ကောင်းကင်ယံတွင် သဘာဝတရားနှင့်အတူ အိပ်စက်ခြင်း

ကောင်းကင်ယံတွင် သဘာဝတရားနှင့်အတူ အိပ်စက်ခြင်း - Property News in Myanmar from iMyanmarHouse.com
7 Mar 2023 11:43 am တွင် တင်ခဲ့သည်
641 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

တောင်တန်းတွေပေါ်ကို စခန်းချခရီးထွက်ခြင်းက သူငယ်ချင်း၊ မိသားစုတွေနဲ့အတူတူ အားလပ်ရက်မှာအချိန်ဖြုန်းဖို့အတွက် လူကြိုက်များတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။နေ့ခင်းဘက်တွေမှာ အုပ်စုလိုက်ခြေလျင်တောင်တက်ပြီး ညဘက်ရောက်ပြီဆိုရင် တောင်ပေါ်မှာရွက်ဖျင်တဲလေးတွေနဲ့ စခန်းချပြီး အနားယူကြတယ်။မြို့ပြရဲ့ငြီးငွေ့စရာအငွေ့အသက်တွေနဲ့အဝေးမှာ ပြိုးပြိုးပြောက်ပြောက် ကြယ်လေးတွေလင်းနေတဲ့ကောင်းကင်ကို ချစ်ရသူနဲ့တူတူငေးမောကြတယ်။

 

 

ဒါတွေကိုကျော်လွန်ပြီး သက်စွန့်ဆံဖျားစွန့်စားရတဲ့ကိစ္စရပ်တွေကိုလိုက်လံရှာဖွေလက်တည့်စမ်းရတာကို ဝါသနာထုံတဲ့လူတွေအတွက် ရေပန်းစားလူသိများလာတဲ့ကိစ္စရပ်တစ်ခုကတော့ တောင်တန်းတွေကြားထဲမှာ အသည်းယားစရာ ပုခက်လေးတွေနဲ့ စခန်းချနေထိုင်ခြင်းဖြစ်ပါတယ်။

 

ဟာလာဟင်းလင်းတောင်ကမ်းပါးယံဘေးမှာ တစ်ကိုယ်စာရွက်ဖျင်တဲလေးတွေနဲ့မလှုပ်သာမလှည့်သာ အသည်းတအေးအေးနေရတဲ့ခံစားချက်ကို နှစ်ခြိုက်သူတွေကလည်း မထင်ထားလောက်အောင် များပြားပါတယ်။

 

 

အဲဒီလိုစခန်းချနေထိုင်ခြင်းကို Sky Camping လို့ခေါ်ပြီး ၎င်းကိုလူတွေသဘောတွေ့ရတဲ့အကြောင်းရင်း တွေကတော့ ပုံမှန် Camp တွေထက်ပိုပြီး သဘာဝတရားထဲမှာနှစ်မြုပ်ပျော်ဝင်တယ်လို့ခံစားရတယ်။မြေပြင် ကနေ အမြဲတမ်းမော့ကြည့်ခဲ့ရတဲ့ ကြယ်လေးတွေကိုနီးနီးကပ်ကပ်မြင်နိုင်တယ်။တစ်ကိုယ်စာရွက်ဖျင်တဲ (ဒါမှမဟုတ်) ပုခက်လေးတွေထဲကနေပြုတ်ကျမသွားအောင်ထိန်းနေရတဲ့အတွက် စက္ကန့်မလပ် စိတ်လှုပ်ရှားပျော်ရွှင်ရတယ်။ဒီအချက်တွေက Sky Camping လုပ်ဖို့အတွက် အဓိကဆွဲဆောင်ထားတဲ့အရာတွေပါ။

 

 

 

 

ဘဝတစ်သက်တာမှာ မမေ့နိုင်တဲ့အမှတ်တရတွေကိုရှာဖွေချင်တဲ့သူတွေအတွက် Sky Camping က စမ်းသပ်ကြည့်သင့်တဲ့အတွေ့အကြုံတစ်ခုဖြစ်ပေမဲ့ အသက်အန္တရာယ်နဲ့လောင်းကြေးထပ်ထားရတဲ့ကိစ္စဖြစ်တာ ကြောင့် ကျွမ်းကျင်မှုမရှိဘဲမစမ်းကြည့်ဖို့တော့သတိပေးချင်ပါတယ်။Sky Camping ထွက်မယ်ဆိုရင် စနစ်တကျလေ့ကျင့်မှုတွေပြုလုပ်ဖို့လိုအပ်ပြီး ရာသီဥတုကြည်လင်ခြောက်သွေ့တဲ့နွေရာသီကတော့ Sky Camping ထွက်ဖို့အသင့်တော်ဆုံးအချိန်ပါ။

 

တကယ်လို့သင်က စိန်ခေါ်မှုတွေကိုလက်ခံတတ်တဲ့သူဆိုရင်တော့ ကောင်းကင်ယံမှာသဘာဝတရား နဲ့အတူအိပ်စက်ရတဲ့အရသာကဘယ်လိုများလဲဆိုတာ Sky Camping ကနေတစ်ဆင့် မြည်းစမ်းကြည့်နိုင်ပါတယ်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref : wheretosoon.com

 

 

 

[Zawgyi]

ေကာင္းကင္ယံတြင္ သဘာဝတရားႏွင့္အတူ အိပ္စက္ျခင္း

 

ေတာင္တန္းေတြေပၚကို စခန္းခ်ခရီးထြက္ျခင္းက သူငယ္ခ်င္း၊ မိသားစုေတြနဲ႔အတူတူ အားလပ္ရက္မွာအခ်ိန္ျဖဳန္းဖို႔အတြက္ လူႀကိဳက္မ်ားတဲ့ လႈပ္႐ွားမႈတစ္ခုျဖစ္ပါတယ္။ေန႔ခင္းဘက္ေတြမွာ အုပ္စုလိုက္ေျခလ်င္ေတာင္တက္ၿပီး ညဘက္ေရာက္ၿပီဆိုရင္ ေတာင္ေပၚမွာ႐ြက္ဖ်င္တဲေလးေတြနဲ႔ စခန္းခ်ၿပီး အနားယူၾကတယ္။ၿမိဳ႕ျပရဲ႕ၿငီးေငြ႕စရာအေငြ႕အသက္ေတြနဲ႔အေဝးမွာ ၿပိဳးၿပိဳးေျပာက္ေျပာက္ ၾကယ္ေလးေတြလင္းေနတဲ့ေကာင္းကင္ကို ခ်စ္ရသူနဲ႔တူတူေငးေမာၾကတယ္။

ဒါေတြကိုေက်ာ္လြန္ၿပီး သက္စြန္႔ဆံဖ်ားစြန္႔စားရတဲ့ကိစၥရပ္ေတြကိုလိုက္လံ႐ွာေဖြလက္တည့္စမ္းရတာကို ဝါသနာထုံတဲ့လူေတြအတြက္ ေရပန္းစားလူသိမ်ားလာတဲ့ကိစၥရပ္တစ္ခုကေတာ့ ေတာင္တန္းေတြၾကားထဲမွာ အသည္းယားစရာ ပုခက္ေလးေတြနဲ႔ စခန္းခ်ေနထိုင္ျခင္းျဖစ္ပါတယ္။

ဟာလာဟင္းလင္းေတာင္ကမ္းပါးယံေဘးမွာ တစ္ကိုယ္စာ႐ြက္ဖ်င္တဲေလးေတြနဲ႔မလႈပ္သာမလွည့္သာ အသည္းတေအးေအးေနရတဲ့ခံစားခ်က္ကို ႏွစ္ၿခိဳက္သူေတြကလည္း မထင္ထားေလာက္ေအာင္ မ်ားျပားပါတယ္။

အဲဒီလိုစခန္းခ်ေနထိုင္ျခင္းကို Sky Camping လို႔ေခၚၿပီး ၎ကိုလူေတြသေဘာေတြ႕ရတဲ့အေၾကာင္းရင္း ေတြကေတာ့ ပုံမွန္ Camp ေတြထက္ပိုၿပီး သဘာဝတရားထဲမွာႏွစ္ျမဳပ္ေပ်ာ္ဝင္တယ္လို႔ခံစားရတယ္။ေျမျပင္ ကေန အၿမဲတမ္းေမာ့ၾကည့္ခဲ့ရတဲ့ ၾကယ္ေလးေတြကိုနီးနီးကပ္ကပ္ျမင္ႏိုင္တယ္။တစ္ကိုယ္စာ႐ြက္ဖ်င္တဲ (ဒါမွမဟုတ္) ပုခက္ေလးေတြထဲကေနျပဳတ္က်မသြားေအာင္ထိန္းေနရတဲ့အတြက္ စကၠန္႔မလပ္ စိတ္လႈပ္႐ွားေပ်ာ္႐ႊင္ရတယ္။ဒီအခ်က္ေတြက Sky Camping လုပ္ဖို႔အတြက္ အဓိကဆြဲေဆာင္ထားတဲ့အရာေတြပါ။

ဘဝတစ္သက္တာမွာ မေမ့ႏိုင္တဲ့အမွတ္တရေတြကို႐ွာေဖြခ်င္တဲ့သူေတြအတြက္ Sky Camping က စမ္းသပ္ၾကည့္သင့္တဲ့အေတြ႕အၾကဳံတစ္ခုျဖစ္ေပမဲ့ အသက္အႏၲရာယ္နဲ႔ေလာင္းေၾကးထပ္ထားရတဲ့ကိစၥျဖစ္တာ ေၾကာင့္ ကြၽမ္းက်င္မႈမ႐ွိဘဲမစမ္းၾကည့္ဖို႔ေတာ့သတိေပးခ်င္ပါတယ္။Sky Camping ထြက္မယ္ဆိုရင္ စနစ္တက်ေလ့က်င့္မႈေတြျပဳလုပ္ဖို႔လိုအပ္ၿပီး ရာသီဥတုၾကည္လင္ေျခာက္ေသြ႕တဲ့ေႏြရာသီကေတာ့ Sky Camping ထြက္ဖို႔အသင့္ေတာ္ဆုံးအခ်ိန္ပါ။

တကယ္လို႔သင္က စိန္ေခၚမႈေတြကိုလက္ခံတတ္တဲ့သူဆိုရင္ေတာ့ ေကာင္းကင္ယံမွာသဘာဝတရား နဲ႔အတူအိပ္စက္ရတဲ့အရသာကဘယ္လိုမ်ားလဲဆိုတာ Sky Camping ကေနတစ္ဆင့္ ျမည္းစမ္းၾကည့္ႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref : wheretosoon.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service