ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
လီဆာမာရီပရက်စလေ (မွေး-၁၉၆၈-ကွယ်လွန်-၂၀၂၃) သည် အမေရိကန်အဆိုတော် တေးရေးတစ်ဦး ဖြစ်သည်။
သူသည် ကမ္ဘာကျော် ရော့ခ်အင်ရိုး အဆိုတော် ၊ ရုပ်ရှင်မင်းသား အဲလ်ဗစ် ပရက်စလေနှင့် ရုပ်ရှင်မင်းသမီး ပရစ်ဆီလာ ပရက်စလေတို့၏ သမီးလည်း ဖြစ်သည်။
ယခုအခါ လီဆာမာရီပရက်စလေ နေထိုင်သော ဖလော်ရီဒါပြည်နယ်မှ စံအိမ် ဝယ်လက်ပေါ်ပေါက်လာသည်။
ပိုင်ရှင်သစ်တို့အနေဖြင့် အကျော်အမော်တို့၏ သမိုင်းကျောင်းရှိသော ရင်သပ်ရှုမောဖွယ်အိမ်ကို ပိုင်ဆိုင်ခွင့် ရမည်ဖြစ်သည်။
စံအိမ်မှာ ဖလော်ရီဒါပြည်နယ် ၊ Clearwater မြို့တွင် တည်ရှိပြီး အကျယ်အဝန်း ၇၈၁၅ စတုရန်းပေရှိကာ အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၉ ခန်းပါဝင်သည်။
အဆိုပါစံအိမ်ကို ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ကန်ဒေါ်လာ ၆ သန်းအောက်ဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီး လက်ရှိအားဖြင့် အရောင်းဈေးကွက်တွင် Pending (ဆိုင်းငံ့) ဟုဖော်ပြထားသည်။
အထပ် ၂ ထပ်စာမြင့်မားသော အဝင်ခန်းမမှ တဆင့် ခမ်းနားသော လှေကားကြီးတစ်ခုဆီသို့ ဦးတည်ထားသည်။
စံအိမ်၏ နောက်ဘက်တွင် ပြင်သစ်တံခါးများ ရှိပြီး ထိုတံခါးများမှတဆင့် ပင်လယ်ရှုမျှော်ခင်းများကို ၁၈၀ ဒီဂရီ ရှုမျှော်ခံစားနိုင်မည် ဖြစ်သည်။
၃ ထပ်အဆောက်အအုံဖြစ်ပြီး ရှင်းလင်းသပ်ရပ်စွာ ဒီဇိုင်းဆင်ထားကာ သဘာဝအလင်းကောင်းစွာရစေသော ကြီးမားလှသည့် ပြတင်းများ ၊ ခေတ်မီမီးဖိုဆောင် ၊ ကြီးမားသော အပန်းဖြေနေရာတစ်ခုနှင့် အခြားအရာများစွာ ပါဝင်သည်။
ကြီးမားကျယ်ဝန်းလှသော Master Bedroom တွင် ရေစိမ်ကန် ၊ ကြီးမားသောရေပန်းတို့ ပါဝင်သော Master Bathroom ပါဝင်ပြီး အခြားသော ရေချိုးခန်းအားလုံးမှာလည်း ပစ္စည်းစုံလင်စွာ ထည့်သွင်းထားသည်။
ခြံဝန်းအတွင်း ရေတံခွန် ၊ ရေပန်း ၊ ကျောက်တုံးမီးလင်းဖိုတို့ ပါဝင်သော ကွက်လပ်နေရာတစ်ခုရှိပြီး ခြံနောက်ဘက်တွင် ပေ ၆၀ ရှည်လျားသော ဆိပ်ခံတစ်ခုရှိကာ Jet Ski ထားရှိသော နေရာလည်း ပါဝင်သည်။
လီဆာမာရီပရက်စလေသည် ဤစံအိမ်ကို လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုကျော်က Kirstie Alley ထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။
Kirstie Alley သည် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလတွင် ကွယ်လွန်ပြီးနောက်ပိုင်း ဤစံအိမ်မှာ အရောင်းဈေးကွက်ဝင်လာခဲ့သည်။ လီဆာမာရီပရက်စလေမှာ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလတွင် ကွယ်လွန်သွားခဲ့သည်။
ဤစံအိမ်ကို ဈေးကွက်တင်ပေးသည်မှာ Station Square Realty ကုမ္ပဏီမှ ဖြစ်သည်။
ကန်ဒေါ်လာ ၅၉၉၅၀၀၀ ဈေးခေါ်ခဲ့သော်လည်း ၁ စတုရန်းပေလျှင် ၇၆၇ ဒေါ်လာနှင့် လစဉ် ၃၈၅၆၀ ဒေါ်လာ ပေးသွင်းနိုင်ကြောင်း ကြေညာကာ လျှော့ချပေးခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: LISA MARIE PRESLEY’S STUNNING $6 MILLION FLORIDA MANSION FINDS A BUYER — SEE INSIDE! [PICTURES] (tasteofcountry)
[Zawgyi]
အဲလ်ဗစ် ပရက်စလေ၏ သမီး လီဆာမာရီပရက်စလေ၏ ဖလော်ရီဒါပြည်နယ်မှ ဒေါ်လာ ၆ သန်းတန်စံအိမ် ဝယ်လက်ရှာတွေ့