အမေရိကန်တွင် ဟားဗတ်တက္ကသိုလ်ဘွဲ့ရ မိန်းကလေးတစ်ဦး မိခင်နှင့်အတူ ရေခဲမုန့်ဆိုင်ဖွင့်ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၃၀၀၀၀ (မြန်မာငွေ သိန်း ၄၈၀၀) ဝင်ငွေရ

အမေရိကန်တွင် ဟားဗတ်တက္ကသိုလ်ဘွဲ့ရ မိန်းကလေးတစ်ဦး မိခင်နှင့်အတူ ရေခဲမုန့်ဆိုင်ဖွင့်ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၃၀၀၀၀ (မြန်မာငွေ သိန်း ၄၈၀၀) ဝင်ငွေရ - Property News in Myanmar from iMyanmarHouse.com
3 Jun 2023 11:11 am တွင် တင်ခဲ့သည်
812 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အန်နီပါ့ခ် (Annie Park) သည် ၂၀၁၉ ခုနှစ်အတွင်းက အရှေ့တောင်အာရှနိုင်ငံများတခွင်တွင် ကျောပိုးအိတ်တစ်လုံးဖြင့် ကမ္ဘာလှည့်နေခဲ့သူ ဖြစ်သည်။

ထိုသို့ လည်ပတ်နေစဉ် မိခင်ကြီးထံမှ ဖုန်းခေါ်ပြောဆိုလာမှုကြောင့် သူ၏ ဘဝလမ်းကြောင်း ပြောင်းလဲသွားခဲ့သည်။

သူ၏ မိခင်ဆာရာသည် ယခင်က အစားအသောက်များရောင်းချသည့် ဆိုင်ပိုင်ရှင်ဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် အလုပ်မရှိဘဲ အနားယူနေရခြင်းကို ပျင်းရိလာပြီး အမေရိကန်ပြည် ၊ မေရီလန်းပြည်နယ် Bethesda မြို့တွင် ရေခဲမုန့်ဆိုင်ဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် ဆိုင်အစပျိုးရန် သမီးဖြစ်သူထံမှ အကူအညီကို လအနည်းငယ်ခန့် လိုအပ်နေသည်။

“အမှန်အတိုင်းပြောရရင်တော့ ပထမတုန်းက ကျွန်မက … ရေခဲမုန့်ဆိုင်ကြီးလား…ပေါ့။ ဒီအလုပ်အပေါ် သိပ်ပြီး ရင်မခုန်ခဲ့ဘူး”ဟု အန်နီပါ့ခ်က ပြောသည်။

အန်နီပါ့ခ်သည် ဟားဗတ်တက္ကသိုလ်မှ ပညာရေးမူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာ မဟာဘွဲ့ကို မကြာသေးမီကမှ ရရှိထားသူဖြစ်သည်။

အန်နီပါ့ခ်က ပြောသည်မှာ မိခင်ကြီးကို ကူညီမည်လား။ မကူညီဘူးလား ဟူသည်မှာ မေးခွန်းထုတ်စရာပင် မလိုကြောင်း ၊ မိမိတို့သည် အမေရိကန်သို့ ရွှေ့ပြောင်းအခြေချ နေထိုင်သူများဖြစ်ပြီး အမေနှင့်သမီး ၂ ဦးတည်းသာရှိကြောင်း ပြောသည်။

 

(အန်နီပါ့ခ်ကို ဝါရှင်တန်ဒီစီတွင် တွေ့ရပုံ။ ဓာတ်ပုံ- CNBC)

အန်နီ၏ မိခင်သည် ဝါသနာအရ မကြာခဏရေခဲမုန့်လုပ်လေ့ရှိပြီး အရသာအမျိုးမျိုးပေါင်းစပ် စမ်းသပ်လေ့ရှိရာ ချယ်ရီသီးများကို နှင်းဆီရေဖြင့် ပေါင်းစပ်ခြင်း ၊ တရုတ်ဇီးသီးကို Pistachios သီးနှင့် ပေါင်းစပ်ခြင်း အစရှိသဖြင့် ဖြစ်သည်။

ဆိုးဆေးများ အရသာမှုန့်များကို အခြေခံပြုလုပ်သော ရောင်းတန်းရေခဲမုန့်မျိုးနှင့် မတူညီဘဲ ဆာရာက သဘာဝပစ္စည်းများကိုသာ အသုံးပြုရာ စတော်ဘယ်ရီအရသာမှုန့်အစား စတော်ဘယ်ရီသီးအစစ်များ သုံးခြင်းမျိုးဖြစ်သည်။

လအတန်ကြာ စီစဉ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၉ မတ်လတွင် ဆာရာ၏ Handmade ရေခဲမုန့်ဆိုင်ဖွင့်လှစ်ခဲ့ရာ ဝက်ဝက်ကွဲအောင်မြင်ခဲ့သည်။

ဆာရာ၏ ဆိုင်မှ ရေခဲမုန့်ဝယ်လိုသူများစွာမှာ လူတန်းရှည်ကြီးများဖြင့် တန်းစီစောင့်ဆိုင်းကြသည်မှာ ဆိုင်ပိတ်ချိန် ည ၉ နာရီအထိ ဖြစ်သည်။

“အဲဒီလောက်အထိ အောင်မြင်လိမ့်မယ်လို့ ကျွန်မတို့ မမျှော်လင့်ခဲ့ဘူး”ဟု အန်နီက ပြောသည်။

အန်နီနှင့် မိခင်ကြီးတို့သည် ဆိုင်မဖွင့်မီ မနက် ၃ နာရီအထိ ရေခဲမုန့်များ လုပ်ကြရသည်။

တစ်နှစ်တာအတွင်း ဆာရာ၏ Handmade ရေခဲမုန့် ဒုတိယဆိုင်ခွဲကို ဝါရှင်တန်ဒီစီတွင် ထပ်မံဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလတွင် မေရီလန်းပြည်နယ် ၊ Potomac မြို့တွင် တတိယဆိုင်ခွဲဖွင့်ရန် စီစဉ်ထားသည်။

မူလက မိခင်ကြီးကို လအနည်းငယ်သာ ကူညီပေးရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ အန်နီသည် မိခင်ကြီး၏ လုပ်ငန်းတွင် အမြဲပါဝင်လုပ်ကိုင်ပေးသူ ဖြစ်လာသည်။

၎င်းတို့၏ ရေခဲမုန့်လုပ်ငန်းမှာ ယခုအခါ ဝန်ထမ်း ၃၅ ဦးရှိပြီး နှစ်စဉ်ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၈၆ သန်းရှိသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း အန်နီသည် လစာအဖြစ် ဒေါ်လာ ၁၁၈၆၂၅ အပြင် မိခင်ကြီးနှင့် စပ်တူဖွင့်လှစ်ခဲ့သော ဒုတိယဆိုင်မှ အမြတ်အစွန်း ဒေါ်လာ ၁၁၁၆၇၇ ရရှိခဲ့ရာ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၂၃၀၀၀၀ ကျော်ရှိခဲ့သည်။

အန်နီသည် တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့တော်တွင် မွေးဖွားပြီး ၉ နှစ်သမီးအရွယ် ၂၀၀၀ ပြည့်နှစ်တွင် မိခင်ကြီးနှင့်အတူ အမေရိကန်သို့ ပြောင်းရွှေ့အခြေချခဲ့သည်။

အမေရိကန်ပြည် ၊ မေရီလန်းသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ဆာရာအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာသည့်အပြင် ကိုရီးယားတွင် အိမ်ထောင်မရှိသော မိခင်တစ်ဦးအပေါ် အထင်မြင်သေးခြင်းမျိုး အမေရိကားတွင် မခံရတော့ကြောင်း အန်နီကပြောသည်။

 

 

(အန်နီကို မိခင်ကြီးနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ- CNBC)

 

 

(အန်နီကို ဟားဗတ်တက္ကသိုလ်တွင် တွေ့ရပုံ။ ဓာတ်ပုံ- Annie Park)

 

 

 

(အန်နီတို့သားအမိကို ၎င်းတို့၏ Sarah’s Handmade Ice Cream ဆိုင်တွင် တွေ့ရပုံ။ ဓာတ်ပုံ- Annie Park)

 

အန်နီသည် ဝါရှင်တန်ဒီစီတွင် အိပ်ခန်း ၂ ခန်းပါ လူနေခန်းတစ်ခုရှိပြီး ချစ်သူကောင်လေးနှင့်အတူ နေထိုင်သည်။

 

 

(အန်နီကို အိမ်တွင်တွေ့ရပုံ။ ဓာတ်ပုံ- CNBC)

 

အန်နီသည် မိခင်ကြီးနှင့်အတူ ရေခဲမုန့်ဆိုင်များ ဆက်လက်ဖွင့်လှစ်သွားကာ တစ်ချိန်ချိန်တွင် အိမ်တစ်လုံးဝယ်ယူပြီး မိသားစုဘဝ ထူထောင်ရန် မျှော်မှန်းထားသည်။

 

 

(အန်နီသည် မေရီလန်းပြည်နယ် North Bethesda မြို့မှ သူ၏ ရေခဲမုန့်ဆိုင်ရှေ့တွင် တွေ့ရပုံ။ ဓာတ်ပုံ-CNBC)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 32-year-old Harvard grad opened an ice cream shop with her mom—now she makes $230,000 a year (cnbc)

 

 

 

 

[Zawgyi]

အေမရိကန္တြင္ ဟားဗတ္တကၠသိုလ္ဘြဲ႔ရ မိန္းကေလးတစ္ဦး မိခင္ႏွင့္အတူ ေရခဲမုန္႔ဆိုင္ဖြင့္ရာ တစ္ႏွစ္လွ်င္ ေဒၚလာ ၂၃၀၀၀၀ (ျမန္မာေငြ သိန္း ၄၈၀၀) ဝင္ေငြရ

 

အန္နီပါ့ခ္ (Annie Park) သည္ ၂၀၁၉ ခုႏွစ္အတြင္းက အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတခြင္တြင္ ေက်ာပိုးအိတ္တစ္လံုးျဖင့္ ကမၻာလွည့္ေနခဲ့သူ ျဖစ္သည္။

ထိုသုိ႔ လည္ပတ္ေနစဥ္ မိခင္ၾကီးထံမွ ဖုန္းေခၚေျပာဆိုလာမႈေၾကာင့္ သူ၏ ဘဝလမ္းေၾကာင္း ေျပာင္းလဲသြားခဲ့သည္။

သူ၏ မိခင္ဆာရာသည္ ယခင္က အစားအေသာက္မ်ားေရာင္းခ်သည့္ ဆိုင္ပိုင္ရွင္ျဖစ္ခဲ့သည္။

ေနာက္ပိုင္းတြင္ အလုပ္မရွိဘဲ အနားယူေနရျခင္းကို ပ်င္းရိလာျပီး အေမရိကန္ျပည္ ၊ ေမရီလန္းျပည္နယ္ Bethesda ျမိဳ႕တြင္ ေရခဲမုန္႔ဆုိင္ဖြင့္ရန္ ဆံုးျဖတ္ခဲ့သည္။

သို႔ေသာ္ ဆိုင္အစပ်ဳိးရန္ သမီးျဖစ္သူထံမွ အကူအညီကို လအနည္းငယ္ခန္႔ လိုအပ္ေနသည္။

“အမွန္အတုိင္းေျပာရရင္ေတာ့ ပထမတုန္းက ကၽြန္မက … ေရခဲမုန္႔ဆိုင္ၾကီးလား…ေပါ့။ ဒီအလုပ္အေပၚ သိပ္ျပီး ရင္မခုန္ခဲ့ဘူး”ဟု အန္နီပါ့ခ္က ေျပာသည္။

အန္နီပါ့ခ္သည္ ဟားဗတ္တကၠသိုလ္မွ ပညာေရးမူဝါဒႏွင့္ စီမံခန္႔ခြဲေရးဆိုင္ရာ မဟာဘြဲ႔ကို မၾကာေသးမီကမွ ရရွိထားသူျဖစ္သည္။

အန္နီပါ့ခ္က ေျပာသည္မွာ မိခင္ၾကီးကို ကူညီမည္လား။ မကူညီဘူးလား ဟူသည္မွာ ေမးခြန္းထုတ္စရာပင္ မလုိေၾကာင္း ၊ မိမိတုိ႔သည္ အေမရိကန္သို႔ ေရႊ႕ေျပာင္းအေျခခ် ေနထိုင္သူမ်ားျဖစ္ျပီး အေမႏွင့္သမီး ၂ ဦးတည္းသာရွိေၾကာင္း ေျပာသည္။

(အန္နီပါ့ခ္ကို ဝါရွင္တန္ဒီစီတြင္ ေတြ႔ရပံု။ ဓာတ္ပံု- CNBC)

အန္နီ၏ မိခင္သည္ ဝါသနာအရ မၾကာခဏေရခဲမုန္႔လုပ္ေလ့ရွိျပီး အရသာအမ်ဳိးမ်ဳိးေပါင္းစပ္ စမ္းသပ္ေလ့ရွိရာ ခ်ယ္ရီသီးမ်ားကို ႏွင္းဆီေရျဖင့္ ေပါင္းစပ္ျခင္း ၊ တရုတ္ဇီးသီးကို Pistachios သီးႏွင့္ ေပါင္းစပ္ျခင္း အစရွိသျဖင့္ ျဖစ္သည္။

ဆိုးေဆးမ်ား အရသာမႈန္႔မ်ားကို အေျခခံျပဳလုပ္ေသာ ေရာင္းတန္းေရခဲမုန္႔မ်ဳိးႏွင့္ မတူညီဘဲ ဆာရာက သဘာဝပစၥည္းမ်ားကိုသာ အသံုးျပဳရာ စေတာ္ဘယ္ရီအရသာမႈန္႔အစား စေတာ္ဘယ္ရီသီးအစစ္မ်ား သံုးျခင္းမ်ဳိးျဖစ္သည္။

လအတန္ၾကာ စီစဥ္မႈမ်ား ျပဳလုပ္ခဲ့ျပီးေနာက္ ၂၀၁၉ မတ္လတြင္ ဆာရာ၏ Handmade ေရခဲမုန္႔ဆိုင္ဖြင့္လွစ္ခဲ့ရာ ဝက္ဝက္ကြဲေအာင္ျမင္ခဲ့သည္။

ဆာရာ၏ ဆိုင္မွ ေရခဲမုန္႔ဝယ္လိုသူမ်ားစြာမွာ လူတန္းရွည္ၾကီးမ်ားျဖင့္ တန္းစီေစာင့္ဆိုင္းၾကသည္မွာ ဆိုင္ပိတ္ခ်ိန္ ည ၉ နာရီအထိ ျဖစ္သည္။

“အဲဒီေလာက္အထိ ေအာင္ျမင္လိမ့္မယ္လို႔ ကၽြန္မတို႔ မေမွ်ာ္လင့္ခဲ့ဘူး”ဟု အန္နီက ေျပာသည္။

အန္နီႏွင့္ မိခင္ၾကီးတို႔သည္ ဆိုင္မဖြင့္မီ မနက္ ၃ နာရီအထိ ေရခဲမုန္႔မ်ား လုပ္ၾကရသည္။

တစ္ႏွစ္တာအတြင္း ဆာရာ၏ Handmade ေရခဲမုန္႔ ဒုတိယဆိုင္ခြဲကို ဝါရွင္တန္ဒီစီတြင္ ထပ္မံဖြင့္လွစ္ခဲ့ျပီး ၂၀၂၃ ခုႏွစ္ ၊ ဒီဇင္ဘာလတြင္ ေမရီလန္းျပည္နယ္ ၊ Potomac ျမိဳ႕တြင္ တတိယဆိုင္ခြဲဖြင့္ရန္ စီစဥ္ထားသည္။

မူလက မိခင္ၾကီးကို လအနည္းငယ္သာ ကူညီေပးရန္ ရည္ရြယ္ခဲ့ေသာ္လည္း ယခုအခါ အန္နီသည္ မိခင္ၾကီး၏ လုပ္ငန္းတြင္ အျမဲပါဝင္လုပ္ကိုင္ေပးသူ ျဖစ္လာသည္။

၎တို႔၏ ေရခဲမုန္႔လုပ္ငန္းမွာ ယခုအခါ ဝန္ထမ္း ၃၅ ဦးရွိျပီး ႏွစ္စဥ္ဝင္ေငြ ကန္ေဒၚလာ ၁ ဒသမ ၈၆ သန္းရွိသည္။

ျပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္အတြင္း အန္နီသည္ လစာအျဖစ္ ေဒၚလာ ၁၁၈၆၂၅ အျပင္ မိခင္ၾကီးႏွင့္ စပ္တူဖြင့္လွစ္ခဲ့ေသာ ဒုတိယဆိုင္မွ အျမတ္အစြန္း ေဒၚလာ ၁၁၁၆၇၇ ရရွိခဲ့ရာ စုစုေပါင္းဝင္ေငြ ေဒၚလာ ၂၃၀၀၀၀ ေက်ာ္ရွိခဲ့သည္။

အန္နီသည္ ေတာင္ကိုရီးယားႏိုင္ငံ ၊ ဆိုးလ္ျမိဳ႕ေတာ္တြင္ ေမြးဖြားျပီး ၉ ႏွစ္သမီးအရြယ္ ၂၀၀၀ ျပည့္ႏွစ္တြင္ မိခင္ၾကီးႏွင့္အတူ အေမရိကန္သုိ႔ ေျပာင္းေရႊ႕အေျခခ်ခဲ့သည္။

အေမရိကန္ျပည္ ၊ ေမရီလန္းသို႔ ေျပာင္းေရႊ႕ခဲ့ျခင္းမွာ ဆာရာအတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ပိုမိုေကာင္းမြန္လာသည့္အျပင္ ကိုရီးယားတြင္ အိမ္ေထာင္မရွိေသာ မိခင္တစ္ဦးအေပၚ အထင္ျမင္ေသးျခင္းမ်ဳိး အေမရိကားတြင္ မခံရေတာ့ေၾကာင္း အန္နီကေျပာသည္။

(အန္နီကို မိခင္ၾကီးႏွင့္အတူ ေတြ႔ရပံု။ ဓာတ္ပံု- CNBC) (အန္နီကို ဟားဗတ္တကၠသိုလ္တြင္ ေတြ႔ရပံု။ ဓာတ္ပံု- Annie Park)

(အန္နီတို႔သားအမိကုိ ၎တို႔၏ Sarah’s Handmade Ice Cream ဆိုင္တြင္ ေတြ႔ရပံု။ ဓာတ္ပံု- Annie Park)

အန္နီသည္ ဝါရွင္တန္ဒီစီတြင္ အိပ္ခန္း ၂ ခန္းပါ လူေနခန္းတစ္ခုရွိျပီး ခ်စ္သူေကာင္ေလးႏွင့္အတူ ေနထိုင္သည္။

(အန္နီကို အိမ္တြင္ေတြ႔ရပံု။ ဓာတ္ပံု- CNBC)

အန္နီသည္ မိခင္ၾကီးႏွင့္အတူ ေရခဲမုန္႔ဆိုင္မ်ား ဆက္လက္ဖြင့္လွစ္သြားကာ တစ္ခ်ိန္ခ်ိန္တြင္ အိမ္တစ္လံုးဝယ္ယူျပီး မိသားစုဘဝ ထူေထာင္ရန္ ေမွ်ာ္မွန္းထားသည္။

(အန္နီသည္ ေမရီလန္းျပည္နယ္ North Bethesda ျမိဳ႕မွ သူ၏ ေရခဲမုန္႔ဆိုင္ေရွ႕တြင္ ေတြ႔ရပံု။ ဓာတ္ပံု-CNBC)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 32-year-old Harvard grad opened an ice cream shop with her mom—now she makes $230,000 a year (cnbc)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service