ပဋိဉာဉ်ဥပဒေနှင့်သက်ဆိုင်သည့်အချက်အလက်များအား ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ပဋိဉာဉ်ဥပဒေနှင့်သက်ဆိုင်သည့်အချက်အလက်များအား ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
23 Sep 2023 12:02 pm တွင် တင်ခဲ့သည်
348 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

ပဋိဉာဉ်ဥပဒေပုဒ်မ -၁၃အရ လူပုဂ္ဂိုလ်နှစ်ဦးဖြစ်စေ၊ နှစ်ဦးထက်ပိုသူများကဖြစ်စေ၊ အကြောင်းချင်းရာတစ်ခု ထဲကို ညီညွှတ်ကြလျှင် သဘောတူကြသည်ဟု ဆိုနိုင်ပါသည်။ အနိုင်အထက်ပြုခြင်း၊ မလျော်ဩဇာသုံးခြင်း၊ လိမ်လည်ခြင်း၊ အလွှဲပြောဆိုခြင်း၊ အလွှဲထင်မှတ်စေခြင်း မရှိလျှင် အလိုအလျှောက်သဘောတူသည်ဟု ဆိုနိုင်သည်။

ထိုသို့ နှစ်ဦးသဘောတူ၍ ညီညွတ်ကြသည်ဆိုသော်လည်း ဥပဒေနှင့် မညီသောအကြောင်းခြင်းရာရှိက ပဋိဉာဉ် ပျက်ပြယ်ပါသည်။ တရားသဖြင့် ကုန်သွယ်ခြင်း လုပ်ငန်းများ မလုပ်ဆောင်နိုင်ရန် ပဋိဉာဉ်တွင် ပိတ်ပင်ထားပါက ထိုသဘောတူညီချက်များသည် ပျက်ပြယ်သော သဘောတူညီချက်ပင်ဖြစ်ပါသည်။

ပဋိဉာဉ်နှင့်အညီ ရထိုက်ပိုင်ခွင့် ရှိသူများမှ ၎င်းတရားစွဲဆိုရန် အခွင့်အရေးအား ပိတ်ပင်ထားခြင်းခံရလျှင်လဲ ၎င်းပဋိဉာဉ်သည် ပျက်ပြယ်ပါသည်။

လောင်းကစားမှုအတွက်ပြုလုပ်သော ပဋိဉာဉ်သည် ပျက်ပြယ်သည့်အပြင် လောင်ကစားပြုရာတွင် အပ်နှံထား သောအရာအတွက် တရားစွဲဆို၍ တောင်းဆိုပိုင်ခွင့်မရှိပါ။ ပဋိဉာဉ်တွင် သီးခြားသဘောတူညီချက်ရှိ၍ သတ်မှတ် အချိန်အတွင်း လုပ်ငန်းမပြီးဆုံးပါက မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုထားပါက ထိုကတိပြု ချက်အား ဆက်လက်အတည်ပြုရပါမည်။

ပဋိဉာဉ်ချုပ်ဆိုသူများသည်အသီးသီးချုပ်ဆိုသော ပဋိဉာဉ်ပါ ကတိအတိုင်း ဆောင်ရွက်ကြရမည်။ ပဋိဉာဉ်ပြုသူ တစ်ဦးသေဆုံးသွားပါက ၎င်း၏ကိုယ်စား အမွေဆက်ခံခွင့်ရှိသူမှ ပဋိဉာဉ်အတိုင်း ဆက်လက်ဆောင်ရွက် ရန် တာဝန်ရှိသည်။

ပဋိဉာဉ်ဥပဒေပုဒ်မ-၃၈(၂)အရ ပဋိဉာဉ်ချုပ်ဆိုထားပြီး တဖက်မှ ကတိအတိုင်းမဆောင်ရွက်လျှင် ၎င်းဆန္ဒအား တဖက်မှ အတိအလင်း သိနိုင်ရန် မေးမြန်းမှုပြုရမည်။ ပဋိဉာဉ်အတိုင်းဆောင်ရွက်ရန် တဖက်မှ ငြင်းဆိုနေလျှင် ကတိပြုသူ အခြားတဖက်မှ ပဋိဉာဉ်အား ပယ်ဖျက်ခွင့်ရှိသည်။

ပဋိဉာဉ်ဥပဒေ-၆၂အရ ပဋိဉာဉ်ပြုသူနှစ်ဦးသည် မူလပဋိဉာဉ်ကို ပြင်ဆင်ရန်၊ နုတ်သိမ်းရန်ဖြစ်စေ သဘောတူ ညီကြလျှင် မူလပဋိဉာဉ်အတိုင်း ဆောင်ရွက်ရန် မလိုအပ်တော့ပေ။

ကတိများကို အပြန်အလှန်တပြိုင်နက်ထဲ ဆောင်ရွက်ရန် ကတိပြုထားလျှင် ထိုခံဝန်ချက်အတိုင်း သတ်မှတ် အပိုင်းအခြားအလိုက် ဆောင်ရွက်ရမည်။ ပဋိဉာဉ်အတိုင်းမဆောင်ရွက်၍ တစ်စုံတစ်ရာဆုံးရှုံးမှု ပေါ်ပေါက်ပါက နစ်နာသူမှ နစ်နာကြေးရထိုက်သည်ဆိုသည့်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

 


 














 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေ
ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေ
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအာ
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအာ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
shwe-wutthmone
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service