ဆံပင်တစ်ခါညှပ်လျှင် ဒေါ်လာ ၂၀၀၀၀ ပေးကာ ရွှေချ ဂျက်လေယာဉ်ကြီး၊ မော်တော်ကားပေါင်း အစင်း ၇၀၀၀၊ ဒေါ်လာ သန်း ၇၀ တန်ပန်းချီကားများပိုင်ကာ ကမ္ဘာ့အကြီးဆုံးနန်းတော်ကြီးတွင် နေထိုင်သူ

ဆံပင်တစ်ခါညှပ်လျှင် ဒေါ်လာ ၂၀၀၀၀ ပေးကာ ရွှေချ ဂျက်လေယာဉ်ကြီး၊ မော်တော်ကားပေါင်း အစင်း ၇၀၀၀၊ ဒေါ်လာ သန်း ၇၀ တန်ပန်းချီကားများပိုင်ကာ ကမ္ဘာ့အကြီးဆုံးနန်းတော်ကြီးတွင် နေထိုင်သူ - Property News in Myanmar from iMyanmarHouse.com
16 Jan 2023 11:01 am တွင် တင်ခဲ့သည်
806 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

●ဘရူနိုင်းဘုရင်သည် ခန့်မှန်းချေ ကန်ဒေါ်လာ ၂၈ ဘီလီယံခန့် ချမ်းသာကြွယ်ဝပြီး ကမ္ဘာပေါ်တွင် ဇိမ်အကျဆုံးဘဝဖြင့် နေထိုင်လျက်ရှိသူဖြစ်ကာ မော်တော်ကားအစင်းရေ ၇၀၀၀ ပိုင်ဆိုင်ထား

●ရွှေချထားသော ရိုးရွိုက်စ်ကားအပြင် Ferrari မော်တော်ကား ၄၅၀ စင်း၊ Bentley မော်တော်ကားပေါင်း ၃၈၀ စင်းပိုင်ဆိုင်ထားကာ လန်ဒန်မြို့ရှိ Dorchester ဟိုတယ်မှ ဆံသဆရာထံတွင် ဆံပင်ညှပ်လေ့ရှိပြီး ကမ္ဘာ့အကြီးမားဆုံး နန်းတော်ကြီးတွင် စံမြန်းသည်။

ဘရူနိုင်းဘုရင်သည် တချိန်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာတွင် ရပ်တည်ခဲ့ဖူးပြီး လက်ရှိအားဖြင့် သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၈ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းရသည်။ ဘရူနိုင်းဘုရင် ဟာဆနာ ဘိုကီယာ (Hassanal Bolkiah) သည် ဘရူနိုင်းဝန်ကြီးချုပ်လည်း ဖြစ်သည်။

 

 

 

(ဘရူနိုင်းဘုရင် ဟာဆနာ ဘိုကီယာသည် ဗြိတိန် အိမ်ရှေ့စံ ဝီလျံနှင့် ဟယ်ရီတို့တက်ခဲ့သော စစ်တက္ကသိုလ် ကျောင်းဆင်းတစ်ဦး ဖြစ်သည်။ ဓာတ်ပုံ- ရိုက်တာသတင်းဌာန)

ဘရူနိုင်းဘုရင်သည် ဆင်းဟတ်တော်ဝင်စစ်တက္ကသိုလ်မှ ကျောင်းဆင်းဘွဲ့ရတစ်ဦးဖြစ်သည်။ ဗြိတိန်တော်ဝင် မင်းသား ဝီလျံနှင့် ဟယ်ရီတို့သည်လည်း ဆင်းဟတ်တွင် တက်ခဲ့ကြသည်။ ဘရူနိုင်းဘုရင်သည် ငွေကြေးအလွန်သုံးစွဲမှုဖြင့် နာမည်ကြီးသူလည်း ဖြစ်သည်။

ဟာဆနာဘိုကီယာသည် ရွှေကို အလွန်နှစ်သက်ပြီး သူ၏ လက်ဆေးကန်များကိုပင်လျှင် ရွှေဖြင့် ပြုလုပ်ထားသည်။

သူ၏ ဆံပင်ပုံကျစေရန် ဗြိတိန်ရှိ ဆံသဆရာထံအထိသွားကာ ဆံသခြင်းမှသည် ဘရူနိုင်းဘုရင်သည် အခြေခံလိုအပ်ချက်ကလေးများအတွက်ပင်လျှင် ငွေကြေးအလျှံအပယ်သုံးစွဲရန် လက်မတွန့်ချေ။

 

 

((ရွှေချ ရိုးရွိုက်စ်ကား))

 

 

(ကမ္ဘာ့ထိပ်ဆုံး ရိုးရွိုက်ကားပေလား? ။ ဓာတ်ပုံ- @buyer_sclub/Instagram) GQ India ၏ ဖော်ပြချက်အရ ဘရူနိုင်းဘုရင်သည် ကမ္ဘာပေါ်တွင် ရှားပါးမော်တော်ကားများ အများဆုံး စုဆောင်းထားရှိသူဖြစ်သည်ဟု ဆိုသည်။

ကြောက်ခမန်းလိလိများပြားသော မော်တော်ကားများအနက် ရွှေချထားသော ရိုးရွိုက်စ်ကားတစ်စီးလည်း ပါဝင်ပြီး ထိုမော်တော်ကား၏ ဓာတ်ပုံများမှာ လူမှုကွန်ရက်တွင် အလွန်ဟိုးလေးတကြော်ဖြစ်ကာ ပျံ့နှံ့ခဲ့ဖူးသည်။

စိတ်ကြိုက်မွမ်းမံထားသော ရိုးရွိုက်စ်ကားတွင် အမိုးဖွင့်နေရာတစ်ခုပါပြီး ထီးမိုးထားရန် နေရာလည်း ပါသည်။

GQ India ၏ ဖော်ပြချက်အရ အဆိုပါမော်တော်ကားတွင် ကားရှေ့လေဝင်လေထွက်ပေါက် (grill) မှသည် ကားတာယာအလွိုင်းများအထိ ရွှေချထားသည်ဟု ဆိုသည်။

 

 

((ဘရူနိုင်းဘုရင်ပိုင်ဆိုင်သော မော်တော်ကားများ၏ စုစုပေါင်းတန်ဖိုးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းထက်ပင် တန်ဖိုးများပြား))

(Ferrari ပြိုင်ကားပေါင်း အစင်း ၄၅၀ ရှိသည်။ ဓာတ်ပုံ-@factspidia/Twitter) Hotcars ၏ ဖော်ပြချက်အရ ဘရူနိုင်းဘုရင်တွင် ရိုးရွိုက်စ်ကား အစင်း ၆၀၀၊ Ferrari အစင်း ၄၅၀ နှင့် Bentley အစင်း ၃၈၀ ပိုင်ဆိုင်ထားကြောင်း ဖော်ပြသည်။

Dailystar သတင်းဌာန၏ဖော်ပြချက်အရ ဘရူနိုင်းဘုရင်သည် မော်တော်ကားအစင်းရေ စုစုပေါင်း ၇၀၀၀ ကျော်ပိုင်ဆိုင်ထားပြီး မော်တော်ကားများ၏ စုစုပေါင်းတန်ဖိုးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းထက်ပင် တန်ဖိုးများပြားသည်ဟု ဆိုသည်။ ဘရူနိုင်းဘုရင် ပိုင်ဆိုင်ထားသော ကားများတွင် ရှားပါးမော်တော်ကားများလည်း ပါဝင်သည်။

ရှားပါးမော်တော်ကားများတွင် Lamborghini Urraco တစ်စင်း ၊ Ferrari 456 GT Venice တစ်စင်း (ကမ္ဘာပေါ်တွင် စုစုပေါင်း ၇ စီးသာရှိသည်။) နှင့် Porsche 959 တစ်စင်းတို့ ပါဝင်သည်။

၁၉၉၀ ပြည့်လွန်ကာလများတလျှောက် ကမ္ဘာပေါ်တွင် ထုတ်လုပ်ခဲ့သော ရိုးရွိုက်စ် မော်တော်ကားများ အားလုံး၏ ထက်ဝက်ခန့်ကို ဘရူနိုင်းဘုရင်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ရသည်။

 

 

((ကိုယ်ပိုင် ဂျက်လေယာဉ်များ))

 

 

(ဘရူနိုင်းဘုရင် ဟာစနာ ဘိုကီရာ၏ ဂျက်လေယာဉ် ။ ဓာတ်ပုံ- @VietNewsGateway/Twitter)

 

ဘရူနိုင်းဘုရင်တွင် Boeing 747-400 ၊ Boeing 767-200 နှင့် Airbus A340-200 ဂျက်လေယာဉ်များ ပိုင်ဆိုင်ထားသည်။

Boeing 747-400 လေယာဉ်မှာ ရွှေချထားသော လေယာဉ်ဖြစ်ပြီး ပျံသန်းနေသော နန်းတော်ဟု အမည်ပြောင် ပေးထားသည်။

အင်စတာဂရမ်တွင် တွေ့ရသော ဓာတ်ပုံများအရ အတွင်းပိုင်းနေရာများစွာ ရွှေချထားသည်ကို တွေ့ရသည်။

 

(ဘရူနိုင်းဘုရင်၏ Boeing 747-400 လေယာဉ်ကြီးတွင် သလင်းဖန်မီးဆိုင်းများ ချိတ်ဆွဲမွမ်းမံထားသည်။ ဓာတ်ပုံ- @sultanbrunei46/Instagram)

ထိုလေယာဉ်၏ တန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၄၀၀ ရှိကြောင်း ဗြိတိန် သတင်းမီဒီယာတို့က ဖော်ပြသည်။

ဘရူနိုင်းဘုရင်သည် သမီးတော်အား မွေးနေ့လက်ဆောင်အဖြစ် Airbus A340 လေယာဉ်ကြီးတစ်စင်း လက်ဆောင် ပေးခဲ့ဖူးသည်။

 

 

((အခန်းပေါင်း ၁၇၀၀ ပါဝင်သည့် ဂင်းနက်စ် စံချိန်တင်သော နန်းတော်))

 

 

 

(ဘရူနိုင်းဘုရင် ဟာစနာ ဘိုကီရာက ရွှေကို အလွန်နှစ်သက်သူ ဖြစ်သည်။ ဓာတ်ပုံ- EPA-EFE)

 

ဘရူနိုင်းဘုရင်၏ နန်းတော်ကို Istana Nurul Iman Palace ဟု အမည်ပေးထားပြီး အခန်းပေါင်း ၁၇၀၀ ကျော် ၊ ရေချိုးခန်း ၂၅၇ ခန်း နှင့်ရေကူးကန် ၅ ခုပါဝင်ကြောင်း GQ India က ဖော်ပြသည်။

နန်းတော်အတွင်း ကြောက်ခမန်းလိလိများပြားလှသော မော်တော်ကားများ ထားရှိရန် ဂိုဒေါင်အလုံးရေ ၁၁၀ ရှိသည်ဟု ဆိုသည်။

ဘရူနိုင်းဘုရင်သည် မြင်းချစ်တက်သူလည်း ဖြစ်ပြီး မြင်းများကို လေအေးပေးစက် တပ်ဆင်ထားသော အထူးမြင်းဇောင်းများဖြင့် ထားရှိသည်။

 

 

(ဂင်းနက်စ် ကမ္ဘာ့ စံချိန်မှတ်တမ်းအရ ဘရူနိုင်းဘုရင်၏ နန်းတော်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး နန်းတော်ဖြစ်သည်။ ဓာတ်ပုံ- @rimoliconstrutora/Instagram)

နန်းတော်၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၂၀၀,၀၀၀ ကျော်ရှိသည်။

နန်းတော်ကို ၁၉၈၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ထိုခေတ်ငွေတန်ဖိုးအရပင်လျှင် ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ကုန်ကျခဲ့သည်ဟု ဆိုသည်။

 

 

((ဈေးကြီးလှသော ဆံသခ))

(မိမိအနှစ်သက်ဆုံး ဆံပင်ညှပ်ဆရာမှာ အခြားနိုင်ငံမှ ဖြစ်ပါသလား။ ဘရူနိုင်းဘုရင်အတွက် ပြဿနာမရှိပါ။ ဓာတ်ပုံ - AP သတင်းဌာန)

တိုင်းမ် မဂ္ဂဇင်း၏ ဖော်ပြချက်အရ ဘရူနိုင်းဘုရင်သည် ဆံပင်တစ်ခါညှပ်လျှင် ကန်ဒေါ်လာ ၂ သောင်း (မြန်မာငွေ သိန်း ၄၀၀ ကျော်) ပေးသည်ဟု ဆိုသည်။

တိုင်းမ်၏ ဖော်ပြချက်အရ ဘရူနိုင်းဘုရင်သည် လန်ဒန်မြို့ ၊ ဒေါ်ချက်စတာ ဟိုတယ်မှ ဆံသဆရာထံအထိ သွားရောက်ကာ ပုံမှန်ဆံပင်ညှပ်လေ့ရှိပြီး ဒေါ်လာ ၂၀၀၀၀ ကိုငွေသားဖြင့် ပေးချေခြင်း ဖြစ်သည်။

 

 

((ဘရူနိုင်းဘုရင်က ပန်းချီ မြတ်နိုးသူလည်းဖြစ်))

(ဘရူနိုင်းဘုရင်သည် ပြင်သစ် အင်ပရက်စ်ရှင်းနစ် ပန်းချီကျော် ရေနွား - Pierre-Auguste Renoir ၏ Young Girls at the Piano အမည်ရှိ ၁၈၉၂ ခုနှစ်က ရေးဆွဲခဲ့သော ဂန္ထဝင် ပန်းချီကားကြီးကို ဝယ်ယူထားသည်။ ဓာတ်ပုံ - @Hassanal Bolkiah, Sultan of Brunei/Facebook; @ArtistsOfBeauty/Twitter)

ဘရူနိုင်းဘုရင်သည် ပြင်သစ် ပန်းချီကျော် ရေနွား၏ Young Girls at the Piano အမည်ရှိ ပန်းချီကားတစ်ချပ်ထဲ အတွက် ကန်ဒေါ်လာ သန်း ၇၀ သုံးစွဲကာ ဝယ်ယူထားသည်။

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: How the Sultan of Brunei Hassanal Bolkiah spends his billions: gold Rolls-Royces, a gilded Boeing 747, US$70 million works of art by Renoir and the biggest residential palace in the world(scmp, dailystar,gqindia)

 

 

 

 

[Zawgyi]

 

ဆံပင္တစ္ခါညွပ္လွ်င္ ေဒၚလာ ၂၀၀၀၀ ေပးကာ ေရႊခ် ဂ်က္ေလယာဥ္ၾကီး၊ ေမာ္ေတာ္ကားေပါင္း အစင္း ၇၀၀၀၊ ေဒၚလာ သန္း ၇၀ တန္ပန္းခ်ီကားမ်ားပိုင္ကာ ကမၻာ့အၾကီးဆံုးနန္းေတာ္ၾကီးတြင္ ေနထုိင္သူ

 

●ဘရူႏိုင္းဘုရင္သည္ ခန္႔မွန္းေခ် ကန္ေဒၚလာ ၂၈ ဘီလီယံခန္႔ ခ်မ္းသာၾကြယ္ဝျပီး ကမၻာေပၚတြင္ ဇိမ္အက်ဆံုးဘဝျဖင့္ ေနထုိင္လ်က္ရွိသူျဖစ္ကာ ေမာ္ေတာ္ကားအစင္းေရ ၇၀၀၀ ပိုင္ဆိုင္ထား

●ေရႊခ်ထားေသာ ရိုးရြိဳက္စ္ကားအျပင္ Ferrari ေမာ္ေတာ္ကား ၄၅၀ စင္း၊ Bentley ေမာ္ေတာ္ကားေပါင္း ၃၈၀ စင္းပိုင္ဆိုင္ထားကာ လန္ဒန္ျမိဳ႕ရွိ Dorchester ဟိုတယ္မွ ဆံသဆရာထံတြင္ ဆံပင္ညွပ္ေလ့ရွိျပီး ကမၻာ့အၾကီးမားဆံုး နန္းေတာ္ၾကီးတြင္ စံျမန္းသည္။ ဘရူႏိုင္းဘုရင္သည္ တခ်ိန္က ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ေနရာတြင္ ရပ္တည္ခဲ့ဖူးျပီး လက္ရွိအားျဖင့္ သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၂၈ ဘီလီယံခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။ ဘရူႏိုင္းဘုရင္ ဟာဆနာ ဘိုကီယာ (Hassanal Bolkiah) သည္ ဘရူႏုိင္းဝန္ၾကီးခ်ဳပ္လည္း ျဖစ္သည္။

(ဘရူႏိုင္းဘုရင္ ဟာဆနာ ဘိုကီယာသည္ ျဗိတိန္ အိမ္ေရွ႕စံ ဝီလ်ံႏွင့္ ဟယ္ရီတို႔တက္ခဲ့ေသာ စစ္တကၠသိုလ္ ေက်ာင္းဆင္းတစ္ဦး ျဖစ္သည္။ ဓာတ္ပံု- ရိုက္တာသတင္းဌာန) ဘရူႏိုင္းဘုရင္သည္ ဆင္းဟတ္ေတာ္ဝင္စစ္တကၠသိုလ္မွ ေက်ာင္းဆင္းဘြဲ႔ရတစ္ဦးျဖစ္သည္။ ျဗိတိန္ေတာ္ဝင္ မင္းသား ဝီလ်ံႏွင့္ ဟယ္ရီတို႔သည္လည္း ဆင္းဟတ္တြင္ တက္ခဲ့ၾကသည္။ ဘရူႏိုင္းဘုရင္သည္ ေငြေၾကးအလြန္သံုးစြဲမႈျဖင့္ နာမည္ၾကီးသူလည္း ျဖစ္သည္။ ဟာဆနာဘိုကီယာသည္ ေရႊကို အလြန္ႏွစ္သက္ျပီး သူ၏ လက္ေဆးကန္မ်ားကိုပင္လွ်င္ ေရႊျဖင့္ ျပဳလုပ္ထားသည္။

သူ၏ ဆံပင္ပံုက်ေစရန္ ျဗိတိန္ရွိ ဆံသဆရာထံအထိသြားကာ ဆံသျခင္းမွသည္ ဘရူႏိုင္းဘုရင္သည္ အေျခခံလိုအပ္ခ်က္ကေလးမ်ားအတြက္ပင္လွ်င္ ေငြေၾကးအလွ်ံအပယ္သံုးစြဲရန္ လက္မတြန္႔ေခ်။

((ေရႊခ် ရိုးရြိဳက္စ္ကား))

(ကမၻာ့ထိပ္ဆံုး ရိုးရြိဳက္ကားေပလား? ။ ဓာတ္ပံု- @buyer_sclub/Instagram) GQ India ၏ ေဖာ္ျပခ်က္အရ ဘရူႏိုင္းဘုရင္သည္ ကမၻာေပၚတြင္ ရွားပါးေမာ္ေတာ္ကားမ်ား အမ်ားဆံုး စုေဆာင္းထားရွိသူျဖစ္သည္ဟု ဆိုသည္။

ေၾကာက္ခမန္းလိလိမ်ားျပားေသာ ေမာ္ေတာ္ကားမ်ားအနက္ ေရႊခ်ထားေသာ ရိုးရြိဳက္စ္ကားတစ္စီးလည္း ပါဝင္ျပီး ထိုေမာ္ေတာ္ကား၏ ဓာတ္ပံုမ်ားမွာ လူမႈကြန္ရက္တြင္ အလြန္ဟိုးေလးတေၾကာ္ျဖစ္ကာ ပ်ံ႕ႏွံ႔ခဲ့ဖူးသည္။

စိတ္ၾကိဳက္မြမ္းမံထားေသာ ရိုးရြိဳက္စ္ကားတြင္ အမိုးဖြင့္ေနရာတစ္ခုပါျပီး ထီးမိုးထားရန္ ေနရာလည္း ပါသည္။

GQ India ၏ ေဖာ္ျပခ်က္အရ အဆိုပါေမာ္ေတာ္ကားတြင္ ကားေရွ႕ေလဝင္ေလထြက္ေပါက္ (grill) မွသည္ ကားတာယာအလြိဳင္းမ်ားအထိ ေရႊခ်ထားသည္ဟု ဆိုသည္။

((ဘရူႏိုင္းဘုရင္ပိုင္ဆိုင္ေသာ ေမာ္ေတာ္ကားမ်ား၏ စုစုေပါင္းတန္ဖိုးမွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းထက္ပင္ တန္ဖိုးမ်ားျပား))

(Ferrari ျပိဳင္ကားေပါင္း အစင္း ၄၅၀ ရွိသည္။ ဓာတ္ပံု-@factspidia/Twitter) Hotcars ၏ ေဖာ္ျပခ်က္အရ ဘရူႏိုင္းဘုရင္တြင္ ရိုးရြိဳက္စ္ကား အစင္း ၆၀၀၊ Ferrari အစင္း ၄၅၀ ႏွင့္ Bentley အစင္း ၃၈၀ ပိုင္ဆိုင္ထားေၾကာင္း ေဖာ္ျပသည္။

Dailystar သတင္းဌာန၏ေဖာ္ျပခ်က္အရ ဘရူႏိုင္းဘုရင္သည္ ေမာ္ေတာ္ကားအစင္းေရ စုစုေပါင္း ၇၀၀၀ ေက်ာ္ပိုင္ဆိုင္ထားျပီး ေမာ္ေတာ္ကားမ်ား၏ စုစုေပါင္းတန္ဖိုးမွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းထက္ပင္ တန္ဖိုးမ်ားျပားသည္ဟုု ဆိုသည္။ ဘရူႏိုင္းဘုရင္ ပိုင္ဆိုင္ထားေသာ ကားမ်ားတြင္ ရွားပါးေမာ္ေတာ္ကားမ်ားလည္း ပါဝင္သည္။

ရွားပါးေမာ္ေတာ္ကားမ်ားတြင္ Lamborghini Urraco တစ္စင္း ၊ Ferrari 456 GT Venice တစ္စင္း (ကမၻာေပၚတြင္ စုစုေပါင္း ၇ စီးသာရွိသည္။) ႏွင့္ Porsche 959 တစ္စင္းတို႔ ပါဝင္သည္။

၁၉၉၀ ျပည့္လြန္ကာလမ်ားတေလွ်ာက္ ကမၻာေပၚတြင္ ထုတ္လုပ္ခဲ့ေသာ ရိုးရြိဳက္စ္ ေမာ္ေတာ္ကားမ်ား အားလံုး၏ ထက္ဝက္ခန္႔ကို ဘရူႏိုင္းဘုရင္က ဝယ္ယူခဲ့ျခင္း ျဖစ္သည္ဟု ယံုၾကည္ရသည္။

((ကိုယ္ပိုင္ ဂ်က္ေလယာဥ္မ်ား))

(ဘရူႏိုင္းဘုရင္ ဟာစနာ ဘုိကီရာ၏ ဂ်က္ေလယာဥ္ ။ ဓာတ္ပံု- @VietNewsGateway/Twitter)

ဘရူႏိုင္းဘုရင္တြင္ Boeing 747-400 ၊ Boeing 767-200 ႏွင့္ Airbus A340-200 ဂ်က္ေလယာဥ္မ်ား ပိုင္ဆိုင္ထားသည္။

Boeing 747-400 ေလယာဥ္မွာ ေရႊခ်ထားေသာ ေလယာဥ္ျဖစ္ျပီး ပ်ံသန္းေနေသာ နန္းေတာ္ဟု အမည္ေျပာင္ ေပးထားသည္။

အင္စတာဂရမ္တြင္ ေတြ႔ရေသာ ဓာတ္ပံုမ်ားအရ အတြင္းပုိင္းေနရာမ်ားစြာ ေရႊခ်ထားသည္ကုိ ေတြ႔ရသည္။

(ဘရူႏိုင္းဘုရင္၏ Boeing 747-400 ေလယာဥ္ၾကီးတြင္ သလင္းဖန္မီးဆိုင္းမ်ား ခ်ိတ္ဆြဲမြမ္းမံထားသည္။ ဓာတ္ပံု- @sultanbrunei46/Instagram)

ထိုေလယာဥ္၏ တန္ဖိုးမွာ ကန္ေဒၚလာ သန္း ၄၀၀ ရွိေၾကာင္း ျဗိတိန္ သတင္းမီဒီယာတို႔က ေဖာ္ျပသည္။

ဘရူႏုိင္းဘုရင္သည္ သမီးေတာ္အား ေမြးေန႔လက္ေဆာင္အျဖစ္ Airbus A340 ေလယာဥ္ၾကီးတစ္စင္း လက္ေဆာင္ ေပးခဲ့ဖူးသည္။

((အခန္းေပါင္း ၁၇၀၀ ပါဝင္သည့္ ဂင္းနက္စ္ စံခ်ိန္တင္ေသာ နန္းေတာ္))

(ဘရူႏိုင္းဘုရင္ ဟာစနာ ဘိုကီရာက ေရႊကို အလြန္ႏွစ္သက္သူ ျဖစ္သည္။ ဓာတ္ပံု- EPA-EFE)

ဘရူႏိုင္းဘုရင္၏ နန္းေတာ္ကုိ Istana Nurul Iman Palace ဟု အမည္ေပးထားျပီး အခန္းေပါင္း ၁၇၀၀ ေက်ာ္ ၊ ေရခ်ိဳးခန္း ၂၅၇ ခန္း ႏွင့္ေရကူးကန္ ၅ ခုပါဝင္ေၾကာင္း GQ India က ေဖာ္ျပသည္။

နန္းေတာ္အတြင္း ေၾကာက္ခမန္းလိလိမ်ားျပားလွေသာ ေမာ္ေတာ္ကားမ်ား ထားရွိရန္ ဂိုေဒါင္အလံုးေရ ၁၁၀ ရွိသည္ဟု ဆိုသည္။

ဘရူႏိုင္းဘုရင္သည္ ျမင္းခ်စ္တက္သူလည္း ျဖစ္ျပီး ျမင္းမ်ားကို ေလေအးေပးစက္ တပ္ဆင္ထားေသာ အထူးျမင္းေဇာင္းမ်ားျဖင့္ ထားရွိသည္။

(ဂင္းနက္စ္ ကမၻာ့ စံခ်ိန္မွတ္တမ္းအရ ဘရူႏိုင္းဘုရင္၏ နန္းေတာ္သည္ ကမၻာေပၚတြင္ အၾကီးမားဆံုး နန္းေတာ္ျဖစ္သည္။ ဓာတ္ပံု- @rimoliconstrutora/Instagram) နန္းေတာ္၏ အက်ယ္အဝန္းမွာ စတုရန္းမီတာ ၂၀၀,၀၀၀ ေက်ာ္ရွိသည္။

နန္းေတာ္ကုိ ၁၉၈၄ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးခဲ့ျပီး ထိုေခတ္ေငြတန္ဖိုးအရပင္လွ်င္ ကန္ေဒၚလာ ၁ ဒသမ ၄ ဘီလီယံ ကုန္က်ခဲ့သည္ဟု ဆိုသည္။

((ေစ်းၾကီးလွေသာ ဆံသခ))

(မိမိအႏွစ္သက္ဆံုး ဆံပင္ညွပ္ဆရာမွာ အျခားႏိုင္ငံမွ ျဖစ္ပါသလား။ ဘရူႏိုင္းဘုရင္အတြက္ ျပႆနာမရွိပါ။ ဓာတ္ပံု - AP သတင္းဌာန)

တိုင္းမ္ မဂၢဇင္း၏ ေဖာ္ျပခ်က္အရ ဘရူႏိုင္းဘုရင္သည္ ဆံပင္တစ္ခါညွပ္လွ်င္ ကန္ေဒၚလာ ၂ ေသာင္း (ျမန္မာေငြ သိန္း ၄၀၀ ေက်ာ္) ေပးသည္ဟု ဆိုသည္။

တိုင္းမ္၏ ေဖာ္ျပခ်က္အရ ဘရူႏိုင္းဘုရင္သည္ လန္ဒန္ျမိဳ႕ ၊ ေဒၚခ်က္စတာ ဟိုတယ္မွ ဆံသဆရာထံအထိ သြားေရာက္ကာ ပံုမွန္ဆံပင္ညွပ္ေလ့ရွိျပီး ေဒၚလာ ၂၀၀၀၀ ကိုေငြသားျဖင့္ ေပးေခ်ျခင္း ျဖစ္သည္။

((ဘရူႏိုင္းဘုရင္က ပန္းခ်ီ ျမတ္ႏိုးသူလည္းျဖစ္))

(ဘရူႏိုင္းဘုရင္သည္ ျပင္သစ္ အင္ပရက္စ္ရွင္းနစ္ ပန္းခ်ီေက်ာ္ ေရႏြား - Pierre-Auguste Renoir ၏ Young Girls at the Piano အမည္ရွိ ၁၈၉၂ ခုႏွစ္က ေရးဆြဲခဲ့ေသာ ဂႏၳဝင္ ပန္းခ်ီကားၾကီးကို ဝယ္ယူထားသည္္။ ဓာတ္ပံု - @Hassanal Bolkiah, Sultan of Brunei/Facebook; @ArtistsOfBeauty/Twitter)

ဘရူႏိုင္းဘုရင္သည္ ျပင္သစ္ ပန္းခ်ီေက်ာ္ ေရႏြား၏ Young Girls at the Piano အမည္ရွိ ပန္းခ်ီကားတစ္ခ်ပ္ထဲ အတြက္ ကန္ေဒၚလာ သန္း ၇၀ သံုးစြဲကာ ဝယ္ယူထားသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႕) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ နွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၱေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္နိုင္ငံလံုးတြင္ရွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလးရွား အစရွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How the Sultan of Brunei Hassanal Bolkiah spends his billions: gold Rolls-Royces, a gilded Boeing 747, US$70 million works of art by Renoir and the biggest residential palace in the world

(scmp, dailystar,gqindia)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service