ခင်ပွန်းဟောင်း ဂျရတ်ပီကေး၏ ဖခင်က နေအိမ်မှနှင်ထုတ်သောကြောင့် ရှက်ကီရာနှင့် ကလေးများ ဘာစီလိုနာကို အပြီးတိုင် ကျောခိုင်းစွန့်ခွာ

ခင်ပွန်းဟောင်း ဂျရတ်ပီကေး၏ ဖခင်က နေအိမ်မှနှင်ထုတ်သောကြောင့် ရှက်ကီရာနှင့် ကလေးများ ဘာစီလိုနာကို အပြီးတိုင် ကျောခိုင်းစွန့်ခွာ - Property News in Myanmar from iMyanmarHouse.com
5 Apr 2023 11:42 am တွင် တင်ခဲ့သည်
3249 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ခင်ပွန်းဟောင်း စပိန်ဘောလုံးကြယ်ပွင့် ဂျရတ်ပီကေး၏ ဖခင်က ရှက်ကီရာကို နေအိမ်မှ ထွက်ခွာပေးရန် နှင်ထုတ်သည့် သတိပေးစာပေးပို့ခဲ့သောကြောင့် ရှက်ကီရာနှင့် ကလေးများသည် ဘာစီလိုနာနေအိမ်မှ ကျောခိုင်းထွက်ခွာကြပြီ ဖြစ်သည်။

ပီကေး၏ ဖခင်၊ ရှက်ကီရာ၏ ယောက္ခမဟောင်း Joan Pique က ရှက်ကီရာထံ မတ်လ ၁၃ ရက်က အီးမေးလ်တစ်စောင်ပေးပို့ခဲ့ပြီး ဧပြီလ ၃၀ ရက် နောက်ဆုံးထားကာ နေအိမ်မှ ထွက်ခွာပေးရန် (သို့မဟုတ်) လျော်ကြေးပေးရန် ရေးသားထားကြောင်း ဒေသတွင်း သတင်းမီဒီယာတစ်ခုက ဖော်ပြကြောင်း The Mirror သတင်းဌာနက ဖော်ပြသည်။

အဆိုပါနေအိမ်တွင် ရှက်ကီရာသည် ပီကေးနှင့်အတူ နေထိုင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပီကေးနှင့် ကွာရှင်းပြီးနောက်ပိုင်း ထိုအိမ်မှ ဂျရတ်ပီကေးက ပြောင်းရွှေ့သွားသည်။

ရှက်ကီရာ၏ ဘဝသည် မကြာသေးမီကာလအတွင်း စိတ်ပျက်ဖွယ် ဖြစ်ရပ်များနှင့် ရင်ဆိုင်ခဲ့ရရာ ခင်ပွန်းဖြစ်သူ စပိန်ဘောလုံးကြယ်ပွင့် ဂျရတ်ပီကေးနှင့် ကွာရှင်းပြတ်စဲမှုအပြင် ဖခင်ကြီး ကျန်းမာရေးအခြေအနေ ဆိုးရွားမှုကြောင့် ဘာစီလိုနာတွင် ဆေးရုံတင်ခဲ့ရခြင်းတို့နှင့် ရင်ဆိုင်ခဲ့ရသည်။

ယခုအခါတွင်မူ ရှက်ကီရာ၏ ဖခင် William Mebarak သည် ဆေးရုံမှ ဆင်းလာပြီဖြစ်ရာ သမီးဖြစ်သူနှင့်အတူ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်အမ်မီတွင် ဘဝသစ်စရန် ခရီးသွားနိုင်တော့မည်လည်း ဖြစ်သည်။

Waka Waka သီချင်းဖြင့် တစ်ကမ္ဘာလုံးတွင် လူသိများခဲ့ပြီး အသက် ၄၆ နှစ်ရှိပြီဖြစ်သူ ရှက်ကီရာသည် ပီကေးနှင့် သား ၂ ဦး ထွန်းကားထားသည်။

ဘာစီလိုနာအိမ်ကို ကျောခိုင်းထွက်ခွာချိန်တွင် ရှက်ကီရာက အင်စတာဂရမ်လူမှုကွန်ရက်တွင် ပရိသတ်များကို သတင်းစကားရေးသားခဲ့သည်။

“ကလေးတွေအတွက် ဘဝတည်ငြိမ်မှုပေးဖို့ စပိန်မှာ ကျွန်မအခြေချခဲ့တယ်။ အခုချိန်မှာတော့ အလားတူ တည်ငြိမ်မှုမျိုးကို ကမ္ဘာ့ရဲ့ တခြားတစ်ဖက်စွန်းမှာ ရှာဖွေဖို့ သူငယ်ချင်းတွေ၊ မိသားစု၊ ပင်လယ်ကြီးနဲ့အတူ ကျွန်မတို့ ရှာဖွေသွားပါမယ်”ဟု ရှက်ကီရာက လူမှုကွန်ရက်တွင် စပိန်မှ ထွက်ခွာခါနီး နှုတ်ဆက်စကား ပြောခဲ့သည်။

“ဒီမှာရှိနေစဉ်ကာလအတွင်း ကျွန်မကို အားတက်စေအောင် အားပေးခဲ့တဲ့၊ မျက်ရည်တွေသုတ်ပေးတဲ့၊ ကျွန်မကို ချစ်ခင်လေးစားခဲ့တဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မအပေါ် နွေးထွေးမှု၊ သစ္စာရှိမှုတွေ ပေးခဲ့တဲ့ စပိန်ပရိသတ်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။”

 

(ပီကေး၏ ဖခင်က နှင်ထုတ်သောကြောင့် ရှက်ကီရာ ဘာစီလိုနာနေအိမ်မှ ထွက်ခွာနေပုံ။ ဓာတ်ပုံ -Emilio Utrabo/MEGA)

 

 

 

(ရှက်ကီရာကို ဘာစီလိုနာလေဆိပ်တွင် ကလေးများနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ -Emilio Utrabo/MEGA)

 

 

(ရှက်ကီရာက အင်စတာဂရမ်မှ တဆင့် နှုတ်ဆက်စကားရေးသားခဲ့သည်။ ဓာတ်ပုံ -Emilio Utrabo/MEGA)

 

 

(ရှက်ကီရာကို လေဆိပ်တွင် denim ဂျင်းဝတ်ဆုံဖြင့် တွေ့ရစဉ်။ ဓာတ်ပုံ -Emilio Utrabo/MEGA)

 

ရှက်ကီရာကို ဘာစိလိုနာမှ လေဆိပ်တစ်ခုတွင် ကလေးများဖြစ်သော နီလန်(၁၀ နှစ်) နှင့် ဆာရှာ (၈ နှစ်) တို့နှင့်အတူ တွေ့ခဲ့ရပြီး ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများဖြင့် ဘာစီလိုနာမှ ကျောခိုင်းထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအိမ်တွင် မိသားစုနှင့်အတူ ၈ နှစ်တာ နေထိုင်ခဲ့ပြီး ယခုအခါ မိုင်အမ်မီသို့ ပြောင်းရွှေ့မည်ဟု သိရသည်။

ရှက်ကီရာ၏ ကလေးများသည် ယခုလကုန်ပိုင်းတွင် အမေရိကန်ပြည် ၊ ဖလော်ရီဒါပြည်နယ်တွင် ကျောင်းစတက်မည်ဖြစ်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။

 

(ရှက်ကီရာကို ခင်ပွန်းဟောင်းပီကေး ၊ ယောက္ခမဟောင်းဖြစ်သူ Joan Pique တို့နှင့်အတူ ယခင်က တွေ့ခဲ့ရပုံ။ ဓာတ်ပုံ- Europa Press)

 

 

(ပီကေးနှင့် ရှက်ကီရာတို့သည် ၂၀၂၂ ခုနှစ်အတွင်း ၁၁ နှစ်ကြာ အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ကြသည်။ ဓာတ်ပုံ- Euroleague Baskeball )

 

ရှက်ကီရာက ၂၀၂၂ ခုနှစ် ဇွန်လတွင် ပီကေးနှင့် လမ်းခွဲပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

 

(ပီကေးသည် ရှက်ကီရာအပေါ် သစ္စာဖောက်ခဲ့ကြောင်း စွပ်စွဲချက်များရှိပြီး ယခုအခါ Clara Chia Marti နှင့် တွဲနေသည်။ ဓာတ်ပုံ- 3gerardpique /Instagram)

 

ဂျရတ်ပီကေးသည် ၂၀၁၀ ပြည့်နှစ်အတွင်း ရှက်ကီရာ၏ Waka Waka သီချင်းတွင် ပါဝင်သရုပ်ဆောင်ခဲ့စဉ် ကာလအတွင်း ရှက်ကီရာနှင့် စတင်ဆုံစည်းခဲ့ခြင်း ဖြစ်သည်။

 

(ပီကေးနှင့် ရှက်ကီရာကို ကလေးများနှင့်အတူ ယခင်က တွေ့ခဲ့ရပုံ။ ဓာတ်ပုံ- Instagram/Shakira)

 

ရှက်ကီရာက ဂျရတ်ပီကေး တွဲနေသော မိန်းကလေးနှင့် ပတ်သက်၍ပြောသည်မှာ ငရဲပြည်တွင် သူမအတွက် နေရာတစ်ခုရှိကြောင်း ပြောသည်။

ရှက်ကီရာက သူမမည်မျှ နာကျင်ခဲ့ရကြောင်းလည်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Shakira flees Barcelona after ex Gerard Piqué’s dad serves eviction: report (pagesix)

 

 

 

 

[Zawgyi]

ခင္ပြန္းေဟာင္း ဂ်ရတ္ပီေကး၏ ဖခင္က ေနအိမ္မွႏွင္ထုတ္ေသာေၾကာင့္ ရွက္ကီရာႏွင့္ ကေလးမ်ား ဘာစီလိုနာကို အျပီးတိုင္ ေက်ာခိုင္းစြန္႔ခြာ

 

ခင္ပြန္းေဟာင္း စပိန္ေဘာလံုးၾကယ္ပြင့္ ဂ်ရတ္ပီေကး၏ ဖခင္က ရွက္ကီရာကို ေနအိမ္မွ ထြက္ခြာေပးရန္ ႏွင္ထုတ္သည့္ သတိေပးစာေပးပို႔ခဲ့ေသာေၾကာင့္ ရွက္ကီရာႏွင့္ ကေလးမ်ားသည္ ဘာစီလိုနာေနအိမ္မွ ေက်ာခိုင္းထြက္ခြာၾကျပီ ျဖစ္သည္။

ပီေကး၏ ဖခင္၊ ရွက္ကီရာ၏ ေယာကၡမေဟာင္း Joan Pique က ရွက္ကီရာထံ မတ္လ ၁၃ ရက္က အီးေမးလ္တစ္ေစာင္ေပးပို႔ခဲ့ျပီး ဧျပီလ ၃၀ ရက္ ေနာက္ဆံုးထားကာ ေနအိမ္မွ ထြက္ခြာေပးရန္ (သို႔မဟုတ္) ေလ်ာ္ေၾကးေပးရန္ ေရးသားထားေၾကာင္း ေဒသတြင္း သတင္းမီဒီယာတစ္ခုက ေဖာ္ျပေၾကာင္း The Mirror သတင္းဌာနက ေဖာ္ျပသည္။

အဆိုပါေနအိမ္တြင္ ရွက္ကီရာသည္ ပီေကးႏွင့္အတူ ေနထိုင္ခဲ့ျခင္းျဖစ္ျပီး ေနာက္ပိုင္းတြင္ ပီေကးႏွင့္ ကြာရွင္းျပီးေနာက္ပိုင္း ထုိအိမ္မွ ဂ်ရတ္ပီေကးက ေျပာင္းေရႊ႕သြားသည္။

ရွက္ကီရာ၏ ဘဝသည္ မၾကာေသးမီကာလအတြင္း စိတ္ပ်က္ဖြယ္ ျဖစ္ရပ္မ်ားႏွင့္ ရင္ဆိုင္ခဲ့ရရာ ခင္ပြန္းျဖစ္သူ စပိန္ေဘာလံုးၾကယ္ပြင့္ ဂ်ရတ္ပီေကးႏွင့္ ကြာရွင္းျပတ္စဲမႈအျပင္ ဖခင္ၾကီး က်န္းမာေရးအေျခအေန ဆိုးရြားမႈေၾကာင့္ ဘာစီလိုနာတြင္ ေဆးရံုတင္ခဲ့ရျခင္းတို႔ႏွင့္ ရင္ဆိုင္ခဲ့ရသည္။

ယခုအခါတြင္မူ ရွက္ကီရာ၏ ဖခင္ William Mebarak သည္ ေဆးရံုမွ ဆင္းလာျပီျဖစ္ရာ သမီးျဖစ္သူႏွင့္အတူ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ မိုင္အမ္မီတြင္ ဘဝသစ္စရန္ ခရီးသြားႏိုင္ေတာ့မည္လည္း ျဖစ္သည္။

Waka Waka သီခ်င္းျဖင့္ တစ္ကမၻာလံုးတြင္ လူသိမ်ားခဲ့ျပီး အသက္ ၄၆ ႏွစ္ရွိျပီျဖစ္သူ ရွက္ကီရာသည္ ပီေကးႏွင့္ သား ၂ ဦး ထြန္းကားထားသည္။

ဘာစီလိုနာအိမ္ကို ေက်ာခိုင္းထြက္ခြာခ်ိန္တြင္ ရွက္ကီရာက အင္စတာဂရမ္လူမႈကြန္ရက္တြင္ ပရိသတ္မ်ားကို သတင္းစကားေရးသားခဲ့သည္။

“ကေလးေတြအတြက္ ဘဝတည္ျငိမ္မႈေပးဖို႔ စပိန္မွာ ကၽြန္မအေျခခ်ခဲ့တယ္။ အခုခ်ိန္မွာေတာ့ အလားတူ တည္ျငိမ္မႈမ်ဳိးကို ကမၻာ့ရဲ႕ တျခားတစ္ဖက္စြန္းမွာ ရွာေဖြဖို႔ သူငယ္ခ်င္းေတြ၊ မိသားစု၊ ပင္လယ္ၾကီးနဲ႔အတူ ကၽြန္မတို႔ ရွာေဖြသြားပါမယ္”ဟု ရွက္ကီရာက လူမႈကြန္ရက္တြင္ စပိန္မွ ထြက္ခြာခါနီး ႏႈတ္ဆက္စကား ေျပာခဲ့သည္။

“ဒီမွာရွိေနစဥ္ကာလအတြင္း ကၽြန္မကို အားတက္ေစေအာင္ အားေပးခဲ့တဲ့၊ မ်က္ရည္ေတြသုတ္ေပးတဲ့၊ ကၽြန္မကို ခ်စ္ခင္ေလးစားခဲ့တဲ့သူ အားလံုးကို ေက်းဇူးတင္ပါတယ္။ ကၽြန္မအေပၚ ေႏြးေထြးမႈ၊ သစၥာရွိမႈေတြ ေပးခဲ့တဲ့ စပိန္ပရိသတ္ကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္။”

(ပီေကး၏ ဖခင္က ႏွင္ထုတ္ေသာေၾကာင့္ ရွက္ကီရာ ဘာစီလိုနာေနအိမ္မွ ထြက္ခြာေနပံု။ ဓာတ္ပံု -Emilio Utrabo/MEGA) (ရွက္ကီရာကို ဘာစီလိုနာေလဆိပ္တြင္ ကေလးမ်ားႏွင့္အတူ ေတြ႔ရပံု။ ဓာတ္ပံု -Emilio Utrabo/MEGA)

(ရွက္ကီရာက အင္စတာဂရမ္မွ တဆင့္ ႏႈတ္ဆက္စကားေရးသားခဲ့သည္။ ဓာတ္ပံု -Emilio Utrabo/MEGA)

(ရွက္ကီရာကို ေလဆိပ္တြင္ denim ဂ်င္းဝတ္ဆံုျဖင့္ ေတြ႔ရစဥ္။ ဓာတ္ပံု -Emilio Utrabo/MEGA)

ရွက္ကီရာကို ဘာစိလုိနာမွ ေလဆိပ္တစ္ခုတြင္ ကေလးမ်ားျဖစ္ေသာ နီလန္(၁၀ ႏွစ္) ႏွင့္ ဆာရွာ (၈ ႏွစ္) တို႔ႏွင့္အတူ ေတြ႔ခဲ့ရျပီး ၎တို႔ပိုင္ဆိုင္ေသာ ပစၥည္းမ်ားျဖင့္ ဘာစီလုိနာမွ ေက်ာခိုင္းထြက္ခြာခဲ့ျခင္း ျဖစ္သည္။

ဘာစီလိုနာအိမ္တြင္ မိသားစုႏွင့္အတူ ၈ ႏွစ္တာ ေနထိုင္ခဲ့ျပီး ယခုအခါ မိုင္အမ္မီသို႔ ေျပာင္းေရႊ႕မည္ဟု သိရသည္။

ရွက္ကီရာ၏ ကေလးမ်ားသည္ ယခုလကုန္ပိုင္းတြင္ အေမရိကန္ျပည္ ၊ ဖေလာ္ရီဒါျပည္နယ္တြင္ ေက်ာင္းစတက္မည္ျဖစ္ေၾကာင္း Daily Mail သတင္းဌာနက ေဖာ္ျပသည္။

(ရွက္ကီရာကို ခင္ပြန္းေဟာင္းပီေကး ၊ ေယာကၡမေဟာင္းျဖစ္သူ Joan Pique တို႔ႏွင့္အတူ ယခင္က ေတြ႔ခဲ့ရပံု။ ဓာတ္ပံု- Europa Press)

(ပီေကးႏွင့္ ရွက္ကီရာတို႔သည္ ၂၀၂၂ ခုႏွစ္အတြင္း ၁၁ ႏွစ္ၾကာ အိမ္ေထာင္ေရးကို အဆံုးသတ္ခဲ့ၾကသည္။ ဓာတ္ပံု- Euroleague Baskeball )

ရွက္ကီရာက ၂၀၂၂ ခုႏွစ္ ဇြန္လတြင္ ပီေကးႏွင့္ လမ္းခြဲျပီျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

(ပီေကးသည္ ရွက္ကီရာအေပၚ သစၥာေဖာက္ခဲ့ေၾကာင္း စြပ္စြဲခ်က္မ်ားရွိျပီး ယခုအခါ Clara Chia Marti ႏွင့္ တြဲေနသည္။ ဓာတ္ပံု- 3gerardpique /Instagram)

ဂ်ရတ္ပီေကးသည္ ၂၀၁၀ ျပည့္ႏွစ္အတြင္း ရွက္ကီရာ၏ Waka Waka သီခ်င္းတြင္ ပါဝင္သရုပ္ေဆာင္ခဲ့စဥ္ ကာလအတြင္း ရွက္ကီရာႏွင့္ စတင္ဆံုစည္းခဲ့ျခင္း ျဖစ္သည္။

(ပီေကးႏွင့္ ရွက္ကီရာကို ကေလးမ်ားႏွင့္အတူ ယခင္က ေတြ႔ခဲ့ရပံု။ ဓာတ္ပံု- Instagram/Shakira)

ရွက္ကီရာက ဂ်ရတ္ပီေကး တြဲေနေသာ မိန္းကေလးႏွင့္ ပတ္သက္၍ေျပာသည္မွာ ငရဲျပည္တြင္ သူမအတြက္ ေနရာတစ္ခုရွိေၾကာင္း ေျပာသည္။

ရွက္ကီရာက သူမမည္မွ် နာက်င္ခဲ့ရေၾကာင္းလည္း ေျပာသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Shakira flees Barcelona after ex Gerard Piqué’s dad serves eviction: report (pagesix)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service