ရုပ်ရှင်ရိုက်ကွင်းတွင် ကြိုးဆွဲချအဆုံးစီရင်သွားသော နာမည်ကြီး ဘောလိဝုဒ်မင်းသမီးလေး တူနီရှ ရှားရ်မား မိခင်အတွက် ရူပီးသန်းပေါင်းများစွာတန်သော အိမ်ခြံမြေချန်ရစ်ခဲ့

ရုပ်ရှင်ရိုက်ကွင်းတွင် ကြိုးဆွဲချအဆုံးစီရင်သွားသော နာမည်ကြီး ဘောလိဝုဒ်မင်းသမီးလေး တူနီရှ ရှားရ်မား မိခင်အတွက် ရူပီးသန်းပေါင်းများစွာတန်သော အိမ်ခြံမြေချန်ရစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
2 Jan 2023 11:23 am တွင် တင်ခဲ့သည်
4278 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြီးခဲ့သော ဒီဇင်ဘာလ ၂၄ ရက်တွင် မိမိကိုယ်ကို အဆုံးစီရင်သွားသူ ဘောလိဝုဒ်မင်းသမီးလေး တူနီရှ ရှားရ်မား (Tunisha Sharma) သည် အသက် ၁၃ နှစ်သမီးအရွယ်ကတည်းက အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် ပင်ပင်ပန်းပန်းကြိုးစားစုဆောင်းဝယ်ယူထားခဲ့သော အိမ်ခြံမြေများကို မိခင်ကြီးအတွက် ထားရစ်ခဲ့သည်။

(တူနီရှ ရှားရ်မား ဘယ်သူလဲ)

တူနီရှ ရှားရ်မား (မွေး ၂၀၀၂- ကွယ်လွန် ၂၀၂၂) သည် အိန္ဒိယရုပ်သံသရုပ်ဆောင်၊ ရုပ်ရှင်မင်းသမီးဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် Bharat Ka Veer Putra-Maharana Pratap ဇာတ်ကားတွင် စတင်ပါဝင်သရုပ်ဆောင်ကာ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ပြီး ထိုစဉ်က ၁၃ နှစ်သမီးအရွယ်သာ ရှိသေးသည်။

ရှားရ်မားကို လူသိများစေခဲ့သည်မှာ အသောကရုပ်ရှင်တွင် အဟံကာရာအဖြစ် ပါဝင်သရုပ်ဆောင်ကာ နာမည်ကြီးခဲ့ခြင်းဖြစ်သည်။

ပန်ချာပီမလေး ရှားရ်မားသည် ငယ်စဉ်ကတည်းက ဖခင်ဆုံးပါးသွားသောကြောင့် မိခင်ကြီး၏ အုပ်ထိန်းမှုဖြင့် ကြီးပြင်းခဲ့သူလေး ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် စတင်ထုတ်လွှင့်ပြသသော အလီဘာဘာရုပ်သံဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ခေါင်းဆောင်မင်းသားနှင့် ချစ်ကြိုက်ခဲ့သည်။

(တူနီရှာ ရှားမား၏ မိခင် ဗယ်နီတ ရှားရ်မား)

ရှားရ်မားသည် အိန္ဒိယနိုင်ငံ၊ မဟာရပ်ရှ်တရာပြည်နယ်၊ Palghar ခရိုင်၊ Vasai-Virar အရပ်တွင် အလီဘာဘာဇာတ်လမ်းတွဲ (Ali Baba: Dastaan-E-Kabul) ရိုက်ကူးနေသည့် ရိုက်ကွင်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

(မှတ်ချက် ။ ရှားရ်မား အဆုံးစီရင်သောနေရာမှာ မိတ်ကပ်ခန်းအတွင်းဖြစ်သည်ဟု wikipedia တွင် ဖော်ပြထားပြီး အိန္ဒိယသတင်းမီဒီယာတို့ကမူ ရေချိုးခန်းအတွင်းဖြစ်သည်ဟု ဖော်ပြသည်။)

အသက် ၂၀ သာရှိသေးသော အသောကမင်းသမီးလေးသည် ရိုက်ကွင်းခေတ္တရပ်နားချိန်တွင် ရုပ်ရှင်ရိုက်ကွင်းရှိ ရေချိုးခန်းအတွင်း ဝင်သွားပြီး အချိန်အတော်ကြာသည်အထိ ပြန်ထွက်မလာခဲ့ချေ။

ထို့ကြောင့် ရေချိုးခန်းတံခါးကို ဖျက်ကာ ဝင်ရောက်ကြည့်ရှုရာ သေဆုံးနေသည်ကို တွေ့ခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးဈာပနအခမ်းအနားကို Mira Road သင်္ချိုင်းတွင် ပြုလုပ်ခဲ့သည်။ ရှားရ်မားသည် Bhayandar (East) မှ တိုက်ခန်းတစ်ခန်းအပါအဝင် အိမ်ခြံမြေ ရူပီး သန်း ၁၅၀ ဖိုးခန့် ကျန်ရစ်ခဲ့ရာ မိခင်ကြီးက ပိုင်ဆိုင်ခွင့်ရရှိမည် ဖြစ်သည်။

Deepika Singh အပါအဝင် ရုပ်သံကြယ်ပွင့်အများအပြား ရှားရ်မား၏ နောက်ဆုံးခရီးသို့လာရောက်ခဲ့ကြသည်။

(သမီးဖြစ်သူမှာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန် အတင်းအကြပ်ဖိအားပေးခံရကြောင်း မိခင်က ပြောကြားမှု)

မိခင်ဖြစ်သူ ဗယ်နီတ ရှားရ်မားက ပြောသည်မှာ သမီးဖြစ်သူ တူနီရှ ရှားရ်မားသည် သူ၏ချစ်သူ ရှီးဂျန်းခန်း (Sheezan Khan) နှင့် မိသားစုက အစ္စလာမ်ဘာသာသို့ ကူးပြောင်းစေရန် ဖိအားပေးခြင်းခံရသည့်အပြင် အမြဲနှောင့်ယှက်ခြင်းကို ခံရကြောင်း ပြောသည်။

ရှီးဂျန်းခန်းသည် အလီဘာဘာဇာတ်လမ်းတွဲမှ ခေါင်းဆောင်မင်းသားဖြစ်ပြီး ရှားရ်မား အဆုံးမစီရင်မီ ၁၅ ရက် အလိုတွင် ၎င်းတို့နှစ်ဦး လမ်းခွဲထားသည်။ ချစ်သူနှင့်လမ်းခွဲရမှုကြောင့် အသည်းကွဲခဲ့ရသည်ဟု သတင်းများ ရှိသည်။

ဗယ်နီတ ရှားရ်မားက သတင်းမီဒီယာများသို့ ပြောသည်မှာ တူနီရှ ရှားရ်မားသည် ချစ်သူဟောင်း ရှီးဂျန်းခန်း၏ ပုံစံမျိုးစုံဖြင့် အနှောင့်အယှက်ပေးခဲ့ကြောင်း၊ သူ၏ စိတ်ဆန္ဒနှင့် ဆန့်ကျင်သောအရာများစွာ လုပ်ဆောင်ရန် ဖိအားပေးခံခဲ့ရကြောင်း၊ ထို့အပြင် အစ္စလာမ်ဘာသာသို့ ဝင်စေရန် အတင်းအကျပ်ဖိအားပေးခဲ့ကြောင်းလည်း စွပ်စွဲပြောဆိုထားသည်။

ဗယ်နီတ ရှားရ်မား၏ ပြောဆိုတိုင်တန်းမှုများကြောင့် အလီဘာဘာမင်းသား ရှီးဂျန်းခန်းကို ယခုအခါ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်။

တူနီရှ အဆုံးစီရင်သွားပြီး နောက်တစ်ရက်တွင် ရှီးဂျန်းခန်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဗယ်နီတ ရှားရ်မားက ရှီးဂျန်းခန်းအား လိမ်လည်ခြင်း၊ ချစ်သူအပေါ် သစ္စာဖောက်ခြင်း၊ ၃ လ ၄ လခန့် အသုံးချခဲ့ခြင်းတို့အပြင် အခြားအကြောင်းအရာများစွာကို ဗွီဒီယိုဖိုင်ဖြင့် ပြောကြားစွပ်စွဲထားသည်။

တူနီရှ ရှားရ်မားသည် ရုပ်သံအစီအစဉ်များစွာ၊ ရုပ်ရှင်များ၊ ဂီတဗွီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ကာ ချမ်းသာကြွယ်ဝလာခဲ့ခြင်း ဖြစ်သည်။

တူနီရှ ရှားရ်မား၏ ဈာပနသို့ ရှီးဂျန်းခန်း၏ မိခင်နှင့် ညီမတို့လာရောက်ခဲ့ကြသည်။

သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ ရှီးဂျန်းခန်းက တူနီရှအား လက်ထပ်မည်ဟု ကတိပေးထားကြောင်း၊ သို့သော် ညီမဖြစ်သူများ၏ ပြောဆိုမှုများကြောင့် စိတ်ထားပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

တူနီရှ၏ ဈာပနတွင် အလောင်းကို မီးသဂြိုဟ်နေစဉ်အတွင်း ဖြေမဆည်နိုင်သော မိခင်ဖြစ်သူ မူးမေ့လဲကျသွား ခဲ့ပုံ စိတ်မကောင်းဖွယ် ဗွီဒီယိုဖိုင်များနှင့် ဓာတ်ပုံများမှာ အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဟိုးလေးတကြော် ဖြစ်ခဲ့သည်။

ဗွီဒီယိုဖိုင်များတွင် တွေ့မြင်ရမှုအရ ဈာပနတွင် ယူကြုံးမရဖြစ်ကာ မူးမေ့လဲကျသွားသော ဗယ်နီတ ရှားရ်မားကို တူနီရှ၏ မိသားစုဝင်များ၊ ရုပ်ရှင်လောကသားများက ယပ်ခပ်ကာ တွဲခေါ်နေပုံများကို တွေ့ရသည်။

ဘောလိဝုဒ်ထိပ်သီး ရုပ်ရှင်ထုတ်လုပ်သူဖြစ်သော Abbas-Mustan သည်လည်း တူနီရှ၏ နောက်ဆုံးခရီးသို့ လိုက်ပါပို့ဆောင်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tunisha Sharma leaves behind property worth crores for her mother (indiatvnews, koimoi, onmanorama, hindustantimes,wikipedia)

[Zawgyi]

ရုပ္ရွင္ရိုက္ကြင္းတြင္ ၾကိဳးဆြဲခ်အဆံုးစီရင္သြားေသာ နာမည္ၾကီး ေဘာလိဝုဒ္မင္းသမီးေလး တူနီရွ ရွားရ္မား မိခင္အတြက္ ရူပီးသန္းေပါင္းမ်ားစြာတန္ေသာ အိမ္ျခံေျမခ်န္ရစ္ခဲ့

ျပီးခဲ့ေသာ ဒီဇင္ဘာလ ၂၄ ရက္တြင္ မိမိကိုယ္ကို အဆံုးစီရင္သြားသူ ေဘာလိဝုဒ္မင္းသမီးေလး တူနီရွ ရွားရ္မား (Tunisha Sharma) သည္ အသက္ ၁၃ ႏွစ္သမီးအရြယ္ကတည္းက အလုပ္လုပ္ကိုင္ခဲ့သူျဖစ္ျပီး ကြယ္လြန္ခ်ိန္တြင္ ပင္ပင္ပန္းပန္းၾကိဳးစားစုေဆာင္းဝယ္ယူထားခဲ့ေသာ အိမ္ျခံေျမမ်ားကို မိခင္ၾကီးအတြက္ ထားရစ္ခဲ့သည္။

(တူနီရွ ရွားရ္မား ဘယ္သူလဲ)

တူနီရွ ရွားရ္မား (ေမြး ၂၀၀၂- ကြယ္လြန္ ၂၀၂၂) သည္ အိႏိၵယရုပ္သံသရုပ္ေဆာင္၊ ရုပ္ရွင္မင္းသမီးျဖစ္သည္။

၂၀၁၅ ခုႏွစ္တြင္ Bharat Ka Veer Putra-Maharana Pratap ဇာတ္ကားတြင္ စတင္ပါဝင္သရုပ္ေဆာင္ကာ ရုပ္ရွင္ေလာကသို႔ ဝင္ေရာက္ခဲ့ျပီး ထိုစဥ္က ၁၃ ႏွစ္သမီးအရြယ္သာ ရွိေသးသည္။

ရွားရ္မားကို လူသိမ်ားေစခဲ့သည္မွာ အေသာကရုပ္ရွင္တြင္ အဟံကာရာအျဖစ္ ပါဝင္သရုပ္ေဆာင္ကာ နာမည္ၾကီးခဲ့ျခင္းျဖစ္သည္။

ပန္ခ်ာပီမေလး ရွားရ္မားသည္ ငယ္စဥ္ကတည္းက ဖခင္ဆံုးပါးသြားေသာေၾကာင့္ မိခင္ၾကီး၏ အုပ္ထိန္းမႈျဖင့္ ၾကီးျပင္းခဲ့သူေလး ျဖစ္သည္။

၂၀၂၂ ခုႏွစ္၊ ၾသဂုတ္လတြင္ စတင္ထုတ္လႊင့္ျပသေသာ အလီဘာဘာရုပ္သံဇာတ္လမ္းတြဲတြင္ ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ေခါင္းေဆာင္မင္းသားႏွင့္ ခ်စ္ၾကိဳက္ခဲ့သည္။

(တူနီရွာ ရွားမား၏ မိခင္ ဗယ္နီတ ရွားရ္မား)

ရွားရ္မားသည္ အိႏိၵယႏိုင္ငံ၊ မဟာရပ္ရွ္တရာျပည္နယ္၊ Palghar ခရိုင္၊ Vasai-Virar အရပ္တြင္ အလီဘာဘာဇာတ္လမ္းတြဲ (Ali Baba: Dastaan-E-Kabul) ရိုက္ကူးေနသည့္ ရိုက္ကြင္းတြင္ ေသဆံုးခဲ့ျခင္းျဖစ္သည္။

(မွတ္ခ်က္ ။ ရွားရ္မား အဆံုးစီရင္ေသာေနရာမွာ မိတ္ကပ္ခန္းအတြင္းျဖစ္သည္ဟု wikipedia တြင္ ေဖာ္ျပထားျပီး အိႏိၵယသတင္းမီဒီယာတို႔ကမူ ေရခ်ဳိးခန္းအတြင္းျဖစ္သည္ဟု ေဖာ္ျပသည္။)

အသက္ ၂၀ သာရွိေသးေသာ အေသာကမင္းသမီးေလးသည္ ရိုက္ကြင္းေခတၱရပ္နားခ်ိန္တြင္ ရုပ္ရွင္ရိုက္ကြင္းရွိ ေရခ်ဳိးခန္းအတြင္း ဝင္သြားျပီး အခ်ိန္အေတာ္ၾကာသည္အထိ ျပန္ထြက္မလာခဲ့ေခ်။

ထို႔ေၾကာင့္ ေရခ်ဳိးခန္းတံခါးကို ဖ်က္ကာ ဝင္ေရာက္ၾကည့္ရႈရာ ေသဆံုးေနသည္ကို ေတြ႔ခဲ့ၾကျခင္း ျဖစ္သည္။

ေနာက္ဆံုးစ်ာပနအခမ္းအနားကို Mira Road သခၤ်ဳိင္းတြင္ ျပဳလုပ္ခဲ့သည္။ ရွားရ္မားသည္ Bhayandar (East) မွ တိုက္ခန္းတစ္ခန္းအပါအဝင္ အိမ္ျခံေျမ ရူပီး သန္း ၁၅၀ ဖိုးခန္႔ က်န္ရစ္ခဲ့ရာ မိခင္ၾကီးက ပိုင္ဆိုင္ခြင့္ရရွိမည္ ျဖစ္သည္။

Deepika Singh အပါအဝင္ ရုပ္သံၾကယ္ပြင့္အမ်ားအျပား ရွားရ္မား၏ ေနာက္ဆံုးခရီးသို႔လာေရာက္ခဲ့ၾကသည္။

(သမီးျဖစ္သူမွာ အစၥလာမ္ဘာသာသို႔ ကူးေျပာင္းရန္ အတင္းအၾကပ္ဖိအားေပးခံရေၾကာင္း မိခင္က ေျပာၾကားမႈ)

မိခင္ျဖစ္သူ ဗယ္နီတ ရွားရ္မားက ေျပာသည္မွာ သမီးျဖစ္သူ တူနီရွ ရွားရ္မားသည္ သူ၏ခ်စ္သူ ရွီးဂ်န္းခန္း (Sheezan Khan) ႏွင့္ မိသားစုက အစၥလာမ္ဘာသာသို႔ ကူးေျပာင္းေစရန္ ဖိအားေပးျခင္းခံရသည့္အျပင္ အျမဲေႏွာင့္ယွက္ျခင္းကို ခံရေၾကာင္း ေျပာသည္။

ရွီးဂ်န္းခန္းသည္ အလီဘာဘာဇာတ္လမ္းတြဲမွ ေခါင္းေဆာင္မင္းသားျဖစ္ျပီး ရွားရ္မား အဆံုးမစီရင္မီ ၁၅ ရက္ အလိုတြင္ ၎တို႔ႏွစ္ဦး လမ္းခြဲထားသည္။ ခ်စ္သူႏွင့္လမ္းခြဲရမႈေၾကာင့္ အသည္းကြဲခဲ့ရသည္ဟု သတင္းမ်ား ရွိသည္။

ဗယ္နီတ ရွားရ္မားက သတင္းမီဒီယာမ်ားသို႔ ေျပာသည္မွာ တူနီရွ ရွားရ္မားသည္ ခ်စ္သူေဟာင္း ရွီးဂ်န္းခန္း၏ ပံုစံမ်ဳိးစံုျဖင့္ အေႏွာင့္အယွက္ေပးခဲ့ေၾကာင္း၊ သူ၏ စိတ္ဆႏၵႏွင့္ ဆန္႔က်င္ေသာအရာမ်ားစြာ လုပ္ေဆာင္ရန္ ဖိအားေပးခံခဲ့ရေၾကာင္း၊ ထို႔အျပင္ အစၥလာမ္ဘာသာသို႔ ဝင္ေစရန္ အတင္းအက်ပ္ဖိအားေပးခဲ့ေၾကာင္းလည္း စြပ္စြဲေျပာဆိုထားသည္။

ဗယ္နီတ ရွားရ္မား၏ ေျပာဆိုတိုင္တန္းမႈမ်ားေၾကာင့္ အလီဘာဘာမင္းသား ရွီးဂ်န္းခန္းကို ယခုအခါ ရဲတပ္ဖြဲ႔က ဖမ္းဆီးထိန္းသိမ္းထားသည္။

တူနီရွ အဆံုးစီရင္သြားျပီး ေနာက္တစ္ရက္တြင္ ရွီးဂ်န္းခန္း ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္သည္။

ဗယ္နီတ ရွားရ္မားက ရွီးဂ်န္းခန္းအား လိမ္လည္ျခင္း၊ ခ်စ္သူအေပၚ သစၥာေဖာက္ျခင္း၊ ၃ လ ၄ လခန္႔ အသံုးခ်ခဲ့ျခင္းတို႔အျပင္ အျခားအေၾကာင္းအရာမ်ားစြာကို ဗီြဒီယိုဖိုင္ျဖင့္ ေျပာၾကားစြပ္စြဲထားသည္။ တူနီရွ ရွားရ္မားသည္ ရုပ္သံအစီအစဥ္မ်ားစြာ၊ ရုပ္ရွင္မ်ား၊ ဂီတဗီြဒီယိုမ်ားတြင္ ပါဝင္သရုပ္ေဆာင္ကာ ခ်မ္းသာၾကြယ္ဝလာခဲ့ျခင္း ျဖစ္သည္။ တူနီရွ ရွားရ္မား၏ စ်ာပနသို႔ ရွီးဂ်န္းခန္း၏ မိခင္ႏွင့္ ညီမတို႔လာေရာက္ခဲ့ၾကသည္။

သတင္းမီဒီယာတို႔၏ ေဖာ္ျပခ်က္အရ ရွီးဂ်န္းခန္းက တူနီရွအား လက္ထပ္မည္ဟု ကတိေပးထားေၾကာင္း၊ သို႔ေသာ္ ညီမျဖစ္သူမ်ား၏ ေျပာဆိုမႈမ်ားေၾကာင့္ စိတ္ထားေျပာင္းလဲခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

တူနီရွ၏ စ်ာပနတြင္ အေလာင္းကို မီးသျဂိဳဟ္ေနစဥ္အတြင္း ေျဖမဆည္ႏိုင္ေသာ မိခင္ျဖစ္သူ မူးေမ့လဲက်သြား ခဲ့ပံု စိတ္မေကာင္းဖြယ္ ဗီြဒီယိုဖုိင္မ်ားႏွင့္ ဓာတ္ပံုမ်ားမွာ အိႏိၵယလူမႈကြန္ရက္သံုးစြဲသူတို႔အၾကား ဟိုးေလးတေၾကာ္ ျဖစ္ခဲ့သည္။

ဗြီဒီယိုဖိုင္မ်ားတြင္ ေတြ႔ျမင္ရမႈအရ စ်ာပနတြင္ ယူၾကံဳးမရျဖစ္ကာ မူးေမ့လဲက်သြားေသာ ဗယ္နီတ ရွားရ္မားကို တူနီရွ၏ မိသားစုဝင္မ်ား၊ ရုပ္ရွင္ေလာကသားမ်ားက ယပ္ခပ္ကာ တြဲေခၚေနပံုမ်ားကို ေတြ႔ရသည္။

ေဘာလိဝုဒ္ထိပ္သီး ရုပ္ရွင္ထုတ္လုပ္သူျဖစ္ေသာ Abbas-Mustan သည္လည္း တူနီရွ၏ ေနာက္ဆံုးခရီးသို႔ လိုက္ပါပို႔ေဆာင္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tunisha Sharma leaves behind property worth crores for her mother (indiatvnews, koimoi, onmanorama, hindustantimes,wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...
The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...
အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...
ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ
ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ
နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့...

အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...
အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service