အင်္ဂလန်ရှိ သတ္တုတွင်းကျေးရွာမှ ယိုယွင်းနေသော ဘန်ဂလိုအိမ် ၂ လုံးကို တစ်လုံးလျှင် ၅၀ ပဲနိ (မြန်မာကျပ်ငွေ ၁၃၃၁ ကျပ်) ဖြင့် ရောင်းမည်
အင်္ဂလန်ရှိ သတ္တုတွင်းကျေးရွာမှ ယိုယွင်းနေသော ဘန်ဂလိုအိမ် ၂ လုံးကို တစ်လုံးလျှင် ၅၀ ပဲနိ (မြန်မာကျပ်ငွေ ၁၃၃၁ ကျပ်) ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
12 Dec 2023 10:18 am တွင် တင်ခဲ့သည်
1048 ကြိမ် ကြည့်ရှု့ပြီး
[Unicode] အင်္ဂလန်နိုင်ငံ ၊ ဝေလပြည်နယ်တောင်ပိုင်းမှ သတ္တုတွင်းကျေးရွာတစ်ခုရှိ ယိုယွင်းဟောင်းနွမ်းနေသော ဘန်ဂလို တစ်လုံးလျှင် ၅၀ ပဲနိဖြင့် အိမ် ၂ လုံးကို တစ်ပေါင် (မြန်မာကျပ်ငွေ ၂၆၆၃ ကျပ်) ဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေသည်။
ယိုယွင်းနေသောအိမ် ၂ လုံးကို အုတ်ရောင် လိုင်းစင်းပြားများဖြင့် ဆောက်လုပ်ထားပြီး ကြီးမားသော ပြတင်းပေါက်ခုံးများ ပါဝင်သည်။
ဝေလပြည်နယ် ၊ Gwent ခရိုင် ၊ Crumlin မြို့အနီးတွင် တည်ရှိပြီး တစ်အိမ်လျှင် ၅၀ ပဲနိဖြင့် ဝယ်ယူနိုင်သည်။
ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ လက်ရှိအားဖြင့် ဟောင်းနွမ်းယိုယွင်းနေသော အဆောက်အအုံ များကို ပြန်လည်မွမ်းမံပြီးပါက အားလပ်ရက် အပန်းဖြေမည့်သူတို့အတွက် ကာလတို အငှားချထားသည့်နေရာ အဖြစ် အသုံးပြုနိုင်ကြောင်း ဖော်ပြသည်။
ပထမဘန်ဂလိုအိမ်တွင် အဝင်ခန်းမ ၊ အိပ်ခန်း ၂ ခန်း ၊ နားနေခန်း ၊ မီးဖိုဆောင်နှင့် အိမ်သာတို့ ပါဝင်ပြီး ဒုတိယ ဘန်ဂလိုအိမ်တွင် အိပ်ခန်း ၁ ခန်း ၊ နားနေဆောင်နှင့် မီးဖိုဆောင်တို့ ပါဝင်သည်။
ဒုတိယအိမ်တွင် အိမ်သာနှင့် အဝင်ခန်းမ ပါဝင်မှုရှိမရှိ ဖော်ပြထားခြင်း မရှိချေ။
ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ ဘန်ဂလိုအိမ်များသည် တောင်ကုန်းများပေါ်တွင် တည်ရှိ သောကြောင့် တောင်ကြားတစ်ခုလုံးရှိ လှပသော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကြောင်း ဖော်ပြသည်။
(ယိုယွင်းနေသောအိမ် ၂ လုံးကို အုတ်ရောင်လိုင်းစင်းပြားများဖြင့် ကာရံဆောက်လုပ်ထားပြီး ကြီးမားသော ပြတင်းပေါက်ခုံးများ ပါဝင်သည်။)
(လက်ရှိအားဖြင့် ဟောင်းနွမ်းယိုယွင်းနေသော အဆောက်အအုံများကို ပြန်လည်မွမ်းမံပြီးပါက အားလပ်ရက် အပန်းဖြေမည့်သူတို့အတွက် ကာလတို အငှားချထားသည့်နေရာအဖြစ် အသုံးပြုနိုင်သည်။)
(ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ ဘန်ဂလိုအိမ်များသည် တောင်ကုန်းများပေါ်တွင် တည်ရှိသောကြောင့် တောင်ကြားတစ်ခုလုံးရှိ လှပသော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကြောင်း ဖော်ပြသည်။)
ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ ပန်းရောင်ဘန်ဂလိုအိမ်တို့သည် တိုက်ကပ်နွယ်တို့ ဖုံးလွှမ်းသော ကျောက်တုံးနံရံနှင့် မပြုမပြင် ပစ်ထားသော သစ်ပင်အကိုင်းအခတ်များအကြား နစ်မြုပ်ကွယ်ပျောက်နေသည်။
နေအိမ်၏ ဝန်းကျင် ဘေးဖက် ၊ ရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် မြေလွတ်နေရာများ ပါဝင်သည်။
Newport အခြေစိုက် Paul Fosh Auctions မှ Sean Roper က ပြောသည်မှာ ဘန်ဂလိုများ၏ လက်ရှိ ယိုယွင်းနေမှု အခြေအနေတို့ကြောင့် အတွင်းပိုင်းကိုမူ ဝင်ရောက်ကြည့်ရှုစစ်ဆေးထားခြင်းမရှိကြောင်း ပြောသည်။
Crumlin ကျေးရွာတွင် ဈေးဆိုင်များအပြင် Amenities များစွာရှိသည့်အပြင် Newbridge နှင့် Cwmbran မြို့များနှင့်လည်း မဝေးလှ။
“ဘန်ဂလိုတွေရဲ့ လက်ရှိအခြေအနေတွေက ပြုပြင်မွမ်းမံမှုတွေ လုပ်ဖို့လိုပါတယ်။ ဒါပေမဲ့ မွမ်းမံပြီးတဲ့အခါ အချိန်ပိုင်းတည်းခိုနိုင်မယ့်နေရာအဖြစ် အငှားချထားလို့ ရပါတယ်”ဟု Sean Roper က ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Buy a bungalow for 50p: Rundown homes made of corrugated tin are for sale in mining village priced at £1 for the pair - and seller says they'd make a perfect AirBnB (dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service