ဘဏ္ဍာရေးအကျပ်ဆိုက်နေသော တရုတ်ထိပ်သီး အိမ်ခြံမြေ Developer ကုမ္ပဏီကြီး Country Garden မလေးရှားတွင် အကောင်အထည်ဖော်နေသည့် ဒေါ်လာ ၁၀၀ ဘီလီယံတန်စီမံကိန်းကြီး ဆက်လက်ဆောင်ရွက် နေကြောင်း ထုတ်ဖော်ကြေညာအပြီး ကုမ္ပဏီရှယ်ယာဈေး ပြန်လည်မြင့်တက်လာ

ဘဏ္ဍာရေးအကျပ်ဆိုက်နေသော တရုတ်ထိပ်သီး အိမ်ခြံမြေ Developer ကုမ္ပဏီကြီး Country Garden မလေးရှားတွင် အကောင်အထည်ဖော်နေသည့် ဒေါ်လာ ၁၀၀ ဘီလီယံတန်စီမံကိန်းကြီး ဆက်လက်ဆောင်ရွက် နေကြောင်း ထုတ်ဖော်ကြေညာအပြီး ကုမ္ပဏီရှယ်ယာဈေး ပြန်လည်မြင့်တက်လာ - Property News in Myanmar from iMyanmarHouse.com
5 Sep 2023 10:37 am တွင် တင်ခဲ့သည်
644 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်တွင် ဒေဝါလီခံရန် လျှောက်ထားခဲ့ရသည်အထိ ဘဏ္ဍာရေးအကျပ်ဆိုက်နေသော တရုတ်ထိပ်သီး အိမ်ခြံမြေ Developer ကုမ္ပဏီကြီး Country Garden က မလေးရှားတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားသော ဒေါ်လာ ၁၀၀ ဘီလီယံတန် စီမံကိန်းကြီးမှာ စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက် နေကြောင်း၊ မိမိတို့တွင် လုံလောက်သော asset များရှိကြောင်း ထုတ်ဖော်ကြေညာလိုက်သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

“ကျွန်ုပ်တို့ ကုမ္ပဏီ၏ မလေးရှားမှ စီမံကိန်းများ ပုံမှန်အတိုင်း အကောင်အထည်ဖော်နေပြီး ရောင်းအားမှာလည်း အားကောင်းနေပါသည်”ဟု Country Garden ၏ မလေးရှားနှင့် စင်္ကာပူရုံးတို့က ထုတ်ပြန်ကြေညာသည်။

ယင်းဒေသတွင်းရှိ စီမံကိန်းအားလုံး ဘေးကင်းတည်ငြိမ်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

“ကုမ္ပဏီ၏ ရေရှည်အနာဂတ်ဖွံ့ဖြိုးမှု ခိုင်မာစေရေးအတွက် ပုံမှန်ငွေဖြစ်လွယ်မှုဖိအားကို ဖြေရှင်းရန် ကြွေးမြီ စီမံခန့်ခွဲမှုများ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါသည်”ဟု ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားပြီး အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြခြင်း မရှိချေ။

မလေးရှားမှ ဘဏ်များမှာ Country Garden နှင့် ထိတွေ့မှုနည်းပါးကြောင်း မလေးရှားဗဟိုဘဏ်က ပြောသည်။

“Country Garden နဲ့ အကောင်အထည်ဖော်နေတဲ့ လက်ရှိစီမံကိန်းဟာ မလေးရှားအိမ်ခြံမြေဈေးကွက် တစ်ခုလုံးရဲ့ ဈေးကွက်လည်ပတ်မှုတွေနဲ့ ဈေးနှုန်းတွေအပေါ် ထိခိုက်မှုမရှိနိုင်ပါဘူး။” ဟု မလေးရှားဗဟိုဘဏ် Bank Negara Malaysia က ရိုက်တာသတင်းဌာနသို့ ပေးပို့သော အီးမေးလ်တစ်စောင်တွင် ရေးသားထားသည်။

မလေးရှားတွင် အကောင်အထည်ဖော်နေသော Forest City အမည်ရှိ မြို့သစ်ကြီးမှာ Country Garden အတွက် တရုတ်ပြည်ပြင်ပ အကြီးမားဆုံးစီမံကိန်းကြီးတစ်ခုဖြစ်သည်။

ချမ်းသာကြွယ်ဝသော အိမ်နီးချင်း စင်္ကာပူနှင့် ထိစပ်နေသော မလေးရှားတောင်ပိုင်း Johor ပြည်နယ်ရှိ လူလုပ်ကျွန်း ၄ ခုပေါ်တွင် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် စတင်အကောင်အထည်ဖော်သော ၂၀၁၆ ခုနှစ်ကတည်းက စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကာ ယခုအခါ လူပေါင်း ၉၀၀၀ ခန့် အခြေချ နေထိုင်လျက် ရှိနေပြီ ဖြစ်သည်။

တရုတ်ပြည် ပြင်ပသို့ ငွေကြေးအရင်းအနှီးများ စီးထွက်မှုကို တရုတ်အစိုးရက တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခြင်းနှင့် ကိုဗစ်ကပ်ဘေး ပေါ်ပေါက်လာခြင်းတို့ကြောင့် ဝယ်လိုအား သိသာစွာ ကျဆင်းသွားခဲ့ရသည်။

ထိုစီမံကိန်းကြောင့် အိမ်ခြံမြေ Supply လိုအပ်သည်ထက် ပိုလျှံနေမည့် အရေးနှင့် ကြီးမားသည့် ကျွန်းဆောက်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မည့်အရေးကိုလည်း မလေးရှားက စိုးရိမ်မှု ရှိသည်။

၂၀၃၅ ခုနှစ်တွင် အဆိုပါမြို့သစ်ကြီး ပြီးစီးပါက လူပေါင်း ၇၀၀၀၀၀ ခန့် အခြေချနေထိုင်နိုင်ရန် ရည်မှန်းထားသည်။

ယခုမြို့သစ်ကြီးတွင် လူနေအဆောက်အအုံများအပြင် ရုံးခန်းတာဝါများ ၊ ဈေးဝယ်စင်တာများနှင့် စာသင်ကျောင်းများလည်း ပါဝင်မည် ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် ဤမြို့သစ်တွင် စီးပွားရေးလုပ်ကိုင်ပါက ကုန်ကျစရိတ်များ လျှော့ချနိုင်ရေး ကူညီပေးရန်အတွက် ယခုမြို့သစ်ကို အထူးဘဏ္ဍာရေးဇုန်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်က ပြောကြားသည်။

ထိုသို့ မက်လုံးပေးမည့်အရာများအနက် ကျွမ်းကျင်လုပ်သားများကို အထူးဝင်ငွေခွန်နှုန်းထား ၁၅ ရာခိုင်နှုန်းအပြင် ဗီဇာပုံစံအမျိုးမျိုးလည်း ပါဝင်မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က သောကြာနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ဖော်ပြသည်။

အန်ဝါ အီဗရာဟင် အစိုးရ၏ မက်လုံးပေးမှုများမှာ မိမိတို့၏ စီမံကိန်းအပေါ် ယုံကြည်မှု ပြသနေကြောင်း Country Garden က ထုတ်ပြန်သည်။ ထိုမြို့သစ် စီမံကိန်းမှာ ယခုအခါ ဒုတိယဆင့် ဆောက်လုပ်မှုများ ဆောင်ရွက်နေပြီ ဖြစ်သည်။

တနင်္လာနေ့တွင် Country Garden ၏ ရှယ်ယာဈေးနှုန်းမှာ ၉ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China's Country Garden says $100 billion Malaysia project on track (reuters)

 

 

 

[Zawgyi]

 

ဘ႑ာေရးအက်ပ္ဆိုက္ေနေသာ တရုတ္ထိပ္သီး အိမ္ျခံေျမ Developer ကုမၸဏီၾကီး Country Garden မေလးရွားတြင္ အေကာင္အထည္ေဖာ္ေနသည့္ ေဒၚလာ ၁၀၀ ဘီလီယံတန္စီမံကိန္းၾကီး ဆက္လက္ေဆာင္ရြက္ ေနေၾကာင္း ထုတ္ေဖာ္ေၾကညာအျပီး ကုမၸဏီရွယ္ယာေစ်း ျပန္လည္ျမင့္တက္လာ

 

အေမရိကန္တြင္ ေဒဝါလီခံရန္ ေလွ်ာက္ထားခဲ့ရသည္အထိ ဘ႑ာေရးအက်ပ္ဆိုက္ေနေသာ တရုတ္ထိပ္သီး အိမ္ျခံေျမ Developer ကုမၸဏီၾကီး Country Garden က မေလးရွားတြင္ အေကာင္အထည္ေဖာ္ရန္ စီစဥ္ထားေသာ ေဒၚလာ ၁၀၀ ဘီလီယံတန္ စီမံကိန္းၾကီးမွာ စီစဥ္ထားသည့္အတိုင္း ဆက္လက္ေဆာင္ရြက္ ေနေၾကာင္း၊ မိမိတို႔တြင္ လံုေလာက္ေသာ asset မ်ားရွိေၾကာင္း ထုတ္ေဖာ္ေၾကညာလိုက္သည္ဟု ရိုက္တာသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

“ကၽြႏု္ပ္တို႔ ကုမၸဏီ၏ မေလးရွားမွ စီမံကိန္းမ်ား ပံုမွန္အတိုင္း အေကာင္အထည္ေဖာ္ေနျပီး ေရာင္းအားမွာလည္း အားေကာင္းေနပါသည္”ဟု Country Garden ၏ မေလးရွားႏွင့္ စကၤာပူရံုးတို႔က ထုတ္ျပန္ေၾကညာသည္။

ယင္းေဒသတြင္းရွိ စီမံကိန္းအားလံုး ေဘးကင္းတည္ျငိမ္လ်က္ရွိေၾကာင္းလည္း ေဖာ္ျပထားသည္။

“ကုမၸဏီ၏ ေရရွည္အနာဂတ္ဖြံ႔ျဖိဳးမႈ ခိုင္မာေစေရးအတြက္ ပံုမွန္ေငြျဖစ္လြယ္မႈဖိအားကို ေျဖရွင္းရန္ ေၾကြးျမီ စီမံခန္႔ခြဲမႈမ်ား အင္တိုက္အားတိုက္ ေဆာင္ရြက္လ်က္ရွိပါသည္”ဟု ကုမၸဏီ၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားျပီး အေသးစိတ္အခ်က္အလက္မ်ားကိုမူ ေဖာ္ျပျခင္း မရွိေခ်။

မေလးရွားမွ ဘဏ္မ်ားမွာ Country Garden ႏွင့္ ထိေတြ႔မႈနည္းပါးေၾကာင္း မေလးရွားဗဟိုဘဏ္က ေျပာသည္။

“Country Garden နဲ႔ အေကာင္အထည္ေဖာ္ေနတဲ့ လက္ရွိစီမံကိန္းဟာ မေလးရွားအိမ္ျခံေျမေစ်းကြက္ တစ္ခုလံုးရဲ႕ ေစ်းကြက္လည္ပတ္မႈေတြနဲ႔ ေစ်းႏႈန္းေတြအေပၚ ထိခိုက္မႈမရွိႏိုင္ပါဘူး။” ဟု မေလးရွားဗဟိုဘဏ္ Bank Negara Malaysia က ရိုက္တာသတင္းဌာနသို႔ ေပးပို႔ေသာ အီးေမးလ္တစ္ေစာင္တြင္ ေရးသားထားသည္။

မေလးရွားတြင္ အေကာင္အထည္ေဖာ္ေနေသာ Forest City အမည္ရွိ ျမိဳ႕သစ္ၾကီးမွာ Country Garden အတြက္ တရုတ္ျပည္ျပင္ပ အၾကီးမားဆံုးစီမံကိန္းၾကီးတစ္ခုျဖစ္သည္။

ခ်မ္းသာၾကြယ္ဝေသာ အိမ္နီးခ်င္း စကၤာပူႏွင့္ ထိစပ္ေနေသာ မေလးရွားေတာင္ပိုင္း Johor ျပည္နယ္ရွိ လူလုပ္ကၽြန္း ၄ ခုေပၚတြင္ အေကာင္အထည္ေဖာ္ေနျခင္း ျဖစ္သည္။

အဆိုပါ စီမံကိန္းသည္ စတင္အေကာင္အထည္ေဖာ္ေသာ ၂၀၁၆ ခုႏွစ္ကတည္းက စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရကာ ယခုအခါ လူေပါင္း ၉၀၀၀ ခန္႔ အေျခခ် ေနထိုင္လ်က္ ရွိေနျပီ ျဖစ္သည္။

တရုတ္ျပည္ ျပင္ပသို႔ ေငြေၾကးအရင္းအႏွီးမ်ား စီးထြက္မႈကို တရုတ္အစိုးရက တားျမစ္ကန္႔သတ္မႈမ်ား ျပဳလုပ္ျခင္းႏွင့္ ကိုဗစ္ကပ္ေဘး ေပၚေပါက္လာျခင္းတို႔ေၾကာင့္ ဝယ္လိုအား သိသာစြာ က်ဆင္းသြားခဲ့ရသည္။

ထိုစီမံကိန္းေၾကာင့္ အိမ္ျခံေျမ Supply လိုအပ္သည္ထက္ ပိုလွ်ံေနမည့္ အေရးႏွင့္ ၾကီးမားသည့္ ကၽြန္းေဆာက္လုပ္မႈေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မည့္အေရးကိုလည္း မေလးရွားက စိုးရိမ္မႈ ရွိသည္။

၂၀၃၅ ခုႏွစ္တြင္ အဆုိပါျမိဳ႕သစ္ၾကီး ျပီးစီးပါက လူေပါင္း ၇၀၀၀၀၀ ခန္႔ အေျခခ်ေနထိုင္ႏိုင္ရန္ ရည္မွန္းထားသည္။

ယခုျမိဳ႕သစ္ၾကီးတြင္ လူေနအေဆာက္အအံုမ်ားအျပင္ ရံုးခန္းတာဝါမ်ား ၊ ေစ်းဝယ္စင္တာမ်ားႏွင့္ စာသင္ေက်ာင္းမ်ားလည္း ပါဝင္မည္ ျဖစ္သည္။

ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဆြဲေဆာင္ရန္ႏွင့္ ဤၿမိဳ႕သစ္တြင္ စီးပြားေရးလုပ္ကိုင္ပါက ကုန္က်စရိတ္မ်ား ေလွ်ာ့ခ်ႏိုင္ေရး ကူညီေပးရန္အတြက္ ယခုၿမိဳ႕သစ္ကို အထူးဘ႑ာေရးဇုန္အျဖစ္ သတ္မွတ္မည္ျဖစ္ေၾကာင္း မေလး႐ွားဝန္ႀကီးခ်ဳပ္ အန္ဝါ အီဗရာဟင္က ေျပာၾကားသည္။

ထိုသို႔ မက္လံုးေပးမည့္အရာမ်ားအနက္ ကၽြမ္းက်င္လုပ္သားမ်ားကို အထူးဝင္ေငြခြန္ႏႈန္းထား ၁၅ ရာခိုင္ႏႈန္းအျပင္ ဗီဇာပံုစံအမ်ိဳးမ်ိဳးလည္း ပါဝင္မည္ျဖစ္ေၾကာင္း မေလးရွားဝန္ၾကီးခ်ဳပ္က ေသာၾကာေန႔တြင္ ထုတ္ျပန္ခဲ့ေသာ ေၾကညာခ်က္၌ ေဖာ္ျပသည္။

အန္ဝါ အီဗရာဟင္ အစိုးရ၏ မက္လံုးေပးမႈမ်ားမွာ မိမိတုိ႔၏ စီမံကိန္းအေပၚ ယံုၾကည္မႈ ျပသေနေၾကာင္း Country Garden က ထုတ္ျပန္သည္။ ထိုျမိဳ႕သစ္ စီမံကိန္းမွာ ယခုအခါ ဒုတိယဆင့္ ေဆာက္လုပ္မႈမ်ား ေဆာင္ရြက္ေနျပီ ျဖစ္သည္။

တနလၤာေန႔တြင္ Country Garden ၏ ရွယ္ယာေစ်းႏႈန္းမွာ ၉ ရာခိုင္ႏႈန္းအထိ ျမင့္တက္သြားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China's Country Garden says $100 billion Malaysia project on track (reuters)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service