အာဖရိက၏ အချမ်းသာဆုံးနိုင်ငံမှ သမ္မတ၏သား (ဒုသမ္မတ) က သူ၏ ၂၉၅ ပေရှည်လျားသော စူပါရွက်လှေကြီးကို ကန်ဒေါ်လာ ၁၂၇ သန်းဖြင့် ရောင်းမည်

အာဖရိက၏ အချမ်းသာဆုံးနိုင်ငံမှ သမ္မတ၏သား (ဒုသမ္မတ) က သူ၏ ၂၉၅ ပေရှည်လျားသော စူပါရွက်လှေကြီးကို ကန်ဒေါ်လာ ၁၂၇ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
12 Jan 2023 10:02 am တွင် တင်ခဲ့သည်
352 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အာဖရိက၏ အချမ်းသာဆုံးနိုင်ငံမှ ဒုတိယသမ္မတဖြစ်သူက သူ၏ ၂၉၆ ပေရှည်လျားသော စူပါရွက်လှေကြီးကို ကန်ဒေါ်လာ ၁၂၇ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

အလွန်ကြွယ်ဝချမ်းသာသော ဘီလျံနာကြီးများအတွက် သင့်လျော်ပြီးပြည့်စုံသည့်ရွက်လှေကြီးဖြစ်ပြီး အတွင်းပိုင်းများကို စကျင်ကျောက်၊ ရွှေတို့ဖြင့် မွမ်းမံထားကာ ရဟတ်ယာဉ်ကွင်းတစ်ကွင်းအပြင် ပိုင်ရှင်များ နေထိုင်လိုက်ပါရန် ဇိမ်ကျသည့် အခန်းကြီးတစ်ခန်း ပါဝင်သည်။

 

Ice ဟု အမည်ပေးထားသော ရွက်လှေကြီးကို Equatorial Guinea နိုင်ငံ၏ ဒုတိယသမ္မတ Teodoro Nguema Obiang Mangue က ပိုင်ဆိုင်ခြင်း ဖြစ်သည်။

ရွက်လှေကြီးကို ဂျာမာန် သင်္ဘောဆောက်လုပ်သည့်ကုမ္ပဏီ Lurssen က တည်ဆောက်ပေးထားခြင်းဖြစ်ပြီး မူလပိုင်ရှင်မှာ ရုရှားသူဌေးကြီး Suleiman Kerimov ဖြစ်သည်။

ဆုရ Ice ရွက်လှေကြီး၏ ထူးခြားသောဝိသေသမှာ ဆန်းသစ်မှုနှင့် နည်းပညာပိုင်းခိုင်မာသော ဖွဲ့စည်း တည်ဆောက်ပုံတို့ ဖြစ်သည်။

 

Ice သည် သမားရိုးကျ ဒီဇယ်ဝင်ရိုးစက်မျိုးမဟုတ်ဘဲ Azipod drive တပ်ဆင်ထားသည့် ပထမဆုံးရွက်လှေကြီး ဖြစ်သည်။

သို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုနှင့် တုန်ခါမှု နည်းပါးသည်။ Ice ရွက်လှေကြီးကို ဆောက်လုပ်စေခဲ့သူမှာ အီတလီဘီလျံနာကြီး Augusto Perfetti ဖြစ်သည်။

 

ရွက်လှေကြီးတွင် ရေစိမ်ကန် ၅ ခုပါဝင်ပြီး ထုံးကျောက်တုံးကြီးများမှ ထွင်းကာ ပြုလုပ်ထားခြင်းဖြစ်ကြောင်း Boat International ၏ ဖော်ပြချက်အရ သိရသည်။

ရဟတ်ယာဉ်ကွင်းကို ရွက်လှေရှေ့တွင် ထားတတ်ကြသည့် ဓလေ့ကို ဆန့်ကျင်ထားသည်။

ရွက်လှေကြီးရှိ အခန်းကြီး ၇ ခန်းတွင် လူ ၁၄ ဦး သက်တောင့်သက်သာ အိပ်စက်လိုက်ပါနိုင်သည်။

ပင်မအထပ်တွင် ပိုင်ရှင်အတွက် အထူးခန်းရှိပြီး ကပ်လျက်တွင် VIP ခန်း ၂ ခုရှိသည်။

ရွက်လှေဝန်ထမ်း ၂၇ ဦးရှိသည်။ ၂၀၀၅ ခုနှစ်က ထုတ်လုပ်ခဲ့သော ရွက်လှေကြီးသည် ၁၈ နှစ်ကြာမြင့် သည့်တိုင် ခမ်းနားနေဆဲ ဖြစ်ပြီး ယခုအခါ ကန်ဒေါ်လာ ၁၂၇ သန်းဖြင့် ရောင်းချရန် ဈေးခေါ်ထားသည်။

 

(Ice ရွက်လှေကြီး၏ ပိုင်ရှင် ဒုတိယ သမ္မတ Teodoro Nguema Obiang Mangue။ ဓာတ်ပုံ- Via Instagram / @teddynguema)

Equatorial Guinea သမ္မတ၏သား၊ ဒုတိယသမ္မတဖြစ်သူက Ice ရွက်လှေကြီးကို Suleiman Kerimov ထံမှ ၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၁၅၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဖခင်၏ ရာထူးသက်တမ်းအတွင်း သူသည် ရာထူးနေရာများစွာ ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။

နယူးယောက်တိုင်းမ်သတင်းစာကြီး၏ ရေးသားဖော်ပြချက်အရ Nguema သည် ရက်ပ်ဂီတလုပ်ငန်းရှင်၊ ဇိမ်ကျသည့် ဘဝနေထိုင်မှုဟန်ကို နှစ်သက်သူ၊ Lamborghinis ကားများကို နှစ်သက်သူ၊ ဟောလိဝုဒ်နှင့် ရီယို ဒီ ဂျနေးရိုးတို့သို့ ခရီးရှည်ထွက်ရခြင်းကို နှစ်သက်သူအဖြစ် ဖော်ပြထားသည်။

 

(ဓာတ်ပုံ-Via Instagram / @teddynguema)

Nguema သည် စံအိမ်ကြီးများနှင့် ကိုယ်ပိုင်ဂျက်လေယာဉ်များအတွက် ငွေကြေးအလွန်အကျွံသုံးစွဲမှုများ ပြုလုပ်သောကြောင့် ၂၀၂၁ ခုနှစ်အတွင်း ဗြိတိန်က ၎င်းအား အရေးယူပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

အာဖရိကတိုက်တွင် သက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင်နေရာယူထားသူ၏ အမွေခံမှာ ကန်ဒေါ်လာ သန်း ၆၀၀ ခန့် ချမ်းသာကြောင်း Superyacht Fan က ဖော်ပြသည်။

(ရုရှားသူဌေးကြီး Suleiman Kerimov)

ရွက်လှေကြီးကို ပိုင်ဆိုင်ခဲ့ဖူးသူ ရုရှားသူဌေးကြီး Suleiman Kerimov သည် ရုရှားနိုင်ငံ၏ အကြီးမားဆုံး ရွှေထုတ်လုပ်ရေးကုမ္ပဏီ Polyus တွင် ရှယ်ယာ ၇၆ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံ ရှိသည်။

၂၀၂၂ ခုနှစ်အတွင်း Kerimov ၏ သတင်းများမှာ သတင်းခေါင်းကြီးများ ဖြစ်ခဲ့သည်။ ထိုသို့ကျော်ကြားခဲ့ခြင်းမှာ သူ၏ စီးပွားရေးစွမ်းဆောင်မှုနှင့် မပတ်သက်။ သူ၏ ရွက်လှေကြီးကြောင့် သတင်းကြီးခဲ့ခြင်း ဖြစ်သည်။

 

Kerimov ၏ ကန်ဒေါ်လာ ၃၂၅ သန်းတန်ကြေးရှိ Amadea အမည်ရှိ ရွက်လှေကြီးကို အမေရိကန်မှ FBI နှင့် ဖီဂျီနိုင်ငံတို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ပြီး ရွက်လှေကို အမေရိကန်အစိုးရက သိမ်းယူခဲ့သည်။

ယူကရိန်းစစ်ပွဲတွင် ပူတင်အားထောက်ခံသည့် ရုရှားဘီလျံနာကြီးများကို အရေးယူအပြစ်ပေးရေး ဆောင်ရွက်ချက်အနေဖြင့် Kerimov ၏ ရွက်လှေကြီးကို သိမ်းယူခဲ့ခြင်းလည်း ဖြစ်သည်။

Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ Kerimov သည် ရုရှားဘီလျံနာကြီးဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း အင်တာဗျူးခွင့် တစ်ကြိမ်မျှ မပေးခဲ့သူလည်း ဖြစ်သည်။

Kerimov သည် Christina Aguilera, Shakira, Amy Winehouse နှင့် Jessie J တို့ကဲ့သို့ အကျော်အမော်များကို ဒေါ်လာ သန်းပေါင်းများစွာပေးခေါ်ကာ ပါတီပွဲများကျင်းပခြင်းဖြင့်လည်း နာမည်ကြီးသူ ဖြစ်သည်။

 

(Amadea ရွက်လှေကြီး)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Vice President of the richest nation in Africa is selling his 295 feet long superyacht for $127 million – Perfect for a deep-pocketed billionaire the pleasure craft’s interiors are covered in marble and gold, it has a helipad and an uber-luxurious owners suite.

 

 

[Zawgyi]

 

အာဖရိက၏ အခ်မ္းသာဆံုးႏိုင္ငံမွ သမၼတ၏သား (ဒုသမၼတ) က သူ၏ ၂၉၅ ေပရွည္လ်ားေသာ စူပါရြက္ေလွၾကီးကို ကန္ေဒၚလာ ၁၂၇ သန္းျဖင့္ ေရာင္းမည္

 

 

အာဖရိက၏ အခ်မ္းသာဆံုးႏိုင္ငံမွ ဒုတိယသမၼတျဖစ္သူက သူ၏ ၂၉၆ ေပရွည္လ်ားေသာ စူပါရြက္ေလွၾကီးကို ကန္ေဒၚလာ ၁၂၇ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

အလြန္ၾကြယ္ဝခ်မ္းသာေသာ ဘီလ်ံနာၾကီးမ်ားအတြက္ သင့္ေလ်ာ္ျပီးျပည့္စံုသည့္ရြက္ေလွၾကီးျဖစ္ျပီး အတြင္းပိုင္းမ်ားကို စက်င္ေက်ာက္၊ ေရႊတို႔ျဖင့္ မြမ္းမံထားကာ ရဟတ္ယာဥ္ကြင္းတစ္ကြင္းအျပင္ ပိုင္ရွင္မ်ား ေနထိုင္လိုက္ပါရန္ ဇိမ္က်သည့္ အခန္းၾကီးတစ္ခန္း ပါဝင္သည္။

Ice ဟု အမည္ေပးထားေသာ ရြက္ေလွၾကီးကို Equatorial Guinea ႏိုင္ငံ၏ ဒုတိယသမၼတ Teodoro Nguema Obiang Mangue က ပိုင္ဆိုင္ျခင္း ျဖစ္သည္။

ရြက္ေလွၾကီးကို ဂ်ာမာန္ သေဘၤာေဆာက္လုပ္သည့္ကုမၸဏီ Lurssen က တည္ေဆာက္ေပးထားျခင္းျဖစ္ျပီး မူလပိုင္ရွင္မွာ ရုရွားသူေဌးၾကီး Suleiman Kerimov ျဖစ္သည္။

ဆုရ Ice ရြက္ေလွၾကီး၏ ထူးျခားေသာဝိေသသမွာ ဆန္းသစ္မႈႏွင့္ နည္းပညာပိုင္းခိုင္မာေသာ ဖြဲ႔စည္း တည္ေဆာက္ပံုတို႔ ျဖစ္သည္။

Ice သည္ သမားရိုးက် ဒီဇယ္ဝင္ရိုးစက္မ်ဳိးမဟုတ္ဘဲ Azipod drive တပ္ဆင္ထားသည့္ ပထမဆံုးရြက္ေလွၾကီး ျဖစ္သည္။

သို႔ေၾကာင့္ ကာဗြန္ဒိုင္ေအာက္ဆိုက္ထုတ္လႊတ္မႈႏွင့္ တုန္ခါမႈ နည္းပါးသည္။ Ice ရြက္ေလွၾကီးကို ေဆာက္လုပ္ေစခဲ့သူမွာ အီတလီဘီလ်ံနာၾကီး Augusto Perfetti ျဖစ္သည္။

ရြက္ေလွၾကီးတြင္ ေရစိမ္ကန္ ၅ ခုပါဝင္ျပီး ထံုးေက်ာက္တံုးၾကီးမ်ားမွ ထြင္းကာ ျပဳလုပ္ထားျခင္းျဖစ္ေၾကာင္း Boat International ၏ ေဖာ္ျပခ်က္အရ သိရသည္။

ရဟတ္ယာဥ္ကြင္းကို ရြက္ေလွေရွ႕တြင္ ထားတတ္ၾကသည့္ ဓေလ့ကို ဆန္႔က်င္ထားသည္။

ရြက္ေလွၾကီးရွိ အခန္းၾကီး ၇ ခန္းတြင္ လူ ၁၄ ဦး သက္ေတာင့္သက္သာ အိပ္စက္လိုက္ပါႏိုင္သည္။

ပင္မအထပ္တြင္ ပိုင္ရွင္အတြက္ အထူးခန္းရွိျပီး ကပ္လ်က္တြင္ VIP ခန္း ၂ ခုရွိသည္။

ရြက္ေလွဝန္ထမ္း ၂၇ ဦးရွိသည္။ ၂၀၀၅ ခုႏွစ္က ထုတ္လုပ္ခဲ့ေသာ ရြက္ေလွၾကီးသည္ ၁၈ ႏွစ္ၾကာျမင့္ သည့္တိုင္ ခမ္းနားေနဆဲ ျဖစ္ျပီး ယခုအခါ ကန္ေဒၚလာ ၁၂၇ သန္းျဖင့္ ေရာင္းခ်ရန္ ေစ်းေခၚထားသည္။

(Ice ရြက္ေလွၾကီး၏ ပိုင္ရွင္ ဒုတိယ သမၼတ Teodoro Nguema Obiang Mangue။ ဓာတ္ပံု- Via Instagram / @teddynguema)

Equatorial Guinea သမၼတ၏သား၊ ဒုတိယသမၼတျဖစ္သူက Ice ရြက္ေလွၾကီးကို Suleiman Kerimov ထံမွ ၂၀၁၅ ခုႏွစ္တြင္ ကန္ေဒၚလာ သန္း ၁၅၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဖခင္၏ ရာထူးသက္တမ္းအတြင္း သူသည္ ရာထူးေနရာမ်ားစြာ ခန္႔အပ္ခံခဲ့ရသူ ျဖစ္သည္။

နယူးေယာက္တိုင္းမ္သတင္းစာၾကီး၏ ေရးသားေဖာ္ျပခ်က္အရ Nguema သည္ ရက္ပ္ဂီတလုပ္ငန္းရွင္၊ ဇိမ္က်သည့္ ဘဝေနထိုင္မႈဟန္ကို ႏွစ္သက္သူ၊ Lamborghinis ကားမ်ားကို ႏွစ္သက္သူ၊ ေဟာလိဝုဒ္ႏွင့္ ရီယို ဒီ ဂ်ေနးရိုးတို႔သို႔ ခရီးရွည္ထြက္ရျခင္းကို ႏွစ္သက္သူအျဖစ္ ေဖာ္ျပထားသည္။

(ဓာတ္ပံု-Via Instagram / @teddynguema)

Nguema သည္ စံအိမ္ၾကီးမ်ားႏွင့္ ကိုယ္ပိုင္ဂ်က္ေလယာဥ္မ်ားအတြက္ ေငြေၾကးအလြန္အကၽြံသံုးစြဲမႈမ်ား ျပဳလုပ္ေသာေၾကာင့္ ၂၀၂၁ ခုႏွစ္အတြင္း ျဗိတိန္က ၎အား အေရးယူပိတ္ဆို႔မႈမ်ား ျပဳလုပ္ထားသည္။

အာဖရိကတိုက္တြင္ သက္တမ္းအရွည္ဆံုး ႏိုင္ငံေခါင္းေဆာင္ေနရာယူထားသူ၏ အေမြခံမွာ ကန္ေဒၚလာ သန္း ၆၀၀ ခန႔္ ခ်မ္းသာေၾကာင္း Superyacht Fan က ေဖာ္ျပသည္။

(ရုရွားသူေဌးၾကီး Suleiman Kerimov)

ရြက္ေလွၾကီးကို ပိုင္ဆိုင္ခဲ့ဖူးသူ ရုရွားသူေဌးၾကီး Suleiman Kerimov သည္ ရုရွားႏိုင္ငံ၏ အၾကီးမားဆံုး ေရႊထုတ္လုပ္ေရးကုမၸဏီ Polyus တြင္ ရွယ္ယာ ၇၆ ရာခိုင္ႏႈန္းအထိ ပိုင္ဆိုင္ထားျပီး သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၃ ဒသမ ၇ ဘီလီယံ ရွိသည္။

၂၀၂၂ ခုႏွစ္အတြင္း Kerimov ၏ သတင္းမ်ားမွာ သတင္းေခါင္းၾကီးမ်ား ျဖစ္ခဲ့သည္။ ထိုသို႔ေက်ာ္ၾကားခဲ့ျခင္းမွာ သူ၏ စီးပြားေရးစြမ္းေဆာင္မႈႏွင့္ မပတ္သက္။ သူ၏ ရြက္ေလွၾကီးေၾကာင့္ သတင္းၾကီးခဲ့ျခင္း ျဖစ္သည္။

Kerimov ၏ ကန္ေဒၚလာ ၃၂၅ သန္းတန္ေၾကးရွိ Amadea အမည္ရွိ ရြက္ေလွၾကီးကို အေမရိကန္မွ FBI ႏွင့္ ဖီဂ်ီႏိုင္ငံတုိ႔ ပူးေပါင္းကာ ဖမ္းဆီးခဲ့ျပီး ရြက္ေလွကို အေမရိကန္အစိုးရက သိမ္းယူခဲ့သည္။

ယူကရိန္းစစ္ပြဲတြင္ ပူတင္အားေထာက္ခံသည့္ ရုရွားဘီလ်ံနာၾကီးမ်ားကို အေရးယူအျပစ္ေပးေရး ေဆာင္ရြက္ခ်က္အေနျဖင့္ Kerimov ၏ ရြက္ေလွၾကီးကို သိမ္းယူခဲ့ျခင္းလည္း ျဖစ္သည္။

Forbes မဂၢဇင္းၾကီး၏ ေဖာ္ျပခ်က္အရ Kerimov သည္ ရုရွားဘီလ်ံနာၾကီးျဖစ္ျပီး ႏွစ္ေပါင္း ၂၀ အတြင္း အင္တာဗ်ဴးခြင့္ တစ္ၾကိမ္မွ် မေပးခဲ့သူလည္း ျဖစ္သည္။

Kerimov သည္ Christina Aguilera, Shakira, Amy Winehouse ႏွင့္ Jessie J တို႔ကဲ့သို႔ အေက်ာ္အေမာ္မ်ားကို ေဒၚလာ သန္းေပါင္းမ်ားစြာေပးေခၚကာ ပါတီပြဲမ်ားက်င္းပျခင္းျဖင့္လည္း နာမည္ၾကီးသူ ျဖစ္သည္။

(Amadea ရြက္ေလွၾကီး)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Vice President of the richest nation in Africa is selling his 295 feet long superyacht for $127 million – Perfect for a deep-pocketed billionaire the pleasure craft’s interiors are covered in marble and gold, it has a helipad and an uber-luxurious owners suite.

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
mya-villa
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service