လီမင်ဟို (သို့မဟုတ်) ဂူဂျွန်ဖြိုး၏ ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းတန် စံအိမ်

လီမင်ဟို (သို့မဟုတ်) ဂူဂျွန်ဖြိုး၏ ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းတန် စံအိမ် - Property News in Myanmar from iMyanmarHouse.com
14 Mar 2023 11:29 am တွင် တင်ခဲ့သည်
1773 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တောင်ကိုရီးယား၏ အကျော်ကြားဆုံး ရုပ်ရှင်သရုပ်ဆောင်များအကြောင်း ပြောကြမည်ဆိုလျှင် လူတိုင်း၏ ပါးစပ်ဖျားတွင် မကြာခဏ ပြောတတ်ကြသည့် နာမည်တစ်ခုကား လီမင်ဟို ဖြစ်သည်။

လီမင်ဟိုကို မြန်မာပရိသတ်များအကြား ဂူဂျွန်ဖြိုးဟုလည်း လူသိများသည်။

လီမင်ဟိုသည် တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင်များအနက် အင်စတာဂရမ်တွင် follower အများဆုံးဖြစ်ပြီး ကမ္ဘာတစ်ဝန်း လူသိအများဆုံး တောင်ကိုရီးယားမင်းသားလည်း ဖြစ်သည်။

Korea Foundation for International Cultural Exchange (KOFICE) မှ ပြုလုပ်ခဲ့သော စစ်တမ်းတစ်ရပ် အရ ကမ္ဘာတစ်ဝန်း လူသိအများဆုံး တောင်ကိုရီးယားကြယ်ပွင့်များတွင် လီမင်ဟိုမှာ နံပါတ် ၁ နေရာတွင် ရပ်တည်နေကြောင်း တွေ့ရှိခဲ့သည်။

လီမင်ဟိုသည် အော်စကာဆုရ ရုပ်ရှင်မင်းသမီး Youn Yuh-jung နှင့်အတူ Apple TV ဇာတ်လမ်းတွဲဖြစ်သော Pachinko တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုမှာလည်း ကမ္ဘာတစ်ဝန်း လူကြိုက်များခဲ့သည်။

အဆိုပါဇာတ်ကားမှာ စစ်နှင့် ငြိမ်းချမ်းရေး၊ အချစ်နှင့် ဆုံးရှုံးမှု၊ အောင်မြင်မှုနှင့် မှန်းဆမှုတို့ကို ရိုက်ကူးပုံဖော် ထားခြင်း ဖြစ်သည်။

(လီမင်ဟိုနှင့် Kim Min-ha တို့ကို Apple TV ဇာတ်လမ်းတွဲ Pachinko တွင် တွေ့ရပုံ။ ဓာတ်ပုံ- Apple TV)

(Pachinko ဇာတ်လမ်းတွဲတွင် Koh Hansu အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော လီမင်ဟို။ ဓာတ်ပုံ- Apple TV)

Pachinko အပြင် လီမင်ဟိုသည် အထင်ကရ ကိုရီးယားဇာတ်လမ်းတွဲများဖြစ်သော Boys Over Flowers ၊ The Heirs နှင့် The King: Eternal Monarch ဇာတ်လမ်းတွဲများဖြင့် လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ကာ ကိုရီးယား ၏ သရုပ်ဆောင်ကြေးအမြင့်မားဆုံး ရုပ်ရှင်မင်းသားများတွင် တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။

((လီမင်ဟို၏ စံအိမ်များ))

လီမင်ဟိုသည် ဆိုးလ်မြို့တော်ကို အပေါ်စီးမှ တွေ့မြင်နေရသည့် တောင်တန်းများ၏ တောင်ခြေတောင်ပူစာများ တွင် တည်ရှိသော Seongbuk-dong အရပ်တွင် ကျယ်ပြောသော စံအိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

Seongbuk-dong အရပ်သည် Joseon မင်းဆက်ခေတ်အတွင်း တော်ဝင်မျိုးနွှယ်တို့ အခြေချခဲ့သည့်နေရာ ဖြစ်သည်။

လက်ရှိတွင်လည်း ထိုဒေသသည် တောင်ကိုရီးယားနိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ အထင်ကရ ကုမ္ပဏီကြီးများ ၏ အကြီးအကဲများအပြင် သံတမန်အိမ်တော်များ အခြေစိုက်ရာ ဒေသလည်း ဖြစ်သည်။

ကိုရီးယားသတင်းဌာနတို့၏ ဖော်ပြချက်များအရ လီမင်ဟိုသည် အဆိုပါ စံအိမ် ၂ လုံးကို ဝမ်ငွေ ၅ ဒသမ ၃၅ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းခန့်) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကပ်လျက်တည်ရှိသော စံအိမ်များ၏ ခြံဝန်းအကျယ်မှာ ၇၄၀ စတုရန်းမီတာ ရှိသည်။

ထိုဒေသတွင် လီမင်ဟိုအပြင် အခြားကိုရီးယားကြယ်ပွင့်များဖြစ်သော Lee Seung-gi နှင့် နာမည်ကျော် ကိုရီးယား ဖက်ရှင်ကုမ္ပဏီဖြစ်သော Stylenanda ၏ တည်ထောင်သူ Kim So-hee တို့လည်း အခြေချ နေထိုင်လျက် ရှိသည်။

(အပေါ်ပုံမှာ လီမင်ဟိုကို သူ၏ စံအိမ်အတွင်း တွေ့ရပုံဖြစ်သည်။ ဓာတ်ပုံ-Lee Min-ho/@actorleeminho)

အပေါ်ပုံမှာ လီမင်ဟိုကို သူ၏ စံအိမ်အတွင်း တွေ့ရပုံဖြစ်သည်။ ဓာတ်ပုံ-Lee Min-ho/@actorleeminho)

လီမင်ဟိုသည် သူ၏ ကိုယ်ရေးကိုယ်တာဘဝကို လျှို့ဝှက်သိုသိပ်လေ့ရှိသော်လည်း သူ၏စံအိမ်ဓာတ်ပုံများကိုမူ လူမှုကွန်ရက်တွင် မကြာခဏတင်လေ့ရှိသည်။

ခေတ်ဆန်သော စံအိမ်အတွင်း စကျင်ကျောက်ပစ္စည်းအမျိုးမျိုးဖြင့် ဒီဇိုင်းဆင်ထားသည်။

ကြမ်းပြင်မှ မျက်နှာကြက်အထိမြင့်မားသော ပြတင်းများစွာ တင်ဆင်ထားရာ စံအိမ်အတွင်း သဘာဝအလင်း ကောင်းစွာ ရရှိစေသည်။

လီမင်ဟိုသည် မနုမရင့် ကြားရောင်များနှင့် တောက်ပြောင်သော ပရိဘောဂများကို နှစ်သက်သူ ဖြစ်သည်။

လီမင်ဟိုသည် Seongbuk-dong မှ စံအိမ်များအပြင် ကိုရီးယား၏ အချမ်းသာဆုံးရပ်ကွက်များတွင် အခြား စံအိမ်များလည်း ပိုင်ဆိုင်ထားသေးသည်။

လီမင်ဟိုသည် Gangnam ခရိုင်ရှိ Nonhyeon အရပ်တွင် ၉ ထပ်အဆောက်အအုံတစ်လုံးကိုလည်း ပိုင်ဆိုင် ထားသေးသည်။

အဆိုပါ အဆောက်အအုံတွင် ပါတီပွဲခန်းမ၊ အားကစားလေ့ကျင့်ခန်းမနှင့် ရုပ်ရှင်ရုံတို့ ပါဝင်ပြီး ကန်ဒေါ်လာ ၂ သန်းကျော် တန်ကြေးရှိသည်ဟု ဆိုသည်။

ထို့အပြင် လီမင်ဟိုသည် ဆိုးလ်မြို့တော်၊ Heukseok-dong အရပ်တွင် တည်ရှိသော Mark Hills အမည်ရှိ ကွန်ဒိုမီနီယံ၌ ကွန်ဒိုခန်းတစ်ခန်းလည်း ပိုင်ဆိုင်ထားသည်။

ထိုကွန်ဒိုအဆောက်အအုံသည် တစ်ကိုယ်ရေလုံခြုံမှု ကောင်းမွန်ပြီး အပြောကျယ်သည့် ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကာ တောင်ကိုရီးယား အထက်တန်းလွှာတို့အကြား နာမည်ကြီးသည်။

ယင်းကွန်ဒိုတွင် Jang Dong Gun နှင့် Ko So-young တို့ စုံတွဲနှင့် နာမည်ကြီး K-pop အဖွဲ့ F(x) မှ Krystal လည်း နေထိုင်လျက်ရှိသည်။

Son Ye-jin နှင့် လက်ထပ်လိုက်သော ရုပ်ရှင်မင်းသား Hyun Bin လည်း အဆိုပါအဆောက်အအုံတွင် ကွန်ဒို တစ်ခန်း ပိုင်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ပြန်လည်ရောင်းချခဲ့ကာ Achiul Village တွင် ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းတန် penthouse တစ်ခန်း ဝယ်ယူခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Here’s a Peek Inside Lee Min-ho’s US$4.3 Million Exclusive Villas (tatlerasia)

[Zawgyi]

လီမင္ဟို (သို႔မဟုတ္) ဂူဂၽြန္ျဖိဳး၏ ကန္ေဒၚလာ ၄ ဒသမ ၃ သန္းတန္ စံအိမ္

ေတာင္ကိုရီးယား၏ အေက်ာ္ၾကားဆံုး ရုပ္ရွင္သရုပ္ေဆာင္မ်ားအေၾကာင္း ေျပာၾကမည္ဆိုလွ်င္ လူတိုင္း၏ ပါးစပ္ဖ်ားတြင္ မၾကာခဏ ေျပာတတ္ၾကသည့္ နာမည္တစ္ခုကား လီမင္ဟို ျဖစ္သည္။

လီမင္ဟိုကို ျမန္မာပရိသတ္မ်ားအၾကား ဂူဂၽြန္ျဖိဳးဟုလည္း လူသိမ်ားသည္။

လီမင္ဟိုသည္ ေတာင္ကိုရီးယားရုပ္ရွင္သရုပ္ေဆာင္မ်ားအနက္ အင္စတာဂရမ္တြင္ follower အမ်ားဆံုးျဖစ္ျပီး ကမၻာတစ္ဝန္း လူသိအမ်ားဆံုး ေတာင္ကိုရီးယားမင္းသားလည္း ျဖစ္သည္။

Korea Foundation for International Cultural Exchange (KOFICE) မွ ျပဳလုပ္ခဲ့ေသာ စစ္တမ္းတစ္ရပ္ အရ ကမၻာတစ္ဝန္း လူသိအမ်ားဆံုး ေတာင္ကိုရီးယားၾကယ္ပြင့္မ်ားတြင္ လီမင္ဟိုမွာ နံပါတ္ ၁ ေနရာတြင္ ရပ္တည္ေနေၾကာင္း ေတြ႔ရွိခဲ့သည္။

လီမင္ဟိုသည္ ေအာ္စကာဆုရ ရုပ္ရွင္မင္းသမီး Youn Yuh-jung ႏွင့္အတူ Apple TV ဇာတ္လမ္းတြဲျဖစ္ေသာ Pachinko တြင္ ပါဝင္သရုပ္ေဆာင္ခဲ့မႈမွာလည္း ကမၻာတစ္ဝန္း လူၾကိဳက္မ်ားခဲ့သည္။

အဆိုပါဇာတ္ကားမွာ စစ္ႏွင့္ ျငိမ္းခ်မ္းေရး၊ အခ်စ္ႏွင့္ ဆံုးရံႈးမႈ၊ ေအာင္ျမင္မႈႏွင့္ မွန္းဆမႈတို႔ကို ရိုက္ကူးပံုေဖာ္ ထားျခင္း ျဖစ္သည္။

(လီမင္ဟိုႏွင့္ Kim Min-ha တို႔ကို Apple TV ဇာတ္လမ္းတြဲ Pachinko တြင္ ေတြ႔ရပံု။ ဓာတ္ပံု- Apple TV)

(Pachinko ဇာတ္လမ္းတြဲတြင္ Koh Hansu အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့ေသာ လီမင္ဟို။ ဓာတ္ပံု- Apple TV)

Pachinko အျပင္ လီမင္ဟိုသည္ အထင္ကရ ကိုရီးယားဇာတ္လမ္းတြဲမ်ားျဖစ္ေသာ Boys Over Flowers ၊ The Heirs ႏွင့္ The King: Eternal Monarch ဇာတ္လမ္းတြဲမ်ားျဖင့္ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့ကာ ကိုရီးယား ၏ သရုပ္ေဆာင္ေၾကးအျမင့္မားဆံုး ရုပ္ရွင္မင္းသားမ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္လာခဲ့သည္။

((လီမင္ဟို၏ စံအိမ္မ်ား))

လီမင္ဟိုသည္ ဆိုးလ္ျမိဳ႕ေတာ္ကို အေပၚစီးမွ ေတြ႔ျမင္ေနရသည့္ ေတာင္တန္းမ်ား၏ ေတာင္ေျခေတာင္ပူစာမ်ား တြင္ တည္ရွိေသာ Seongbuk-dong အရပ္တြင္ က်ယ္ေျပာေသာ စံအိမ္ ၂ လံုး ပိုင္ဆိုင္ထားသည္။

Seongbuk-dong အရပ္သည္ Joseon မင္းဆက္ေခတ္အတြင္း ေတာ္ဝင္မ်ဳိးႏႊယ္တို႔ အေျခခ်ခဲ့သည့္ေနရာ ျဖစ္သည္။

လက္ရွိတြင္လည္း ထိုေဒသသည္ ေတာင္ကိုရီးယားႏိုင္ငံေရးနယ္ပယ္မွ ပုဂၢိဳလ္မ်ား၊ အထင္ကရ ကုမၸဏီၾကီးမ်ား ၏ အၾကီးအကဲမ်ားအျပင္ သံတမန္အိမ္ေတာ္မ်ား အေျခစိုက္ရာ ေဒသလည္း ျဖစ္သည္။

ကိုရီးယားသတင္းဌာနတို႔၏ ေဖာ္ျပခ်က္မ်ားအရ လီမင္ဟိုသည္ အဆိုပါ စံအိမ္ ၂ လံုးကို ဝမ္ေငြ ၅ ဒသမ ၃၅ ဘီလီယံ (ကန္ေဒၚလာ ၄ ဒသမ ၃ သန္းခန္႔) ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ကပ္လ်က္တည္ရွိေသာ စံအိမ္မ်ား၏ ျခံဝန္းအက်ယ္မွာ ၇၄၀ စတုရန္းမီတာ ရွိသည္။

ထိုေဒသတြင္ လီမင္ဟိုအျပင္ အျခားကိုရီးယားၾကယ္ပြင့္မ်ားျဖစ္ေသာ Lee Seung-gi ႏွင့္ နာမည္ေက်ာ္ ကိုရီးယား ဖက္ရွင္ကုမၸဏီျဖစ္ေသာ Stylenanda ၏ တည္ေထာင္သူ Kim So-hee တို႔လည္း အေျခခ် ေနထိုင္လ်က္ ရွိသည္။

(အေပၚပံုမွာ လီမင္ဟိုကို သူ၏ စံအိမ္အတြင္း ေတြ႔ရပံုျဖစ္သည္။ ဓာတ္ပံု-Lee Min-ho/@actorleeminho)

အေပၚပံုမွာ လီမင္ဟိုကို သူ၏ စံအိမ္အတြင္း ေတြ႔ရပံုျဖစ္သည္။ ဓာတ္ပံု-Lee Min-ho/@actorleeminho)

လီမင္ဟိုသည္ သူ၏ ကိုယ္ေရးကိုယ္တာဘဝကို လွ်ိဳ႕ဝွက္သိုသိပ္ေလ့ရွိေသာ္လည္း သူ၏စံအိမ္ဓာတ္ပံုမ်ားကိုမူ လူမႈကြန္ရက္တြင္ မၾကာခဏတင္ေလ့ရွိသည္။

ေခတ္ဆန္ေသာ စံအိမ္အတြင္း စက်င္ေက်ာက္ပစၥည္းအမ်ဳိးမ်ဳိးျဖင့္ ဒီဇိုင္းဆင္ထားသည္။

ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိျမင့္မားေသာ ျပတင္းမ်ားစြာ တင္ဆင္ထားရာ စံအိမ္အတြင္း သဘာဝအလင္း ေကာင္းစြာ ရရွိေစသည္။ လီမင္ဟိုသည္ မႏုမရင့္ ၾကားေရာင္မ်ားႏွင့္ ေတာက္ေျပာင္ေသာ ပရိေဘာဂမ်ားကို ႏွစ္သက္သူ ျဖစ္သည္။

လီမင္ဟိုသည္ Seongbuk-dong မွ စံအိမ္မ်ားအျပင္ ကိုရီးယား၏ အခ်မ္းသာဆံုးရပ္ကြက္မ်ားတြင္ အျခား စံအိမ္မ်ားလည္း ပိုင္ဆိုင္ထားေသးသည္။

လီမင္ဟိုသည္ Gangnam ခရိုင္ရွိ Nonhyeon အရပ္တြင္ ၉ ထပ္အေဆာက္အအံုတစ္လံုးကိုလည္း ပိုင္ဆိုင္ ထားေသးသည္။ အဆိုပါ အေဆာက္အအံုတြင္ ပါတီပြဲခန္းမ၊ အားကစားေလ့က်င့္ခန္းမႏွင့္ ရုပ္ရွင္ရံုတို႔ ပါဝင္ျပီး ကန္ေဒၚလာ ၂ သန္းေက်ာ္ တန္ေၾကးရွိသည္ဟု ဆိုသည္။

ထို႔အျပင္ လီမင္ဟိုသည္ ဆိုးလ္ျမိဳ႕ေတာ္၊ Heukseok-dong အရပ္တြင္ တည္ရွိေသာ Mark Hills အမည္ရွိ ကြန္ဒိုမီနီယံ၌ ကြန္ဒိုခန္းတစ္ခန္းလည္း ပိုင္ဆိုင္ထားသည္။

ထိုကြန္ဒိုအေဆာက္အအံုသည္ တစ္ကိုယ္ေရလံုျခံဳမႈ ေကာင္းမြန္ျပီး အေျပာက်ယ္သည့္ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားကာ ေတာင္ကိုရီးယား အထက္္တန္းလႊာတို႔အၾကား နာမည္ၾကီးသည္။

ယင္းကြန္ဒိုတြင္ Jang Dong Gun ႏွင့္ Ko So-young တို႔ စံုတြဲႏွင့္ နာမည္ၾကီး K-pop အဖြဲ႔ F(x) မွ Krystal လည္း ေနထုိင္လ်က္ရွိသည္။

Son Ye-jin ႏွင့္ လက္ထပ္လိုက္ေသာ ရုပ္ရွင္မင္းသား Hyun Bin လည္း အဆိုပါအေဆာက္အအံုတြင္ ကြန္ဒို တစ္ခန္း ပိုင္ခဲ့ဖူးျပီး ေနာက္ပိုင္းတြင္ ျပန္လည္ေရာင္းခ်ခဲ့ကာ Achiul Village တြင္ ကန္ေဒၚလာ ၄ ဒသမ ၃ သန္းတန္ penthouse တစ္ခန္း ဝယ္ယူခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Here’s a Peek Inside Lee Min-ho’s US$4.3 Million Exclusive Villas (tatlerasia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service