မန်ဟက်တန်စီမံကိန်းဖြင့် ကမ္ဘာပေါ်တွင် ပထမဆုံး အနုမြူဗုံးထုတ်လုပ်ခဲ့သော အမေရိကန်သမ္မတ သီအိုဒို ရုစဗဲ့၏ မြေးက နယူးယောက်မြို့မှ စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅၇ သန်းဖြင့် ရောင်းချ
မန်ဟက်တန်စီမံကိန်းဖြင့် ကမ္ဘာပေါ်တွင် ပထမဆုံး အနုမြူဗုံးထုတ်လုပ်ခဲ့သော အမေရိကန်သမ္မတ သီအိုဒို ရုစဗဲ့၏ မြေးက နယူးယောက်မြို့မှ စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅၇ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
10 Feb 2023 10:31 am တွင် တင်ခဲ့သည်
632 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(မန်ဟက်တန်စီမံကိန်း)
မန်ဟက်တန်စီမံကိန်းဟူသည်မှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကမ္ဘာ့ပထမဆုံးအနုမြူဗုံး သုတေသနလုပ်ခြင်းနှင့် ထုတ်လုပ်ခြင်းများ ပြုလုပ်ခဲ့သည့် စီမံကိန်းကြီးဖြစ်သည်။ မန်ဟက်တန်စီမံကိန်းကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြီး ဗြိတိန်နှင့် ကနေဒါတို့က ပံ့ပိုးပါဝင်ခဲ့သည်။
အမေရိကန်သမ္မတ ရုစဗဲ့လက်ထက် ၁၉၄၂ ခုနှစ်မှ ၁၉၄၆ ခုနှစ်အကြား အကောင်အထည်ဖော်ခဲ့သော မန်ဟက်တန်စီမံကိန်းကို အမေရိကန် စစ်ဘက်အင်ဂျင်နီယာတပ်ပေါင်းစုမှ ဗိုလ်မှူးချုပ် Leslie Groves ၏ လမ်းညွှန်မှုအောက်တွင် ဆောင်ရွက်ခဲ့ ကြသည်။
မန်ဟက်တန်စီမံကိန်းအရ တည်ထောင်ခဲ့သည့် လျှို့ဝှက်စမ်းသပ်စခန်းဖြစ်သော Los Alamos Laboratory မှ ညွှန်ကြားရေးမှူး အနုမြူသိပ္ပံပညာရှင် ရောဘတ် အိုပင်ဟိုင်းမားက ကမ္ဘာ့ပထမဆုံးအနုမြူဗုံးကို ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။
မန်ဟက်တန်စီမံကိန်းကို ၁၉၃၉ ခုနှစ်တွင် လူအနည်းငယ်ဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် လူပေါင်း ၁၃၀၀၀၀ ခန့်အထိ ခန့်ထားခဲ့ရကာ ထိုခေတ်ငွေ ကန်ဒေါ်လာ ၂ ဘီလီယံ (ယနေ့ခေတ် ငွေတန်ဖိုးအရဆိုလျှင် ကန်ဒေါ်လာ ၂၄ ဘီလီယံခန့်) အထိ ကုန်ကျခဲ့သည်။
ထိုကုန်ကျစရိတ်၏ ၉၀ ရာခိုင်နှုန်းမှာ အနုမြူဗုံးထုတ်လုပ်ရန် လိုအပ်သော အခြေခံအဆောက်အအုံများ တည်ထောင်ရခြင်းအတွက် ကုန်ကျရခြင်းဖြစ်ပြီး ဗုံးထုတ်လုပ်မှုအတွက် ၁၀ ရာခိုင်နှုန်းသာ ကုန်ကျခဲ့သည်။
အနုမြူဗုံးသုတေသနနှင့် ထုတ်လုပ်မှုများကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံများရှိ နေရာပေါင်း ၃၀ ကျော်တွင် ပြုလုပ်ခဲ့ကြသည်။
(ရုစဗဲ့၏ မြေးရောင်းချလိုက်သောစံအိမ်)
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ Long Island အရပ်၊ Orient Point ရှိ စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၃ ဒသမ ၅၇ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
အဆိုပါအိမ်သည် အမေရိကန်သမ္မတ သီအိုဒို ရုစဗဲ့၏ မြေး ပီယာနိုပညာရှင် Joseph Willard Roosevelt (ကွယ်လွန်) ပိုင်ဆိုင်ခဲ့ဖူးသည့် စံအိမ်ကြီးဖြစ်သည်။
စံအိမ်ခြံဝန်းအကျယ်မှာ ၅ ဒသမ ၇ ဧက ရှိသည်။
အမေရိကန်သမ္မတ ရုစဗဲ့နှင့် ဇနီးဖြစ်သူ ကာရိုးလ် အဒဲလ် ရုစဗဲ့တို့သည် ၎င်းတို့၏ စံအိမ် ဒီဇိုင်းဆွဲရန်နှင့် ဆောက်လုပ်ရန် ဒေသတွင်း ဗိသုကာပညာရှင် အဲလစ်ဇဘက် သွမ်ပ်ဆင်ကို တာဝန်ပေးခဲ့သည်။
စံအိမ်သို့ ဦးတည်သော သီးသန့်လမ်းကလေးတွင် သဖန်းပိုးစာပင်များ စီရရီ စိုက်ပျိုးထားသည်။
စတုရန်းပေ ၂၉၀၀ ကျယ်ဝန်းသော စံအိမ်တွင် အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်း၊ မီးလင်းဖို ၂ ခု၊ တေးဂီတခန်းမ၊ သီးသန့်ခန်းတစ်ခုနှင့် ပြတင်းမှန်များကာရံထားသော ဆင်ဝင်နားနေ နေရာတို့ ရှိသည်။
(မြေအကျယ်အဝန်းမှာ ၅ ဒသမ ၇ ဧကရှိသည်။ ဓာတ်ပုံ - Google)
(ခြံဝန်းအတွင်း ရေကန်တစ်ခု၊ သစ်သီးပင်များ၊ တစ်နှစ်ပတ်လုံးပေါက်ရောက်သည့် ဟင်းခတ်အမွှေးအကြိုင်များနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများရှိသည်။ ဓာတ်ပုံ-Town & Country Real Estate)
(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၉၀၀ ရှိသည်။ ဓာတ်ပုံ -Town & Country Real Estate)
ခြံဝန်းအတွင်း ရေကန်တစ်ခု၊ သစ်သီးဝလံပင်များ၊ ၂ နှစ်ခံပင်များ၊ ဟင်းခတ်အမွှေးအကြိုင်နှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများအပြင် အဆောက်အအုံများစွာ ပါဝင်သည်။
အရောင်းဈေးကွက်တင်ပေးသူမှာ Town & Country Real Estate အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Lori Feilen ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Teddy Roosevelt’s grandson’s Long Island home sells for $3.57 million (nypost, wikipedia)
[Zawgyi]
(မန်ဟက်တန်စီမံကိန်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service