ကမ္ဘာ့လစာအများဆုံး ဘောလုံးကြယ်ပွင့်၊ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီ၏ ချစ်သူမိန်းကလေးများနှင့် သူ၏စံအိမ်
ကမ္ဘာ့လစာအများဆုံး ဘောလုံးကြယ်ပွင့်၊ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီ၏ ချစ်သူမိန်းကလေးများနှင့် သူ၏စံအိမ် - Property News in Myanmar from iMyanmarHouse.com
16 Dec 2022 10:20 am တွင် တင်ခဲ့သည်
4961 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကျီလျန်း အမ်ဘတ်ပီ (Kylian Mbappe) သည် PSG အသင်းကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်သွားပြီဖြစ်သော ပြင်သစ်အသင်း၏ တိုက်စစ်မှူးလည်း ဖြစ်သည်။
Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ကျီလျန်း အမ်ဘတ်ပီသည် ၂၀၂၂/၂၃ ဘောလုံးရာသီအတွက် လစာ ခန့်မှန်းချေ ကန်ဒေါ်လာ ၁၂၈ သန်းရရှိထားကာ ကမ္ဘာပေါ်တွင် လစာအများဆုံး ဘောလုံးသမားဖြစ်သည်ဟု ဆိုသည်။
ထိုပမာဏမှာ PSG မှ အသင်းဖော် မက်ဆီ (လစာ ဒေါ်လာ သန်း ၁၂၀ ရရှိ) နှင့် စီရော်နယ်ဒို (လစာ ဒေါ်လာ သန်း ၁၀၀ ရရှိ) တို့ထက် ပိုမိုများပြားသော ပမာဏလည်း ဖြစ်သည်။
အမ်ဘတ်ပီသည် ၂၀၁၇-၁၈ ဘောလုံးရာသီတွင် PSG အသင်းသို့ ပြောင်းရွှေ့ကြေး ဒေါ်လာ ၂၁၄ သန်းဖြင့် ပြောင်းရွှေ့ခဲ့ရာ သမိုင်းတစ်လျှောက် ဈေးအကြီးဆုံးအပြောင်းအရွှေ့များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။
အသက် ၂၃ နှစ်အရွယ်ရှိ ပြင်သစ်ကြယ်ပွင့်၏ ကြွယ်ဝမှုမှာ ၂၀၁၈ ခုနှစ်အချက်အလက်များအရ ကန်ဒေါ်လာ ၈၂ သန်းခန့် ဖြစ်သည်။
အမ်ဘတ်ပီသည် သူ၏ များပြားလှသောဝင်ငွေများကို မည်သို့သုံးစွဲနေပါသနည်း။
အခြားကမ္ဘာကျော် ဘောလုံးသမားများမှာ တန်ဖိုးကြီးကားများ၊ ရွက်လှေကြီးများ ဝယ်ယူကြသော်လည်း အမ်ဘတ်ပီ၏ သုံးစွဲမှုမှာ ၎င်းတို့နှင့်ယှဉ်လျှင် နည်းပါးသည်။
(မော်တော်ကား)
အမ်ဘတ်ပီကဲ့သို့ ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးသည် သူ၏အဆင့်အတန်းနှင့် လိုက်ဖက်ရန် Lamborghini (သို့မဟုတ်) Ferrari များစီးလိမ့်မည်ဟု ယူဆဖွယ်ရာရှိသည်။
သို့သော် အမ်ဘတ်ပီသည် မော်တော်ကားများနှင့်ပတ်သက်လျှင် မက်မက်မောမောမရှိ။
အမ်ဘတ်ပီစီးသော ကားများမှာ Volkswagen Tiguan SUV၊ Volkswagen ID.4 လျှပ်စစ်ကားနှင့် ဒေါ်လာ ၆၀၀၀၀ တန် Audi A6 Avant တို့ဖြစ်၏။
မကြာသေးမီကမူ အမ်ဘတ်ပီသည် ဒေါ်လာ ၈၀၀၀၀ ပေးရသော Mercedes-Benz GLE နှင့် ဒေါ်လာ ၁၅၀၀၀၀ ခန့် တန်ကြေးရှိသော Mercedes V Class ကားများ ဝယ်ယူခဲ့သည်။
(နေအိမ်များ)
“ကျွန်တော်ငွေအများဆုံး သုံးခဲ့တာက အိမ်ကောင်းကောင်းတစ်လုံးပါ။ ဒါက ကျွန်တော့်မိသားစုအတွက် အရေးကြီးတယ်လေ”ဟု အမ်ဘတ်ပီက ပြောသည်။
အမ်ဘတ်ပီ ပိုင်သော duplex Penthouse အခန်းမှာ စတုရန်းပေ ၆၄၀၀ ကျယ်ဝန်းပြီး ပဲရစ်မြို့၏ တန်ဖိုးအကြီးဆုံး လူနေရပ်ကွက်တွင် တည်ရှိသည်။
နေအိမ်အတွင်း အိပ်ခန်း ၁၂ ခန်း၊ ဘတ်စ်ကက်ဘောကွင်း ၁ ခု ၊ စာကြည့်တိုက် ၊ အားကစားလေ့ကျင့်ခန်းမနှင့် တူရကီရေစိမ်ကန် ၁ ခုတို့ပါဝင်သည်။ သူ၏ နေအိမ်မှ ကမ္ဘာကျော် အီဖဲ မျှော်စင်ကြီးကို လှမ်းမျှော်တွေ့မြင် ရနိုင်သည်။
သတင်းများအရ အမ်ဘတ်ပီသည် မိသားစုနှင့်အတူနေသော ထိုအခန်းအတွက် ငှားရမ်းခ တစ်လလျှင် ဒေါ်လာ ၄၀၀၀၀ ကျော်ပေးရသည်ဟု ဆိုသည်။
အမ်ဘတ်ပီသည် ပဲရစ်မြို့တွင် ဒေါ်လာ ၁၀ သန်းတန် နေအိမ်တစ်လုံးနှင့် မိုနာကိုတွင် နေအိမ်တစ်လုံး ပိုင်ဆိုင်ထားသည် ဟူသော သတင်းများလည်း ရှိသည်။
လီဗာပူး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ရီးရဲမက်ဒရစ် နှင့် အာဆင်နယ်အသင်း ပရိသတ်များက ၎င်းတို့ အားပေးသော အသင်းသို့ အမ်ဘတ်ပီ ပြောင်းရွှေ့လာရန်နှင့် ၎င်းတို့၏ မြို့များတွင် အိမ်လာရှာရန် မျှော်လင့်နေကြသည်။
(သီးသန့် ဂျက်လေယာဉ်)
အမ်ဘတ်ပီသည် ကမ္ဘာတစ်ဝန်းသွားလာရန်အတွက် Challenger 350 အမျိုးအစား ခေတ်မီဂျက်လေယာဉ်တစ်စီး ငှားရမ်းသွားလာလေ့ရှိပြီး တစ်နာရီလျှင် ဒေါ်လာ ၇၀၀၀ ပေးရသည်ဟု ဆိုသည်။
အမ်ဘတ်ပီသည် ၂၀၂၂ နှစ်စပိုင်းတွင် ထိုဂျက်လေယာဉ်ဖြင့် လီဗာပူးမြို့သို့သွားခဲ့ရာ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ဖွယ်ရာရှိကြောင်း ခန့်မှန်းချက်များလည်း ထွက်ပေါ်လာသည်။
(အမ်ဘတ်ပီ၏ ချစ်သူမိန်းကလေးများ )
ပြင်သစ်အသင်းနှင့် PSG အသင်းတို့၏ တိုက်စစ်မှူး ကျီလျန်း အမ်ဘတ်ပီနှင့် ချစ်ကြိုက်သည်ဟု သတင်းထွက်ခဲ့သော မိန်းကလေးများအားလုံးကို စုစည်းဖော်ပြထားပါသည်။
(သတင်းရင်းမြစ် - Zee News Dec 14, 2022)
၁။ အဲလစ်ရှာ အေးလိစ် (Alicia Aylies)
အဲလစ်ရှာ အေးလိစ်နှင့် အမ်ဘတ်ပီတို့ ချစ်ကြိုက်နေကြောင်းသတင်းများ ၂၀၁၈ ကမ္ဘာ့ဖလားကာလဝန်းကျင်တွင် ထွက်ပေါ်ခဲ့သည်။
အဲလစ်ရှာသည် ပြင်သစ်အဆိုတော် ဖြစ်သည့်အပြင် ၂၀၁၇ ခုနှစ် Miss France လည်းဖြစ်သည်။
(ဓာတ်ပုံ- source: Twitter)
၂။အင်မာ စမက် (Emma Smet)
အမ်ဘတ်ပီနှင့် အင်မာ စမက်တို့ ၂ဦးကို ကစားပွဲတစ်ခု အတူကြည့်နေကြပုံ တွေ့ခဲ့ရဖူးသည်။
ယင်းနောက်ပိုင်း ပြင်သစ်သတင်းမီဒီယာတို့က ၎င်းတို့နှစ်ဦး တွဲနေသည်ဟု ယူဆခဲ့ကြသည်။
(ဓာတ်ပုံ- Source: Twitter)
၃။ စတဲလား မက်စ်ဝဲလ်( Stella Maxwell)
စတဲလား မက်စ်ဝဲလ်သည် အသက် ၃၂ နှစ်အရွယ်ရှိပြီး Victoria's Secret ၏ မော်ဒယ်ဟောင်းတစ်ဦးဖြစ်သည်။
စတဲလားသည် နာမည်ကြီးတစ်ဦး ဖြစ်ပြီး အင်စတာဂရမ်တွင် ဖော်လိုဝါ ၈ သန်းကျော်ရှိသည်။
(ဓာတ်ပုံ-Source: Twitter)
စတဲလား မက်စ်ဝဲလ်သည် ပြင်သစ်ဘောလုံးကြယ်ပွင့် ကျီလျန်း အမ်ဘတ်ပီနှင့် ချစ်ကြိုက်သည်ဟု နောက်ဆုံးသတင်းထွက်နေသော မိန်းကလေးဖြစ်သည်။
သတင်းများအရ ၎င်းတို့နှစ်ဦး ၂၀၂၂ မေလတွင် စတွဲခဲ့ကြသည်ဟု ဆိုသည်။
(ဓာတ်ပုံ-Source: Twitter)
၄။အီနက်စ် ရောင် (Ines Rau)
အီနက်စ် ရောင်သည် ပြင်သစ်မော်ဒယ် တစ်ဦးဖြစ်ပြီး ပလေးဘွိုင်း မဂ္ဂဇင်းအတွက် ပါဝင်ခဲ့သော မော်ဒယ်များအနက် ပထမဆုံး လိင်ပြောင်းမော်ဒယ်တစ်ဦးဖြစ်သည်။
အမ်ဘတ်ပီနှင့်အီနက်စ်တို့ တွဲနေသည်ဟူသော သတင်းများ ၂၀၂၁ ခုနှစ်အတွင်းက ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
(ဓာတ်ပုံ- Source: Twitter)
အီနက်စ် ရောင်နှင့်သတင်းထွက်ရခြင်း အကြောင်းရင်း - အမ်ဘတ်ပီသည် ဘောလုံးကိစ္စများမှ အားလပ်ချိန်တွင် ပလေးဘွိုင်းမော်ဒယ် အီနက်စ်နှင့်အတူ အချိန်ဖြုန်းနေသည်ကို တွေ့ရလေ့ရှိသည်။
ရွက်လှေတစ်ခုတွင် သူတို့နှစ်ဦးအတူရှိနေသည့် ဓာတ်ပုံများ ပေါ်ထွက်ခဲ့အပြီး တွဲနေသည်ဟု သတင်းများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
(ဓာတ်ပုံ- Source: Twitter)
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: How French superstar Kylian Mbappe spends his millions (soccergator)
  [Zawgyi]
(မော်တော်ကား)
(နေအိမ်များ)
(သီးသန့် ဂျက်လေယာဉ်)
၂။အင်မာ စမက် (Emma Smet)
၎။အီနက်စ် ရောင် (Ines Rau)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
imyanmarmarket
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service