မြေတွင် တည်ရှိရုံမျှမက အုတ်တံတိုင်းကိုယ်တိုင်ပင်လျှင် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ကြောင်း ပြော သည်။

ရွန်၏ ယာတောခြံမှာ အင်္ဂလန်တောင်ပိုင်း ၊ ဆမ်းမားဆက်ခရိုင် ၊ Sherborne မြို့အနီးတွင် တည်ရှိပြီး ဧက ၃၅၀ ကျယ်ဝန်းသည်။

ရွန်က ထိုယာတောခြံကို နှစ်ပေါင်း ၄၀ ကျော် လည်ပတ်လုပ်ကိုင်ခဲ့သော်လည်း သူ၏ယာတောခြံကို ရှေးဟောင်းထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်သည်ဟု မြို့ကောင်စီက မိမိအား လုံးဝအသိမပေးခဲ့ ကြောင်း ပြောသည်။

ထို့အပြင် မိမိကိုယ်တိုင်ဆောက်လုပ်ခဲ့သည့် အုတ်တံတိုင်းမှာ ရှေးဟောင်းအမွေအနှစ်ဖြစ်သည်ဆိုခြင်းကို ရွန်က အံ့သြတုန်လှုပ်ခဲ့သည်။

၁၉၉၀ ပြည့်လွန်ကာလများတွင် ရွန်က သူ၏ယာတောကို ရောင်းချကာ ဒီဗွန်ခရိုင်သို့ သူ၏ညီနှစ်ဦးနှင့်အတူ ပြောင်းရွှေ့ခဲ့သည်။

သို့သော် ယာတောနှင့် ဆက်စပ်လျက်ရှိသော မြေကွက်တစ်ခုနှင့် ယာတောအတွင်းဝင်သည့် လမ်းနေရာကို ရွန်တို့ညီအစ်ကို ၃ ဦး ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

ဝယ်ယူလိုက်သော ပိုင်ရှင်များ ယာတောအတွင်းဝင်နိုင်ရန်နှင့် မိမိတို့ခြံဝန်းသန့်ရှင်းသပ်ရပ်မှုရှိစေရန် ရည်ရွယ်ကာ ရွန်က ၎င်းကိုယ်တိုင် ဆောက်လုပ်ခဲ့သည့် အုတ်တံတိုင်းတစ်နေရာကို ၂၀၁၇ ခုနှစ်အတွင်း ဖြိုချခဲ့သည်။

ထိုသို့ ဖြိုချရန်အတွက် ခွင့်ပြုချက်လိုအပ်ကြောင်း ပင်စင်စား အဘိုးအိုမသိခဲ့ချေ။

ထိုအုတ်တံတိုင်း ဖြိုချမှုအတွက် မြို့ကောင်စီက အကြိမ်ကြိမ်ဒဏ်ရိုက်ခဲ့ရာ စုစုပေါင်း ပေါင် ၂၀၀၀ ကျော်ခန့် အထိ ရှိလာသည်။

ရွန်က ဒဏ်ကြေးငွေမပေးနိုင်ကြောင်း ပြောခဲ့ရာ တရားရုံးသို့ အကြိမ်ကြိမ်ဆင့်ခေါ်ခံခဲ့ရသည်။

ရွန်၏ သမီးဖြစ်သူ လင်ဒါနိုက်က SomersetLive သတင်းဌာနသို့ “အဖေက ပင်စင်နဲ့ ရပ်တည်နေရတာပါ။ သူ့ရဲ့ ကျန်းမာရေးမကောင်းတဲ့ ဇနီးသည်ကို ပြုစုစောင့်ရှောက်နေရပြီး အဖေတစ်ယောက်ထဲပဲ စောင့်ရှောက် ပေးမယ့်သူရှိပါတယ်။ ဒီဒဏ်ငွေတွေကို အဖေက မပေးနိုင်တာကြောင့် အိမ်ကို ရောင်းရဖို့ ရှိနေပါတယ်”ဟု ပြောသည်။

ရွန်အနေဖြင့် အဆိုပါဒဏ်ကြေးငွေများကို မပေးဆောင်နိုင်ပါက ဇန်နဝါရီလအတွင်း နောက်ဆုံးဆင့်ဆို ထားသည့် တရားရုံး ရုံးချိန်းတွင် အမှုရင်ဆိုင်ရမည် ဖြစ်သည်။

ရွန်က ပြောသည်မှာ “သူတို့ ကျွန်တော့်ကို ထောင်ချမယ်ဆို ချနိုင်တဲ့ အလားအလာရှိပါတယ်။

ကျွန်တော်က ပြင်းထန်တဲ့ အဆစ်ရောင်ရောဂါ ခံစားနေရတဲ့ ဇနီးကို ကြည့်ရှုစောင့်ရှောက်ပေးနေရတာပါ။

သူက ကျွန်တော့်အပေါ် ၂၄ နာရီလုံး မှီခိုနေရတာပါ” ဟု ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: I face dying in jail at 88 because I knocked down my OWN wall… I’ll fight ‘vicious’ council to death (thesun)

 

 

[Zawgyi]

အဂၤလန္တြင္ မိမိကိုယ္တိုင္ ေဆာက္လုပ္ခဲ့သည့္ အုတ္တံတိုင္းတစ္ေနရာအား ျဖိဳခ်ခဲ့ေသာ အသက္ ၈၈ ႏွစ္အရြယ္ အဘိုးအို တရားစြဲခံထားရ

 

အဂၤလန္ႏိုင္ငံေတာင္ပိုင္းတြင္ ေနထိုင္သူ အသက္ ၈၈ ႏွစ္အရြယ္ ရြန္ႏိုက္အမည္ရွိ အဘိုးအိုမွာ ၎ပိုင္သည့္ ျခံဝန္းတြင္ ၎ကိုယ္တိုင္ တည္ေဆာက္ခဲ့သည့္ အုတ္တံတုိင္းအား ျဖဳိဖ်က္မႈျဖင့္ တရားစြဲခံထားရကာ အိမ္ရာမဲ့ ျဖစ္မည့္ အေျခအေနႏွင့္ ရင္ဆိုင္ေနရသည္။

အသည္းႏွလံုးမရွိေသာ ျမဳိ႕ေကာင္စီက မိမိအား ျပီးခဲ့ေသာ ၆ ႏွစ္တာအတြင္း အၾကိမ္ၾကိမ္ဒဏ္ရိုက္ခဲ့ကာ ယခုအခါ မိမိမွာ ေနအိမ္ဆံုးရံႈးရမည့္ အေျခအေနႏွင့္ ရင္ဆိုင္ေနရေၾကာင္း ရြန္ႏိုက္က ေျပာသည္။

 

(ျပီးခဲ့သည့္ ၆ ႏွစ္တာအတြင္း မၾကာခဏ ဒဏ္ရိုက္ခံခဲ့ရသည္။ ဓာတ္ပံု-SWNS)

(ျခံဝန္း၏ အုတ္နံရံကုိ အဘိုးအိုကုိယ္တုိင္ ၁၉၇၀ ျပည့္လြန္ကာလမ်ားအတြင္း ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု-SWNS)

(ရြန္က သူ၏ ယာေတာျခံတစ္စိတ္တစ္ေဒသကို ေရာင္းခ်ခဲ့ျပီးေနာက္ ဝယ္ယူလိုက္သူမ်ားအတြက္ ဝင္ေပါက္ရ ေစရန္ အုတ္တံတုိင္းတစ္ေနရာကုိ ျဖဳိခ်ေပးခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု-SWNS)

 

ျမဳိ႕ေကာင္စီက ေျပာသည္မွာ ရြန္ျဖိဳဖ်က္လုိက္ေသာ အုတ္တံတုိင္းမွာ ေရွးေဟာင္းအေမြအႏွစ္ ထိန္းသိမ္းေရး နယ္ေျမတြင္ တည္ရွိရံုမွ်မက အုတ္တံတုိင္းကုိယ္တိုင္ပင္လွ်င္ ေရွးေဟာင္းအေမြအႏွစ္တစ္ခုျဖစ္ေၾကာင္း ေျပာ သည္။

ရြန္၏ ယာေတာျခံမွာ အဂၤလန္ေတာင္ပိုင္း ၊ ဆမ္းမားဆက္ခရိုင္ ၊ Sherborne ျမဳိ႕အနီးတြင္ တည္ရွိျပီး ဧက ၃၅၀ က်ယ္ဝန္းသည္။

ရြန္က ထိုယာေတာျခံကို ႏွစ္ေပါင္း ၄၀ ေက်ာ္ လည္ပတ္လုပ္ကိုင္ခဲ့ေသာ္လည္း သူ၏ယာေတာျခံကို ေရွးေဟာင္းထိန္းသိမ္းေရး နယ္ေျမအျဖစ္ သတ္မွတ္သည္ဟု ျမဳိ႕ေကာင္စီက မိမိအား လံုးဝအသိမေပးခဲ့ ေၾကာင္း ေျပာသည္။

ထို႔အျပင္ မိမိကိုယ္တုိင္ေဆာက္လုပ္ခဲ့သည့္ အုတ္တံတုိင္းမွာ ေရွးေဟာင္းအေမြအႏွစ္ျဖစ္သည္ဆိုျခင္းကို ရြန္က အံ့ၾသတုန္လႈပ္ခဲ့သည္။

၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ ရြန္က သူ၏ယာေတာကို ေရာင္းခ်ကာ ဒီဗြန္ခရိုင္သို႔ သူ၏ညီႏွစ္ဦးႏွင့္အတူ ေျပာင္းေရႊ႕ခဲ့သည္။

သို႔ေသာ္ ယာေတာႏွင့္ ဆက္စပ္လ်က္ရွိေသာ ေျမကြက္တစ္ခုႏွင့္ ယာေတာအတြင္းဝင္သည့္ လမ္းေနရာကို ရြန္တုိ႔ညီအစ္ကို ၃ ဦး ပိုင္ဆိုင္ထားဆဲ ျဖစ္သည္။

ဝယ္ယူလိုက္ေသာ ပိုင္ရွင္မ်ား ယာေတာအတြင္းဝင္ႏိုင္ရန္ႏွင့္ မိမိတို႔ျခံဝန္းသန႔္ရွင္းသပ္ရပ္မႈရွိေစရန္ ရည္ရြယ္ကာ ရြန္က ၎ကိုယ္တုိင္ ေဆာက္လုပ္ခဲ့သည့္ အုတ္တံတုိင္းတစ္ေနရာကို ၂၀၁၇ ခုႏွစ္အတြင္း ျဖိဳခ်ခဲ့သည္။

ထိုသို႔ ျဖဳိခ်ရန္အတြက္ ခြင့္ျပဳခ်က္လိုအပ္ေၾကာင္း ပင္စင္စား အဘိုးအိုမသိခဲ့ေခ်။

ထိုအုတ္တံတိုင္း ျဖိဳခ်မႈအတြက္ ျမဳိ႕ေကာင္စီက အၾကိမ္ၾကိမ္ဒဏ္ရိုက္ခဲ့ရာ စုစုေပါင္း ေပါင္ ၂၀၀၀ ေက်ာ္ခန္႔ အထိ ရိွလာသည္။

ရြန္က ဒဏ္ေၾကးေငြမေပးႏိုင္ေၾကာင္း ေျပာခဲ့ရာ တရားရံုးသို႔ အၾကိမ္ၾကိမ္ဆင့္ေခၚခံခဲ့ရသည္။

ရြန္၏ သမီးျဖစ္သူ လင္ဒါႏိုက္က SomersetLive သတင္းဌာနသုိ႔ “အေဖက ပင္စင္နဲ႔ ရပ္တည္ေနရတာပါ။ သူ႔ရဲ႕ က်န္းမာေရးမေကာင္းတဲ့ ဇနီးသည္ကုိ ျပဳစုေစာင့္ေရွာက္ေနရျပီး အေဖတစ္ေယာက္ထဲပဲ ေစာင့္ေရွာက္ ေပးမယ့္သူရွိပါတယ္။ ဒီဒဏ္ေငြေတြကို အေဖက မေပးႏိုင္တာေၾကာင့္ အိမ္ကို ေရာင္းရဖို႔ ရွိေနပါတယ္”ဟု ေျပာသည္။

ရြန္အေနျဖင့္ အဆိုပါဒဏ္ေၾကးေငြမ်ားကို မေပးေဆာင္ႏိုင္ပါက ဇန္နဝါရီလအတြင္း ေနာက္ဆံုးဆင့္ဆို ထားသည့္ တရားရံုး ရံုးခ်ိန္းတြင္ အမႈရင္ဆိုင္ရမည္ ျဖစ္သည္။

ရြန္က ေျပာသည္မွာ “သူတို႔ ကၽြန္ေတာ့္ကို ေထာင္ခ်မယ္ဆို ခ်ႏိုင္တဲ့ အလားအလာရွိပါတယ္။

ကၽြန္ေတာ္က ျပင္းထန္တဲ့ အဆစ္ေရာင္ေရာဂါ ခံစားေနရတဲ့ ဇနီးကို ၾကည့္ရႈေစာင့္ေရွာက္ေပးေနရတာပါ။

သူက ကၽြန္ေတာ့္အေပၚ ၂၄ နာရီလံုး မွီခိုေနရတာပါ” ဟု ေျပာသည္။

 

 

Ref: I face dying in jail at 88 because I knocked down my OWN wall… I’ll fight ‘vicious’ council to death (thesun)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service