ကြမ်းပိုးအန္တရာယ်မှ ကင်းဝေးပြီး အိပ်ရေး၀၀ အိပ်နိုင်ဖို့ နည်းလမ်းကောင်းများ
ကြမ်းပိုးအန္တရာယ်မှ ကင်းဝေးပြီး အိပ်ရေး၀၀ အိပ်နိုင်ဖို့ နည်းလမ်းကောင်းများ - Property Knowledge in Myanmar from iMyanmarHouse.com
12 Nov 2023 12:12 pm တွင် တင်ခဲ့သည်
739 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ကျွန်တော်တို့အနေနှင့် လူလူခြင်းဒုက္ခပေးကြမှ အန္တရာယ်ဟုအများစုက ထင်တတ်ကြသည်။
လူတွေကို နေ့စဉ်တကယ်ဒုက္ခပေးနေသည်က ကိုယ့်အိမ်အတွင်း အင်းဆက်ပိုးမွှားများက ပိုများပါလိမ့်မည်။ထိုကဲ့သို့ များပြားလှသော အင်းဆက်ပိုးမွှားများထဲက ကြမ်းပိုး(ခေါ်)ဂျပိုးအကြောင်း ပြောကြည့်ကြမည်။ကျွန်တော်က ဂျပိုးလို့ရေးပါမည်။
ဂျပိုးထဲတွင် စာဂျပိုးသာကောင်းပြီး ဖျာဂျပိုးကတော့ ကျွန်တော်တို့လူသားတွေကို အတော်ပင်နှောင့်ယှက်လှသည်။
တစ်ခါတစ်ရံ အိမ်တွင်မကဘဲ လူအများ မပြတ်အသုံးပြုတတ်သည့် မီးရထားထိုင်ခုံများကြားတွင်ပင်နေရာယူစိုးမိုးပြီး သွေးစုပ်ရှင်သန် နေကြသည်က တော်တော်အမြင်ကပ်စရာကောင်းသည့် ဂျပိုးတို့၏ စွမ်းရည်ပင်ဖြစ်သည်။
သွေးဝနေသည့် ခြင်ကိုရိုက်သတ်လိုက်လို့ လက်တွင်နံစော်ပြီးမကျန်တတ်သော်လည်း ဂျပိုးတစ်ကောင်ကို သတ်မိပြီးရင်တော့ ဆိုးရွားသည့် အနံ့အသက်က စွဲကျန်ရစ်သည်။ဒီအနံ့ကိုပင် မှတ်မဲ့စိတ်ဖြင့် လူတို့နမ်းကြည့်တတ်မြဲပင်ဖြစ်သည်။
မိမိအိမ်တွင် အိပ်ရာ ခြင်ထောင်တို့ကို အမြဲမပြတ်သန့်ရှင်းအောင်ထားလျက်မှ ဂျပိုးများကူးစက်ပွားများလာပြီး ခြင်ထောင်၊ဖျာ၊ခေါင်းဦး တို့တွင် စွန်းပေညစ်ထေးလာပြီး ဖျက်မရသည့် အစွန်းအထေးတို့ ဖြစ်ကျန်ရစ်ခဲ့သည်။
အိမ်သို့ ညအိပ်လာတတ်သည့် ဧည့်သည် ဆွေမျိုးတို့ကြောင့်လည်း ဂျပိုးကူးစက်မှုခံရသည်။ ၎င်းတို့အိမ်တွင် ဂျပိုးများရှိခဲ့ပါက ခရီးဆောင်အိတ်နှင့် အဝတ်အစားတို့တွင် ဂျပို့တို့တွယ်မှီရှင်သန်နေတတ်ပြီး သူတို့ကူးလူးဆက်ဆံမိသည့် နေရာတိုင်းသို့ ပြန်နှံ့ကူးစက်တော့သည်။ ထိုနည်းဖြင့် မိမိတို့အိမ်သည်လည်း ကူးစက်ခြင်းခံရပါသည်။မိမိတို့အိမ်တွင် ဂျပိုးမရှိသော်လည်း ရှိသည့်အိမ်သို့ ညအိပ်ညနေသွားရောက်မိခြင်းကြောင့်လည်း ကူးစက်သည်။
ဘယ်လိုပင်ကူးကူး ဂျပိုးတို့မိမိအိမ်တွင် ရှိလာပြီဆိုလျှင် အိပ်ကောင်းခြင်းမအိပ်ရ ဖြစ်လာပါတော့မည်။နဂိုကမှ မိမိအိပ်ရာကို ရှုပ်ထွေးညစ်ပတ်အောင် ထားတတ်သူဖြစ်ပါက ဂျပိုးတို့က ပိုပြီးအကြိုက်တွေ့တတ်သည်။ ကောင်းကောင်းရှင်သန် ပေါက်ပွားတော့သည်။
ဖျာ၏ချုပ်ရိုး ကြား၊ခြင်ထောင်ချုပ်ရိုးကြား၊ကုတင်ကြမ်းကြား၊မိမိအိပ်ရာဘေးထားတတ်သည့် ပစ္စည်းအကြိုအကြားနှင့် စာအုပ်ကြားတို့တွင်ပင်မကျန် ကောင်းကြီးရှင်သန်ပါတော့မည်။
သွေးမစုပ်ဘဲ ၃ လ အထိ ရှင်သန်နိုင်ပြီး အပူ အအေး မြင့်မားသည် အချိန်များတွင်ပင် နေထိုင်ရှင်သန်နိုင်ကြသည်။ ဂျပိုးတို့တွယ်ကပ်ရှင် သန်နေသည့် ခြင်ထောင် ၊ အိပ်ရာ ၊ခေါင်းအုံးဖုံးနှင့် အဝတ်အစားများကို ရိုးရိုးရေအေးတွင်စိမ်ပြီး လျှော်ဖွပ်ရုံလောက်တော့ သိပ်မဖြုံလှပေ။ ရေနွေးဆူဆူလောင်းပြီး စိမ်ထားပါမှ ‌တော်ပါလိမ့်မည်။
ကြုံရာအင်းဆက်ကီလာတွေဝယ်ပြီးရှင်းရသည်။ အချိန်အခိုက်အတန့်တော့ ရှင်းသွားသလိုဖြစ်သော်လည်း ကြာလာလျှင်ပြန်တွေ့နေရတတ်သည်။
တစ်ချို့ သုံးစွဲကြည့်ပြီး မိမိလည်းသုံးစွဲမိတာလေးတွေ ပြန်မျှဝေပေးပါဦးမည်။ ဖျာအောက်ဖက်ခြမ်းကို ဂတ်စ်မပါသည့် အင်းဆက်ဖြန်းဆေး ရေကို ခပ်ရွှဲရွှဲလေးဖြန်းကာ စိမ့်ဝင်အောင်ခဏထားပြီး နေလှန်းထားပြီးညတွင်ပြန်သုံးပါ။ မိမိအိပ်ရာ ဘေးအောက် နံရံတို့တွင်လည်းကောင်း ၊ ဂျပိုးနေနိုင်သည်ထင်သည့် နေရာများကို အကုန်ဖြန်းထားခြင်း၊အိပ်ရာ၊ခြင်ထောင်၊ခေါင်းအုံးတို့ကိုလည်း တစ်ပြိုင်တည်းရေနွေး ဆူဆူဖြင့်ပြုတ်လျှော်ခြင်းတို့သည် အကောင်းဆုံးဖြစ်ပြီးလိမ့်မည်။အခြားနည်းများအနေဖြင့် ပရုပ်လုံး အနံ့ကို ဂျပိုးများ ကြောက်သဖြင့် ခေါင်းအုံး စောင်၊ ခြင်ထောင်၊ အိပ်ရာဘေး တို့တွင် အလုံးလိုက်သော်လည်းကောင်း၊ အမှုန့်ပြု၍ သော်လည်းကောင်း ချထားပေးနိုင်ပါသည်။
ကြောင်ပန်းရွက်ကို အိပ်ရာအောက်ဖြန့်ခင်း၍ လည်းကောင်း၊ဒူးရင်းသီး အခွံကိုထား၍ လည်းကောင်း၊ဆပ်ပြာမှုန့် ဆပ်ပြာခရင်တို့ကို ရေနှင့်ဖျော်၍ဖြန်းခြင်းဖြင့် လည်းကောင်း လုပ်နိုင်ပါသည်။အဆိုပါ ပစ္စည်းတို့၏ ပြင်းထန်သောအနံ့ကို ဂျပိုးများမခံနိုင်၍ ဖြစ်နိုင်ပေသည်။
ဂျပိုးဖြန်းဆေးတို့ကို မကြာမကြာဖြန်းခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။ အဆိုပါ ‌ ဖြန်းဆေးများ အသုံးပြုမည်ဆိုလျှင် ကလေးသူငယ်များကို အဝေးတွင်ထား၍လည်းကောင်း ဆောင်ရွက်ပြီးမှ လုပ်ကိုင်ရပါမည်။
အကောင်းဆုံးမှာ မိမိတို့၏ အိပ်ရာနှင့် အိပ်ရာဝန်းကျင်တို့ကို အပြတ်သန့်ရှင်းပေးခြင်းသည်သာ အနံ့အသက်ဆိုးတို့၏ အန္တရာယ်မှကင်း ဝေးမည်ဖြစ်ကာ “အိမ်တွင်း အန္တရာယ်တို့ကာကွယ် ရောဂါလည်းကင်းကျန်းမာခြင်း” အကျိုးကို ခံစားရမှာဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ
မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
မြေကွက် အတည်ပြုတိုင်းခွဲ / ပေါင်းခွဲ၊ မြေကွက်ခွဲစိတ်ခြင်းအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။...
မြေကွက် အတည်ပြုတိုင်းခွဲ / ပေါင်းခွဲ၊ မြေကွက်ခွဲစိတ်ခြင်းအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။...
ကမ္ဘာအနှံ့က စုန်းမများဈေးဝယ်ထွက်ကြသည့် Bolivia နိုင်ငံမှ ထူးဆန်းသော စုန်းဈေး
ကမ္ဘာအနှံ့က စုန်းမများဈေးဝယ်ထွက်ကြသည့် Bolivia နိုင်ငံမှ ထူးဆန်းသော စုန်းဈေး
မြေတိုင်းတာခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
မြေတိုင်းတာခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
တရုတ်ပြည်တွင် သခင်တို့ အလုပ်သွားနေချိန်အတွင်း အိမ်မွေးတိရ စ္ဆာန်ကလေးများအား Pet မူကြိုသို့ ပို့ဆောင်ထားမှု ခေတ်စားနေ၊ Pet မူကြိုတွင် အိမ်မွေးတိရ စ္ဆာန်လေးများအား ခေါင်းညိတ်၊ ခေါင်းခါ၊ လက်ဝါးရိုက် နှုတ်ဆက်နည်း၊ သေချင်ဟန်ဆေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
လန်ဒန်မြို့မှ ၂ နာရီခရီးအောက်သာ ဝေးကွာသောနေရာရှိ ၁၃ ဧကကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခု ပေါင် ၁၀၀,၀၀၀ ဖြင့် အရောင်းစျေးကွက်ဝင်
လန်ဒန်မြို့မှ ၂ နာရီခရီးအောက်သာ ဝေးကွာသောနေရာရှိ ၁၃ ဧကကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခု ပေါင် ၁၀၀,၀၀၀ ဖြင့် အရောင်းစျေးကွက်ဝင်
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နေအိမ် ၁၀ လုံးကို တစ်လုံးလျှင် ၃ ယူရိုမျှဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေ
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နေအိမ် ၁၀ လုံးကို တစ်လုံးလျှင် ၃ ယူရိုမျှဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ အလက်စကားပြည်နယ်မှ စုံတွဲတစ်တွဲက ကုန်တင်လေယာဉ်ဟောင်းတစ်စင်းကို အိပ်ခန်း ၂ ခန်းပါ အငှားလူနေအိမ်အဖြစ် ပြောင်း
အမေရိကန်ပြည်၊ အလက်စကားပြည်နယ်မှ စုံတွဲတစ်တွဲက ကုန်တင်လေယာဉ်ဟောင်းတစ်စင်းကို အိပ်ခန်း ၂ ခန်းပါ အငှားလူနေအိမ်အဖြစ် ပြောင်း
ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ U
ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ U
ဘီလ်ဂိတ်၏ ပထမဆုံးဝန်ထမ်းများတွင် ပါဝင်ခဲ့သူ စတိဗ် ဘောမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၅၇ ဒသမ ၂ ဘီလီယံ ရှိလာပြီး အလုပ်ရှင်ဟော
ဘီလ်ဂိတ်၏ ပထမဆုံးဝန်ထမ်းများတွင် ပါဝင်ခဲ့သူ စတိဗ် ဘောမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၅၇ ဒသမ ၂ ဘီလီယံ ရှိလာပြီး အလုပ်ရှင်ဟော
shwe-wutthmone
Pan Swal Taw Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service