ပိုက်ဆံဟာ အချစ်

ပိုက်ဆံဟာ အချစ် - Property Knowledge in Myanmar from iMyanmarHouse.com
30 May 2023 2:18 pm တွင် တင်ခဲ့သည်
734 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ပိုက်ဆံဆိုတာ လူတိုင်းရဲ့ သည်းခြေကြိုက်ပဲရှင့်။မလိုချင်တဲ့သူ ဘယ်သူရှိလို့လဲ။ရှိချင်လို့တောင်မှ ဖြဲရဲပြီးရှာနေရတာ။ကိုယ့်ဘဝ တင့်တင့်တယ်တယ် နေရဖို့ ပိုက်ဆံရှာတာဟာ အပြစ်လား။ပိုက်ဆံကိုချစ်တာဟာ အပြစ်လား။ရှာဖွေကြတဲ့ပုံစံ ကွဲပြားတာပဲရှိမှာပေါ့နော်။

ပိုက်ဆံရှာတဲ့နေရာမှာ တချို့က ရိုးရိုးသားသားရှာကြတယ်။တချို့က ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပိုက်ဆံရမယ်ဆိုရင် တစ်အူထုံ့ဆင်း ဆွေမျိုးချင်းတောင် စည်းမထားကြဘူး။သူစိမ်းဆို ဝေးရော့ပေါ့။အဲလိုရှာကြသူတွေလည်းရှိတယ်။ အဲဒီထဲကမှ ကျွန်မ ပိုက်ဆံရှာတာကို အပြစ်လို့ပြောချင်လည်း ပြောကြပေတော့ပေါ့။

ယောက်ျားလေးတစ်ယောက် ပိုက်ဆံရှိဖို့ ရှာရဖွေရတာ သိပ်ကိုပင်ပန်းလှပါတယ်နော်။အချိန်တွေကို တရိပ်ရိပ်မြှုပ်နှံ ဖြတ်ကျော်ရင်း အရွယ်လွန်မှ အနေတင့်တဲ့ဘဝရောက်ကြရတယ်။ကိုယ်ရှာထားတဲ့ပိုက်ဆံကို ပြန်သုံးဖို့ အချိန်သိပ်မရှိတော့လောက်အောင် နှောင်းသွားတတ်တဲ့ အခါမျိုးတွေရှိတတ်ပါတယ်။ တစ်ချို့ကတော့ ဘဝနေဝင်ကာနီးအချိန်လေးမှာ ရအောင်သုံးသွားတတ်ကြတယ်။ငွေပုံအောပြီး အချစ်ကို ရအောင်သိမ်းပိုက်သွားကြတာ တွေ့နေရလို့ပါ..ဟင့်..ဟင့်။

တချို့တော့လည်း ဘယ်လိုစီးပွားရေးတွေနဲ့ အခွင့်အရေးတွေမိသွားလဲ မသိပါဘူး။အရွယ်ကောင်းလေးနဲ့ ကျိကျိတက် ချမ်းသာနေကြတယ်။ငယ်တုန်း နုပျိုတုန်း ချမ်းသာတာကောင်းတာပေါ့ရှင်။ သူ့အတွက် သူရှာထားတာလေးတွေနဲ့ ဘဝကို အကောင်းဆုံးဖြတ်သန်းဖို့ အခွင့်အရေးတွေအများကြီးရှိနေတာပေါ့။ အစစ အရာရာ အချိန်ပေးပြီး ရွေးချယ်စရာတွေကို ကောင်းကောင်းရွေးချယ်မှုတွေ လုပ်နိုင်တာပေါ့။

တချို့များ ဝီရိယတွေထားလို့ ရှာဖွေနေကြပေမယ့် ကံနည်းတော့ ရှာဖွေရင်းနဲ့ မွဲနေတဲ့သူတွေလည်း တွေ့ရတယ်ရှင့်။ တည်ဆောက်လိုက် ပြိုပျက်လိုက်နဲ့ ဝဋ်ကြွေးကံတွေ အားကြီးလို့လားလို့လည်း အတွေးတွေဖြစ်မိပါရဲ့ရှင်။

ပိုက်ဆံရှာတဲ့နေရာ ယောက်ျားလေးနဲ့ မိန်းကလေးယှဉ်လိုက်ရင် မိန်းကလေးတွေက ယောက်ျားလေးတွေထက် ပိုပြီးလွယ်ကူနေသလိုပါပဲ။ အခုလို အိုင်တီခေတ်မှာ ဆက်သွယ်ရေးမီဒီယာတွေရဲ့ အကျိုးကျေးဇူးကြောင့်လည်း ပိုတောင်ရှာရ လွယ်ကူတယ်လို့ထင်ပါတယ်။ခန္ဓာကိုယ်ကို အရင်းပြုပြီး ရှာလည်း ရှာနေကြတာပဲမို့လား။

ဒါပေမဲ့ ‘ဣတ္ထိရူပံဓနံ’ လို့ နီတိမှာရှိရဲ့မို့လား။မိန်းတို့ရဲ့ ဥစ္စာဟာရုပ်အဆင်းပေါ့။ရုပ်အဆင်းဆိုတာ မျက်နှာလေးတင် ချောမောတာ မဟုတ်ပါဘူး ခန္ဓာကိုယ်ကလည်းပြေပြစ်တင့်တယ်တာလည်း ပါတာပေါ့။

လှရုံတင်မဟုတ်ပါဘူး အရွယ်၏ကောင်းခြင်း ဆိုတာလည်းရှိတယ်မို့လား။ဘယ်လောက်ပဲလှလှ အရွယ်လွန်နေရင်လည်း ပွင့်ဖက်ကြွေတော့မယ့်ပန်းလို တန်ဖိုးတွေလျော့နည်းကုန်တတ်တာပေါ့နော်။

မိန်းမသားတွေရဲ့ ဘဝမှာကန့်သတ်ချက်တစ်ခုက အမြဲရှိနေတယ်။ဒါက အချိန်နှောင်းခြင်းဆိုတာပါပဲ။ အချိန်နှောင်းရင် တန်ဖိုးထားမှုတွေလျော့ကုန်တယ်လို့ထင်ပါတယ်။

ဒီတော့အချိန်ရှိတုန်း အဆင်းအလှနဲ့အညီ တန်ဖိုးထားသူကိုရှာရမှာပဲလို့ ကျွန်မကတော့ ခံယူမိတယ်။ တန်ဖိုးထားတယ်ဆိုတဲ့စကားကလည်း ပြောရတာသာလွယ်တာ အတွင်းသဘောတွေကို တွက်စစ်ရတာက ခက်တယ်မို့လား။တန်ဖိုးတော့ထားပါရဲ့ အခွံပဲပါလာတဲ့သူနဲ့ ရေရှည်မှာ ဘဝဟာ ပျော်စရာကောင်းလိမ့်မယ်လို့ မထင်ပါဘူး။တန်ဖိုးလည်းထားတယ် ‘အာရကေ’လည်း ပြည့်စုံတယ်ဆိုရင်မကောင်းပေဘူးလား။

ဒီတော့ ငွေကြေးပြည့်စုံတဲ့သူအပေါ် ကျွန်မရဲ့ နုပျိုတင့်တယ်ခြင်းတွေကို ပုံအောရတာက တန်တာပေါ့။ အသက်အပိုင်းအခြားတွေလား။ကိစ္စမရှိဘူးလေ။ငယ်တဲ့သူ ယူတော့လည်း ငယ်ပြန်ပြီလို့ ပြောကြဦးမှာပဲ။ ကြီးတဲ့သူ ယူပြန်တော့လည်း ကြီးပြန်ပြီ ဖြစ်ကြဦးမှာပါပဲ။

‘ငွေမက်မ’ ‘ပိုင်းလုံးမ’လို့ပြောချင်လည်း ပြောချင်ပြောနေဦးမှာပါပဲ။ အပြောကလွတ်ဖို့ဆိုတာ ဘယ်သူများ လွတ်ဖူးလို့လဲ။ရွယ်တူချင်းမို့လို့လည်း ပြောချင်ကြဦးမှာပါပဲ။ အားလုံးဟာ ကိုယ့်ဘဝနဲ့ကိုယ်ပဲလေ။ ဘယ်နှစ်ရက်၊ဘယ်နှစ်လ ပြောနိုင်မှာလည်း။ အချိန်တန်ရင်တိတ်သွားလိမ့်မယ်လို့ သဘောထား လိုက်တာပါပဲ။

ကျွန်မအလှကို ဝယ်တယ်ပဲပြောပြော၊ ကျွန်မအလှကို ကျွန်မက ရောင်းတယ်ပဲပြောပြော ပိုက်ဆံဟာအချစ်မို့၊ ပိုက်ဆံဟာ လူတိုင်းရဲ့သည်းခြေကြိုက်မို့ ကျွန်မဒီလိုနည်းနဲ့ငွေရှာတာဟာ…..။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ပိုက္ဆံဟာ အခ်စ္

 

ပိုက္ဆံဆိုတာ လူတိုင္းရဲ႕ သည္းေျခႀကိဳက္ပဲ႐ွင့္။မလိုခ်င္တဲ့သူ ဘယ္သူ႐ွိလို႔လဲ။႐ွိခ်င္လို႔ေတာင္မွ ၿဖဲရဲၿပီး႐ွာေနရတာ။ကိုယ့္ဘဝ တင့္တင့္တယ္တယ္ ေနရဖို႔ ပိုက္ဆံ႐ွာတာဟာ အျပစ္လား။ပိုက္ဆံကိုခ်စ္တာဟာ အျပစ္လား။႐ွာေဖြၾကတဲ့ပုံစံ ကြဲျပားတာပဲ႐ွိမွာေပါ့ေနာ္။

ပိုက္ဆံ႐ွာတဲ့ေနရာမွာ တခ်ိဳ႕က ႐ိုး႐ိုးသားသား႐ွာၾကတယ္။တခ်ိဳ႕က ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ ပိုက္ဆံရမယ္ဆိုရင္ တစ္အူထံု႕ဆင္း ေဆြမ်ိဳးခ်င္းေတာင္ စည္းမထားၾကဘူး။သူစိမ္းဆို ေဝးေရာ့ေပါ့။အဲလို႐ွာၾကသူေတြလည္း႐ွိတယ္။ အဲဒီထဲကမွ ကြၽန္မ ပိုက္ဆံ႐ွာတာကို အျပစ္လို႔ေျပာခ်င္လည္း ေျပာၾကေပေတာ့ေပါ့။

ေယာက်္ားေလးတစ္ေယာက္ ပိုက္ဆံ႐ွိဖို႔ ႐ွာရေဖြရတာ သိပ္ကိုပင္ပန္းလွပါတယ္ေနာ္။အခ်ိန္ေတြကို တရိပ္ရိပ္ျမႇဳပ္ႏွံ ျဖတ္ေက်ာ္ရင္း အ႐ြယ္လြန္မွ အေနတင့္တဲ့ဘဝေရာက္ၾကရတယ္။ကိုယ္႐ွာထားတဲ့ပိုက္ဆံကို ျပန္သုံးဖို႔ အခ်ိန္သိပ္မ႐ွိေတာ့ေလာက္ေအာင္ ေႏွာင္းသြားတတ္တဲ့ အခါမ်ိဳးေတြ႐ွိတတ္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ဘဝေနဝင္ကာနီးအခ်ိန္ေလးမွာ ရေအာင္သုံးသြားတတ္ၾကတယ္။ေငြပုံေအာၿပီး အခ်စ္ကို ရေအာင္သိမ္းပိုက္သြားၾကတာ ေတြ႕ေနရလို႔ပါ..ဟင့္..ဟင့္။

တခ်ိဳ႕ေတာ့လည္း ဘယ္လိုစီးပြားေရးေတြနဲ႔ အခြင့္အေရးေတြမိသြားလဲ မသိပါဘူး။အ႐ြယ္ေကာင္းေလးနဲ႔ က်ိက်ိတက္ ခ်မ္းသာေနၾကတယ္။ငယ္တုန္း ႏုပ်ိဳတုန္း ခ်မ္းသာတာေကာင္းတာေပါ့႐ွင္။ သူ႕အတြက္ သူ႐ွာထားတာေလးေတြနဲ႔ ဘဝကို အေကာင္းဆုံးျဖတ္သန္းဖို႔ အခြင့္အေရးေတြအမ်ားႀကီး႐ွိေနတာေပါ့။ အစစ အရာရာ အခ်ိန္ေပးၿပီး ေ႐ြးခ်ယ္စရာေတြကို ေကာင္းေကာင္းေ႐ြးခ်ယ္မႈေတြ လုပ္ႏိုင္တာေပါ့။

တခ်ိဳ႕မ်ား ဝီရိယေတြထားလို႔ ႐ွာေဖြေနၾကေပမယ့္ ကံနည္းေတာ့ ႐ွာေဖြရင္းနဲ႔ မြဲေနတဲ့သူေတြလည္း ေတြ႕ရတယ္႐ွင့္။ တည္ေဆာက္လိုက္ ၿပိဳပ်က္လိုက္နဲ႔ ဝဋ္ေႂကြးကံေတြ အားႀကီးလို႔လားလို႔လည္း အေတြးေတြျဖစ္မိပါရဲ႕႐ွင္။

ပိုက္ဆံ႐ွာတဲ့ေနရာ ေယာက်္ားေလးနဲ႔ မိန္းကေလးယွဥ္လိုက္ရင္ မိန္းကေလးေတြက ေယာက်္ားေလးေတြထက္ ပိုၿပီးလြယ္ကူေနသလိုပါပဲ။ အခုလို အိုင္တီေခတ္မွာ ဆက္သြယ္ေရးမီဒီယာေတြရဲ႕ အက်ိဳးေက်းဇူးေၾကာင့္လည္း ပိုေတာင္႐ွာရ လြယ္ကူတယ္လို႔ထင္ပါတယ္။ခႏၶာကိုယ္ကို အရင္းျပဳၿပီး ႐ွာလည္း ႐ွာေနၾကတာပဲမို႔လား။

ဒါေပမဲ့ ‘ဣတၳိ႐ူပံဓနံ’ လို႔ နီတိမွာ႐ွိရဲ႕မို႔လား။မိန္းတို႔ရဲ႕ ဥစၥာဟာ႐ုပ္အဆင္းေပါ့။႐ုပ္အဆင္းဆိုတာ မ်က္ႏွာေလးတင္ ေခ်ာေမာတာ မဟုတ္ပါဘူး ခႏၶာကိုယ္ကလည္းေျပျပစ္တင့္တယ္တာလည္း ပါတာေပါ့။

လွ႐ုံတင္မဟုတ္ပါဘူး အ႐ြယ္၏ေကာင္းျခင္း ဆိုတာလည္း႐ွိတယ္မို႔လား။ဘယ္ေလာက္ပဲလွလွ အ႐ြယ္လြန္ေနရင္လည္း ပြင့္ဖက္ေႂကြေတာ့မယ့္ပန္းလို တန္ဖိုးေတြေလ်ာ့နည္းကုန္တတ္တာေပါ့ေနာ္။

မိန္းမသားေတြရဲ႕ ဘဝမွာကန္႔သတ္ခ်က္တစ္ခုက အၿမဲ႐ွိေနတယ္။ဒါက အခ်ိန္ေႏွာင္းျခင္းဆိုတာပါပဲ။ အခ်ိန္ေႏွာင္းရင္ တန္ဖိုးထားမႈေတြေလ်ာ့ကုန္တယ္လို႔ထင္ပါတယ္။

ဒီေတာ့အခ်ိန္႐ွိတုန္း အဆင္းအလွနဲ႔အညီ တန္ဖိုးထားသူကို႐ွာရမွာပဲလို႔ ကြၽန္မကေတာ့ ခံယူမိတယ္။ တန္ဖိုးထားတယ္ဆိုတဲ့စကားကလည္း ေျပာရတာသာလြယ္တာ အတြင္းသေဘာေတြကို တြက္စစ္ရတာက ခက္တယ္မို႔လား။တန္ဖိုးေတာ့ထားပါရဲ႕ အခြံပဲပါလာတဲ့သူနဲ႔ ေရ႐ွည္မွာ ဘဝဟာ ေပ်ာ္စရာေကာင္းလိမ့္မယ္လို႔ မထင္ပါဘူး။တန္ဖိုးလည္းထားတယ္ ‘အာရေက’လည္း ျပည့္စုံတယ္ဆိုရင္မေကာင္းေပဘူးလား။

ဒီေတာ့ ေငြေၾကးျပည့္စုံတဲ့သူအေပၚ ကြၽန္မရဲ႕ ႏုပ်ိဳတင့္တယ္ျခင္းေတြကို ပုံေအာရတာက တန္တာေပါ့။ အသက္အပိုင္းအျခားေတြလား။ကိစၥမ႐ွိဘူးေလ။ငယ္တဲ့သူ ယူေတာ့လည္း ငယ္ျပန္ၿပီလို႔ ေျပာၾကဦးမွာပဲ။ ႀကီးတဲ့သူ ယူျပန္ေတာ့လည္း ႀကီးျပန္ၿပီ ျဖစ္ၾကဦးမွာပါပဲ။

‘ေငြမက္မ’ ‘ပိုင္းလုံးမ’လို႔ေျပာခ်င္လည္း ေျပာခ်င္ေျပာေနဦးမွာပါပဲ။ အေျပာကလြတ္ဖို႔ဆိုတာ ဘယ္သူမ်ား လြတ္ဖူးလို႔လဲ။႐ြယ္တူခ်င္းမို႔လို႔လည္း ေျပာခ်င္ၾကဦးမွာပါပဲ။ အားလုံးဟာ ကိုယ့္ဘဝနဲ႔ကိုယ္ပဲေလ။ ဘယ္ႏွစ္ရက္၊ဘယ္ႏွစ္လ ေျပာႏိုင္မွာလည္း။ အခ်ိန္တန္ရင္တိတ္သြားလိမ့္မယ္လို႔ သေဘာထား လိုက္တာပါပဲ။

ကြၽန္မအလွကို ဝယ္တယ္ပဲေျပာေျပာ၊ ကြၽန္မအလွကို ကြၽန္မက ေရာင္းတယ္ပဲေျပာေျပာ ပိုက္ဆံဟာအခ်စ္မို႔၊ ပိုက္ဆံဟာ လူတိုင္းရဲ႕သည္းေျခႀကိဳက္မို႔ ကြၽန္မဒီလိုနည္းနဲ႔ေငြ႐ွာတာဟာ…..။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
mya-villa
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service