ဗြိတိန်တွင် ၅၀ တန်နှင့် ၂၀ တန် စက္ကူသား ငွေစက္ကူများ ယခုလကုန် ဖျက်သိမ်းတော့မည်
ဗြိတိန်တွင် ၅၀ တန်နှင့် ၂၀ တန် စက္ကူသား ငွေစက္ကူများ ယခုလကုန် ဖျက်သိမ်းတော့မည် - Property News in Myanmar from iMyanmarHouse.com
27 Sep 2022 11:34 am တွင် တင်ခဲ့သည်
2074 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်ဘဏ် (BOE) က လာမည့် စက်တင်ဘာလ ၃၀ ရက်တွင် ပေါင် ၅၀ တန် ငွေစက္ကူ (မူလ လက်ဟောင်း) ၆ ဘီလီယံပမာဏနှင့် ပေါင် ၂၀ တန် ငွေစက္ကူ (မူလလက်ဟောင်း) ၅ ဘီလီယံဖိုးကို ဗြိတိန်စီးပွားရေးလုပ်ငန်းများ၌ အသိအမှတ်ပြုတော့မည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
ငွေစက္ကူရွက်ရေ သန်း ၃၆၀ ကျော်ပမာဏဖြစ်ပြီး တန်ဖိုးအားဖြင့် ပေါင် ၁၁ ဘီလီယံ (ကန်ဒေါ်လာ ၁၂ ဒသမ ၄ ဘီလီယံ) ဖြစ်သည်။
ဗြိတိန်နိုင်ငံသားများအနေဖြင့် စက္ကူသားဖြင့် ပြုလုပ်ထားသော အဆိုပါငွေစက္ကူများကို အသုံးပြုလိုပါက ရက်ပိုင်းသာ အချိန်ရတော့မည်ဖြစ်သည်။
အဆိုပါငွေစက္ကူများနေရာတွင် ပိုလိုမာဖြင့် ထုတ်လုပ်ထားသော ပေါင် ၂၀ တန်၊ ပေါင် ၅၀ တန် ငွေစက္ကူများဖြင့် အစားထိုးမည်ဖြစ်သည်။
ပိုလီမာ ငွေစက္ကူများကို လွန်ခဲ့သော ၂ နှစ် (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ) ကတည်းက လည်ပတ်သုံးစွဲနေ ခဲ့ပြီးလည်း ဖြစ်သည်။
Mirror သတင်းဌာန၏ ဖော်ပြချက်အရ အဒမ်စမစ်၊ မက်သူး ဘော်လ်တန်နှင့် ဂျိမ်းစ်ဝပ်တို့၏ ရုပ်ပုံများ ရိုက်နှိပ်ထုတ်ဝေထားသော ငွေစက္ကူဟောင်းများကို လာမည့် တစ်ပတ်အတွင်း ဥပဒေအရ လက်ခံခွင့်ပြုတော့မည် မဟုတ်တော့ကြောင်း ဖော်ပြသည်။
အစားထိုးမည့် ငွေသားများတွင် ရိုက်နှိပ်ဖော်ပြထားသည့် ရုပ်ပုံများမှာ ဂျေ၊ အမ်၊ ဒဗလျူ တာနာနှင့် အလန်တူရင်တို့ဖြစ်ပြီး ၂၀ တန်နှင့် ၅၀ တန် ငွေစက္ကူများပေါ်တွင် ရိုက်နှိပ်ထားခြင်း ဖြစ်သည်။
Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ စက္ကူဖြင့်ပြုလုပ်ထားသော ငွေသားများကို လန်ဒန်မြို့၊ Threadneedle လမ်းရှိ အင်္ဂလန်ဘဏ်၏ ရုံးများတွင် ပိုလီမာ ငွေသားများဖြင့် လူကိုယ်တိုင် လာရောက်လဲလှယ်နိုင်သည်။
ယင်းအပြင် သတ်မှတ်ထားသည့် စာတိုက်ရုံးများတွင် လဲလှယ်နိုင်သည်ဟု ဆိုသည်။
ထို့အပြင် ကူးသန်းရောင်းဝယ်ရေးဘဏ်ပေါင်းများစွာ၏ ဘဏ်စာရင်းများထဲသို့လည်း ထည့်သွင်းနိုင်သည်။
ငွေစက္ကူများကို ပိုလီမာဖြင့် ပြောင်းလဲထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ထိခိုက်ပျက်စီးမှုဒဏ် ခံနိုင်ရည်ရှိစေရန်နှင့် ငွေတုများကို တိုက်ဖျက်ရန် ဖြစ်သည်။
အနာဂတ်တွင် ချားလ်စ်ဘုရင်မင်းမြတ်၏ ရုပ်ပုံများရိုက်နှိပ်ကာ ငွေသားများ ထုတ်ဝေသွားမည်ဖြစ်ပြီး နတ်ရွာစံသွားသော ဘုရင်မကြီး၏ရုပ်ပုံငွေသားများကို တဖြည်းဖြည်းချင်း လျှော့ချသွားမည်ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Britons have less than a week to spend old banknotes worth £11 billion (wionews)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
shwe-wutthmone
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service