အဖြစ်များတဲ့ ပြဿနာ မိမိပိုင်မြေပေါ်တွင် တိုက်ဆောက်တဲ့အခါ ....

အဖြစ်များတဲ့ ပြဿနာ မိမိပိုင်မြေပေါ်တွင် တိုက်ဆောက်တဲ့အခါ .... - Property Knowledge in Myanmar from iMyanmarHouse.com
8 Oct 2023 2:17 pm တွင် တင်ခဲ့သည်
884 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မိမိပိုင်မြေပေါ်တွင် ၂ထပ်တိုက်ဆောက်ချင်၍ ဆောက်လုပ်ခွင့်တင်ရာတွင် ဘေးအိမ်များ၏သဘောတူညီခွင့်မရခဲ့ရင် ဆောက်ခွင့်ရှိ / မရှိ မေးခွန်းအပြင် iMyanmarHouse ပရိတ်သတ်ကြီးများမေးမြန်းထားခဲ့သော အိမ်ခြံမြေနဲ့ပတ်သတ်ပြီးအမေးအဖြေသုံးခု ကို ဒီကနေ့ညအတွက် တင်ဆက်ပေးထားပါတယ်။

မေးခွန်း (၁) - ပိုင်ဆိုင်မှု စာချုပ်ဆိုတာ ဘာကိုဆိုလိုပါသလဲရှင်။ဂရန်ပြောင်းလို့ရပါသလား။

ပိုင်ဆိုင်မှု စာချုပ်စာတမ်းဆိုသည်မှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ၌ မရှိမဖြစ်လိုအပ်သော ပိုင်ဆိုင်မှု သက်သေခံအထောက်အထားတစ်ခုပင် ဖြစ်ပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနမှ အသိအမှတ်ပြုထုတ် ပေးသော ပိုင်ဆိုင်မှု အထောက်အထားများကိုသာ အမည်ပေါက်လွှဲပြောင်းခြင်း အဆင့်ဆင့်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ဂရန်မြေများတွင် အခွန်လွတ်မြေငှားဂရန်နှင့် မြေငှားဂရန်စာချုပ် ဟူ၍ နှစ်မျိုးနှစ်စားရှိပါသည်။

စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲပိုင် ခွင့်ရှိသောမြေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ လွှဲပြောင်းရယူထားသောမြေများ၊ ပုဂ္ဂလိကပိုင်မြေများအား မြို့တော်အဂရပ်နှင့်အညီ လူနေထိုင်ရန်အတွက် မြေငှားစာချုပ်၊ မြေငှားလိုင်စင်၊ မြေချပါမစ်များ ချထား သတ်မှတ်ပေးပါသည်။

လူနေထိုင်ရန်အတွက် ဆောက်လုပ်ထားရှိသော အဆောက်အဦးသည် ရေရှည်ခိုင်ခံ့ တည်မြဲပါက နှစ်(၉၀)တိုင်အောင် နှစ်(၃၀)လျှင်တစ်ကြိမ် သက်တမ်းတိုးဆောင်ရွက်ရသော ဂရန်ကို ထုတ်ပေးမည်ဖြစ် ပါသည်။ သာမာန် ဆောက်လုပ်ထားသော အဆောက်အအုံများသာရှိပါက သက်တမ်းတိုးခွင့်မရှိသော (၁၀)နှစ် မြေငှားဂရန်သာ ထုတ်ပေးပါသည်။ မြေငှားဂရန် အမည်ပေါက်သူသည် အဆိုပါမြေအား လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ အမွေဆက်ခံခွင့် အခွင့်အရေးတို့ ရရှိပါသည်။ မြေငှားစာချုပ်ဂရန်များအပြင် ၁၉၇၆ခုနှစ် ၊ မြေနှင့် အခွန်အက်ဥပဒေအရ နေထိုင်ပိုင်ဆိုင်ခွင့်ရှိသော မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေများလဲ ရှိကြပါသည်။

ထို့အပြင် စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုဌာနမှ ထုတ်ပေးသော နေထိုင်ဆောက်လုပ် ခွင့် ပါမစ်မြေ၊ စလစ်မြေ၊ လိုင်စင်မြေများအား မြေအသုံးချမှုပုံစံ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိလျှင် ဂရန်မြေ အဖြစ် ပြောင်းလဲလျှောက်ထားခွင့်ပြုပါသည်။ မြေငှားဂရန် လျှောက်ထားသူသည် အသက်(၁၈)နှစ်ပြည့်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်။ သတ်မှတ်သော မြေငှားခကို ပေးဆောင်နိုင်သူဖြစ်ရန် လိုအပ်ပြီး စိတ် ပေါ့သွပ်သူမဖြစ်ရ။

ဂရန်လျှောက်ထားရာ၌ အောက်ပါစာရွက်စာတမ်းများ ပါရှိရပါမည်။

၁။ မြေပိုင်ဆိုင်မှု အထောက်အထားမူရင်း စာချုပ်စာတမ်းများ (သို့) တရားရုံးအမိန့်

၂။မှတ်ပုံတင်ကတ်ပြား

၃။မြေငှားခကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက် (သို့) မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာ တို့ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၂) - (ဥယျာဉ်ခြံမြေ)မြေပိုင်ဆိုင်သူထံမှရောင်းဝယ်စာချုပ်ဖြင့် ဝယ်ယူထားပြီး မိမိအမည်ဖြင့် စလစ်ထုပ်ယူလိုပါက ဘာတွေလိုအပ်ပါသလဲ။

၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ-၃(က)အရ လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ ဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟု သော်လည်းကောင်း သတ်မှတ်သည့်မြေများကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။

လယ်မြေအမျိုးအစားများထဲတွင် ဥယျာဉ်ခြံမြေလဲ ပါဝင်ပြီး လယ်ယာမြေဥပဒေပုဒ်မ-၃(င) အရ တောင်သူလယ်သမားဆိုသည်မှာလဲ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းပြုသူ ကို ဆိုလိုကြောင်း ဖော်ပြထားသည်။

လယ်ယာမြေ အမျိုးအစားများအား လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း နှင့် ပေးကမ်းခြင်းတို့ ပြုလိုသောအခါ ဦးစီးဌာနမှ သတ်မှတ်ထားသော တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနတွင် မှတ်ပုံတင်ရပါမည်။ ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း သုံးစွဲခွင့်မရှိသော်လည်း တချို့သော ဥယျာဉ်ခြံမြေများသည် ရွာမြေထဲပါဝင်ပြီး နှစ်ပေါင်း(၃၀) ကျော် လူနေရပ်ကွက်အဖြစ် ရောက်ရှိနေပါက ခြံမြေအဖြစ် မြေပြင်အနေအထားတွင် ပြောင်းလဲနေပြီဖြစ်ပါသည်။

ထိုသို့သော် လူနေရပ်ကွက်အတွင်း ခြံမြေကို ဝယ်ယူပါက အရပ်ကတိစာချုပ်ဖြင့် အဆင့်ဆင့်ပြောင်းလဲ ဝယ်ယူနေထိုင်နေသည်ကို တွေ့ရပါသည်။ ဥယျာဉ်ခြံမြေမှာ လူနေရပ်ကွက်ဖြစ်နေပြီး လမ်းအမည်၊ရပ်ကွက် ၊အိမ်နံပါတ် တိတိကျကျ ထွက်ရှိထားရင်တော့ မြေတိုင်းစစ်ဆေး၊ ကွင်းဆင်းပြီး ဂရန်ပေးစီမံချက်ဖြင့် ဂရန် လျှောက်ထားခြင်းကို လက်ခံပေးနိုင်ပါတယ်။

မြေစာရင်းဌာန၏မှတ်တမ်းများတွင် လမ်းအမည်များ မထွက်ရှိသေးသည့်အပြင် မြေအမျိုးအစား မပြောင်းသေးပါကအမည်ပေါက် လျှောက်ထားလိုသူသည် မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ဥယျာဉ်ခြံမြေအဖြစ် ပုံစံ(၇) လုပ်ပိုင်ခွင့်ကိုသာ လွှဲပြောင်းပြီး အမည်ပြောင်း လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

စလစ်မြေဆိုသည်မှာ မြေယာစီမံခန့်ခွဲမှုဌာန၏ စီမံချက်ဖြင့် အစားထိုးနေထိုင်ခွင့်အတွက် ချထားပေး သောမြေများ၊ မြို့မြေတိုးချဲ့ခြင်းများတွင် စလစ်ပြေစာ အမည်ပေါက်ထုတ်ပေးကာ နေထိုင်ခွင့်ပြုခြင်းပင်ဖြစ် ပါသည်။ စလစ်မြေကို မှတ်ပုံတင်စာချုပ်စာတမ်း ချုပ်ဆိုခွင့်မရှိသောကြောင့် လွှဲပြောင်းရောင်းချကာ အမည် ပြောင်းလဲ၍မရပါ။ ပါမစ်မြေ၊ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားမှုပြုပြီးမှ အမည်ပြောင်းလျှောက်ထား ခြင်းများ ပြုနိုင်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - မိမိပိုင်မြေပေါ်တွင် ၂ထပ်တိုက်ဆောက်ချင်၍ ဆောက်လုပ်ခွင့်တင်ရာတွင် ဘေးအိမ်များ၏ သဘောတူ ညီခွင့်မရခဲ့ရင် ဆောက်ခွင့်ရှိ /မရှိ ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဆိုင်ရာနည်းဥပဒေ-၆အရ ကော်မတီ သည် အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားလာပါက မြို့တော်အဂရပ်နှင့် ညီညွတ်လျှင် သုံးထပ် ထက်မပိုသော အဆောက်အအုံများကို ခွင့်ပြုနိုင်ကြောင်း ပြဌာန်းထားပါသည်။

အဆောက်အအုံဆောက်လုပ်ခွင့်တင်ရာတွင် ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် တင်ရှိရ မည်ဖြစ်ကာ လျှောက်ထားသူ၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ မြေပိုင်ဆိုင်မှု မူရင်းအထောက်အထား၊ မှတ်ပုံ တင်စာချုပ်စာတမ်းများ သက်ဆိုင်ရာမြေစာရင်း ဌာနမှ ထုတ်ပေးသော မြေပုံ/မြေရာဇဝင်မူရင်း၊ ဘေးမြေကွက် များ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်နှင့် အုပ်ချုပ်ရေးမှူးထောက်ခံချက်တို့လိုအပ်ပါသည်။ (၄)ထပ်နှင့် အထက် အဆောက်အအုံဖြစ်ပါက မြေခံနိုင်အား စမ်းသပ်မှုပါ လိုအပ်ပါသည်။ ကော်မတီသည် တည်ဆဲအဆောက်အအုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ပါက ကန့်ကွက် ချက်များရှိလဲ အဆောက်အအုံဆိုင်ရာနည်းဥပဒေ-၅အရ အဆောက်အအုံ ဆောက်လုပ်ခြင်းအား ခွင့်ပြုနိုင် ကြောင်း ဖော်ပြထားပါသည်။ လျှောက်ထားသူသည် အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်ရရှိပြီးနေ့မှစ၍ (၁)နှစ်အတွင်း အဆောက်အအုံ စတင်ဆောက်လုပ်ခြင်းမရှိပါက ဆောက်လုပ်ခွင့်ပါမစ်အား ပြန်လည်သိမ်းယူ ခြင်း ခံရနိုင်ပါသည်။ အဆောက်အအုံဆောက်လုပ်ရာတွင် ပတ်ဝန်းကျင်ရှိ အဆောက်အအုံ အစိတ်အပိုင်းတစ်ခုခုအား ထိခိုက် နစ်နာဆုံးရှုံးမှု ပေါ်ပေါက်သည့်အခါ ကန့်ကွက်သူရှိလာပါက ကော်မတီမှ အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး ဖြေရှင်း ဆောင်ရွက်ပေးရပါသည်။ ပြေလည်မှုမရှိပါက အဆောက်အအုံဆောက်လုပ်ခြင်းအား ရပ်ဆိုင်းရန် ညွှန်ကြားကာ သက်ဆိုင်ရာတရားရုံးသို့ ဆက်လက်တိုင်ကြားရန် ခွင့်ပြုပေးနိုင်ပါသည်။

ခွင့်ပြုချက်အတိုင်း ဆောက်လုပ်သည့် အဆောက်အအုံများကို အဆောက်အအုံဆိုင်ရာနည်းဥပဒေ-၂၂ အရ အဆောက်အအုံပြီးစီးကြောင်း လူနေထိုင်ခွင့် (BCC)အား ကော်မတီမှ ထုတ်ပေးကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အျဖစ္မ်ားတဲ့ ျပႆနာ မိမိပိုင္ေျမေပၚတြင္ တိုက္ေဆာက္တဲ့အခါ ....

 

မိမိပိုင္ေျမေပၚတြင္ ၂ထပ္တိုက္ေဆာက္ခ်င္၍ ေဆာက္လုပ္ခြင့္တင္ရာတြင္ ေဘးအိမ္မ်ား၏သေဘာတူညီခြင့္မရခဲ့ရင္ ေဆာက္ခြင့္႐ွိ / မ႐ွိ ေမးခြန္းအျပင္ iMyanmarHouse ပရိတ္သတ္ႀကီးမ်ားေမးျမန္းထားခဲ့ေသာ အိမ္ျခံေျမနဲ႔ပတ္သတ္ၿပီးအေမးအေျဖသုံးခု ကို ဒီကေန႔ညအတြက္ တင္ဆက္ေပးထားပါတယ္။

ေမးခြန္း (၁) - ပိုင္ဆိုင္မႈ စာခ်ဳပ္ဆိုတာ ဘာကိုဆိုလိုပါသလဲ႐ွင္။ဂရန္ေျပာင္းလို႔ရပါသလား။

ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းဆိုသည္မွာ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ား၌ မ႐ွိမျဖစ္လိုအပ္ေသာ ပိုင္ဆိုင္မႈ သက္ေသခံအေထာက္အထားတစ္ခုပင္ ျဖစ္ပါသည္။ သက္ဆိုင္ရာဝန္ႀကီးဌာနမွ အသိအမွတ္ျပဳထုတ္ ေပးေသာ ပိုင္ဆိုင္မႈ အေထာက္အထားမ်ားကိုသာ အမည္ေပါက္လႊဲေျပာင္းျခင္း အဆင့္ဆင့္ေဆာင္႐ြက္ႏိုင္မည္ ျဖစ္ပါသည္။ ဂရန္ေျမမ်ားတြင္ အခြန္လြတ္ေျမငွားဂရန္ႏွင့္ ေျမငွားဂရန္စာခ်ဳပ္ ဟူ၍ ႏွစ္မ်ိဳးႏွစ္စား႐ွိပါသည္။

စည္ပင္သာယာေရးေကာ္မတီ နယ္နိမိတ္အတြင္း႐ွိ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ စီမံခန္႔ခြဲပိုင္ ခြင့္႐ွိေသာေျမမ်ား၊ သက္ဆိုင္ရာဝန္ႀကီးဌာနမွ လႊဲေျပာင္းရယူထားေသာေျမမ်ား၊ ပုဂၢလိကပိုင္ေျမမ်ားအား ၿမိဳ႕ေတာ္အဂရပ္ႏွင့္အညီ လူေနထိုင္ရန္အတြက္ ေျမငွားစာခ်ဳပ္၊ ေျမငွားလိုင္စင္၊ ေျမခ်ပါမစ္မ်ား ခ်ထား သတ္မွတ္ေပးပါသည္။

လူေနထိုင္ရန္အတြက္ ေဆာက္လုပ္ထား႐ွိေသာ အေဆာက္အဦးသည္ ေရ႐ွည္ခိုင္ခံ့ တည္ၿမဲပါက ႏွစ္(၉၀)တိုင္ေအာင္ ႏွစ္(၃၀)လွ်င္တစ္ႀကိမ္ သက္တမ္းတိုးေဆာင္႐ြက္ရေသာ ဂရန္ကို ထုတ္ေပးမည္ျဖစ္ ပါသည္။ သာမာန္ ေဆာက္လုပ္ထားေသာ အေဆာက္အအုံမ်ားသာ႐ွိပါက သက္တမ္းတိုးခြင့္မ႐ွိေသာ (၁၀)ႏွစ္ ေျမငွားဂရန္သာ ထုတ္ေပးပါသည္။ ေျမငွားဂရန္ အမည္ေပါက္သူသည္ အဆိုပါေျမအား လႊဲေျပာင္းျခင္း၊ ေရာင္းခ်ျခင္း၊ အေမြဆက္ခံခြင့္ အခြင့္အေရးတို႔ ရ႐ွိပါသည္။ ေျမငွားစာခ်ဳပ္ဂရန္မ်ားအျပင္ ၁၉၇၆ခုႏွစ္ ၊ ေျမႏွင့္ အခြန္အက္ဥပေဒအရ ေနထိုင္ပိုင္ဆိုင္ခြင့္႐ွိေသာ ေျမပိုင္ေျမ၊ ဘိုးဘြားပိုင္ေျမမ်ားလဲ ႐ွိၾကပါသည္။

ထို႔အျပင္ စည္ပင္သာယာေရးေကာ္မတီ ေျမယာစီမံခန္႔ခြဲမႈဌာနမွ ထုတ္ေပးေသာ ေနထိုင္ေဆာက္လုပ္ ခြင့္ ပါမစ္ေျမ၊ စလစ္ေျမ၊ လိုင္စင္ေျမမ်ားအား ေျမအသုံးခ်မႈပုံစံ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈ႐ွိလွ်င္ ဂရန္ေျမ အျဖစ္ ေျပာင္းလဲေလွ်ာက္ထားခြင့္ျပဳပါသည္။ ေျမငွားဂရန္ ေလွ်ာက္ထားသူသည္ အသက္(၁၈)ႏွစ္ျပည့္ၿပီး ျပည္ေထာင္စု ျမန္မာႏိုင္ငံသားျဖစ္ရမည္။ သတ္မွတ္ေသာ ေျမငွားခကို ေပးေဆာင္ႏိုင္သူျဖစ္ရန္ လိုအပ္ၿပီး စိတ္ ေပါ့သြပ္သူမျဖစ္ရ။

ဂရန္ေလွ်ာက္ထားရာ၌ ေအာက္ပါစာ႐ြက္စာတမ္းမ်ား ပါ႐ွိရပါမည္။

၁။ ေျမပိုင္ဆိုင္မႈ အေထာက္အထားမူရင္း စာခ်ဳပ္စာတမ္းမ်ား (သို႔) တရား႐ုံးအမိန္႔

၂။မွတ္ပုံတင္ကတ္ျပား

၃။ေျမငွားခေႂကြးက်န္ကင္း႐ွင္းေၾကာင္းေထာက္ခံခ်က္ (သို႔) ေျမငွားခေနာက္ဆုံးေပးေဆာင္ၿပီးေၾကာင္း ေျပစာ တို႔ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

 

ေမးခြန္း (၂) - (ဥယ်ာဥ္ျခံေျမ)ေျမပိုင္ဆိုင္သူထံမွေရာင္းဝယ္စာခ်ဳပ္ျဖင့္ ဝယ္ယူထားၿပီး မိမိအမည္ျဖင့္ စလစ္ထုပ္ယူလိုပါက ဘာေတြလိုအပ္ပါသလဲ။

၂၀၁၂ခုႏွစ္၊ လယ္ယာေျမဥပေဒပုဒ္မ-၃(က)အရ လယ္ယာေျမဆိုသည္မွာ လယ္ေျမ၊ယာေျမ၊ ကိုင္းကြၽန္းေျမ၊ ေတာင္ယာေျမ၊ ႏွစ္႐ွည္ပင္ စိုက္ပ်ိဳးေသာေျမ၊ ဓနိေျမ၊ ဥယ်ာဥ္ေျမ ဟုေသာ္လည္းေကာင္း၊ ေျမႏုကြၽန္းေျမဟု ေသာ္လည္းေကာင္း သတ္မွတ္သည့္ေျမမ်ားကို ဆိုလိုေၾကာင္း ေဖာ္ျပထားပါသည္။

လယ္ေျမအမ်ိဳးအစားမ်ားထဲတြင္ ဥယ်ာဥ္ျခံေျမလဲ ပါဝင္ၿပီး လယ္ယာေျမဥပေဒပုဒ္မ-၃(င) အရ ေတာင္သူလယ္သမားဆိုသည္မွာလဲ စိုက္ပ်ိဳးေရးလုပ္ငန္း၊ ေမြးျမဴေရးလုပ္ငန္းကို အသက္ေမြးဝမ္းေက်ာင္းျပဳသူ ကို ဆိုလိုေၾကာင္း ေဖာ္ျပထားသည္။

လယ္ယာေျမ အမ်ိဳးအစားမ်ားအား လုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္း ႏွင့္ ေပးကမ္းျခင္းတို႔ ျပဳလိုေသာအခါ ဦးစီးဌာနမွ သတ္မွတ္ထားေသာ တံဆိပ္ေခါင္းခြန္ႏွင့္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခတို႔ကို ေပးေဆာင္၍ သက္ဆိုင္ရာၿမိဳ႕နယ္ဦးစီးဌာနတြင္ မွတ္ပုံတင္ရပါမည္။ ခြင့္ျပဳမိန္႔မ႐ွိဘဲ အျခားနည္း သုံးစြဲခြင့္မ႐ွိေသာ္လည္း တခ်ိဳ႕ေသာ ဥယ်ာဥ္ျခံေျမမ်ားသည္ ႐ြာေျမထဲပါဝင္ၿပီး ႏွစ္ေပါင္း(၃၀) ေက်ာ္ လူေနရပ္ကြက္အျဖစ္ ေရာက္႐ွိေနပါက ျခံေျမအျဖစ္ ေျမျပင္အေနအထားတြင္ ေျပာင္းလဲေနၿပီျဖစ္ပါသည္။

ထိုသို႔ေသာ္ လူေနရပ္ကြက္အတြင္း ျခံေျမကို ဝယ္ယူပါက အရပ္ကတိစာခ်ဳပ္ျဖင့္ အဆင့္ဆင့္ေျပာင္းလဲ ဝယ္ယူေနထိုင္ေနသည္ကို ေတြ႕ရပါသည္။ ဥယ်ာဥ္ျခံေျမမွာ လူေနရပ္ကြက္ျဖစ္ေနၿပီး လမ္းအမည္၊ရပ္ကြက္ ၊အိမ္နံပါတ္ တိတိက်က် ထြက္႐ွိထားရင္ေတာ့ ေျမတိုင္းစစ္ေဆး၊ ကြင္းဆင္းၿပီး ဂရန္ေပးစီမံခ်က္ျဖင့္ ဂရန္ ေလွ်ာက္ထားျခင္းကို လက္ခံေပးႏိုင္ပါတယ္။

ေျမစာရင္းဌာန၏မွတ္တမ္းမ်ားတြင္ လမ္းအမည္မ်ား မထြက္႐ွိေသးသည့္အျပင္ ေျမအမ်ိဳးအစား မေျပာင္းေသးပါကအမည္ေပါက္ ေလွ်ာက္ထားလိုသူသည္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆို၍ ဥယ်ာဥ္ျခံေျမအျဖစ္ ပုံစံ(၇) လုပ္ပိုင္ခြင့္ကိုသာ လႊဲေျပာင္းၿပီး အမည္ေျပာင္း ေလွ်ာက္ထားႏိုင္မည္ျဖစ္ပါသည္။

စလစ္ေျမဆိုသည္မွာ ေျမယာစီမံခန္႔ခြဲမႈဌာန၏ စီမံခ်က္ျဖင့္ အစားထိုးေနထိုင္ခြင့္အတြက္ ခ်ထားေပး ေသာေျမမ်ား၊ ၿမိဳ႕ေျမတိုးခ်ဲ႕ျခင္းမ်ားတြင္ စလစ္ေျပစာ အမည္ေပါက္ထုတ္ေပးကာ ေနထိုင္ခြင့္ျပဳျခင္းပင္ျဖစ္ ပါသည္။ စလစ္ေျမကို မွတ္ပုံတင္စာခ်ဳပ္စာတမ္း ခ်ဳပ္ဆိုခြင့္မ႐ွိေသာေၾကာင့္ လႊဲေျပာင္းေရာင္းခ်ကာ အမည္ ေျပာင္းလဲ၍မရပါ။ ပါမစ္ေျမ၊ ဂရန္ေျမအျဖစ္ အဆင့္ဆင့္ေလွ်ာက္ထားမႈျပဳၿပီးမွ အမည္ေျပာင္းေလွ်ာက္ထား ျခင္းမ်ား ျပဳႏိုင္မည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - မိမိပိုင္ေျမေပၚတြင္ ၂ထပ္တိုက္ေဆာက္ခ်င္၍ ေဆာက္လုပ္ခြင့္တင္ရာတြင္ ေဘးအိမ္မ်ား၏ သေဘာတူ ညီခြင့္မရခဲ့ရင္ ေဆာက္ခြင့္႐ွိ / မ႐ွိ ။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အေဆာက္အအုံဆိုင္ရာနည္းဥပေဒ-၆အရ ေကာ္မတီ သည္ အေဆာက္အအုံ ေဆာက္လုပ္ခြင့္ ေလွ်ာက္ထားလာပါက ၿမိဳ႕ေတာ္အဂရပ္ႏွင့္ ညီၫြတ္လွ်င္ သုံးထပ္ ထက္မပိုေသာ အေဆာက္အအုံမ်ားကို ခြင့္ျပဳႏိုင္ေၾကာင္း ျပဌာန္းထားပါသည္။ အေဆာက္အအုံေဆာက္လုပ္ခြင့္တင္ရာတြင္ ဌာနမွ သတ္မွတ္ထားေသာ ေလွ်ာက္လႊာပုံစံျဖင့္ တင္႐ွိရ မည္ျဖစ္ကာ ေလွ်ာက္ထားသူ၏ မွတ္ပုံတင္၊ အိမ္ေထာင္စုစာရင္း၊ ေျမပိုင္ဆိုင္မႈ မူရင္းအေထာက္အထား၊ မွတ္ပုံ တင္စာခ်ဳပ္စာတမ္းမ်ား သက္ဆိုင္ရာေျမစာရင္း ဌာနမွ ထုတ္ေပးေသာ ေျမပုံ/ေျမရာဇဝင္မူရင္း၊ ေဘးေျမကြက္ မ်ား၏ ကန္႔ကြက္ရန္မ႐ွိေၾကာင္း ေထာက္ခံခ်က္ႏွင့္ အုပ္ခ်ဳပ္ေရးမႉးေထာက္ခံခ်က္တို႔လိုအပ္ပါသည္။ (၄)ထပ္ႏွင့္ အထက္ အေဆာက္အအုံျဖစ္ပါက ေျမခံႏိုင္အား စမ္းသပ္မႈပါ လိုအပ္ပါသည္။ ေကာ္မတီသည္ တည္ဆဲအေဆာက္အအုံဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ ညီၫြတ္ပါက ကန္႔ကြက္ ခ်က္မ်ား႐ွိလဲ အေဆာက္အအုံဆိုင္ရာနည္းဥပေဒ-၅အရ အေဆာက္အအုံ ေဆာက္လုပ္ျခင္းအား ခြင့္ျပဳႏိုင္ ေၾကာင္း ေဖာ္ျပထားပါသည္။ ေလွ်ာက္ထားသူသည္ အေဆာက္အအုံ ေဆာက္လုပ္ခြင့္ပါမစ္ရ႐ွိၿပီးေန႔မွစ၍ (၁)ႏွစ္အတြင္း အေဆာက္အအုံ စတင္ေဆာက္လုပ္ျခင္းမ႐ွိပါက ေဆာက္လုပ္ခြင့္ပါမစ္အား ျပန္လည္သိမ္းယူ ျခင္း ခံရႏိုင္ပါသည္။ အေဆာက္အအုံေဆာက္လုပ္ရာတြင္ ပတ္ဝန္းက်င္႐ွိ အေဆာက္အအုံ အစိတ္အပိုင္းတစ္ခုခုအား ထိခိုက္ နစ္နာဆုံး႐ႈံးမႈ ေပၚေပါက္သည့္အခါ ကန္႔ကြက္သူ႐ွိလာပါက ေကာ္မတီမွ အျမန္ဆုံးစုံစမ္းစစ္ေဆးၿပီး ေျဖ႐ွင္း ေဆာင္႐ြက္ေပးရပါသည္။ ေျပလည္မႈမ႐ွိပါက အေဆာက္အအုံေဆာက္လုပ္ျခင္းအား ရပ္ဆိုင္းရန္ ၫႊန္ၾကားကာ သက္ဆိုင္ရာတရား႐ုံးသို႔ ဆက္လက္တိုင္ၾကားရန္ ခြင့္ျပဳေပးႏိုင္ပါသည္။

ခြင့္ျပဳခ်က္အတိုင္း ေဆာက္လုပ္သည့္ အေဆာက္အအုံမ်ားကို အေဆာက္အအုံဆိုင္ရာနည္းဥပေဒ-၂၂ အရ အေဆာက္အအုံၿပီးစီးေၾကာင္း လူေနထိုင္ခြင့္ (BCC)အား ေကာ္မတီမွ ထုတ္ေပးေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

 

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလ
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလ
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
magical-world
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service