အမေရိကန်ပြည် ကိုလိုရာဒိုပြည်နယ်မှ ဧက ၁၆၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်းဖြင့် အရောင်းအဝယ်ဖြစ်

အမေရိကန်ပြည် ကိုလိုရာဒိုပြည်နယ်မှ ဧက ၁၆၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်းဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
1 Nov 2023 10:37 am တွင် တင်ခဲ့သည်
546 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည် ကိုလိုရာဒိုပြည်နယ်မှ ဧက ၁၆၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည်။

စတုရန်းပေ ၁၇၀၀၀ နီးပါးကျယ်ဝန်းသည့် ပင်မစံအိမ်ပါဝင်သော ခြံကြီးကို အောက်တိုဘာလ ၁၂ ရက်တွင် အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ဒင်ဗာမြို့ အနီးဝန်းကျင်တွင် ဈေးအကြီးဆုံး အရောင်းအဝယ်အဖြစ် စံချိန်တင်သွားကြောင်း Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ဘရစ်တနေ မော်ဂန်က ပြောသည်။

 

 

ဘရစ်တနေမော်ဂန်သည် ဤမွေးမြူရေးခြံကြီးကို Re/Max Leaders အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ရွန်ဒါ ကော့တနေးနှင့်အတူ ပူးတွဲကာ အရောင်းဈေးကွက်တင်ပေးခဲ့ခြင်း ဖြစ်သည်။

“ဒီခြံကြီးဟာ အရောင်းဈေးကွက်မှာ ၃ နှစ်ကျော် ဝင်ချည်ထွက်ချည်ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာတော့ ပွဲဖြစ် သွားပါပြီ။ ဒီအရောင်းအဝယ်ဟာ ဒင်ဗာမြို့အတွက် မှတ်တိုင်သစ်တစ်ခု ဖြစ်ရုံမျှမက ဂျက်ဖာဆင်ခရိုင်ရဲ့ ယခင်ဈေးနှုန်းအမြင့်မားဆုံး အိမ်ခြံမြေအရောင်းအဝယ် စံချိန်ကိုလည်း ဖြတ်ကျော်သွားခဲ့ပါတယ်” ဟု မော်ဂန်က E-mail ဖြင့် ပြောကြားသည်။

 

 

PropertyShark အိမ်ခြံမြေဝက်ဘ်ဆိုက်မှ မှတ်တမ်းများအရ ယခုရောင်းချလိုက်သူများဖြစ်သော John နှင့် Debi Medved တို့သည် ၁၉၉၁ ခုနှစ်တွင် နှင်းလျှောစီးအပန်းဖြေစခန်းဟောင်းနေရာကို ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ပြီး Bear Creek Ranch အမည်ရှိ မွေးမြူရေးခြံကို တည်ထောင်ခဲ့ကြောင်း ၊ ၎င်းတို့သည် ကိုလိုရာဒိုပြည်နယ်တွင် ကားအရောင်းဆိုင် ၆ ခုလည်း ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားသည်။

၎င်းတို့၏ စံအိမ်ကို St.Catherine’s Court စံအိမ်အတိုင်း ဒီဇိုင်းဆွဲခဲ့သည်။

 

St.Catherine’s Court စံအိမ်သည် ၁၆ ရာစုနှစ် စံအိမ်တစ်လုံးဖြစ်ပြီး ဘုရင်ဟင်နရီ VIII က သူ၏ အပ်ချုပ်သမားအား လက်ဆောင်ပေးခဲ့သော စံအိမ်ဖြစ်ကာ ထိုစံအိမ်ကို ရုပ်ရှင်မင်းသမီး Jane Seymour ပိုင်ဆိုင်ခဲ့ဖူးသည်။

ယခုစံအိမ်ကို ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံး အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး ထိုသတင်းကို ဝေါစထရိဂျာနယ်က ဖော်ပြခဲ့ဖူးသည်။

 

 

ထိုအချိန်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၃၇ သန်းဖြစ်သည်။

ယင်းနောက်ပိုင်း အကြိမ်ကြိမ်ဈေးလျှော့မှုများ ပြုလုပ်ပေးခဲ့ပြီး ခြံဝန်းကြီးကို ခြံကွက်ငယ်များခွဲကာ အရောင်းဈေးကွက်တင်ခြင်းလည်း ပြုလုပ်ခဲ့သည်။

 

 

၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁၂ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီး ၆ လအကြာတွင် ဈေးကွက်မှ ပြန်လည် ရုပ်သိမ်းခဲ့သည်။

ယင်းနောက် ယခုနှစ်မေလတွင် ကန်ဒေါ်လာ ၁၄ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက် လာခဲ့သည်။

ဝယ်ယူသွားသူ မည်သူဖြစ်သည်ကို မသိရချေ။

 

 

စံအိမ်တွင် အိပ်ခန်း ၉ ခန်း ၊ ရေချိုးခန်း ၁၀ ခန်းပါဝင်ပြီး ကိုရင်သီရန် ကော်လံတိုင်များ ၊ အင်္ဂလိပ်ဟန် မီးလင်းဖို များ ၊ အဲလစ်ဇဘက်ခေတ်ရုပ်ပုံများ ထွင်းထုထားသော ဧည့်ခန်း ၊ ဖယောင်းတိုင် ပန်းဆိုင်းများရှိသော ထင်းသုံး မီးလင်းဖိုနှင့် ဘုရားကျောင်းဟန် မျက်နှာကြက်များ ပါဝင်သည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A 160-Acre Colorado Ranch Closes for $14.7 Million—the Biggest Deal in Denver This Year (mansionglobal)

 

 

[Zawgyi]

အေမရိကန္ျပည္ ကိုလိုရာဒိုျပည္နယ္မွ ဧက ၁၆၀ က်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီး ကန္ေဒၚလာ ၁၄ ဒသမ ၇ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္

 

အေမရိကန္ျပည္ ကိုလိုရာဒိုျပည္နယ္မွ ဧက ၁၆၀ က်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီး ကန္ေဒၚလာ ၁၄ ဒသမ ၇ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္သြားသည္။

စတုရန္းေပ ၁၇၀၀၀ နီးပါးက်ယ္ဝန္းသည့္ ပင္မစံအိမ္ပါဝင္ေသာ ျခံၾကီးကို ေအာက္တိုဘာလ ၁၂ ရက္တြင္ အေရာင္းအဝယ္ျဖစ္သြားျခင္းျဖစ္ျပီး ယခုႏွစ္အတြင္း ဒင္ဗာျမဳိ႕ အနီးဝန္းက်င္တြင္ ေစ်းအၾကီးဆံုး အေရာင္းအဝယ္အျဖစ္ စံခ်ိန္တင္သြားေၾကာင္း Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ ဘရစ္တေန ေမာ္ဂန္က ေျပာသည္။

ဘရစ္တေနေမာ္ဂန္သည္ ဤေမြးျမဴေရးျခံၾကီးကို Re/Max Leaders အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ ရြန္ဒါ ေကာ့တေနးႏွင့္အတူ ပူးတြဲကာ အေရာင္းေစ်းကြက္တင္ေပးခဲ့ျခင္း ျဖစ္သည္။

“ဒီျခံၾကီးဟာ အေရာင္းေစ်းကြက္မွာ ၃ ႏွစ္ေက်ာ္ ဝင္ခ်ည္ထြက္ခ်ည္ျဖစ္ေနခဲ့ျပီး ေနာက္ဆံုးမွာေတာ့ ပြဲျဖစ္ သြားပါျပီ။ ဒီအေရာင္းအဝယ္ဟာ ဒင္ဗာျမဳိ႕အတြက္ မွတ္တိုင္သစ္တစ္ခု ျဖစ္ရံုမွ်မက ဂ်က္ဖာဆင္ခရိုင္ရဲ႕ ယခင္ေစ်းႏႈန္းအျမင့္မားဆံုး အိမ္ျခံေျမအေရာင္းအဝယ္ စံခ်ိန္ကိုလည္း ျဖတ္ေက်ာ္သြားခဲ့ပါတယ္” ဟု ေမာ္ဂန္က E-mail ျဖင့္ ေျပာၾကားသည္။

PropertyShark အိမ္ျခံေျမဝက္ဘ္ဆုိက္မွ မွတ္တမ္းမ်ားအရ ယခုေရာင္းခ်လုိက္သူမ်ားျဖစ္ေသာ John ႏွင့္ Debi Medved တို႔သည္ ၁၉၉၁ ခုႏွစ္တြင္ ႏွင္းေလွ်ာစီးအပန္းေျဖစခန္းေဟာင္းေနရာကို ကန္ေဒၚလာ ၁ ဒသမ ၁ သန္းျဖင့္ ဝယ္ယူခဲ့ျပီး Bear Creek Ranch အမည္ရွိ ေမြးျမဴေရးျခံကို တည္ေထာင္ခဲ့ေၾကာင္း ၊ ၎တို႔သည္ ကိုလိုရာဒိုျပည္နယ္တြင္ ကားအေရာင္းဆိုင္ ၆ ခုလည္း ပိုင္ဆိုင္ထားေၾကာင္း ေဖာ္ျပထားသည္။

၎တို႔၏ စံအိမ္ကို St.Catherine’s Court စံအိမ္အတုိင္း ဒီဇိုင္းဆြဲခဲ့သည္။

St.Catherine’s Court စံအိမ္သည္ ၁၆ ရာစုႏွစ္ စံအိမ္တစ္လံုးျဖစ္ျပီး ဘုရင္ဟင္နရီ VIII က သူ၏ အပ္ခ်ဳပ္သမားအား လက္ေဆာင္ေပးခဲ့ေသာ စံအိမ္ျဖစ္ကာ ထုိစံအိမ္ကို ရုပ္ရွင္မင္းသမီး Jane Seymour ပိုင္ဆိုင္ခဲ့ဖူးသည္။

ယခုစံအိမ္ကို ၂၀၂၀ ျပည့္ႏွစ္တြင္ ပထမဆံုး အေရာင္းေစ်းကြက္တင္ခဲ့ဖူးျပီး ထုိသတင္းကို ေဝါစထရိဂ်ာနယ္က ေဖာ္ျပခဲ့ဖူးသည္။

ထိုအခ်ိန္က ေခၚေစ်းမွာ ကန္ေဒၚလာ ၃၇ သန္းျဖစ္သည္။ ယင္းေနာက္ပိုင္း အၾကိမ္ၾကိမ္ေစ်းေလွ်ာ့မႈမ်ား ျပဳလုပ္ေပးခဲ့ျပီး ျခံဝန္းၾကီးကို ျခံကြက္ငယ္မ်ားခြဲကာ အေရာင္းေစ်းကြက္တင္ျခင္းလည္း ျပဳလုပ္ခဲ့သည္။

၂၀၂၂ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၂ ဒသမ ၉ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ျပီး ၆ လအၾကာတြင္ ေစ်းကြက္မွ ျပန္လည္ ရုပ္သိမ္းခဲ့သည္။

ယင္းေနာက္ ယခုႏွစ္ေမလတြင္ ကန္ေဒၚလာ ၁၄ ဒသမ ၉ သန္းျဖင့္ အေရာင္းေစ်းကြက္သို႔ ျပန္လည္ဝင္ေရာက္ လာခဲ့သည္။

ဝယ္ယူသြားသူ မည္သူျဖစ္သည္ကုိ မသိရေခ်။

စံအိမ္တြင္ အိပ္ခန္း ၉ ခန္း ၊ ေရခ်ဳိးခန္း ၁၀ ခန္းပါဝင္ျပီး ကိုရင္သီရန္ ေကာ္လံတိုင္မ်ား ၊ အဂၤလိပ္ဟန္ မီးလင္းဖို မ်ား ၊ အဲလစ္ဇဘက္ေခတ္ရုပ္ပံုမ်ား ထြင္းထုထားေသာ ဧည့္ခန္း ၊ ဖေယာင္းတိုင္ ပန္းဆုိင္းမ်ားရွိေသာ ထင္းသံုး မီးလင္းဖိုႏွင့္ ဘုရားေက်ာင္းဟန္ မ်က္ႏွာၾကက္မ်ား ပါဝင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A 160-Acre Colorado Ranch Closes for $14.7 Million—the Biggest Deal in Denver This Year (mansionglobal)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service