ပထမကမ္ဘာစစ်တွင် စစ်ဆေးရုံ ၊ ဒုတိယကမ္ဘာစစ်တွင် လေတပ်လေ့ကျင့်ရေးစခန်း ၊ နောက်ပိုင်းတွင် ဝက်ဝက်ကွဲအောင်မြင်ခဲ့သော ကမ္ဘာကျော်ရုပ်ရှင်ကားများ ရိုက်ကူးသည့်နေရာအဖြစ် အသုံးပြုခဲ့သော အင်္ဂလန်မှ ၃၃၇ နှစ် သက်တမ်းရှိ စံအိမ်ကြီး ပေါင် ၆ သန်းဖြင့် ရောင်းမည်
ပထမကမ္ဘာစစ်တွင် စစ်ဆေးရုံ ၊ ဒုတိယကမ္ဘာစစ်တွင် လေတပ်လေ့ကျင့်ရေးစခန်း ၊ နောက်ပိုင်းတွင် ဝက်ဝက်ကွဲအောင်မြင်ခဲ့သော ကမ္ဘာကျော်ရုပ်ရှင်ကားများ ရိုက်ကူးသည့်နေရာအဖြစ် အသုံးပြုခဲ့သော အင်္ဂလန်မှ ၃၃၇ နှစ် သက်တမ်းရှိ စံအိမ်ကြီး ပေါင် ၆ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
18 Jul 2023 11:37 am တွင် တင်ခဲ့သည်
872 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဝက်ဝက်ကွဲအောင်မြင်ခဲ့သော ကမ္ဘာကျော်ရုပ်ရှင်ကားများ ရိုက်ကူးသည့်နေရာအဖြစ် အသုံးပြုခဲ့သော အင်္ဂလန်မှ ၃၃၇ နှစ် သက်တမ်းရှိ စံအိမ်ကြီး ပေါင် ၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာသည်။
(အရောင်းဈေးကွက်ဝင်လာသော Bulstrode Park စံအိမ်ကြီး။ ဓာတ်ပုံ- Landwood Group)
(ခမ်းနားကျယ်ဝန်းလှသော ဤစံအိမ်ကြီးတွင် ဝက်ဝက်ကွဲအောင်မြင်ခဲ့သော ရုပ်ရှင်များနှင့် ရုပ်သံအစီအစဉ်များ ရိုက်ကူးခဲ့သည်။ ဓာတ်ပုံ- Landwood Group)
(ဒစ္စနေကုမ္ပဏီမှ ထုတ်လုပ်သော အင်ဂျလီနာဂျိုလီ ပါဝင်သရုပ်ဆောင်သည့် Maleficent ဇာတ်ကားကို ဤစံအိမ်ဝန်းအတွင်း ရိုက်ကူးခဲ့ပုံ။ ဓာတ်ပုံ- Splash News)
(Charlie and the chocolate Factory ဇာတ်ကားကိုလည်း ဤစံအိမ်တွင် ရိုက်ကူးခဲ့သည်။ ဓာတ်ပုံ- Film Company)
အင်္ဂလန်နိုင်ငံ ၊ ဘက်ကင်ဟမ်ရှိုင်းယားခရိုင် ၊ Gerrards Cross မြို့တွင် တည်ရှိသော ဤစံအိမ်တွင် ITV ၏ Midsomer Murders ၊ ဒစ္စနေကုမ္ပဏီ၏ Maleficent နှင့် Charlie and the chocolate Factory ဇာတ်ကားတို့ကို ဤစံအိမ်တွင် ရိုက်ကူးခဲ့သည်။
Bulstrode Park စံအိမ်ကို ၁၆၈၆ ခုနှစ်က နာမည်ဆိုးဖြင့် ကျော်ကြားသော တရားသူကြီးချုပ် Judge Jeffreys နေထိုင်ခဲ့သော စံအိမ်ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်လှသော ထိုတရားသူကြီးသည် ကြိုးမိန့်တရားသူကြီးဟု နာမည်ကြီးပြီး ၁၇ ရာစုအတွင်း ဂျိမ်းစ် ၂ ဘုရင်လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဤသမိုင်းဝင် စံအိမ်ကြီးသည် လန်ဒန်မြို့လယ်မှ မိနစ် ၄၀ ခရီးအကွာတွင် တည်ရှိပြီး ခြံအကျယ် ဧက ၄၀ နီးပါးရှိကာ အဆောက်အအုံပေါင်း ၁၂ လုံးပါဝင်သည်။
ထိုအဆောက်အအုံများတွင် ဘက်ကင်ဟမ်ရှိုင်းယား တောင်ပိုင်းဒေသ၏ ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်မည့် Pigeon Tower အမည်ရှိ မျှော်စင်ကြီးလည်း ပါဝင်သည်။
၁၇၀၉ ခုနှစ်တွင် တရားသူကြီး ကွယ်လွန်သွားပြီးနောက်ပိုင်း ပိုင်ရှင်များစွာ အပြောင်းအလဲဖြစ်ခဲ့ရာ ၁၂ ဆက်မြောက် ဆမ်းမားဆက်မြို့စားကြီး Edward Seymour လည်း ပိုင်ဆိုင်ခဲ့ဖူးသည်။
ဤစံအိမ်ကြီးကို ပထမကမ္ဘာစစ်အတွင်း ကုတင် ၅၅ လုံးဆန့် စစ်ဆေးရုံအဖြစ် အသုံးပြုခဲ့ကာ လူနာပေါင်း ၂၆၀ ကျော်ကို ကုသပေးခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းတွင်မူ ဗြိတိန်တော်ဝင်လေတပ်၏ လေ့ကျင့်ရေးအခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့သည်။
ယင်းနောက်ပိုင်း ဓာတုဗေဒ သုတေသနလုပ်ငန်းများအတွက် အသုံးပြုခဲ့ပြီးနောက် ၁၉၆၆ ခုနှစ်တွင် ခရစ်ယာန် အဖွဲ့အစည်း ၂ ခုက ဝယ်ယူခဲ့သည်။
ထိုစဉ်က ပေါင် ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ ဤစံအိမ်ကြီးကို ဇိမ်ခံဟိုတယ်ကြီးအဖြစ် ပြောင်းလဲဆောက်လုပ်ရန် ခွင့်ပြုချက်လျှောက်ထားခဲ့ရာ ခွင့်ပြုချက် ရရှိခဲ့သည်။
ယခုအခါတွင်မူ ဤစံအိမ်ကို ပေါင် ၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။
(တော်ဝင်လေတပ် လေ့ကျင့်ရေးစခန်းအဖြစ်လည်း အသုံးပြုခဲ့ဖူးသည်။ ဓာတ်ပုံ-Jon Paul Ladd 2015)
(၁၆၈၆ ခုနှစ်တွင် တရားသူကြီး Jeffreys အတွက် ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-Landwood Group)
(ရုပ်ရှင်ဇာတ်ကားများစွာကို ဤစံအိမ်တွင် ရိုက်ကူးခဲ့သည်။ ဓာတ်ပုံ-Landwood Group)
(Pigeon Tower မျှော်စင်ကြီး။ ဓာတ်ပုံ-Landwood Group)
(ဇိမ်ခံဟိုတယ်ကြီးအဖြစ် ပြောင်းလဲရန် ခွင့်ပြုချက်ရထားသည်။ ဓာတ်ပုံ-Landwood Group)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Inside 337-year-old estate made famous in Charlie and the Chocolate Factory and Midsomer Murders as it goes up for sale (thesun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service