စင်္ကာပူမှ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်လုံးကို ဝယ်ယူထားသည့်ဈေးအောက် ၃၀ ရာခိုင်နှုန်းအထိ အရှုံးခံကာ ရောင်းချရန် စီစဉ်နေ

စင်္ကာပူမှ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်လုံးကို ဝယ်ယူထားသည့်ဈေးအောက် ၃၀ ရာခိုင်နှုန်းအထိ အရှုံးခံကာ ရောင်းချရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
20 Nov 2023 11:48 am တွင် တင်ခဲ့သည်
1047 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထောင်ဒဏ်ချမှတ်ခံလိုက်ရသော ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးကြီးဖြစ်သော ထရုန် မိုင်လန်းနှင့် ဆက်နွှယ်သော ကုမ္ပဏီတစ်ခုသည် စင်္ကာပူနိုင်ငံ၊ ရော်ဘင်ဆန်လမ်းရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတစ်လုံး ကို ပြီးခဲ့သောနှစ်က ဝယ်ယူထားခဲ့သည့်ဈေးအောက် ၃၀ ရာခိုင်နှုန်း အရှုံးခံကာ ရောင်းချရန် စီစဉ်လျက်ရှိကြောင်း Mingtiandi သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါဟိုတယ်ကြီးကို ဝယ်ယူမည့်ဝယ်လက်မှာ စင်္ကာပူမှ Tan Teng Huat နှင့် မိသားစုပိုင် Sunray Woodcraft ဆောက်လုပ်ရေးကုမ္ပဏီ ဖြစ်သည်။

Robinson လမ်းနှင့် Boon Tat လမ်းထောင့်ရှိ Hotel Telegraph ဟုအမည်ရသော အခန်း ၁၃၄ ခန်းပါ ဟိုတယ်ကြီးကို Sunray Woodcraft က Viva Land ကုမ္ပဏီထံမှ စင်္ကာပူဒေါ်လာ သန်း ၁၇၀ မှ သန်း ၁၈၀ ဝန်းကျင် (ကန်ဒေါ်လာ ၁၂၅ သန်းမှ ၁၃၃ သန်း) ဖြင့် ဝယ်ယူရန် စီစဉ်နေကြောင်း အဆိုပါလုပ်ငန်းစဉ်ကို သိရှိထားသူတို့က Mingtiandi သတင်းဌာနသို့ ယခုရက်သတ္တပတ်အတွင်း ပြောကြားသည်။

စင်္ကာပူအခြေစိုက် Viva Land သည် Hotel Telegraph ကို ၂၀၂၂ ခုနှစ် ၊ မေလအတွင်း So/Singapore ဟိုတယ်ထံမှ စင်္ကာပူဒေါ်လာ သန်း ၂၄၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုဈေးနှုန်းဖြင့် ရောင်းချမည်ဆိုပါက စင်္ကာပူဒေါ်လာ သန်း ၇၀ ခန့် အရှုံးပေါ်မည် ဖြစ်သည်။

Viva Land ကို ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး ထရုန်မိုင်လန်းက သူမ၏ Va Thinh Phat လုပ်ငန်းအုပ်စု၏ ကုမ္ပဏီခွဲအနေဖြင့် ဟိုချီမင်းမြို့တော်တွင် စီမံကွပ်ကဲသည်။

ထရုန်မိုင်လမ်းသည် ရင်းနှီးမြှပ်နှံသူများအား လိမ်လည်မှုဖြင့် ပြီးခဲ့သောနှစ် အောက်တိုဘာလတွင် ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။

လက်ရှိအားဖြင့် အရောင်းအဝယ်အတွက် ဈေးနှုန်းညှိုနှိုင်းလျက်ရှိပြီး ယခုဈေးနှုန်းအရဆိုလျှင် တစ်ခန်းလျှင် စင်္ကာပူဒေါ်လာ ၁ ဒသမ ၂၇ သန်းမျှသာ ကျသင့်မည် ဖြစ်သည်။

ဝယ်ယူစဉ်က ပေးခဲ့ရသည်မှာ တစ်ခန်းလျှင် စင်္ကာပူဒေါ်လာ ၁ ဒသမ ၈ သန်းကျသင့်ခဲ့သည်။

အဆိုပါ ဟိုတယ်သည် သမိုင်းဝင် အဆောက်အအုံစာရင်းတွင် ပါဝင်ရာ ပိုင်ရှင်အနေဖြင့် ပြန်လည်မွမ်းမံခြင်းများ ပြုလုပ်ရန် အကန့်အသတ်များ ရှိသည်။

(ထရုန်မိုင်လန်းမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။ ဓာတ်ပုံ-Ministry of Public Security DSRV)

ဝယ်ယူမည့် Sunray ဆောက်လုပ်ရေးကုမ္ပဏီသည် ၃၆ နှစ်သက်တမ်းရှိပြီဖြစ်ပြီး ဟိုတယ်များ၊ စားသောက်ဆိုင် များ၊ ဘဏ်များနှင့် ပြတိုက်များ ဆောက်လုပ်ခဲ့သည်။

ဈေးကွက် စောင့်ကြည့်သူတို့၏ ခန့်မှန်းချက်အရ ဤဟိုတယ် အရောင်းအဝယ် ဖြစ်ခဲ့ပါက Sunray အနေဖြင့် Hotel Telegraph ကို အမည်ပြောင်းလဲဖွယ်ရာ ရှိသည်ဟု ခန့်မှန်းကြသည်။

အရောင်းအဝယ်မှာ အပြီးသတ်အတည်မဖြစ်သေးသည့်အပြင် အရောင်းအဝယ်ဖြစ်ရန်မှာလည်း မသေချာ သေးချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: VIVA LAND NEARS DEAL TO SELL SINGAPORE HOTEL TO LOCAL CONSTRUCTION FIRM AT 30% LOSS (mingtiandi)

[Zawgyi]

စကၤာပူမွ ၾကယ္ငါးပြင့္ဟိုတယ္ၾကီးတစ္လံုးကို ဝယ္ယူထားသည့္ေစ်းေအာက္ ၃၀ ရာခိုင္ႏႈန္းအထိ အရံႈးခံကာ ေရာင္းခ်ရန္ စီစဥ္ေန

ေထာင္ဒဏ္ခ်မွတ္ခံလိုက္ရေသာ ဗီယက္နမ္စီးပြားေရးလုပ္ငန္းရွင္အမ်ဳိးသမီးၾကီးျဖစ္ေသာ ထရုန္ မိုင္လန္းႏွင့္ ဆက္ႏႊယ္ေသာ ကုမၸဏီတစ္ခုသည္ စကၤာပူႏိုင္ငံ၊ ေရာ္ဘင္ဆန္လမ္းရွိ ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္ၾကီးတစ္လံုး ကို ျပီးခဲ့ေသာႏွစ္က ဝယ္ယူထားခဲ့သည့္ေစ်းေအာက္ ၃၀ ရာခိုင္ႏႈန္း အရံႈးခံကာ ေရာင္းခ်ရန္ စီစဥ္လ်က္ရွိေၾကာင္း Mingtiandi သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အဆိုပါဟိုတယ္ၾကီးကို ဝယ္ယူမည့္ဝယ္လက္မွာ စကၤာပူမွ Tan Teng Huat ႏွင့္ မိသားစုပိုင္ Sunray Woodcraft ေဆာက္လုပ္ေရးကုမၸဏီ ျဖစ္သည္။

Robinson လမ္းႏွင့္ Boon Tat လမ္းေထာင့္ရွိ Hotel Telegraph ဟုအမည္ရေသာ အခန္း ၁၃၄ ခန္းပါ ဟိုတယ္ၾကီးကို Sunray Woodcraft က Viva Land ကုမၸဏီထံမွ စကၤာပူေဒၚလာ သန္း ၁၇၀ မွ သန္း ၁၈၀ ဝန္းက်င္ (ကန္ေဒၚလာ ၁၂၅ သန္းမွ ၁၃၃ သန္း) ျဖင့္ ဝယ္ယူရန္ စီစဥ္ေနေၾကာင္း အဆိုပါလုပ္ငန္းစဥ္ကို သိရွိထားသူတို႔က Mingtiandi သတင္းဌာနသို႔ ယခုရက္သတၱပတ္အတြင္း ေျပာၾကားသည္။

စကၤာပူအေျခစိုက္ Viva Land သည္ Hotel Telegraph ကို ၂၀၂၂ ခုႏွစ္ ၊ ေမလအတြင္း So/Singapore ဟိုတယ္ထံမွ စကၤာပူေဒၚလာ သန္း ၂၄၀ ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ရာ ယခုေစ်းႏႈန္းျဖင့္ ေရာင္းခ်မည္ဆိုပါက စကၤာပူေဒၚလာ သန္း ၇၀ ခန္႔ အရံႈးေပၚမည္ ျဖစ္သည္။

Viva Land ကို ဗီယက္နမ္စီးပြားေရးလုပ္ငန္းရွင္ အမ်ဳိးသမီးၾကီး ထရုန္မုိင္လန္းက သူမ၏ Va Thinh Phat လုပ္ငန္းအုပ္စု၏ ကုမၸဏီခြဲအေနျဖင့္ ဟိုခ်ီမင္းျမဳိ႕ေတာ္တြင္ စီမံကြပ္ကဲသည္။

ထရုန္မိုင္လမ္းသည္ ရင္းႏွီးျမွပ္ႏွံသူမ်ားအား လိမ္လည္မႈျဖင့္ ျပီးခဲ့ေသာႏွစ္ ေအာက္တိုဘာလတြင္ ေထာင္ဒဏ္ ခ်မွတ္ျခင္း ခံခဲ့ရသည္။

လက္ရွိအားျဖင့္ အေရာင္းအဝယ္အတြက္ ေစ်းႏႈန္းညိႈႏိႈင္းလ်က္ရွိျပီး ယခုေစ်းႏႈန္းအရဆိုလွ်င္ တစ္ခန္းလွ်င္ စကၤာပူေဒၚလာ ၁ ဒသမ ၂၇ သန္းမွ်သာ က်သင့္မည္ ျဖစ္သည္။

ဝယ္ယူစဥ္က ေပးခဲ့ရသည္မွာ တစ္ခန္းလွ်င္ စကၤာပူေဒၚလာ ၁ ဒသမ ၈ သန္းက်သင့္ခဲ့သည္။

အဆိုပါ ဟိုတယ္သည္ သမိုင္းဝင္ အေဆာက္အအံုစာရင္းတြင္ ပါဝင္ရာ ပိုင္ရွင္အေနျဖင့္ ျပန္လည္မြမ္းမံျခင္းမ်ား ျပဳလုပ္ရန္ အကန္႔အသတ္မ်ား ရွိသည္။

(ထရုန္မိုင္လန္းမွာ ေထာင္ဒဏ္ခ်မွတ္ျခင္း ခံထားရသည္။ ဓာတ္ပံု-Ministry of Public Security DSRV)

ဝယ္ယူမည့္ Sunray ေဆာက္လုပ္ေရးကုမၸဏီသည္ ၃၆ ႏွစ္သက္တမ္းရွိျပီျဖစ္ျပီး ဟိုတယ္မ်ား၊ စားေသာက္ဆိုင္ မ်ား၊ ဘဏ္မ်ားႏွင့္ ျပတုိက္မ်ား ေဆာက္လုပ္ခဲ့သည္။

ေစ်းကြက္ ေစာင့္ၾကည့္သူတို႔၏ ခန္႔မွန္းခ်က္အရ ဤဟိုတယ္ အေရာင္းအဝယ္ ျဖစ္ခဲ့ပါက Sunray အေနျဖင့္ Hotel Telegraph ကို အမည္ေျပာင္းလဲဖြယ္ရာ ရွိသည္ဟု ခန္႔မွန္းၾကသည္။

အေရာင္းအဝယ္မွာ အျပီးသတ္အတည္မျဖစ္ေသးသည့္အျပင္ အေရာင္းအဝယ္ျဖစ္ရန္မွာလည္း မေသခ်ာ ေသးေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: VIVA LAND NEARS DEAL TO SELL SINGAPORE HOTEL TO LOCAL CONSTRUCTION FIRM AT 30% LOSS (mingtiandi)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Iron Man ရုပ်ရှင်သရုပ်ဆောင် Robert Downey Jr ရဲ့ ထူးဆန်းလှပတဲ့ လေရဟတ်ပုံစံ နွေရာသီအပန်းဖြေအိမ်ထဲ ဘာတွေများရှိသလဲ?...
Iron Man ရုပ်ရှင်သရုပ်ဆောင် Robert Downey Jr ရဲ့ ထူးဆန်းလှပတဲ့ လေရဟတ်ပုံစံ နွေရာသီအပန်းဖြေအိမ်ထဲ ဘာတွေများရှိသလဲ?...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီး အီဗားနား ထရမ့် နေထိုင်ခဲ့သော နယူးယောက်မှ ရွှေချထား သော စံအိမ်၊ ကွယ်လွန်ချိန် ၂၀၂၂ ကတည်းက အရောင်းဈေးကွက်တင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၇ သန်း ဈေးလျှော့ပေးလာ...

ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် ခင်ပွန်း၊ ခွေး ၄ ကောင်နှင့် အတူနေထိုင်
လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် ခင်ပွန်း၊ ခွေး ၄ ကောင်နှင့် အတူနေထိုင်
Mark Zuckerberg က ရေလွှာလျှောစီးရင်း ဘီယာသောက်ခဲ့သည့် ဗွီဒီယိုထွက်ပေါ်လာပြီးနောက် Elon Musk က “ကျုပ်ကတော့ အလုပ်လုပ်ရတာကိ
Mark Zuckerberg က ရေလွှာလျှောစီးရင်း ဘီယာသောက်ခဲ့သည့် ဗွီဒီယိုထွက်ပေါ်လာပြီးနောက် Elon Musk က “ကျုပ်ကတော့ အလုပ်လုပ်ရတာကိ
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအာ
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအာ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့် အမ်ဘာနီ၏ မင်္ဂလာဆောင်သို့ ဧည့်သည်တော်များ ကြိုဆိုခေါ်ဆောင်ပေးရန် လေယာဉ်ပျံပေါင်း အစင်
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့် အမ်ဘာနီ၏ မင်္ဂလာဆောင်သို့ ဧည့်သည်တော်များ ကြိုဆိုခေါ်ဆောင်ပေးရန် လေယာဉ်ပျံပေါင်း အစင်
ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွ
ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွ
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
Warren Buffett က အစ္စရေးနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုကို သွားရောက်ကြည့်ရှုခြင်းပင် မပြုဘဲ ဒေါ်လာ ၄ ဘီလီယံဖြင့် ဝယ်ယ
Warren Buffett က အစ္စရေးနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုကို သွားရောက်ကြည့်ရှုခြင်းပင် မပြုဘဲ ဒေါ်လာ ၄ ဘီလီယံဖြင့် ဝယ်ယ
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀
sweet-dream
Pan Swal Taw Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service