တူရကီနိုင်ငံတွင် ကြက်လိုက်ဖမ်းသည့် အမျိုးသားတစ်ဦး လူပေါင်း ၂၀၀၀၀ ကျော် နေထိုင်နိုင်သော ရှေးခေတ်မြေအောက်မြို့တော်ကြီး ရှာဖွေတွေ့ရှိခဲ့မှု
တူရကီနိုင်ငံတွင် ကြက်လိုက်ဖမ်းသည့် အမျိုးသားတစ်ဦး လူပေါင်း ၂၀၀၀၀ ကျော် နေထိုင်နိုင်သော ရှေးခေတ်မြေအောက်မြို့တော်ကြီး ရှာဖွေတွေ့ရှိခဲ့မှု - Property News in Myanmar from iMyanmarHouse.com
8 Aug 2023 10:01 am တွင် တင်ခဲ့သည်
966 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မိမိတို့၏ နေအိမ်များကို ပြုပြင်မွမ်းမံချိန်မျိုးတွင် လျှို့ဝှက်မြေအောက်ခန်းများ ရှာဖွေတွေ့ရှိကြသည့် သတင်းမျိုးမှာ ကျွန်ုပ်တို့အတွက် ထူးခြားသော သတင်းမျိုးအဖြစ် မှတ်ယူခဲ့ကြသည်။
ယခုဖြစ်ရပ်တွင်မူ ၁၉၆၃ ခုနှစ်အတွင်း အမျိုးသားတစ်ဦးက သူ၏ နေအိမ်အောက်တွင် မြို့ကြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မှန်ပါသည်။ မြို့ကြီးတစ်ခု ဖြစ်ပါသည်။
History Photographed ဟူသော နာမည်ကျော် အင်စတာဂရမ်အကောင့်မှ ဖော်ပြချက်အရ ၁၉၆၀ ပြည့်လွန်အစောပိုင်းကာလများတွင် တူရကီ အမျိုးသားတစ်ဦးသည် ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသော သူ၏ မြေအောက်ခန်းတွင် ကြက်နောက်မှလိုက်ရင်း အပေါက်တစ်ခုကို တွေ့ရှိခဲ့သည်။
ထိုအပေါက်မှတဆင့် မြေအောက် ပေ ၂၈၀ ကျော်အနက်တွင် မြေအောက်ဥမင်ဝင်္ကပါများနှင့် လှိုဏ်ခေါင်း များစွာ တွေ့ရှိခဲ့သည်။
အဆိုပါ အမျိုးသား ရှာဖွေတွေ့ရှိခဲ့သော ကြီးမားလှသည့် မြေအောက်မြို့တော်ကြီးကို ဆက်လက်တူးဖော်မှုနှင့် လေ့လာခဲ့မှုများအရ Derinkuyu ဟူသော မြေအောက်မြို့တော်ကြီးဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ကြသည်။
လူပေါင်း ၂၀၀၀၀ ကျော် နေထိုင်နိုင်သော မြေအောက်မြို့တော်ကြီး မည်သို့စတင်ပေါ်ပေါက်ခဲ့သည်ဟူသော မေးခွန်းမှာမူ အငြင်းပွားနေကြဆဲ ဖြစ်သည်။
အချို့က ယူဆသည်မှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၀၀ ခန့်က Hittes တို့က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြပြီး အချို့ကမူ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၉၀၀ ခန့်က Phrygians တို့က တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။
သမိုင်းပညာရှင်အများစု သဘောတူထားသည့်အချက်မှာ Derinkuyu မြေအောက်မြို့ကြီးကို ရန်သူများ၏ ဘေးရန်မှ ပုန်းအောင်းရာနေရာအဖြစ် အသုံးပြုခဲ့ကြကြောင်း လက်ခံထားကြသည်။
မည်သည့်ကာလတွင် ဆောက်လုပ်ခဲ့သည်ဖြစ်စေ လက်ဖျားခါလောက်သည့် တည်ဆောက်မှု ဖြစ်သည်။
ဤမြေအောက်မြို့တော်ကြီးတွင် မည်သည့်လှိုဏ်ဂူမှ ပြိုကျခြင်းမရှိချေ။
အများစုက ယူဆသည်မှာ မြေအောက်မြို့တော်ကြီးတွင် အခြေချနေထိုင်ခဲ့သော ခရစ်ယာန်တို့ကမြင်းဇောင်းများ ၊ ဘုရားကျောင်းများ ၊ ဝိုင်နှင့်သံလွင်ဆီ ထုတ်လုပ်သည့် နေရာများ ၊ ဖြည့်စွက်ထည့်သွင်းခဲ့ကြ သည်ဟု ယူဆကြသည်။
Derinkuyu ကို ရှာဖွေတွေ့ရှိခဲ့သည်မှာ ဆယ်စုနှစ် အတန်ကြာခဲ့ပြီဖြစ်ပြီး ယနေ့အခါ အဆိုပါ မြေအောက်မြို့ကြီး ကို အများပြည်သူတို့ ဝင်ရောက်လည်ပတ်ခြင်း ပြုလုပ်လျက်ရှိသည်။
ဤမြို့ကြီးအကြောင်း ယခုမှ သိရှိလာသူများကမူ မြို့ကြီးတွေ့ရှိကြောင်း အာဏာပိုင်တို့ထံ အကြောင်းကြား ခဲ့သည့် အိမ်ပိုင်ရှင်နှင့် ကွဲပြားသည့်အမြင်များ ရှိနေသည်။
လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ အာဏာပိုင်တို့ထံ အကြောင်းမကြားဘဲ လျှို့ဝှက်ထားမည် ဆိုပါက သူ့အတွက် နေထိုင်ရာကမ္ဘာသစ်တစ်ခု ရရှိလာမည်ဖြစ်ကြောင်း ပြောသည်။
အခြားတစ်ဦးက မှတ်ချက်ပြုရာတွင်လည်း မိမိသာဆိုလျှင် မည်သူ့ကိုမှ ပြောမည်မဟုတ်ကြောင်း ၊ ရှေးခေတ်သမိုင်း၏ အစိတ်အပိုင်းတစ်ခုတွင် ငြိမ်းချမ်းဆိတ်ငြိမ်စွာ အချိန်ကုန်လွန်ဖြတ်သန်းမည်ဖြစ်ကြောင်း ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A Man Renovated His Home—and Found an Entire Ancient City Under His Basement (housebeautiful)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service