အင်္ဂလန်တွင် မြို့ပြလူနေမှုဘဝကို ငြီးငွေ့လာသော အင်ဂျင်နီယာများနှင့် ပညာတတ်များ တောအုပ်ထဲတွင် ရွာငယ်တည်ကာ စုပေါင်းနေထိုင်ကြ၊ တစ်လလျှင် ပေါင် ၁၂၀ သာ ကုန်ကျ

အင်္ဂလန်တွင် မြို့ပြလူနေမှုဘဝကို ငြီးငွေ့လာသော အင်ဂျင်နီယာများနှင့် ပညာတတ်များ တောအုပ်ထဲတွင် ရွာငယ်တည်ကာ စုပေါင်းနေထိုင်ကြ၊ တစ်လလျှင် ပေါင် ၁၂၀ သာ ကုန်ကျ - Property News in Myanmar from iMyanmarHouse.com
29 Jun 2023 12:34 pm တွင် တင်ခဲ့သည်
3048 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်တွင် ပညာတတ်လူတစ်စုသည် မြို့ပြလူနေမှုကို ကျောခိုင်းကာ ကျေးလက်ဒေသတောအုပ်တစ်ခု ထဲတွင် စုပေါင်းနေထိုင်ကြရာ တစ်လလျှင် ပေါင် ၁၂၀ မျှသာ ကုန်ကျကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။

အင်္ဂလန်နိုင်ငံ၊ ဆမ်းမားဆက်ခရိုင်မှ တောအုပ်တစ်ခုအတွင်း ဧက ၄၀ ကျယ်သော မြေနေရာတွင် Tinkers Bubble အမည်ရှိ အသိုက်အဝန်းလေးကို တည်ထောင်ထားခြင်းဖြစ်သည်။

တည်ထောင်သူများမှာ မြို့ပြနေ ဝန်ထမ်းများဖြစ်ပြီး မနက် ၉- ညနေ ၅ အလုပ်များနှင့် စူပါမားကက်များတွင် ဈေးဝယ်ထွက်နေရခြင်းများကို ငြီးငွေ့သူများ ဖြစ်ကြသည်။

(တောအုပ်အတွင်း ကိုယ်တိုင်ဆောက်လုပ်ထားကြသော နေအိမ်များမှတစ်ခု။ ဓာတ်ပုံ-Tinkers Bubble)

(ဆမ်းမားဆက်ခရိုင်မှ တောအုပ်အတွင်း စုပေါင်းကာ အလုပ်လုပ်ကြသည်။ ဓာတ်ပုံ-Tinkers Bubble)

(ထင်းရရန် သစ်ပင်တစ်ပင်ကို ခုတ်လဲနေကြပုံ။ ဓာတ်ပုံ-Tinkers Bubble)

Tinkers Bubble ရွာလေးတွင် နေထိုင်ကြသူများသည် မိမိတို့စားသုံးရန် ကိုယ်တိုင်စိုက်ပျိုးကြပြီး သစ်သီးဖျော်ရည်စက်များ၊ အော်ဂဲနစ်ပန်းသီးအရက်များ ထုတ်လုပ်ခြင်းမှ ဝင်ငွေရကြသည်။

နေရောင်ခြည်စွမ်းအင်သုံး ၁၂ ဗို့ဘက်ထရီဖြင့် လျှပ်စစ်ဓာတ်အား ရယူကြပြီး ချက်ပြုတ်ရန်အတွက် ထင်းကို လောင်စာအဖြစ်သုံးကြကာ ရေချိုးခန်းတစ်ခုလည်း ဆောက်လုပ်ထားရှိကြသည်။

တောအုပ်ထဲမှ ရွာကလေးတွင် နေထိုင်မှုကုန်ကျစရိတ် တစ်လလျှင် ပေါင် ၁၂၀ မျှသာရှိသည်။

မြို့ပြအင်ဂျင်နီယာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူ အဲလက်စ်က PositiveNews ဝက်ဘ်ဆိုက်သို့ ပြောသည်မှာ ကိုယ်တိုင်စိုက်ပျိုးထားသည်များနှင့် အမဲလိုက်ရရှိကြသည်များကိုသာ အများဆုံးစားသောက်ကြကြောင်း ပြောသည်။

“ကျွန်တော်တို့ရဲ့ လောင်စာက ကျွန်တော်တို့ခုတ်ထားတဲ့ ထင်းတွေပါပဲ။ ဒါက ပိုမိုကြံ့ခိုင်စေပြီး ယုံကြည်မှုပိုရှိစေတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့ဟာ ဈေးဆိုင်တွေကို အားမကိုးပါဘူး”ဟု အဲလက်စ်က ပြောသည်။

တောရိုင်းသဘာဝအတွင်း တည်ထောင်ထားသော ထိုအသိုက်အဝန်းလေးသည် ခေတ်သစ်လူ့အသိုက်အဝန်းမှ ကျောခိုင်းလာကြသော ပညာတတ်များအတွက် နိဗ္ဗာန်ဘုံငယ်လေးတစ်ခု ဖြစ်သည်။

“ခေတ်သစ်လူ့အသိုက်အဝန်းကို ကြည့်ရင် ဆင်းရဲဒုက္ခတွေ အနန္တပဲ။ အထီးကျန်မှု၊ စိတ်ကျန်းမာရေး၊ အိမ်ရာပြဿနာ၊ စားရေးသောက်ရေး၊ ရာသီဥတုပြောင်းလဲမှု အစရှိတဲ့ပြဿနာတွေနဲ့ပါ။ ဒီက လူနေမှုဘဝက ဒါတွေအားလုံးရဲ့ အဖြေတစ်ခုကို ပေးစွမ်းပါတယ်” ဟု အဲလက်စ်က ဆိုသည်။

ရွာကလေးတွင် နေထိုင်သူအများစုမှာ အသက် ၃၀ နီးပါးနှင့် ၃၀ ကျော်များဖြစ်ကြောင်း၊ တောထဲတွင် နေထိုင်ရခြင်းဖြစ်သောကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းရန်လိုအပ်ကြောင်း အဲလက်စ်က ဖြည့်စွက်ပြောကြားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: OFF GRID We live in the woods for just £120 a month with no bills – we grow our own food and don’t go to shops…we love it (thesun)

[Zawgyi]

အဂၤလန္တြင္ ျမိဳ႕ျပလူေနမႈဘဝကို ျငီးေငြ႔လာေသာ အင္ဂ်င္နီယာမ်ားႏွင့္ ပညာတတ္မ်ား ေတာအုပ္ထဲတြင္ ရြာငယ္တည္ကာ စုေပါင္းေနထိုင္ၾက၊ တစ္လလွ်င္ ေပါင္ ၁၂၀ သာ ကုန္က်

အဂၤလန္တြင္ ပညာတတ္လူတစ္စုသည္ ျမိဳ႕ျပလူေနမႈကို ေက်ာခိုင္းကာ ေက်းလက္ေဒသေတာအုပ္တစ္ခု ထဲတြင္ စုေပါင္းေနထိုင္ၾကရာ တစ္လလွ်င္ ေပါင္ ၁၂၀ မွ်သာ ကုန္က်ေၾကာင္း The Sun သတင္းဌာနက ေဖာ္ျပသည္။

အဂၤလန္ႏိုင္ငံ၊ ဆမ္းမားဆက္ခရိုင္မွ ေတာအုပ္တစ္ခုအတြင္း ဧက ၄၀ က်ယ္ေသာ ေျမေနရာတြင္ Tinkers Bubble အမည္ရွိ အသိုက္အဝန္းေလးကို တည္ေထာင္ထားျခင္းျဖစ္သည္။

တည္ေထာင္သူမ်ားမွာ ျမိဳ႕ျပေန ဝန္ထမ္းမ်ားျဖစ္ျပီး မနက္ ၉- ညေန ၅ အလုပ္မ်ားႏွင့္ စူပါမားကက္မ်ားတြင္ ေစ်းဝယ္ထြက္ေနရျခင္းမ်ားကို ျငီးေငြ႔သူမ်ား ျဖစ္ၾကသည္။

(ေတာအုပ္အတြင္း ကိုယ္တိုင္ေဆာက္လုပ္ထားၾကေသာ ေနအိမ္မ်ားမွတစ္ခု။ ဓာတ္ပံု-Tinkers Bubble)

(ဆမ္းမားဆက္ခရိုင္မွ ေတာအုပ္အတြင္း စုေပါင္းကာ အလုပ္လုပ္ၾကသည္။ ဓာတ္ပံု-Tinkers Bubble)

(ထင္းရရန္ သစ္ပင္တစ္ပင္ကို ခုတ္လဲေနၾကပံု။ ဓာတ္ပံု-Tinkers Bubble)

Tinkers Bubble ရြာေလးတြင္ ေနထိုင္ၾကသူမ်ားသည္ မိမိတို႔စားသံုးရန္ ကိုယ္တိုင္စိုက္ပ်ဳိးၾကျပီး သစ္သီးေဖ်ာ္ရည္စက္မ်ား၊ ေအာ္ဂဲနစ္ပန္းသီးအရက္မ်ား ထုတ္လုပ္ျခင္းမွ ဝင္ေငြရၾကသည္။

ေနေရာင္ျခည္စြမ္းအင္သံုး ၁၂ ဗို႔ဘက္ထရီျဖင့္ လွ်ပ္စစ္ဓာတ္အား ရယူၾကျပီး ခ်က္ျပဳတ္ရန္အတြက္ ထင္းကို ေလာင္စာအျဖစ္သံုးၾကကာ ေရခ်ဳိးခန္းတစ္ခုလည္း ေဆာက္လုပ္ထားရွိၾကသည္။

ေတာအုပ္ထဲမွ ရြာကေလးတြင္ ေနထိုင္မႈကုန္က်စရိတ္ တစ္လလွ်င္ ေပါင္ ၁၂၀ မွ်သာရွိသည္။

ျမိဳ႕ျပအင္ဂ်င္နီယာတစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့သူ အဲလက္စ္က PositiveNews ဝက္ဘ္ဆိုက္သို႔ ေျပာသည္မွာ ကိုယ္တိုင္စိုက္ပ်ဳိးထားသည္မ်ားႏွင့္ အမဲလိုက္ရရွိၾကသည္မ်ားကိုသာ အမ်ားဆံုးစားေသာက္ၾကေၾကာင္း ေျပာသည္။

“ကၽြန္ေတာ္တို႔ရဲ႕ ေလာင္စာက ကၽြန္ေတာ္တို႔ခုတ္ထားတဲ့ ထင္းေတြပါပဲ။ ဒါက ပိုမိုၾကံ႕ခိုင္ေစျပီး ယံုၾကည္မႈပိုရွိေစတယ္လို႔ ခံစားရပါတယ္။ ကၽြန္ေတာ္တို႔ဟာ ေစ်းဆိုင္ေတြကို အားမကိုးပါဘူး”ဟု အဲလက္စ္က ေျပာသည္။

ေတာရိုင္းသဘာဝအတြင္း တည္ေထာင္ထားေသာ ထိုအသိုက္အဝန္းေလးသည္ ေခတ္သစ္လူ႔အသိုက္အဝန္းမွ ေက်ာခိုင္းလာၾကေသာ ပညာတတ္မ်ားအတြက္ နိဗၺာန္ဘံုငယ္ေလးတစ္ခု ျဖစ္သည္။

“ေခတ္သစ္လူ႔အသိုက္အဝန္းကို ၾကည့္ရင္ ဆင္းရဲဒုကၡေတြ အနႏၱပဲ။ အထီးက်န္မႈ၊ စိတ္က်န္းမာေရး၊ အိမ္ရာျပႆနာ၊ စားေရးေသာက္ေရး၊ ရာသီဥတုေျပာင္းလဲမႈ အစရွိတဲ့ျပႆနာေတြနဲ႔ပါ။ ဒီက လူေနမႈဘဝက ဒါေတြအားလံုးရဲ႕ အေျဖတစ္ခုကို ေပးစြမ္းပါတယ္” ဟု အဲလက္စ္က ဆိုသည္။

ရြာကေလးတြင္ ေနထုိင္သူအမ်ားစုမွာ အသက္ ၃၀ နီးပါးႏွင့္ ၃၀ ေက်ာ္မ်ားျဖစ္ေၾကာင္း၊ ေတာထဲတြင္ ေနထုိင္ရျခင္းျဖစ္ေသာေၾကာင့္ ခႏၶာကိုယ္ ၾကံ႕ခိုင္သန္စြမ္းရန္လိုအပ္ေၾကာင္း အဲလက္စ္က ျဖည့္စြက္ေျပာၾကားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: OFF GRID We live in the woods for just £120 a month with no bills – we grow our own food and don’t go to shops…we love it (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service