ဘီယွန်းစေး ဒူဘိုင်းမှ ဟိုတယ်ဖွင့်ပွဲတွင် တစ်နာရီကြာသီဆိုဖျော်ဖြေမှုအတွက် ဒေါ်လာ ၂၄ သန်းရရှိ၊ တစ်ညလျှင် ဒေါ်လာ ၁၄၂၀၀၀ ပေးရသော ဟိုတယ်ခန်းတွင် တည်းခိုခဲ့

ဘီယွန်းစေး ဒူဘိုင်းမှ ဟိုတယ်ဖွင့်ပွဲတွင် တစ်နာရီကြာသီဆိုဖျော်ဖြေမှုအတွက် ဒေါ်လာ ၂၄ သန်းရရှိ၊ တစ်ညလျှင် ဒေါ်လာ ၁၄၂၀၀၀ ပေးရသော ဟိုတယ်ခန်းတွင် တည်းခိုခဲ့ - Property News in Myanmar from iMyanmarHouse.com
3 Feb 2023 10:31 am တွင် တင်ခဲ့သည်
768 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒူဘိုင်းတွင် Atlantis The Royal အမည်ရှိ ဟိုတယ်ကြီး၏ ဖွင့်ပွဲကျင်းပခဲ့ရာ ကမ္ဘာကျော်အဆိုတော် ဘီယွန်းစေးကို ဖိတ်ခေါ်ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့သည်။

တစ်နာရီကြာ သီဆိုဖျော်ဖြေမှုအတွက် ဘီယွန်းစေးကို ကန်ဒေါ်လာ ၂၄ သန်း ပေးခဲ့ရသည်ဟု ဆိုသည်။

(Atlantis The Royal အမည်ရှိ အလွန်အဆင့်မြင့်သော ဇိမ်ခံဟိုတယ်သစ်ကြီးတွင် စားသောက်ဆိုင်နှင့် အရက်ဘား ၁၇ ခု ၊ ၂၂ ထပ်မြောက်တွင် လဟာပြင် ဖျော်ဖြေရေးနေရာတို့အပြင် တည်းခိုသော ဧည့်သည်တော်များအတွက် ၂ ကီလိုမီတာ ရှည်လျားသော သီးသန့် ပင်လယ်ကမ်းခြေတို့ ပါဝင်သည်။)

ဘီယွန်းစေးသည် အာရပ်စော်ဘွားများပြည်ထောင်စုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တော်ဝင်မင်းသမီးတစ်ပါးသဖွယ် နေထိုင်ခဲ့ရရာ ‘ဘုရင်မဘေး’ (Queen Bey) ဟူသော နာမည်တစ်ခု ရလာခဲ့သည်။

ဒူဘိုင်းမှ Atlantis The Royal ဟိုတယ်က ဖွင့်ပွဲအခမ်းအနားတွင် တစ်နာရီကြာဖျော်ဖြေပေးရေးအတွက် ဂရမ်မီ ဆုရှင် ပေါ့ပ်ကြယ်ပွင့် ဘီယွန်းစေးအား ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖျော်ဖြေမှုအတွက် ဘီယွန်းစေးကို ဒေါ်လာ ၂၄ သန်းပေးခဲ့ရမှုမှာ ကမ္ဘာကျော်အဆိုတော် ဖြစ်သောကြောင့် ဈေးကြီးသည်မှာ အံ့အားသင့်ဖွယ်မရှိချေ။

သို့သော် မှတ်တမ်းများအရ ကမ္ဘာကျော်အဆိုတော်များကို သီးသန့် ဖျော်ဖြေပေးရန် ငှားရမ်းခဲ့မှုများအနက် ဘီယွန်းစေး၏ ယခုပေါက်ဈေးမှာ အမြင့်မားဆုံးအဖြစ် စံချိန်တင်နေသည်။

ဘီယွန်းစေးသည် အလွန်အဆင့်မြင့်သော ထိပ်တန်းဇိမ်ခံ အပန်းဖြေစခန်းကြီး၏ အကောင်းဆုံးအခန်းတွင် တည်းခိုနေထိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအခန်းကို Royal Mansion ဟုခေါ်ပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံး Penthouse ခန်းအဖြစ် လူသိများသည်။

(ဘီယွန်းစေးတည်းခိုခဲ့သော Penthouse ခန်း၏ ဧည့်ခန်းများအနက်မှ တစ်ခန်း။ )

စတုရန်း ၁၁၂၈ မီတာကျယ်ဝန်းပြီး အိပ်ခန်း ၄ ခန်းပါသော Penthouse ခန်းသည် အထပ် ၂ ထပ်တွင် ဖြန့်ကျက်တည်ရှိကာ ကျယ်ဝန်းသော ရေကူးကန် ၊ စကျင်ကျောက်ပြားခင်း ရေချိုးခန်းများ ၊ သီးသန့် butler တစ်ဦး ၊ ပိုးထည် အိပ်ယာခင်း ခေါင်းအုံးစွပ်များ အသုံးပြုထားကာ တည်းခိုခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၁ သိန်း ဖြစ်သည်။

(ဘီယွန်းစေး တည်းခိုခဲ့သော အခန်းမှ ရေချိုးခန်း)

ထို့အပြင် သီးသန့်ဓာတ်လှေကားတစ်စင်းနှင့် အဝင်ခန်းမတစ်ခု ၊ လမ်းလျှောက်ဝင်နိုင်သော အဝတ်အစားထားသိုခန်းများ ၊ စာကြည့်တိုက်တစ်ခု ၊ ဟင်းလင်းပြင် မီးဖိုဆောင် ၊ အခမဲ့ပေးသော မနက်စာနှင့် လူ၁၂ ဦး ဧည့်ခံနိုင်သော ညစာစားရန်နေရာတို့လည်း ရရှိမည် ဖြစ်သည်။

(ဘီယွန်းစေး တည်းခိုခဲ့သော Royal Mansion Penthouse Suite မှသီးသန့် အဝင်ခန်းမ)

Atlantis The Royal ဟိုတယ်သည် ပြီးခဲ့သော သီတင်းပတ်ကုန်ပိုင်းက ကင်ဒဲ ဂျင်းနာ ၊ ရီဘဲလ် ဝီလ်ဆင် ၊ အေမာ ခန်းနှင့် ဘီယွန်းစေးတို့ကဲသို့ အကျော်အမော်များ ဖိတ်ကြားကာ အထူးပါတီပွဲဖြင့် ဖွင့်လှစ်ခဲ့သည်။

(ဘီယွန်းစေး တည်းခိုခဲ့သော အခန်းရှိ အိပ်ခန်းများအနက် တစ်ခန်း)

(ဘီယွန်းစေး တည်းခိုခဲ့သော Penthouse ခန်းမှ နားနေဆောင်နှင့် ရေကူးကန်)

Atlantis The Royal ဟိုတယ်တွင် အခန်းပေါင်း ၇၉၅ ခန်းပါဝင်ပြီး တည်းခိုခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၈၅၀ မှ စသည်။

အဆိုပါ ဟိုတယ်တွင် ဘီယွန်းစေး တည်းခိုခဲ့သော The Royal Mansion မှာ အကောင်းတကာ့အကောင်းဆုံး အခန်းဖြစ်သည်။

သို့သော် ဧည့်သည်တော်များအနေဖြင့် ကြီးမားသည့် ရေကူးကန်များပါသော ဇိမ်ခံအခန်း ၄၄ ခန်း ရွေးချယ်စရာရှိသေးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Beyoncé checks into Atlantis The Royal Dubai’s $142,000 penthouse suite (escape)

[Zawgyi]

ဘီယြန္းေစး ဒူဘိုင္းမွ ဟိုတယ္ဖြင့္ပြဲတြင္ တစ္နာရီၾကာသီဆိုေဖ်ာ္ေျဖမႈအတြက္ ေဒၚလာ ၂၄ သန္းရရွိ၊ တစ္ညလွ်င္ ေဒၚလာ ၁၄၂၀၀၀ ေပးရေသာ ဟိုတယ္ခန္းတြင္ တည္းခိုခဲ့

ဒူဘိုင္းတြင္ Atlantis The Royal အမည္ရွိ ဟိုတယ္ၾကီး၏ ဖြင့္ပြဲက်င္းပခဲ့ရာ ကမၻာေက်ာ္အဆိုေတာ္ ဘီယြန္းေစးကို ဖိတ္ေခၚေဖ်ာ္ေျဖတင္ဆက္မႈမ်ား ျပဳလုပ္ခဲ့သည္။

တစ္နာရီၾကာ သီဆိုေဖ်ာ္ေျဖမႈအတြက္ ဘီယြန္းေစးကို ကန္ေဒၚလာ ၂၄ သန္း ေပးခဲ့ရသည္ဟု ဆုိသည္။

(Atlantis The Royal အမည္ရွိ အလြန္အဆင့္ျမင့္ေသာ ဇိမ္ခံဟိုတယ္သစ္ၾကီးတြင္ စားေသာက္ဆိုင္ႏွင့္ အရက္ဘား ၁၇ ခု ၊ ၂၂ ထပ္ေျမာက္တြင္ လဟာျပင္ ေဖ်ာ္ေျဖေရးေနရာတို႔အျပင္ တည္းခိုေသာ ဧည့္သည္ေတာ္မ်ားအတြက္ ၂ ကီလိုမီတာ ရွည္လ်ားေသာ သီးသန္႔ ပင္လယ္ကမ္းေျခတို႔ ပါဝင္သည္။)

ဘီယြန္းေစးသည္ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုသို႔ သြားေရာက္ခဲ့သည့္ ခရီးစဥ္အတြင္း ေတာ္ဝင္မင္းသမီးတစ္ပါးသဖြယ္ ေနထိုင္ခဲ့ရရာ ‘ဘုရင္မေဘး’ (Queen Bey) ဟူေသာ နာမည္တစ္ခု ရလာခဲ့သည္။

ဒူဘိုင္းမွ Atlantis The Royal ဟိုတယ္က ဖြင့္ပြဲအခမ္းအနားတြင္ တစ္နာရီၾကာေဖ်ာ္ေျဖေပးေရးအတြက္ ဂရမ္မီ ဆုရွင္ ေပါ့ပ္ၾကယ္ပြင့္ ဘီယြန္းေစးအား ငွားရမ္းခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ေဖ်ာ္ေျဖမႈအတြက္ ဘီယြန္းေစးကို ေဒၚလာ ၂၄ သန္းေပးခဲ့ရမႈမွာ ကမၻာေက်ာ္အဆိုေတာ္ ျဖစ္ေသာေၾကာင့္ ေစ်းၾကီးသည္မွာ အံ့အားသင့္ဖြယ္မရွိေခ်။

သို႔ေသာ္ မွတ္တမ္းမ်ားအရ ကမၻာေက်ာ္အဆိုေတာ္မ်ားကို သီးသန္႔ ေဖ်ာ္ေျဖေပးရန္ ငွားရမ္းခ့ဲမႈမ်ားအနက္ ဘီယြန္းေစး၏ ယခုေပါက္ေစ်းမွာ အျမင့္မားဆံုးအျဖစ္ စံခ်ိန္တင္ေနသည္။

ဘီယြန္းေစးသည္ အလြန္အဆင့္ျမင့္ေသာ ထိပ္တန္းဇိမ္ခံ အပန္းေျဖစခန္းၾကီး၏ အေကာင္းဆံုးအခန္းတြင္ တည္းခုိေနထိုင္ခဲ့ျခင္း ျဖစ္သည္။

ထိုအခန္းကို Royal Mansion ဟုေခၚျပီး ကမၻာေပၚတြင္ အၾကီးမားဆံုး Penthouse ခန္းအျဖစ္ လူသိမ်ားသည္။

(ဘီယြန္းေစးတည္းခုိခဲ့ေသာ Penthouse ခန္း၏ ဧည့္ခန္းမ်ားအနက္မွ တစ္ခန္း။ )

စတုရန္း ၁၁၂၈ မီတာက်ယ္ဝန္းျပီး အိပ္ခန္း ၄ ခန္းပါေသာ Penthouse ခန္းသည္ အထပ္ ၂ ထပ္တြင္ ျဖန႔္က်က္တည္ရွိကာ က်ယ္ဝန္းေသာ ေရကူးကန္ ၊ စက်င္ေက်ာက္ျပားခင္း ေရခ်ဳိးခန္းမ်ား ၊ သီးသန္႔ butler တစ္ဦး ၊ ပိုးထည္ အိပ္ယာခင္း ေခါင္းအံုးစြပ္မ်ား အသံုးျပဳထားကာ တည္းခိုခမွာ တစ္ညလွ်င္ ကန္ေဒၚလာ ၁ သိန္း ျဖစ္သည္။

(ဘီယြန္းေစး တည္းခိုခဲ့ေသာ အခန္းမွ ေရခ်ဳိးခန္း)

ထို႔အျပင္ သီးသန္႔ဓာတ္ေလွကားတစ္စင္းႏွင့္ အဝင္ခန္းမတစ္ခု ၊ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ အဝတ္အစားထားသိုခန္းမ်ား ၊ စာၾကည့္တုိက္တစ္ခု ၊ ဟင္းလင္းျပင္ မီးဖိုေဆာင္ ၊ အခမဲ့ေပးေသာ မနက္စာႏွင့္ လူ၁၂ ဦး ဧည့္ခံႏိုင္ေသာ ညစာစားရန္ေနရာတို႔လည္း ရရွိမည္ ျဖစ္သည္။

(ဘီယြန္းေစး တည္းခိုခဲ့ေသာ Royal Mansion Penthouse Suite မွသီးသန္႔ အဝင္ခန္းမ)

Atlantis The Royal ဟုိတယ္သည္ ျပီးခဲ့ေသာ သီတင္းပတ္ကုန္ပိုင္းက ကင္ဒဲ ဂ်င္းနာ ၊ ရီဘဲလ္ ဝီလ္ဆင္ ၊ ေအမာ ခန္းႏွင့္ ဘီယြန္းေစးတို႔ကဲသို႔ အေက်ာ္အေမာ္မ်ား ဖိတ္ၾကားကာ အထူးပါတီပြဲျဖင့္ ဖြင့္လွစ္ခဲ့သည္။

(ဘီယြန္းေစး တည္းခိုခဲ့ေသာ အခန္းရွိ အိပ္ခန္းမ်ားအနက္ တစ္ခန္း)

(ဘီယြန္းေစး တည္းခိုခဲ့ေသာ Penthouse ခန္းမွ နားေနေဆာင္ႏွင့္ ေရကူးကန္)

Atlantis The Royal ဟုိတယ္တြင္ အခန္းေပါင္း ၇၉၅ ခန္းပါဝင္ျပီး တည္းခိုခမွာ တစ္ညလွ်င္ ကန္ေဒၚလာ ၈၅၀ မွ စသည္။

အဆိုပါ ဟိုတယ္္တြင္ ဘီယြန္းေစး တည္းခိုခဲ့ေသာ The Royal Mansion မွာ အေကာင္းတကာ့အေကာင္းဆံုး အခန္းျဖစ္သည္။

သို႔ေသာ္ ဧည့္သည္ေတာ္မ်ားအေနျဖင့္ ၾကီးမားသည့္ ေရကူးကန္မ်ားပါေသာ ဇိမ္ခံအခန္း ၄၄ ခန္း ေရြးခ်ယ္စရာရွိေသးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Beyoncé checks into Atlantis The Royal Dubai’s $142,000 penthouse suite (escape)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service