ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
အမေရိကန်ပြည်ထောင်စု၊ တောင်ဒါကိုတာပြည်နယ်တွင် ကန်ဒေါ်လာ ၂၃၂ သန်း Powerball ထီပေါက်သော နွားကျောင်းသားက မွေးမြူရေးခြံကြီးတစ်ခြံကို ဝယ်ယူလိုက်သည်။
အသက် ၂၃ နှစ်အရွယ်ရှိ နီးလ် ဝမ်းလက်စ် (Neal Wanless) ဆိုသည့် နွားကျောင်းသားလူငယ်သည် Winner အမည်ရှိ မြို့ကလေးသို့ မွေးမြူရေးတိရ စ္ဆာန်စာ ဝယ်ရန်သွားရင်း ထီလက်မှတ်တစ်စောင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုထီလက်မှတ်လေးသည် အမေရိကန်သမိုင်းတွင် ဆုကြေးအများဆုံး ထီလက်မှတ်များထဲမှ တစ်ခုဖြစ်ခဲ့ပြီး ကန်ဒေါ်လာ ၂၃၂ ဒသမ ၁ သန်းဆု ပေါက်ခဲ့ခြင်း ဖြစ်သည်။
အမေရိက၏ အဆင်းရဲဆုံးခရိုင် ၁၀ ခုအနက်တစ်ခုတွင် နေထိုင်ကြရသည့် နီးလ် ဝမ်းလက်စ်တိို့ မိသားစုမှာ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ဖြတ်သန်းကြရသူများ ဖြစ်သည်။
နီးလ် ဝမ်းလက်စ်သည် ထီပေါက်သောအခါ Bismark Trail Ranch အမည်ရှိ ဧကပေါင်း ၄၇၈၈၃ ကျယ်ဝန်းသော မွေးမြူရေးခြံကြီးအပြင် အခြားအရာများစွာ ဝယ်ယူခဲ့သည်။
ယခုအခါ နီးလ်သည် ကနေဒါနိုင်ငံမှ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ထားသည်။
Bismarck Trail မွေးမြူရေးခြံကြီးတွင် နေအိမ် ၄ လုံးအပြင် ထရပ်ကားများ၊ မွေးမြူရေး တိရ စ္ဆာန်ချိန်သည့် ချိန်ခွင်များ၊ Morton ကုမ္ပဏီမှ ဆောက်လုပ်ပေးထားသည့် အဆောက်အအုံများစွာ ပါဝင်သည်။
စံအိမ်များတွင် သစ်မာသားကြမ်းခင်းများ၊ ထုတ်တန်းဖော် မျက်နှာကြက်များ၊ မီးလင်းဖိုများစွာအပြင် ရုပ်လုံးဖော်ထားသော တိရ စ္ဆာန်ရုပ်များလည်းရှိသည်။
ပင်မစံအိမ်အတွင်း ကျယ်ပြောသော ကြမ်းခင်းများမှာ ကြီးမားသည့် မီးဖိုဆောင်နှင့် ညစာစားခန်း၊ ဧည့်ခန်းနေရာများကို ဆက်သွယ်ပေးထားသည်။
အိမ်တွင်းရုပ်ရှင်ရုံတစ်ခုနှင့် ဂိမ်းကစားခန်းတို့မှာ တနေကုန်နွားကျောင်းပြီးလျှင် အပန်းဖြေအနားယူရန် အကောင်းဆုံးနေရာများလည်း ဖြစ်သည်။
မြင်းချစ်သူများအတွက် မွေးမြူရေးခြံဝန်းကြီးအတွင်း indoor နှင့် outdoor မြင်းပြိုင်ကွင်းများ၊ မြင်းစီးခြင်းဆိုင်ရာ facilities များလည်း ရှိသည်။
အလွန်တရာ ကျယ်ဝန်းလှသော မွေးမြူရေးခြံကြီးအတွင်း အမေရိကန်မြင်းရိုင်း ထောင်ဂဏန်းဝန်းကျင်ခန့် လွတ်လပ်စွာ လှည့်လည်ကျက်စားလျက်ရှိသည့်အပြင် အမြီးဖြူဟု လူသိများသော ဗာဂျီးနီးယားသမင်၊ မြောက်အမေရိက အနောက်ပိုင်းမျိုးရင်း လားသမင်နှင့် မြောက်အမေရိကအနောက်ပိုင်းတွင် ကျက်စားသော ခရင်းခွဦးချိုရှိ တောဆိတ်များလည်း နေထိုင်ကျက်စားလျက်ရှိသည်။
မွေးမြူရေးခြံကြီးသည် Belle Fourche မြစ်အောက်ပိုင်းမှသည် မြက်ခင်းစိမ်းတို့လွှမ်းရာ တောင်ကုန်းဒေသများအထိ ဖြန့်ကျက်တည်ရှိသည်။
ရေပေးစနစ်ရှိသော မြေဧကများတွင် တစ်ဧကလျှင် ပြောင်း တင်း ၁၅၀ ကျော်နှင့် ဆေးဖက်ဝင် အယ်လ်ဖာဖာပင် ၆ တန်ထွက်ရှိသည်။
(မှတ်ချက်။ မြန်မာနိုင်ငံတွင် Fame ဆေးဝါးကုမ္ပဏီက အယ်လ်ဖာဖာပင်များ စိုက်ပျိုးကာ အဆိုပါအပင်မှ အရွက်ဖြင့် ဆေးဝါးများထုတ်လုပ်ရောင်းချလျက်ရှိသည်။ အယ်လ်ဖာဖာရွက်သည် ကမ္ဘာပေါ်တွင် အာဟာရဓာတ်အပြည့်ဝဆုံးအရွက်တစ်မျိုးဖြစ်၏။)
မွေးမြူရေးခြံကြီး၏ ရေပေးစနစ်ပါသော စားကျက် ၃၈ ခုတွင် ရေပိုက်လိုင်း မိုင်ပေါင်းများစွာ ဖြန့်ကျက်ထားရှိသည်။
ထို့အပြင် ကျယ်ဝန်းသော ရေကန်များ (Stock tanks) နှင့် များစွာသော စားကျက်များ (stock dams) များမှာ လက်ရှိအားဖြင့် ကျွဲနွှားတို့အတွက် စားကျက်အဖြစ် အငှားချထားခြင်းလည်း ရှိသည်။
အနီးရှိ Bear Butte မီးသင့်ကျောက် တောင်ကုန်းနှင့် အဝေးမိုးကုတ်စက်ဝိုင်းဆီရှိ Black Hills တောင်တန်းတို့၏ ခမ်းနားသော ရှုခင်းများမှာ သဘာဝ၏ပန်းချီကားကို ပြီးပြည့်စုံစေသည်။
ယခု မွေးမြူရေးခြံကြီး၏ အမည်ပေါ်ပေါက်လာပုံမှာ ရှေးယခင်က Black Hills တောင်တန်းကြီးတွင် ရွှေရှာခြင်း ခေတ်စားခဲ့စဉ်ကာလများက မြောက်ဒါကိုတာပြည်နယ်၊ Bismarck မြို့မှ ရွှေတူးမည့်သူများ Deadwood မြို့သို့ သွားရာ လူသွားလမ်းကလေးကို အစွဲပြုကာ မွေးမြူရေးခြံကြီးကို Bismarck Trail ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
Bismark Trail ယာတောခြံသည် တောင် ဒါကိုတာပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Rapid City ၏ မြောက်ဘက် မိုင် ၅၀ ခန့်အကွာတွင် တည်ရှိသည့် လူဦးရေ ၉၆ ဦးသာရှိသော Vale အမည်ရှိ မြို့ငယ်လေးတွင် တည်ရှိသည်။
ဤဒေသတွင် အမဲလိုက်ခြင်း၊ ငါးမျှားခြင်း၊ စက်ဘီးဆိုင်ကယ်စီးခြင်း၊ စကိတ်စီးခြင်း၊ နှင်းလျှောစီးယာဉ်စီးခြင်း၊ ရှုခင်းကြည့်ခြင်းများပြုလုပ်နိုင်ကာ ကမ္ဘာကျော်များအကြား နှစ်သက်သည့်နေရာလည်း ဖြစ်သည်။
ဤဒေသ၌ ဒီမီမိုး၊ ဂျပ်စတင် တင်းဘားလိတ်၊ ဂျက်ခ် နစ်ကိုးဆန်တို့၏ အပန်းဖြေစံအိမ်များလည်း ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: What a South Dakota Cowboy Buys With His $232 Million Powerball Lottery Winnings! (toptenrealestatedeals)
[Zawgyi]
ေဒၚလာ ၂၃၃ သန္းထီေပါက္ေသာ ႏြားေက်ာင္းသား ၄၇၈၈၃ ဧကက်ယ္သည့္ေမြးျမဴေရးျခံၾကီးဝယ္
အေမရိကန္ျပည္ေထာင္စု၊ ေတာင္ဒါကိုတာျပည္နယ္တြင္ ကန္ေဒၚလာ ၂၃၂ သန္း Powerball ထီေပါက္ေသာ ႏြားေက်ာင္းသားက ေမြးျမဴေရးျခံၾကီးတစ္ျခံကို ဝယ္ယူလုိက္သည္။
အသက္ ၂၃ ႏွစ္အရြယ္ရွိ နီးလ္ ဝမ္းလက္စ္ (Neal Wanless) ဆိုသည့္ ႏြားေက်ာင္းသားလူငယ္သည္ Winner အမည္ရွိ ျမိဳ႕ကေလးသို႔ ေမြးျမဴေရးတိရ စၦာန္စာ ဝယ္ရန္သြားရင္း ထီလက္မွတ္တစ္ေစာင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။
ထိုထီလက္မွတ္ေလးသည္ အေမရိကန္သမိုင္းတြင္ ဆုေၾကးအမ်ားဆံုး ထီလက္မွတ္မ်ားထဲမွ တစ္ခုျဖစ္ခဲ့ျပီး ကန္ေဒၚလာ ၂၃၂ ဒသမ ၁ သန္းဆု ေပါက္ခဲ့ျခင္း ျဖစ္သည္။
အေမရိက၏ အဆင္းရဲဆံုးခရိုင္ ၁၀ ခုအနက္တစ္ခုတြင္ ေနထိုင္ၾကရသည့္ နီးလ္ ဝမ္းလက္စ္တို႔ိ မိသားစုမွာ ဘဝကို ခက္ခက္ခဲခဲ ရုန္းကန္ျဖတ္သန္းၾကရသူမ်ား ျဖစ္သည္။
နီးလ္ ဝမ္းလက္စ္သည္ ထီေပါက္ေသာအခါ Bismark Trail Ranch အမည္ရွိ ဧကေပါင္း ၄၇၈၈၃ က်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီးအျပင္ အျခားအရာမ်ားစြာ ဝယ္ယူခဲ့သည္။
ယခုအခါ နီးလ္သည္ ကေနဒါႏိုင္ငံမွ အမ်ဳိးသမီးတစ္ဦးႏွင့္ လက္ထပ္ထားသည္။
Bismarck Trail ေမြးျမဴေရးျခံၾကီးတြင္ ေနအိမ္ ၄ လံုးအျပင္ ထရပ္ကားမ်ား၊ ေမြးျမဴေရး တိရ စၦာန္ခ်ိန္သည့္ ခ်ိန္ခြင္မ်ား၊ Morton ကုမၸဏီမွ ေဆာက္လုပ္ေပးထားသည့္ အေဆာက္အအံုမ်ားစြာ ပါဝင္သည္။
စံအိမ္မ်ားတြင္ သစ္မာသားၾကမ္းခင္းမ်ား၊ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား၊ မီးလင္းဖိုမ်ားစြာအျပင္ ရုပ္လံုးေဖာ္ထားေသာ တိရ စၦာန္ရုပ္မ်ားလည္းရွိသည္။
ပင္မစံအိမ္အတြင္း က်ယ္ေျပာေသာ ၾကမ္းခင္းမ်ားမွာ ၾကီးမားသည့္ မီးဖိုေဆာင္ႏွင့္ ညစာစားခန္း၊ ဧည့္ခန္းေနရာမ်ားကို ဆက္သြယ္ေပးထားသည္။
အိမ္တြင္းရုပ္ရွင္ရံုတစ္ခုႏွင့္ ဂိမ္းကစားခန္းတို႔မွာ တေနကုန္ႏြားေက်ာင္းျပီးလွ်င္ အပန္းေျဖအနားယူရန္ အေကာင္းဆံုးေနရာမ်ားလည္း ျဖစ္သည္။
ျမင္းခ်စ္သူမ်ားအတြက္ ေမြးျမဴေရးျခံဝန္းၾကီးအတြင္း indoor ႏွင့္ outdoor ျမင္းျပိဳင္ကြင္းမ်ား၊ ျမင္းစီးျခင္းဆိုင္ရာ facilities မ်ားလည္း ရွိသည္။
အလြန္တရာ က်ယ္ဝန္းလွေသာ ေမြးျမဴေရးျခံၾကီးအတြင္း အေမရိကန္ျမင္းရိုင္း ေထာင္ဂဏန္းဝန္းက်င္ခန္႔ လြတ္လပ္စြာ လွည့္လည္က်က္စားလ်က္ရွိသည့္အျပင္ အျမီးျဖဴဟု လူသိမ်ားေသာ ဗာဂ်ီးနီးယားသမင္၊ ေျမာက္အေမရိက အေနာက္ပိုင္းမ်ဳိးရင္း လားသမင္ႏွင့္ ေျမာက္အေမရိကအေနာက္ပိုင္းတြင္ က်က္စားေသာ ခရင္းခြဦးခ်ဳိရွိ ေတာဆိတ္မ်ားလည္း ေနထိုင္က်က္စားလ်က္ရွိသည္။
ေမြးျမဴေရးျခံၾကီးသည္ Belle Fourche ျမစ္ေအာက္ပိုင္းမွသည္ ျမက္ခင္းစိမ္းတို႔လႊမ္းရာ ေတာင္ကုန္းေဒသမ်ားအထိ ျဖန္႔က်က္တည္ရွိသည္။
ေရေပးစနစ္ရွိေသာ ေျမဧကမ်ားတြင္ တစ္ဧကလွ်င္ ေျပာင္း တင္း ၁၅၀ ေက်ာ္ႏွင့္ ေဆးဖက္ဝင္ အယ္လ္ဖာဖာပင္ ၆ တန္ထြက္ရွိသည္။
(မွတ္ခ်က္။ ျမန္မာႏိုင္ငံတြင္ Fame ေဆးဝါးကုမၸဏီက အယ္လ္ဖာဖာပင္မ်ား စိုက္ပ်ဳိးကာ အဆိုပါအပင္မွ အရြက္ျဖင့္ ေဆးဝါးမ်ားထုတ္လုပ္ေရာင္းခ်လ်က္ရွိသည္။ အယ္လ္ဖာဖာရြက္သည္ ကမၻာေပၚတြင္ အာဟာရဓာတ္အျပည့္ဝဆံုးအရြက္တစ္မ်ဳိးျဖစ္၏။)
ေမြးျမဴေရးျခံၾကီး၏ ေရေပးစနစ္ပါေသာ စားက်က္ ၃၈ ခုတြင္ ေရပိုက္လိုင္း မိုင္ေပါင္းမ်ားစြာ ျဖန္႔က်က္ထားရွိသည္။
ထို႔အျပင္ က်ယ္ဝန္းေသာ ေရကန္မ်ား (Stock tanks) ႏွင့္ မ်ားစြာေသာ စားက်က္မ်ား (stock dams) မ်ားမွာ လက္ရွိအားျဖင့္ ကၽြဲႏႊားတို႔အတြက္ စားက်က္အျဖစ္ အငွားခ်ထားျခင္းလည္း ရွိသည္။
အနီးရွိ Bear Butte မီးသင့္ေက်ာက္ ေတာင္ကုန္းႏွင့္ အေဝးမိုးကုတ္စက္ဝိုင္းဆီရွိ Black Hills ေတာင္တန္းတို႔၏ ခမ္းနားေသာ ရႈခင္းမ်ားမွာ သဘာဝ၏ပန္းခ်ီကားကို ျပီးျပည့္စံုေစသည္။
ယခု ေမြးျမဴေရးျခံၾကီး၏ အမည္ေပၚေပါက္လာပံုမွာ ေရွးယခင္က Black Hills ေတာင္တန္းၾကီးတြင္ ေရႊရွာျခင္း ေခတ္စားခဲ့စဥ္ကာလမ်ားက ေျမာက္ဒါကိုတာျပည္နယ္၊ Bismarck ျမိဳ႕မွ ေရႊတူးမည့္သူမ်ား Deadwood ျမိဳ႕သို႔ သြားရာ လူသြားလမ္းကေလးကို အစြဲျပဳကာ ေမြးျမဴေရးျခံၾကီးကို Bismarck Trail ဟု အမည္ေပးခဲ့ျခင္း ျဖစ္သည္။
Bismark Trail ယာေတာျခံသည္ ေတာင္ ဒါကိုတာျပည္နယ္၏ ဒုတိယအၾကီးဆံုးျမိဳ႕ျဖစ္ေသာ Rapid City ၏ ေျမာက္ဘက္ မိုင္ ၅၀ ခန္႔အကြာတြင္ တည္ရွိသည့္ လူဦးေရ ၉၆ ဦးသာရွိေသာ Vale အမည္ရွိ ျမိဳ႕ငယ္ေလးတြင္ တည္ရွိသည္။
ဤေဒသတြင္ အမဲလိုက္ျခင္း၊ ငါးမွ်ားျခင္း၊ စက္ဘီးဆိုင္ကယ္စီးျခင္း၊ စကိတ္စီးျခင္း၊ ႏွင္းေလွ်ာစီးယာဥ္စီးျခင္း၊ ရႈခင္းၾကည့္ျခင္းမ်ားျပဳလုပ္ႏိုင္ကာ ကမၻာေက်ာ္မ်ားအၾကား ႏွစ္သက္သည့္ေနရာလည္း ျဖစ္သည္။
ဤေဒသ၌ ဒီမီမိုး၊ ဂ်ပ္စတင္ တင္းဘားလိတ္၊ ဂ်က္ခ္ နစ္ကိုးဆန္တို႔၏ အပန္းေျဖစံအိမ္မ်ားလည္း ရွိသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: What a South Dakota Cowboy Buys With His $232 Million Powerball Lottery Winnings! (toptenrealestatedeals)