Amazon တည်ထောင်သူ Jeff Bezos က အိမ်ရာမဲ့များအတွက် ကန်ဒေါ်လာ ၁၁၈ သန်း လှူဒါန်း
Amazon တည်ထောင်သူ Jeff Bezos က အိမ်ရာမဲ့များအတွက် ကန်ဒေါ်လာ ၁၁၈ သန်း လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
29 Nov 2023 11:30 am တွင် တင်ခဲ့သည်
683 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Amazon တည်ထောင်သူ ၊ ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ် (Jeff Bezos) က အိမ်ရာမဲ့ ဘဝနှင့် ရင်ဆိုင်နေရသော မိသားစုများအား ကူညီနေသည့် ပရဟိတအဖွဲ့များထံ ကန်ဒေါ်လာ ၁၁၈ သန်း လှူဒါန်းမည်ဖြစ်ကြောင်း ၎င်းကိုယ်တိုင် ထုတ်ဖော်ကြေညာသည်။
ယခုလှူဒါန်းမှုသည် ဂျက်ဘေးဇော့စ်၏ Bezos Day One Families Fund မှ အိမ်ရာမဲ့များအတွက် ၆ ကြိမ် မြောက် လှူဒါန်းမှုလည်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု တဝန်းရှိ ပြည်နယ် ၂၃ ခုမှ အကျိုးအမြတ်အတွက်မဟုတ်သော အဖွဲ့အစည်း ၃၈ ခုသို့ လှူဒါန်းမည် ဖြစ်သည်။
ထိုပြည်နယ်များအနက် ဂျက်ဘေးဇော့စ် နေအိမ်ပိုင်ဆိုင်ထားသော ပြည်နယ်များလည်း ပါဝင်ရာ နယူးယောက် ၊ ဟာဝိုင်အီ ၊ ဝါရှင်တန်ဒီစီ ၊ ကယ်လီဖိုးနီးယား ၊ ဝါရှင်တန်နှင့် ဖလော်ရီဒါပြည်နယ်တို့ ပါဝင်သည်။
ဂျက်ဘေးဇော့စ်သည် မကြာသေးမီက ဖလော်ရီဒါပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
လှူဒါန်းမှုများတွင် ဝိုင်ယောမင်းပြည်နယ်ရှိ Family Promise of Cheyenne အဖွဲ့ထံ ဒေါ်လာ ၁၅၀၀၀၀ ၊ မင်နီယာပိုလစ်ရှိ American Indian အသိုက်အဝန်းဖွံ့ဖြိုးရေးကော်ပိုရေးရှင်းနှင့် နယူးယောက်ရှိ BronxWorks တို့ အပါအဝင် အဖွဲ့အစည်းပေါင်း ၁ ဒါဇင်ခန့်သို့ ဒေါ်လာ ၅ သန်းစီလည်း ပါဝင်သည်။
“ခက်ခဲနေတဲ့ မိသားစုတွေ ဘဝတည်ငြိမ်မှု ပြန်လည်ရရှိစေဖို့ ကြိုးပမ်းနေတဲ့ ဒီလိုအဖွဲ့အစည်းတွေကို ထောက်ပံ့ရတာဟာ အခွင့်ထူးတစ်ခုပါပဲ”ဟု ဂျက်ဘေးဇော့စ်က အင်စတာဂရမ်တွင် တင်ခဲ့သော ဗွီဒီယိုဖိုင်၌ Caption ရေးသား ဖော်ပြခဲ့သည်။
ဗွီဒီယိုထဲတွင် တက္ကဆပ်အခြေစိုက် Family Gateway ၏ စီအီးအိုဖြစ်သူ Ellen Magnis က ပြောထားသည်မှာ ဂျက်ဘေးဇော့စ်၏ ထောက်ပံ့မှုမှာ မိသားစုပေါင်း ၂၂၀၀ အတွက် အကူအညီရရှိစေမည်ဖြစ်ကြောင်း ပြောသည်။
ထိုအဖွဲ့သည် အိမ်ရာမဲ့မိသားစုများအတွက် အရေးပေါ်ခိုလှုံရာနေရာများ ထောက်ပံ့ပေးနေသော အဖွဲ့ ဖြစ်သည်။
ဂျက်ဘေးဇော့စ်က Day One Fund ကို ၂၀၁၈ ခုနှစ်တွင် ဇနီးဟောင်း မက္ကင်ဇီစကော့နှင့်အတူ စတင် တည်ထောင်ခဲ့ပြီး ကန်ဒေါ်လာ ၂ ဘီလီယံ လှူဒါန်းရန် ကတိကဝတ်ပြုထားသည်။
ထိုရန်ပုံငွေမှတဆင့် ပြည်နယ်ပေါင်း ၄၈ ခုရှိ အဖွဲ့အစည်းများကို ယနေ့ချိန်ထိ ကန်ဒေါ်လာ သန်း ၆၄၀ လှူဒါန်း ထားပြီး ဖြစ်သည်။
ထိုသို့လှူဒါန်းရာတွင် မည်သည့်နှောင်ကြိုးမှ ထားရှိခြင်းမရှိရာ အလှူငွေရရှိသည့် ပရဟိတအဖွဲ့များအား ထိုငွေကို မည်သို့သုံးရမည်ဟု ကန့်သတ်ထားခြင်းမရှိချေ။
ဂျက်ဘေးဇော့စ်သည် လှူဒါန်းမှုများ ပြုလုပ်ရာတွင် သူတည်ထောင်ထားသော Day One Fund နှင့် Bezos Earth Fund တို့မှတဆင့် လှူဒါန်းလေ့ရှိသည်။
Bezos Earth Fund မှာ ရန်ပုံငွေ ပိုမိုကြီးမားပြီး ဒေါ်လာ ၁၀ ဘီလီယံလှူဒါန်းမည်ဟု ကတိပြုထားသည်။
Day One Fund မှာ အိမ်ရာမဲ့များအား နှစ်စဉ် ကူညီမှုများ ပြုလုပ်လေ့ရှိသည်။
ယခုလှူဒါန်းမှုနှင့်ဆိုလျှင် ဂျက်ဘေးဇော့စ်၏ လှူဒါန်းမှုအရပ်ရပ်မှာ ကန်ဒေါ်လာ ၃ ဘီလီယံခန့် ရှိပြီဖြစ်သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jeff Bezos Announces He’s Donated Nearly $120 Million To Help People Without Housing (forbes)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Iron Man ရုပ်ရှင်သရုပ်ဆောင် Robert Downey Jr ရဲ့ ထူးဆန်းလှပတဲ့ လေရဟတ်ပုံစံ နွေရာသီအပန်းဖြေအိမ်ထဲ ဘာတွေများရှိသလဲ?...
Iron Man ရုပ်ရှင်သရုပ်ဆောင် Robert Downey Jr ရဲ့ ထူးဆန်းလှပတဲ့ လေရဟတ်ပုံစံ နွေရာသီအပန်းဖြေအိမ်ထဲ ဘာတွေများရှိသလဲ?...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီး အီဗားနား ထရမ့် နေထိုင်ခဲ့သော နယူးယောက်မှ ရွှေချထား သော စံအိမ်၊ ကွယ်လွန်ချိန် ၂၀၂၂ ကတည်းက အရောင်းဈေးကွက်တင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၇ သန်း ဈေးလျှော့ပေးလာ...
ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့် အမ်ဘာနီ၏ မင်္ဂလာဆောင်သို့ ဧည့်သည်တော်များ ကြိုဆိုခေါ်ဆောင်ပေးရန် လေယာဉ်ပျံပေါင်း အစင်
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့် အမ်ဘာနီ၏ မင်္ဂလာဆောင်သို့ ဧည့်သည်တော်များ ကြိုဆိုခေါ်ဆောင်ပေးရန် လေယာဉ်ပျံပေါင်း အစင်
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ အလက်စကားပြည်နယ်မှ စုံတွဲတစ်တွဲက ကုန်တင်လေယာဉ်ဟောင်းတစ်စင်းကို အိပ်ခန်း ၂ ခန်းပါ အငှားလူနေအိမ်အဖြစ် ပြောင်း
အမေရိကန်ပြည်၊ အလက်စကားပြည်နယ်မှ စုံတွဲတစ်တွဲက ကုန်တင်လေယာဉ်ဟောင်းတစ်စင်းကို အိပ်ခန်း ၂ ခန်းပါ အငှားလူနေအိမ်အဖြစ် ပြောင်း
Elon Musk က အလုပ်လျှောက်ထားလာသူတိုင်းကို မေးလေ့ရှိသော မေးခွန်းတစ်ခု
Elon Musk က အလုပ်လျှောက်ထားလာသူတိုင်းကို မေးလေ့ရှိသော မေးခွန်းတစ်ခု
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန
လှေဖြင့် ၆ ရက်သွားမှ ရောက်နိုင်သော ကမ္ဘာ့လူသူအလှမ်းကွာဆုံး သမုဒ္ဒရာအလယ်မှ မြို့ကလေး
လှေဖြင့် ၆ ရက်သွားမှ ရောက်နိုင်သော ကမ္ဘာ့လူသူအလှမ်းကွာဆုံး သမုဒ္ဒရာအလယ်မှ မြို့ကလေး
လန်ဒန်မြို့မှ ၂ နာရီခရီးအောက်သာ ဝေးကွာသောနေရာရှိ ၁၃ ဧကကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခု ပေါင် ၁၀၀,၀၀၀ ဖြင့် အရောင်းစျေးကွက်ဝင်
လန်ဒန်မြို့မှ ၂ နာရီခရီးအောက်သာ ဝေးကွာသောနေရာရှိ ၁၃ ဧကကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခု ပေါင် ၁၀၀,၀၀၀ ဖြင့် အရောင်းစျေးကွက်ဝင်
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
Pan Swal Taw Condo
sweet-dream
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service