တော်ဝင်မင်းသားဟယ်ရီက ဗြိတိန်တွင် နေထိုင်ခဲ့ရသော နော်တင်ဟမ်အိမ်တော်မှာ နုံချာသေးငယ်လွန်း သောကြောင့် မီဂန်မာကယ်ကို မပြရဲအောင်ရှက်ခဲ့ဟု ဝန်ခံ၊ မီဂန်မာကယ်က ထိုအိမ်တော်ကို ဘုံအိမ်နှင့် ခိုင်းနှိုင်း

တော်ဝင်မင်းသားဟယ်ရီက ဗြိတိန်တွင် နေထိုင်ခဲ့ရသော နော်တင်ဟမ်အိမ်တော်မှာ နုံချာသေးငယ်လွန်း သောကြောင့် မီဂန်မာကယ်ကို မပြရဲအောင်ရှက်ခဲ့ဟု ဝန်ခံ၊ မီဂန်မာကယ်က ထိုအိမ်တော်ကို ဘုံအိမ်နှင့် ခိုင်းနှိုင်း - Property News in Myanmar from iMyanmarHouse.com
13 Jan 2023 11:31 am တွင် တင်ခဲ့သည်
1132 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီက ဗြိတိန်တွင် သူနေထိုင်ခဲ့ရသော နော်တင်ဟမ် တစ်ထပ်အိမ်တော် အဆောက်အအုံကို မီဂန်မာကယ်အား ပြသရန် အရှက်ရခဲ့ကြောင်း ဝန်ခံခဲ့ပြီး မီဂန်မာကယ်ကလည်း နော်တင်ဟမ်အိမ်တော်ကို တက္ကသိုလ်ကျောင်းသားများ စုပေါင်းနေထိုင်သည့် ဘုံကလပ်အသင်း အဆောက်အအုံမျိုးနှင့် ခိုင်းနှိုင်းပြောကြားခဲ့ကြောင်း ဝန်ခံသည်။

သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ဖြစ်သော Spare အမည်ရှိစာအုပ်သည် ဇန်နဝါရီ ၁၀ ရက်တွင် စတင်ဖြန့်ချိခဲ့သည်။

အဆိုပါစာအုပ်အတွင်း ဆပ်ဆက်စ်မြို့စား ၊ အသက် ၃၈ နှစ်အရွယ်ရှိ ဟယ်ရီက ဝန်ခံခဲ့သည်မှာ သူ ၆ နှစ်တာ နေထိုင်ခဲ့သည့် နော်တင်ဟမ်အိမ်တော်မှာ နန်းတော်မဟုတ်ကြောင်း ရေးသားထားခဲ့သည်။

ဟယ်ရီက ရေးသားသည်မှာ မီဂန်မာကယ်နှင့် ၂၀၁၆ ခုနှစ်တွင် စတင်ချစ်ကြိုက်ခဲ့ပြီး မကြာမီတွင် သူ၏ နေထိုင်ရာနေရာကို မီဂန်အား ပြသရန် ရည်ရွယ်ခဲ့ကြောင်း၊ သို့သော် အိပ်ခန်း ၂ ခန်းပါ သူ၏တစ်ထပ်အိမ်ငယ်လေးသည် မီဂန်မာကယ်မျှော်မှန်းထားသည်နှင့် မကိုက်ညီမည်ကို စိုးရိမ်ခဲ့ကြောင်း ရေးသားဖော်ပြသည်။

“မီဂန်ကို ကျွန်တော့်အိမ်ကို ဖိတ်ခေါ်ဖို့ ကျွန်တော်စိတ်လှုပ်ရှားခဲ့ပါတယ်။ ဒါပေမယ့် အရှက်လည်း ရမိပါတယ်။ နော်တင်ဟမ်အိမ်တော်လေးဟာ နန်းတော်မဟုတ်ပါဘူး။ အကောင်းဆုံးပြောနိုင်တာက နန်းတော်ဘေး ကပ်လျက်တည်ရှိတယ်လို့ပဲ ပြောနိုင်ပါတယ်” ဟု ကလေး ၂ ဦးဖခင်ဖြစ်နေပြီဖြစ်သူ ဟယ်ရီက သူ၏ စာအုပ်အတွင်း ရေးသားသည်။

 

(မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့နှစ်ဦး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။ ဝင်ဆာရဲတိုက်တွင် ကျင်းပမည့် သူတို့နှစ်ဦး၏ ထိမ်းမြားမင်္ဂလာမတိုင်မီ နော်တင်ဟမ်အိမ်တော်လေးတွင် နေထိုင်ခဲ့ကြချိန်လည်း ဖြစ်သည်။)

မီဂန်က ပန်းဥယျာဉ်ကို ဖြတ်ကာ သူ့အိမ်ဆီသို့လမ်းလျှောက်လာနေသည်ကို ဟယ်ရီက စောင့်ကြည့်နေချိန်တွင် သူ၏ စိုးရိမ်မှုများ ပြယ်လွင့်သွားကြောင်း၊ မီဂန်မျက်နှာတွင် မျှော်မှန်းထားသည်နှင့် မကိုက်ညီသော စိတ်ပျက်ခြင်းမျိုး မတွေ့ရသောကြောင့်ဖြစကြောင်း ဟယ်ရီက ဆိုသည်။

သို့သော် မျက်နှာကြက်များမှာ နိမ့်ပြီး အရုပ်အိမ်သဖွယ်ဖြစ်နေသော အိမ်ထဲသို့ မီဂန် အိမ်ထဲသို့ ရောက်လာချိန်တွင် အခြေအနေမှာ ပြောင်းသွားခဲ့သည်။ “အဲဒီနောက် သူက တက္ကသိုလ်က ဘုံနေထိုင်ကြတဲ့ ကလပ်အိမ်အကြောင်း ပြောခဲ့ပါတယ်”

အိမ်အတွင်းရှိ ပရိဘောဂများ မည်မျှဟောင်းနွမ်းစုတ်ပြတ်နေသည်ကို ယခင်က လုံးဝသတိမပြုမိခဲ့ကြောင်း၊ မီဂန်မာကယ်က အိမ်အတွင်းရှိ ပလတ်စတစ်စေ့များ ထည့်ထားသော ကုလားထိုင်ကြီးနှင့် အညိုရောင်ဆိုဖာတို့ ကို စိတ်ပျက်ခဲ့ကြောင်း ဟယ်ရီက ပြောသည်။

 

 

(အိပ်ခန်း ၂ ခန်းပါ နော်တင်ဟမ်တစ်ထပ်အိမ်တော်။ မီဂန်မာကယ်က သူမ၏ မကြာသေးမီက Netflix ရုပ်သံစီးရီးတွင် နော်တင်ဟမ်အိမ်မှာ သေးငယ်လွန်းကြောင်း ပြောခဲ့သည်)

 

(မီဂန်မာကယ်ကို နော်တင်ဟမ်အိမ်တော်၏ တံခါးဝတွင် တွေ့ရပုံ)

 

(ဟယ်ရီတို့စုံတွဲကို နော်တင်ဟမ်အိမ်တော်၏ ဥယျာဉ်အတွင်း တွေ့ရပုံ)

 

 

(နော်တင်ဟမ်အိမ်တော် ပန်းဥယျာဉ်အတွင်း မင်းသားဟယ်ရီ အသားညှပ်ပေါင်မုန့်စားနေပုံ)

 

 

(မျက်နှာကြက်နိမ့်လှသော နော်တင်ဟမ်အိမ်တော်အတွင်း မင်းသားဟယ်ရီကို တွေ့ရပုံ)

 

 

(မင်းသားဟယ်ရီကို နော်တင်ဟမ်အိမ်တော်အတွင်း သူတို့စုံတွဲ၏ ခွေးများအနက်မှ တစ်ကောင်နှင့်အတူ တွေ့ရပုံ)

 

 

[ဟယ်ရီနှင့် မီဂန်တို့၏ နော်တင်ဟမ်အိမ်တော် ဧည့်ခန်းအတွင်း….]

 

 

၁။ တတိုင်းမွှေးသား နံရံများ

၂။ ဆိုဖာခုံများ ထားရှိပုံ

၃။ မိသားစုဓာတ်ပုံများ

၄။ မီးအိမ်

၅။ ဘေးစားပွဲခုံ

၆။ သိုးမွှေးအခင်း

၇။ ဗြိတိန်အလံတံဆိပ် ပန်းကန်ပြားခံ

မီဂန်မာကယ် ရွှေ့ပြောင်းနေထိုင်ချိန်တွင် သူတို့စုံတွဲသည် Ikea မီးလုံးများနှင့် တစ်ပတ်ရစ် ဆက်တီများကို sofa.com မှတဆင့် မှာယူခဲ့ကြောင်း၊ ထိုအရာများကို မီဂန်၏ ခရက်ဒစ်ကတ်ဖြင့် ဝယ်ခဲ့ခြင်းဖြစ်ကြောင်း ဟယ်ရီက ဆိုသည်။

သူ၏ စာအုပ်အတွင်း ဆက်လက်ရေးသားထားသည်မှာ ဝေလမင်းသားနှင့် ကြင်ယာတော်တို့က မိမိတို့အား လဖက်ရည်သောက် ဖိတ်ကြားခဲ့ရာ နော်တင်ဟမ်အိမ်တော်မှာ ဝေလမင်းသား၏ ပြတိုက်ကြီးနှင့်တူသော စံအိမ်တော်နှင့် နှိုင်းယှဉ်ပါက အလွန်နိမ့်ကျလှသောကြောင့် မီဂန်မာကယ်ရှေ့တွင် အရှက်ရခဲ့ကြောင်း ဟယ်ရီက ရေးသားထားသည်။

 

(မီးဖိုဆောင်မှာ အဖြူရောင်၊ ကျောက်မီးသွေးရောင်နှင့် တော်ဝင်အပြာရောင်တို့ ရွေးချယ်ထားသည်)

 

 

((နော်တင်ဟမ်အိမ်တော် မီးဖိုဆောင်တွင်းမြင်ကွင်း))

၁။ ရိုးရာ Shaker ဟန် တံခါးများ

၂။ အနက်ရောင် နံရံ

၃။ Breville အမှတ်တံဆိပ် ပေါင်မုန့်မီးကင်စက်နှင့် ရေနွေးအိုး

 

 

(အမေရိကန်သမ္မတ အိုဘားမား ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်း နိုင်ငံတော်အလည်အပတ်ခရီးအဖြစ် လာရောက်ခဲ့စဉ်က ..)

 

(ဟယ်ရီနှင့် မီဂန်တို့သည် နောက်ပိုင်းတွင် ဘုရင်မကြီး ဝင်ဆာရဲတိုက်ဝန်းအတွင်းရှိ အိပ်ခန်း ၁၀ ခန်းပါ Frogmore အိမ်တော်သို့ ပြောင်းရွှေ့ခဲ့ကြသည်)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'It was no palace': Prince Harry admits he was 'EMBARRASSED' to show Meghan his Nottingham Cottage home and reveals the Suits actress likened it to a 'frat house' (dailymail)

 

 

 

 

[Zawgyi]

 

ေတာ္ဝင္မင္းသားဟယ္ရီက ျဗိတိန္တြင္ ေနထိုင္ခဲ့ရေသာ ေနာ္တင္ဟမ္အိမ္ေတာ္မွာ ႏံုခ်ာေသးငယ္လြန္း ေသာေၾကာင့္ မီဂန္မာကယ္ကို မျပရဲေအာင္ရွက္ခဲ့ဟု ဝန္ခံ၊ မီဂန္မာကယ္က ထိုအိမ္ေတာ္ကို ဘံုအိမ္ႏွင့္ ခိုင္းႏႈိင္း

 

ျဗိတိန္ေတာ္ဝင္မင္းသားဟယ္ရီက ျဗိတိန္တြင္ သူေနထိုင္ခဲ့ရေသာ ေနာ္တင္ဟမ္ တစ္ထပ္အိမ္ေတာ္ အေဆာက္အအံုကို မီဂန္မာကယ္အား ျပသရန္ အရွက္ရခဲ့ေၾကာင္း ဝန္ခံခဲ့ျပီး မီဂန္မာကယ္ကလည္း ေနာ္တင္ဟမ္အိမ္ေတာ္ကို တကၠသိုလ္ေက်ာင္းသားမ်ား စုေပါင္းေနထိုင္သည့္ ဘံုကလပ္အသင္း အေဆာက္အအံုမ်ဳိးႏွင့္ ခိုင္းႏႈိင္းေျပာၾကားခဲ့ေၾကာင္း ဝန္ခံသည္။

သူ၏ ကိုယ္တိုင္ေရးအတၳဳပၸတၱိစာအုပ္ျဖစ္ေသာ Spare အမည္ရွိစာအုပ္သည္ ဇန္နဝါရီ ၁၀ ရက္တြင္ စတင္ျဖန္႔ခ်ိခဲ့သည္။

အဆိုပါစာအုပ္အတြင္း ဆပ္ဆက္စ္ျမိဳ႕စား ၊ အသက္ ၃၈ ႏွစ္အရြယ္ရွိ ဟယ္ရီက ဝန္ခံခဲ့သည္မွာ သူ ၆ ႏွစ္တာ ေနထုိင္ခဲ့သည့္ ေနာ္တင္ဟမ္အိမ္ေတာ္မွာ နန္းေတာ္မဟုတ္ေၾကာင္း ေရးသားထားခဲ့သည္။

ဟယ္ရီက ေရးသားသည္မွာ မီဂန္မာကယ္ႏွင့္ ၂၀၁၆ ခုႏွစ္တြင္ စတင္ခ်စ္ၾကိဳက္ခဲ့ျပီး မၾကာမီတြင္ သူ၏ ေနထိုင္ရာေနရာကို မီဂန္အား ျပသရန္ ရည္ရြယ္ခဲ့ေၾကာင္း၊ သို႔ေသာ္ အိပ္ခန္း ၂ ခန္းပါ သူ၏တစ္ထပ္အိမ္ငယ္ေလးသည္ မီဂန္မာကယ္ေမွ်ာ္မွန္းထားသည္ႏွင့္ မကိုက္ညီမည္ကို စိုးရိမ္ခဲ့ေၾကာင္း ေရးသားေဖာ္ျပသည္။

“မီဂန္ကို ကၽြန္ေတာ့္အိမ္ကို ဖိတ္ေခၚဖို႔ ကၽြန္ေတာ္စိတ္လႈပ္ရွားခဲ့ပါတယ္။ ဒါေပမယ့္ အရွက္လည္း ရမိပါတယ္။ ေနာ္တင္ဟမ္အိမ္ေတာ္ေလးဟာ နန္းေတာ္မဟုတ္ပါဘူး။ အေကာင္းဆံုးေျပာႏိုင္တာက နန္းေတာ္ေဘး ကပ္လ်က္တည္ရွိတယ္လို႔ပဲ ေျပာႏိုင္ပါတယ္” ဟု ကေလး ၂ ဦးဖခင္ျဖစ္ေနျပီျဖစ္သူ ဟယ္ရီက သူ၏ စာအုပ္အတြင္း ေရးသားသည္။

(မင္းသားဟယ္ရီႏွင့္ မီဂန္မာကယ္တို႔ႏွစ္ဦး ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလက ရိုက္ကူးထားေသာ ဓာတ္ပံုျဖစ္သည္။ ဝင္ဆာရဲတိုက္တြင္ က်င္းပမည့္ သူတို႔ႏွစ္ဦး၏ ထိမ္းျမားမဂၤလာမတိုင္မီ ေနာ္တင္ဟမ္အိမ္ေတာ္ေလးတြင္ ေနထိုင္ခဲ့ၾကခ်ိန္လည္း ျဖစ္သည္။)

မီဂန္က ပန္းဥယ်ာဥ္ကို ျဖတ္ကာ သူ႔အိမ္ဆီသို႔လမ္းေလွ်ာက္လာေနသည္ကို ဟယ္ရီက ေစာင့္ၾကည့္ေနခ်ိန္တြင္ သူ၏ စိုးရိမ္မႈမ်ား ျပယ္လြင့္သြားေၾကာင္း၊ မီဂန္မ်က္ႏွာတြင္ ေမွ်ာ္မွန္းထားသည္ႏွင့္ မကိုက္ညီေသာ စိတ္ပ်က္ျခင္းမ်ဳိး မေတြ႔ရေသာေၾကာင့္ျဖစေၾကာင္း ဟယ္ရီက ဆိုသည္။

သို႔ေသာ္ မ်က္ႏွာၾကက္မ်ားမွာ နိမ့္ျပီး အရုပ္အိမ္သဖြယ္ျဖစ္ေနေသာ အိမ္ထဲသို႔ မီဂန္ အိမ္ထဲသို႔ ေရာက္လာခ်ိန္တြင္ အေျခအေနမွာ ေျပာင္းသြားခဲ့သည္။ “အဲဒီေနာက္ သူက တကၠသိုလ္က ဘံုေနထိုင္ၾကတဲ့ ကလပ္အိမ္အေၾကာင္း ေျပာခဲ့ပါတယ္”

အိမ္အတြင္းရွိ ပရိေဘာဂမ်ား မည္မွ်ေဟာင္းႏြမ္းစုတ္ျပတ္ေနသည္ကို ယခင္က လံုးဝသတိမျပဳမိခဲ့ေၾကာင္း၊ မီဂန္မာကယ္က အိမ္အတြင္းရွိ ပလတ္စတစ္ေစ့မ်ား ထည့္ထားေသာ ကုလားထုိင္ၾကီးႏွင့္ အညိဳေရာင္ဆိုဖာတို႔ ကို စိတ္ပ်က္ခဲ့ေၾကာင္း ဟယ္ရီက ေျပာသည္။

(အိပ္ခန္း ၂ ခန္းပါ ေနာ္တင္ဟမ္တစ္ထပ္အိမ္ေတာ္။ မီဂန္မာကယ္က သူမ၏ မၾကာေသးမီက Netflix ရုပ္သံစီးရီးတြင္ ေနာ္တင္ဟမ္အိမ္မွာ ေသးငယ္လြန္းေၾကာင္း ေျပာခဲ့သည္)

(မီဂန္မာကယ္ကို ေနာ္တင္ဟမ္အိမ္ေတာ္၏ တံခါးဝတြင္ ေတြ႔ရပံု)

(ဟယ္ရီတို႔စံုတြဲကို ေနာ္တင္ဟမ္အိမ္ေတာ္၏ ဥယ်ာဥ္အတြင္း ေတြ႔ရပံု)

(ေနာ္တင္ဟမ္အိမ္ေတာ္ ပန္းဥယ်ာဥ္အတြင္း မင္းသားဟယ္ရီ အသားညွပ္ေပါင္မုန္႔စားေနပံု)

(မ်က္ႏွာၾကက္နိမ့္လွေသာ ေနာ္တင္ဟမ္အိမ္ေတာ္အတြင္း မင္းသားဟယ္ရီကို ေတြ႔ရပံု)

(မင္းသားဟယ္ရီကို ေနာ္တင္ဟမ္အိမ္ေတာ္အတြင္း သူတို႔စံုတြဲ၏ ေခြးမ်ားအနက္မွ တစ္ေကာင္ႏွင့္အတူ ေတြ႔ရပံု)

[ဟယ္ရီႏွင့္ မီဂန္တို႔၏ ေနာ္တင္ဟမ္အိမ္ေတာ္ ဧည့္ခန္းအတြင္း….]

၁။ တတိုင္းေမႊးသား နံရံမ်ား

၂။ ဆိုဖာခံုမ်ား ထားရွိပံု

၃။ မိသားစုဓာတ္ပံုမ်ား

၄။ မီးအိမ္

၅။ ေဘးစားပြဲခံု

၆။ သိုးေမႊးအခင္း

၇။ ျဗိတိန္အလံတံဆိပ္ ပန္းကန္ျပားခံ

မီဂန္မာကယ္ ေရႊ႕ေျပာင္းေနထိုင္ခ်ိန္တြင္ သူတုိ႔စံုတြဲသည္ Ikea မီးလံုးမ်ားႏွင့္ တစ္ပတ္ရစ္ ဆက္တီမ်ားကို sofa.com မွတဆင့္ မွာယူခဲ့ေၾကာင္း၊ ထိုအရာမ်ားကို မီဂန္၏ ခရက္ဒစ္ကတ္ျဖင့္ ဝယ္ခဲ့ျခင္းျဖစ္ေၾကာင္း ဟယ္ရီက ဆိုသည္။

သူ၏ စာအုပ္အတြင္း ဆက္လက္ေရးသားထားသည္မွာ ေဝလမင္းသားႏွင့္ ၾကင္ယာေတာ္တို႔က မိမိတို႔အား လဖက္ရည္ေသာက္ ဖိတ္ၾကားခဲ့ရာ ေနာ္တင္ဟမ္အိမ္ေတာ္မွာ ေဝလမင္းသား၏ ျပတိုက္ၾကီးႏွင့္တူေသာ စံအိမ္ေတာ္ႏွင့္ ႏႈိင္းယွဥ္ပါက အလြန္နိမ့္က်လွေသာေၾကာင့္ မီဂန္မာကယ္ေရွ႕တြင္ အရွက္ရခဲ့ေၾကာင္း ဟယ္ရီက ေရးသားထားသည္။

(မီးဖိုေဆာင္မွာ အျဖဴေရာင္၊ ေက်ာက္မီးေသြးေရာင္ႏွင့္ ေတာ္ဝင္အျပာေရာင္တို႔ ေရြးခ်ယ္ထားသည္)

((ေနာ္တင္ဟမ္အိမ္ေတာ္ မီးဖိုေဆာင္တြင္းျမင္ကြင္း))

၁။ ရိုးရာ Shaker ဟန္ တံခါးမ်ား

၂။ အနက္ေရာင္ နံရံ

၃။ Breville အမွတ္တံဆိပ္ ေပါင္မုန္႔မီးကင္စက္ႏွင့္ ေရေႏြးအိုး

(အေမရိကန္သမၼတ အိုဘားမား ၂၀၁၆ ခုႏွစ္၊ ဧျပီလအတြင္း ႏိုင္ငံေတာ္အလည္အပတ္ခရီးအျဖစ္ လာေရာက္ခဲ့စဥ္က ..)

(ဟယ္ရီႏွင့္ မီဂန္တို႔သည္ ေနာက္ပိုင္းတြင္ ဘုရင္မၾကီး ဝင္ဆာရဲတိုက္ဝန္းအတြင္းရွိ အိပ္ခန္း ၁၀ ခန္းပါ Frogmore အိမ္ေတာ္သို႔ ေျပာင္းေရႊ႕ခဲ့ၾကသည္)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 'It was no palace': Prince Harry admits he was 'EMBARRASSED' to show Meghan his Nottingham Cottage home and reveals the Suits actress likened it to a 'frat house' (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service