သားဖြစ်သူကို အားကစားလေ့ကျင့်ပေးနေသည့် အသက် ၂၉ နှစ်အရွယ် လက်ဝှေ့သမားနှင့် ချစ်ကြိုက်နေသော အသက် ၆၄ နှစ်အရွယ် မက်ဒေါနားနှင့် သူ၏ လော့စ်အိန်ဂျလိစံအိမ်
သားဖြစ်သူကို အားကစားလေ့ကျင့်ပေးနေသည့် အသက် ၂၉ နှစ်အရွယ် လက်ဝှေ့သမားနှင့် ချစ်ကြိုက်နေသော အသက် ၆၄ နှစ်အရွယ် မက်ဒေါနားနှင့် သူ၏ လော့စ်အိန်ဂျလိစံအိမ် - Property News in Myanmar from iMyanmarHouse.com
3 Mar 2023 11:22 am တွင် တင်ခဲ့သည်
629 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)
[Unicode]
မက်ဒေါနားသည် မော်ဒယ်ချစ်သူကောင်လေး Andrew Darnell နှင့် လမ်းခွဲပြီးနောက်ပိုင်း ယခုအခါ တောင့်တောင့်ဖြောင့်ဖြောင့် toyboy တစ်ဦးနှင့် ချစ်ကြိုက်လျက်ရှိကြောင်း Dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ပေါ့ပ်ဂီတ၏ ဘုရင်မဟု ညွှန်းဆိုခံရသူ အသက် ၆၄ နှစ်အရွယ် မက်ဒေါနားနှင့် ချစ်ကြိုက်နေသူမှာ အသက် ၂၉ နှစ်အရွယ်ရှိ လက်ဝှေ့သမား ဂျော့ရှ် ပေါ့ပါး (Josh Popper) ဖြစ်သည်။
ဂျော့ရှ်သည် နယူးယောက်မြို့ရှိ Bredwinners gym တွင် မက်ဒေါနား၏ သားတစ်ဦးကို လေ့ကျင့်ပေးနေသူ လည်း ဖြစ်ကြောင်း အတွင်းလူတစ်ဦးက dailymail သို့ ပြောသည်။
မက်ဒေါနားသည် ဂျော့ရှ်၏လက်မောင်းကိုဖက်ကာမှီထားသည့် ဓာတ်ပုံများစွာ အင်စတာဂရမ်တွင် တင်ခဲ့သည်ကို တွေ့ရသည်။
(မက်ဒေါနားသည် မော်ဒယ် ချစ်သူကောင်လေး Andrew Darnell နှင့် ၅ လတွဲကာ လမ်းခွဲပြီးနောက်ပိုင်း အသက် ၂၉ နှစ်အရွယ်ရှိ လက်ဝှေ့နည်းပြ ဂျော့ရှ်နှင့် ချစ်ကြိုက်နေခြင်း ဖြစ်သည်။ ဂျော့ရှ်သည် နယူးယောက်မြို့ ၊ မန်ဟက်တန်အရပ်တွင် Bredwinners အမည်ရှိ လက်ဝှေ့နှင့် အားကစားခန်းမကို တည်ထောင်ထားသူ ဖြစ်သည်)
(မက်ဒေါနားက ပြီးခဲ့သောလအတွင်း အင်စတာဂရမ်တွင် တင်ခဲ့သော ဓာတ်ပုံတစ်ပုံတွင် ဂျော့ရှ်နှင့် သူ၏သူငယ်ချင်းများနှင့်အတူ တွေ့ရသည်)
(သတင်းရင်းမြစ်များက dailymail သတင်းဌာနသို့ ပြောကြားချက်အရ ဂျော့ရှ်သည် မက်ဒေါနား၏ သားတစ်ဦးကို သူ၏ မန်ဟက်တန် အားကစားခန်းမတွင် လက်ဝှေ့ထိုးသင်ပေးနေသည်ဟု ဆိုသည်။)
(ဂျော့ရှ်သည် Bredwinners အားကစားလေ့ကျင့်ခန်းမ မဖွင့်မီက အသက် အာမခံ ရောင်းချသည့်အလုပ် လုပ်ကိုင်ခဲ့သည်။
(အရပ် ၆ ပေ ၄ လက်မရှိပြီး ကိုယ်အလေးချိန် ပေါင် ၂၄၀ ရှိသော ဂျော့ရှ်သည် တရားဝင်ပြိုင်ပွဲ အနည်းငယ်သာ ဝင်ပြိုင်ခဲ့ဖူးသည်။)
(ဂျော့ရှ် ပေါ့ပါး)
(Bredwinners ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ဂျော့ရှ်သည် ဘဝတလျှောက် အားကစားသမားဖြစ်ပြီး အချိန်ပြည့်နည်းပြသမား တစ်ဦးအဖြစ် ဖော်ပြထားသည်။)
(ဤ ဓာတ်ပုံမှာ ဂရမ်မီဆုပေးပွဲတွင် မမှတ်မိနိုင်လောက်အောင် ဝတ်စားပြင်ဆင်လာခဲ့သောကြောင့် ဝေဖန်ခံခဲ့ရပြီး ရက်ပိုင်းမျှ အကြာတွင် မက်ဒေါနားက အင်စတာဂရမ်တွင် တင်ခဲ့သော ဓာတ်ပုံဖြစ်သည်။)
(မက်ဒေါနားသည် ခြေဖျားထိ ရှည်လျားသည့် အနက်ရောင် ပိုးသားကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူမ၏ နှုတ်ခမ်းဖြင့် ဂျော့ရှ်၏ ပခုံးကို ဖိထားကာ ဂျော့ရှ်၏ တက်တူးထိုးထားသည့် ဖုထစ်နေသော လက်မောင်းအိုးကို ဖျစ်ညှစ်ထားချိန်တွင် ဂျော့ရှ်က လက်သီးတစ်ဖက်ထောင်ပြနေပုံကို တွေ့ရသည်။)
((မက်ဒေါနား၏ လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ် စံအိမ်))
မက်ဒေါနားသည် လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်ရှိ စံအိမ်ကို ပြီးခဲ့သောနှစ်အတွင်းက အရောင်းဈေးကွက်တင်ထားသည်။
ရောင်းချသူ - မက်ဒေါနား
တည်နေရာ- Hidden Hills အရပ် ၊ လော့စ်အိန်ဂျလိမြို့
ဈေးနှုန်း- ကန်ဒေါ်လာ ၂၅ ဒသမ ၉၉၅ သန်း
မက်ဒေါနား၏ လော့စ်အိန်ဂျလိမြို့ရှိ စံအိမ်မှာ မြို့လည်မှ အနောက်ဘက် မိုင် ၄၀ ခန့်အကွာ Hidden Hills အရပ်တွင် တည်ရှိသည်။
ထိုဒေသတွင် နာမည်ကျော်အကျော်အမော်များစွာ နေထိုင်ရာ ဂျင်းနာနှင့် ကာဒါရှီယန်မိသားစုများ ဂါဘရီယယ် ယူနီယမ်နှင့် ဒွိန်းဝိတ် ၊ ဂျွန် စတာမော့စ် ၊ ဖရန့်ချ် မွန်တားနား ၊ ဂျက်စီကာ ဆင်ပ်ဆင်နှင့် အဲရစ် ဂျွန်ဆင်တို့အပါအဝင် ဖြစ်သည်။
လော့စ်အိန်ဂျလိစံအိမ်ကို မက်ဒေါနားက ပြီးခဲ့သော တစ်နှစ်ခန့်က ကနေဒါအဆိုတော် The Weeknd ထံမှ ကန်ဒေါ်လာ ၁၉ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
စတုရန်းပေ ၁၂၅၀၀ ကျယ်ဝန်းသော စံအိမ်ကို မက်ဒေါနားက ဒေါ်လာ ၂၆ သန်းရရန် မျှော်လင့်ထားသည်။
စံအိမ်ဝန်းအတွင်းရှိ စပါးကျီမှာ ယခုအခါ အားကစားလေ့ကျင့်ခန်းမနှင့် အကစတူဒီယိုအဖြစ် ပြောင်းလဲထားသည်။
မက်ဒေါနား၏ ပိုင်ဆိုင်ပြီးနောက်ပိုင်း ပရိဘောဂများနှင့် အခြားပြောင်းလဲမှု အနည်းငယ်သာရှိခဲ့သော်လည်း အဘယ်ကြောင့် ဝယ်ဈေးထက် ဒေါ်လာ ၆ ဒသမ ၇ သန်း ပိုရလိုသည်ကို မသိရချေ။
ပင်မစံအိမ်တွင် Master BedRoom ၇ ခန်း ၊ ရေးနွေးငွေ့ ရေပန်း ၊ ကျောက်တုံး ရေစိမ်ကန်တို့ ပါဝင်ပြီး ဧည့်ဂေဟာအိမ်တွင် အိပ်ခန်း ၂ ခန်း ၊ရေချိုးခန်း ၂ ခန်းနှင့် မီးဖိုဆောင်တစ်ခုတို့ ပါဝင်သည်။
မက်ဒေါနားသည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်အချပ်ရေ သန်း ၃၀၀ ကျော် ရောင်းချထားရပြီး ဂရမ်မီဆု ၇ ကြိမ် ရရှိထားသည်။
ထိုသို့ ဂီတလောက အောင်မြင်မှုများကြောင့် ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာလာခဲ့ပြီး ခန့်မှန်းချက်များအရ သူ၏ ကြွယ်ဝမှုမှာ ဒေါ်လာသန်း ၇၅၀ ကျော်ရှိသည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: EXCLUSIVE: Rolling with the punches! Madonna, 64, dumps model boyfriend to hook up with ripped 29-year-old BOXER Josh Popper - who trains her son at his NYC gym and starred in episode of Bravo's Summer House (dailymail, dirt)
[Zawgyi]
(ဂျော့ရှ် ပေါ့ပါး)
ရောင်းချသူ - မက်ဒေါနား
ထိုဒေသတွင် နာမည်ကျော်အကျော်အမော်များစွာ နေထိုင်ရာ ဂျင်းနာနှင့် ကာဒါရှီယန်မိသားစုများ ဂါဘရီယယ် ယူနီယမ်နှင့် ဒွိန်းဝိတ် ၊ ဂျွန် စတာမော့စ် ၊ ဖရန့်ခ်ျ မွန်တားနား ၊ ဂျက်စီကာ ဆင်ပ်ဆင်နှင့် အဲရစ် ဂျွန်ဆင်တို့အပါအဝင် ဖြစ်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ရော့ခ်အင်ရိုးလ် ဘုရင်မ Tina Turner ဆွစ်ဇာလန် စံအိမ်တွင် ကွယ်လွန်၊ ဇူးရစ်မြို့မှ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ စံအိမ်ကြီး...
ရော့ခ်အင်ရိုးလ် ဘုရင်မ Tina Turner ဆွစ်ဇာလန် စံအိမ်တွင် ကွယ်လွန်၊ ဇူးရစ်မြို့မှ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ စံအိမ်ကြီး...
လန်ဒန်တွင် မေလကုန်၌ ကျင်းပမည့် Beyonce ၏ ဂီတပွဲတော်ကာလအတွင်း လန်ဒန်သို့လာမည့် ပရိသတ်များ တည်းခိုရန်နေရာ ရရှိစေရေးအတွက် ဟိုတယ်များတွင် နေထိုင်ခွင့်ပေးထားသော အိမ်ရာမဲ့များ ဟိုတယ်မှ ထွက်ခွာပေးရမည်ဟု ဆို...
ပရီးမီးယားလိဂ် ဖလားရရှိသွားသော မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော၏ Fast and Furious 7 ဇာတ်ကားရိုက်ကူးခဲ့သော ကြယ် ၇ ပွင့်အဆင့် ဟိုတယ်၊ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးနှင့် အခြားပိုင်ဆိုင်မှုများ...
ပရီးမီးယားလိဂ် ဖလားရရှိသွားသော မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော၏ Fast and Furious 7 ဇာတ်ကားရိုက်ကူးခဲ့သော ကြယ် ၇ ပွင့်အဆင့် ဟိုတယ်၊ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးနှင့် အခြားပိုင်ဆိုင်မှုများ...
အခြားကမ္ဘာတစ်ခုအလားထင်မှတ်မှားစေမယ့် ထူးခြားဆန်းပြားသက်ရှိမျိုးစိတ်များရှင်သန်ရာ ဆိုကိုထရာကျွန်း...
အခြားကမ္ဘာတစ်ခုအလားထင်မှတ်မှားစေမယ့် ထူးခြားဆန်းပြားသက်ရှိမျိုးစိတ်များရှင်သန်ရာ ဆိုကိုထရာကျွန်း...
မိုးပျံပူဖောင်းစီး ဝေဟင်ခရီးနှင်ချင်သူများအတွက် လည်ပတ်ဖွယ် ပူဖောင်းမြို့ငယ်လေး ကတ်ပါဒိုရှာ...
မိုးပျံပူဖောင်းစီး ဝေဟင်ခရီးနှင်ချင်သူများအတွက် လည်ပတ်ဖွယ် ပူဖောင်းမြို့ငယ်လေး ကတ်ပါဒိုရှာ...
Elon Musk က ညဘက်တွင် အပေါ့သွားလိုပါက သက်တော်စောင့်များကို နှိုးရန်မလိုဘဲ သွားနိုင်ရန် တွစ်တာရုံးချုပ်ရှိ သူ၏ရုံးခန်းဘေးတွင် သန့်စင်ခန်းဆောက်လုပ်ရန် လိုင်စင်မရှိသော ရေပိုက်လိုင်းသမားကို ငှားရန်စီစဉ်ခဲ့ကြောင်း ၎င်းအားတရားစွဲထား...
နယူးယောက်တွင် အမျိုးသမီးတစ်ဦး အဟောင်းဆိုင်မှ ကြွေပန်းကန် ၄ ချပ်ကို ၈ ဒေါ်လာဖြင့် ဝယ်ယူခဲ့ရာ ကြွေပန်းကန်ရှိ ပန်းချီလက်ရာများမှာ ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ မူရင်းလက်ရာများ ဖြစ်နေရာ ဒေါ်လာ ၄၀၀၀၀ (မြန်မာငွေ သိန်း ၈၄၀) ကျော...
ကယ်လီဖိုးနီးယားပြည်နယ်မှ Eagle Mountain အမည်ရှိ လူသူမရှိသော တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်လက်တစ်ဦးက ဆန်းကြယ်စွာ ဝယ်ယူသွား...
ကယ်လီဖိုးနီးယားပြည်နယ်မှ Eagle Mountain အမည်ရှိ လူသူမရှိသော တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်လက်တစ်ဦးက ဆန်းကြယ်စွာ ဝယ်ယူသွား...
တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ပုရီ ဝတ်ဆင်ခဲ့သော Patek Phillippe နာရီကို လေလံတင်ရောင်းချခဲ့ရာ ဟောင်ကောင်ဒေါ်လာ ၄၉ သန်းအထိ စံချိန်တင်ဈေးနှုန်းရရှိ ၊ ပုရီစံမြန်းခဲ့သော ကမ္ဘာ့တန်ကြေးအကြီးဆုံး နန်းတော်ကြီး...
မျောက်ခေါင်းခြောက် ၊ ဆင်မြီးလက်ကောက်မှသည် ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသော ပီယဆေးအထိ ရနိုင်သော ကမ္ဘာ့အကြီးမားဆုံး စုန်းဈေးကြီး...
မျောက်ခေါင်းခြောက် ၊ ဆင်မြီးလက်ကောက်မှသည် ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသော ပီယဆေးအထိ ရနိုင်သော ကမ္ဘာ့အကြီးမားဆုံး စုန်းဈေးကြီး...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီးခဲ့သော်လည်း စာရွက်စာတမ်းအတုများဖြင့် အထက်တန်းကျောင်း ပြန်တက်သော တောင်ကိုရီးယား မိန်းက
အမေရိကန်တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီးခဲ့သော်လည်း စာရွက်စာတမ်းအတုများဖြင့် အထက်တန်းကျောင်း ပြန်တက်သော တောင်ကိုရီးယား မိန်းက
ဂျက်ကီချန်းနှင့်အတူ ခေါင်းဆောင်မင်းသားအဖြစ် တွဲဖက်သရုပ်ဆောင်ရန် ကိုယ်ခံပညာကျွမ်းကျင်သော အာရှတိုက်သားတစ်ဦး အမေရိကန် ရုပ်ရ
ဂျက်ကီချန်းနှင့်အတူ ခေါင်းဆောင်မင်းသားအဖြစ် တွဲဖက်သရုပ်ဆောင်ရန် ကိုယ်ခံပညာကျွမ်းကျင်သော အာရှတိုက်သားတစ်ဦး အမေရိကန် ရုပ်ရ
အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ် အန်ဘာနီက သူ၏ ကုမ္ပဏီတွင် ကာလကြာရှည်လုပ်ကိုင်ခဲ့သော ညာလက်ရုံးကို ရူပီး ကုဋေ ၁၅၀၀
အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ် အန်ဘာနီက သူ၏ ကုမ္ပဏီတွင် ကာလကြာရှည်လုပ်ကိုင်ခဲ့သော ညာလက်ရုံးကို ရူပီး ကုဋေ ၁၅၀၀
ရုရှားဘီလျံနာကြီးက ကျိကျိတက်ချမ်းသာကြွယ်ဝသူများနှင့် ကမ္ဘာကျော်များ သီးသန့်အပန်းဖြေနိုင်မည့် ဇိမ်ခံအပန်းဖြေစခန်းကြီးကို
ရုရှားဘီလျံနာကြီးက ကျိကျိတက်ချမ်းသာကြွယ်ဝသူများနှင့် ကမ္ဘာကျော်များ သီးသန့်အပန်းဖြေနိုင်မည့် ဇိမ်ခံအပန်းဖြေစခန်းကြီးကို
ဘင်အက်ဖလက်၏ အိပ်ယာတွင်း စွမ်းဆောင်ရည်မှာ ဘရက်ပစ်ထက်ကောင်းကြောင်း ထုတ်ပြောလာသူ ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုး၏ စံအိမ်…
ဘင်အက်ဖလက်၏ အိပ်ယာတွင်း စွမ်းဆောင်ရည်မှာ ဘရက်ပစ်ထက်ကောင်းကြောင်း ထုတ်ပြောလာသူ ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုး၏ စံအိမ်…
တောင်ကိုရီးယားအဆိုတော် Lee Hyori ၏ စံအိမ်သို့ ကမ္ဘာလှည့်ခရီးသည်များ အလုံးအရင်း လာရောက်ကြည့်ရှု နေကြမှုကြောင့် ရောင်းထုတ်
တောင်ကိုရီးယားအဆိုတော် Lee Hyori ၏ စံအိမ်သို့ ကမ္ဘာလှည့်ခရီးသည်များ အလုံးအရင်း လာရောက်ကြည့်ရှု နေကြမှုကြောင့် ရောင်းထုတ်
စင်္ကာပူတွင် နိုင်ငံသားမဟုတ်သူများကို အိမ်ခြံမြေခွန် ၆၀ ရာခိုင်နှုန်းအထိ ကောက်ခံလျက်ရှိရာ ကမ္ဘာပေါ်တွင် အိမ်ခြံမြေခွန် အ
စင်္ကာပူတွင် နိုင်ငံသားမဟုတ်သူများကို အိမ်ခြံမြေခွန် ၆၀ ရာခိုင်နှုန်းအထိ ကောက်ခံလျက်ရှိရာ ကမ္ဘာပေါ်တွင် အိမ်ခြံမြေခွန် အ
အံ့ဖွယ်ထူးခြား မြန်မာနိုင်ငံဘက်သို့ အမြဲမျက်နှာမူနေသည့် မြဘုရား
အံ့ဖွယ်ထူးခြား မြန်မာနိုင်ငံဘက်သို့ အမြဲမျက်နှာမူနေသည့် မြဘုရား
မျောက်ခေါင်းခြောက် ၊ ဆင်မြီးလက်ကောက်မှသည် ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသော ပီယဆေးအထိ ရနိုင်သော ကမ္ဘာ့အကြီးမားဆုံး စု
မျောက်ခေါင်းခြောက် ၊ ဆင်မြီးလက်ကောက်မှသည် ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသော ပီယဆေးအထိ ရနိုင်သော ကမ္ဘာ့အကြီးမားဆုံး စု
စင်္ကာပူမှ သစ်ပင်ပန်းပင်ပေါင်း ၈၀၀၀၀ စိုက်ပျိုးထားသော မိုးမျှော်တိုက်ကြီး
စင်္ကာပူမှ သစ်ပင်ပန်းပင်ပေါင်း ၈၀၀၀၀ စိုက်ပျိုးထားသော မိုးမျှော်တိုက်ကြီး
7mile
city-villas
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store