သက်သေခြင်းနိဂုံး ဘယ်လိုရုန်းထွက်မလဲ....

သက်သေခြင်းနိဂုံး ဘယ်လိုရုန်းထွက်မလဲ.... - Property Knowledge in Myanmar from iMyanmarHouse.com
21 Sep 2022 12:29 pm တွင် တင်ခဲ့သည်
613 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဘဝတွေဖြစ်လာတာက ဒီတိုင်းလေးပြီးသွားဖို့ မဟုတ်ပါဘူး။ရှင်သန်ဖို့အတွက် ရုန်းကန်ခြင်းတွေနဲ့သွားဖို့ရာပါ။ ဒီလိုမှမဟုတ်ရင် လောကကြီးက ကိုယ့်ကိုကြိုဆိုလက်ခံဖွယ်ရာ မရှိပါဘူး။ကျွန်တော်တို့မြတ်စွာဘုရားတောင်မှ ရိုးရိုးရှင်သန်ရုံဖြတ်သန်းသွားတာမဟုတ်ပါဘူး။ ဘဝပေါင်းအလီလီကို အံ့ချီးဖွယ်လုပ်ဆောင်ချက် တွေနဲ့ ရှင်သန်ဖြတ်သန်းသွားခဲ့ရတာပါ။

ကျွန်တော်တို့လူအများက ပစ္စက္ခအခြေအနေလေးကို မရင်ဆိုင်ချင်လို့၊ရင်ဆိုင်မှု မလုပ်နိုင်လို့ဆိုပြီး သက်သေခြင်းနိဂုံးနဲ့ ရုန်းထွက်ချင်ကြတယ်။ဒါဟာ အကောင်းဆုံးအဖြေတစ်ခု မဟုတ်မှန်းလည်း သိကြပါလိမ့်မယ်။ ရှင်သန်ခွင့်ရရင်၊ဒါမှမဟုတ် အခြေအနေကောင်းတွေ ပေးလာရင်လည်း သက်သေခြင်းနိဂုံးကို ရွေးချယ်ကြပါဦးမလား။အခြေအနေဆိုးကို ရင်မဆိုင်ရဲခြင်းက သက်သေခြင်းနိဂုံးကို ရွေးချယ်ကြတာလို့ ထင်ပါတယ်။

ဒါပေမဲ့ တစ်ခါတစ်ရံ လူတွေမှာ ဘာမှမယ်မယ်ရရ မဟုတ်ဘဲ သက်သေခြင်းနိဂုံးကို ရွေးချယ်သွားကြ တာကိုလည်း တွေ့ရပါတယ်။

ငွေရေးကြေးရေး၊စီးပွားရေးလည်း အဆင်ပြေပါလျက်ကယ်နဲ့ ချစ်သူရည်းစားကြောင့်၊စာမေးပွဲကျတာကြောင့် ဆိုတဲ့ ကိစ္စအမျိုးမျိုးကို ရမယ်ရှာဖွေပြီးမှ သက်သေခြင်းနိဂုံးကို ရွေးချယ်သွားကြတဲ့သူတွေလည်းရှိတယ်။

ဒါကတော့ နဂိုစိတ်အခြေအနေကြောင့်လို့ ထင်ပါတယ်။သူတို့ဟာ သက်သေဖို့ကို အခြေအနေတစ်ခုကို ဖန်တီးကြပါတယ်။ အကြောင်းပြစရာတစ်ခုကို ဖွေရှာနေကြတာလည်းဖြစ်ပုံရပါတယ်။အခြေအနေပေးပြီဆိုတာနဲ့ ဒါကြောင့် ဒါမျိုးလုပ်ရပါတယ်ဆိုတဲ့ အကြောင်းပြစရာ ထားခဲ့ပြီး ဘဝကို နိဂုံးချုပ်တတ်ကြပါတယ်။

ဝဋ်ကြွေးကမ္မ အသိဉာဏ်နည်းလို့ လုပ်ကြတယ်ပြောရအောင်ကလည်း မဟုတ်ပြန်ဘူး။ကမ္ဘာမှာ ထင်ရှားတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေတောင် သက်သေခြင်းနိဂုံးကို ရွေးချယ်ပြီး ဘဝကို ပြည်ဖုံးကားချလုပ်သွားကြတာ တွေ့ရပါတယ်။အနုပညာရှင်တွေပါတယ်ပေါ့။

နိုင်ငံတချို့မှာ လူအများ ကိုယ့်ကိုယ်ကိုယ်သက်သေရာနေရာ သီးသန့်တောင်ရှိနေတာကို အံ့ဩဖွယ်တွေ့ ရပါတယ်။။ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့မှာလို့ထင်ပါတယ်။အခြားမှာလည်း ရှိကောင်းရှိနိုင်ပါတယ်။

ဒီလိုဖွံ့ဖြိုးတိုးတက်မှု အရမ်းကောင်းတဲ့ နိုင်ငံတွေမှာတောင် ဒီလိုကိစ္စကြီးက ကြီးကြီးမားမားထင်ထင်ရှားရှား ဖြစ်ကြတာတော့ အရမ်းကို ဆန့်ကျင်ဘက်ဖြစ်လွန်းလှပါတယ်။

ဒီလိုနေရာတွေက ရှိကောင်းတဲ့အရာတွေလည်း မဟုတ်ပါဘူး။အခက်အခဲတွေက နိုင်ငံတိုင်းမှာ နေရာတိုင်းမှာ ရှိနေမှာပါ။ အရမ်းပြီးပြည့်စုံတဲ့နေရာဆိုတာ ဘယ်မှာမှမရှိလို့ ဒီအတွက် သက်သေခြင်းနိဂုံးနဲ့ အဆုံးမသက် စေချင်ပါဘူး။

လူတိုင်းဟာ စိတ်အေးလက်အေးနဲ့ ပျော်ရွှင်မှုအပြည့်နဲ့ဘဝဆိုတာ ရှားလှပါတယ်။ အထီးကျန်ဆန်မှုတွေ၊ ငြင်းပယ်ခံရမှုတွေ၊မျှော်လင့်ချက်မဲ့သွားတာတွေ၊အရေမရာရှေ့ဆက်သွားရမှာတွေနဲ့ မူးယစ်ဆေးကြောင့်ဖြစ်တဲ့ စိတ်ကစဉ့်ကလျား ဖြစ်သွားရာကနေပြီး သက်သေခြင်းနိဂုံးကို ရွေးသွားကြတာတွေလည်းရှိတယ်။

ဒါပေမဲ့ တကယ့်ဖြစ်စဉ်တွေအရ ကြံခိုင်မှုနဲ့မျှော်လင့်ချက်ကို မစွန့်လွှတ်သမျှ ရှင်သန်ဖို့ အခွင့်ကောင်းတွေက ပြန်လာတတ်တယ်ဆိုတာလည်း မေ့မထားဖို့လည်းလိုပါတယ်။

မြန်မာပြည်မှာတကယ့်အဖြစ်အပျက်တွေရှိခဲ့တယ်။စာရေးဆရာကြီး သော်ကရဲ့တိုက်ရေယာဉ်၁၀၃ ဝတ္ထုဟာ ဆိုရင် စာရေးဆရာသော်ကကိုယ်တိုင် ကြုံတွေခဲ့ရတဲ့ တကယ့်အဖြစ်အပျက်ပါ။

ဒီဝတ္ထုမှာဆိုရင် သူတို့တာဝန်ယူထားတဲ့ တိုက်ရေယာဉ်၁၀၃ သင်္ဘောနစ်မြုပ်သွားပြီး အသက်ကယ်ဘောနဲ့ ပင်လယ်ပြင်ကြယ်ကြီးမှာမျောပါခဲ့တယ်။သကြားလုံးလေးတွေကို ခွဲတမ်းချစားသောက်ရပြီး အသက်ဆက်ရင်း ရှင်သန်ဖို့ကြိုးစားကြပါတယ်။

အချက်ပြဖို့ နောက်ဆုံးမီးကျည်လည်းကုန်သွားပြီ။နေကလည်းဝင်တော့မဲ့အချိန်။ရှင်သန်ဖို့အတွက် ဒီအချိန်မှာ လက်လျော့လိုက်ရင် ဒီဇာတ်လမ်းကို ကျွန်တော်တို့ဖတ်ခွင့်ရခဲ့မှာမဟုတ်ပါဘူး။ အဖြစ်မှန်ကိုလည်းသိခွင့် မရတော့ပါဘူး။

ကြိုးစားရှင်သန်လိုစိတ်ရှိနေသူအတွက် မေခလာနတ်သမီးဟာအကယ်ရှိနေပါတယ်။ဒီလို မျှော်လင့်ချက်မဲ့နေတဲ့ ဒီပင်လယ်ပြင်ကြီးမှာ တကယ်ပါပဲ မြန်မာနိုင်ငံကနေ ပြန်ထွက်လာတဲ့ကုန်တင်သင်္ဘောတစ်စီးရဲ့ မာလိန်မှူးက အမှောင်မပျောက်ခင်နောက်ဆုံးအချိန်လေးမှာ ပင်လယ်ပြင်ကို မှန်ဘီလူနဲ့ ကြည့်လိုက်တဲ့ အကြည့်လေးက ဆရာသော်ကတို့အတွက် အသက်ရှင်ခွင့်ကိုဖြစ်စေခဲ့ပါတယ်။

ဒီလိုပါပဲ မင်းသားကြီး တွမ်ဟန့်ရဲ့ Cast Away ဆိုတဲ့ ဇာတ်လမ်းဟာလည်း လေယာဉ်ပျက်ပြီး ရေမျော ကမ်းတင် ဘဝနဲ့ လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ရရာနဲ့ အသက်ဆက်ခဲ့ရပြီး ရှင်သန်ဖို့ကြိုးစား ထားတာကိုတွေ့ရပါတယ်။

သူဟာအဲဒီကျွန်းပေါ်မှာ ဒီတိုင်းမနေခဲ့ပါဘူး။ကျွန်းကနေခွာလို့ရအောင် ဖောင်တစ်ခုဖွဲ့ပါတယ်။ လူ့ရပ်ဌာနေ ပြန်ရောက်နိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်းကိုစွန့်ပြီး ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကို ပြန်ဖြတ်သန်း ခဲ့တယ်။ရှင်သန်လိုသူအတွက်၊မျှော်လင့်ချက်ကို မစွန့်လွှတ်သူအတွက် အကျိုးအမဲ့ခဲ့ပါဘူး။

ဒီလိုသာဓကတွေ များစွာရှိတဲ့ ဇာတ်လမ်းတွေဟာ ကျနေတဲ့စိတ်ဓာတ်တွေကို အကောင်းဆုံးပြန်လည် မြှင့်တင်ပေးပါလိမ့်မယ်။ရှင်သန်ဖို့လက်လျော့သွားလိုသူတွေအတွက် မဟာဇနကဇာတ်တော်ဆိုရင် စိတ်ဓာတ်မြှင့်တင်ပေးတဲ့ အကောင်းဆုံးသာဓကတစ်ခုဆိုတာ တွေ့ရပါလိမ့်မယ်။

သက်သေခြင်းနိဂုံးနဲ့ အဆုံးမသတ်ဘဲ ရုန်းထွက်လိုသူတွေအတွက် စာအုပ်ကောင်းတွေ တကယ့် အဖြစ်အပျက်တွေကို ဖတ်ရှုအားကျပြီး အသက်ဆက်နိုင်ဖို့ကြိုးစားနိုင်ပါစေကြောင်း ခွန်အားကောင်း တစ်ခုအနေနဲ့ တင်ပြလိုက်ပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

သက္ေသျခင္းနိဂုံး ဘယ္လိုရုန္းထြက္မလဲ....

 

ဘဝေတြျဖစ္လာတာက ဒီတိုင္းေလးၿပီးသြားဖုို႔ မဟုတ္ပါဘူး။ရွင္သန္ဖို႔အတြက္ ရုန္းကန္ျခင္းေတြနဲ႔သြားဖို႔ရာပါ။ ဒီလိုမွမဟုတ္ရင္ ေလာကႀကီးက ကိုယ့္ကိုႀကိဳဆိုလက္ခံဖြယ္ရာ မရွိပါဘူး။ကၽြန္ေတာ္တို႔ျမတ္စြာဘုရားေတာင္မွ ရိုးရိုးရွင္သန္ရုံျဖတ္သန္းသြားတာမဟုတ္ပါဘူး။ ဘဝေပါင္းအလီလီကို အံ႔ခ်ီးဖြယ္လုပ္ေဆာင္ခ်က္ ေတြနဲ႔ ရွင္သန္ျဖတ္သန္းသြားခဲ့ရတာပါ။

ကၽြန္ေတာ္တို႔လူအမ်ားက ပစၥကၡအေျခအေနေလးကို မရင္ဆိုင္ခ်င္လို႔၊ရင္ဆိုင္မႈ မလုပ္ႏိုင္လို႔ဆိုၿပီး သက္ေသျခင္းနိဂုံးနဲ႔ ရုန္းထြက္ခ်င္ၾကတယ္။ဒါဟာ အေကာင္းဆုံးအေျဖတစ္ခု မဟုတ္မွန္းလည္း သိၾကပါလိမ့္မယ္။ ရွင္သန္ခြင့္ရရင္၊ဒါမွမဟုတ္ အေျခအေနေကာင္းေတြ ေပးလာရင္လည္း သက္ေသျခင္းနိဂုံးကို ေရြးခ်ယ္ၾကပါဦးမလား။အေျခအေနဆိုးကို ရင္မဆိုင္ရဲျခင္းက သက္ေသျခင္းနိဂုံးကို ေရြးခ်ယ္ၾကတာလို႔ ထင္ပါတယ္။

ဒါေပမဲ့ တစ္ခါတစ္ရံ လူေတြမွာ ဘာမွမယ္မယ္ရရ မဟုတ္ဘဲ သက္ေသျခင္းနိဂုံးကို ေရြးခ်ယ္သြားၾက တာကိုလည္း ေတြ႔ရပါတယ္။

ေငြေရးေၾကးေရး၊စီးပြားေရးလည္း အဆင္ေျပပါလ်က္ကယ္နဲ႔ ခ်စ္သူရည္းစားေၾကာင့္၊စာေမးပြဲက်တာေၾကာင့္ ဆိုတဲ့ ကိစၥအမ်ိဳးမ်ိဳးကို ရမယ္ရွာေဖြၿပီးမွ သက္ေသျခင္းနိဂုံးကို ေရြးခ်ယ္သြားၾကတဲ့သူေတြလည္းရွိတယ္။

ဒါကေတာ့ နဂိုစိတ္အေျခအေနေၾကာင့္လို႔ ထင္ပါတယ္။သူတို႔ဟာ သက္ေသဖို႔ကို အေျခအေနတစ္ခုကို ဖန္တီးၾကပါတယ္။ အေၾကာင္းျပစရာတစ္ခုကို ေဖြရွာေနၾကတာလည္းျဖစ္ပုံရပါတယ္။အေျခအေနေပးၿပီဆိုတာနဲ႔ ဒါေၾကာင့္ ဒါမ်ိဳးလုပ္ရပါတယ္ဆိုတဲ့ အေၾကာင္းျပစရာ ထားခဲ့ၿပီး ဘဝကို နိဂုံးခ်ဳပ္တတ္ၾကပါတယ္။

ဝဋ္ေၾကြးကမၼ အသိဉာဏ္နည္းလို႔ လုပ္ၾကတယ္ေျပာရေအာင္ကလည္း မဟုတ္ျပန္ဘူး။ကမၻာမွာ ထင္ရွားတဲ့ နာမည္ႀကီးပုဂၢဳိလ္ေတြေတာင္ သက္ေသျခင္းနိဂုံးကို ေရြးခ်ယ္ၿပီး ဘဝကို ျပည္ဖုံးကားခ်လုပ္သြားၾကတာ ေတြ႔ရပါတယ္။အနုပညာရွင္ေတြပါတယ္ေပါ့။

ႏိုင္ငံတခ်ိဳ႕မွာ လူအမ်ား ကိုယ့္ကိုယ္ကိုယ္သက္ေသရာေနရာ သီးသန္႔ေတာင္ရွိေနတာကို အံ႔ဩဖြယ္ေတြ႔ ရပါတယ္။။ဂ်ပန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံတို႔မွာလို႔ထင္ပါတယ္။အျခားမွာလည္း ရွိေကာင္းရွိႏိုင္ပါတယ္။

ဒီလိုဖြံ႔ၿဖိဳးတိုးတက္မႈ အရမ္းေကာင္းတဲ့ ႏိုင္ငံေတြမွာေတာင္ ဒီလိုကိစၥႀကီးက ႀကီးႀကီးမားမားထင္ထင္ရွားရွား ျဖစ္ၾကတာေတာ့ အရမ္းကို ဆန္႔က်င္ဘက္ျဖစ္လြန္းလွပါတယ္။

ဒီလိုေနရာေတြက ရွိေကာင္းတဲ့အရာေတြလည္း မဟုတ္ပါဘူး။အခက္အခဲေတြက ႏိုင္ငံတိုင္းမွာ ေနရာတိုင္းမွာ ရွိေနမွာပါ။ အရမ္းၿပီးျပည့္စုံတဲ့ေနရာဆိုတာ ဘယ္မွာမွမရွိလို႔ ဒီအတြက္ သက္ေသျခင္းနိဂုံးနဲ႔ အဆုံးမသက္ ေစခ်င္ပါဘူး။

လူတိုင္းဟာ စိတ္ေအးလက္ေအးနဲ႔ ေပ်ာ္ရႊင္မႈအျပည့္နဲ႔ဘဝဆိုတာ ရွားလွပါတယ္။ အထီးက်န္ဆန္မႈေတြ၊ ျငင္းပယ္ခံရမႈေတြ၊ေမွ်ာ္လင့္ခ်က္မဲ့သြားတာေတြ၊အေရမရာေရွ႕ဆက္သြားရမွာေတြနဲ႔ မူးယစ္ေဆးေၾကာင့္ျဖစ္တဲ့ စိတ္ကစဥ္႔ကလ်ား ျဖစ္သြားရာကေနၿပီး သက္ေသျခင္းနိဂုံးကို ေရြးသြားၾကတာေတြလည္းရွိတယ္။

ဒါေပမဲ့ တကယ့္ျဖစ္စဥ္ေတြအရ ၾကံခိုင္မႈနဲ႔ေမွ်ာ္လင့္ခ်က္ကို မစြန္႔လႊတ္သမွ် ရွင္သန္ဖို႔ အခြင့္ေကာင္းေတြက ျပန္လာတတ္တယ္ဆိုတာလည္း ေမ့မထားဖို႔လည္းလိုပါတယ္။

ျမန္မာျပည္မွာတကယ့္အျဖစ္အပ်က္ေတြရွိခဲ့တယ္။စာေရးဆရာႀကီး ေသာ္ကရဲ႕တိုက္ေရယာဥ္၁၀၃ ဝတၳဳဟာ ဆိုရင္ စာေရးဆရာေသာ္ကကိုယ္တိုင္ ႀကဳံေတြခဲ့ရတဲ့ တကယ့္အျဖစ္အပ်က္ပါ။

ဒီဝတၳဳမွာဆိုရင္ သူတို႔တာဝန္ယူထားတဲ့ တိုက္ေရယာဥ္၁၀၃ သေဘၤာနစ္ျမဳပ္သြားၿပီး အသက္ကယ္ေဘာနဲ႔ ပင္လယ္ျပင္ၾကယ္ႀကီးမွာေမ်ာပါခဲ့တယ္။သၾကားလုံးေလးေတြကို ခြဲတမ္းခ်စားေသာက္ရၿပီး အသက္ဆက္ရင္း ရွင္သန္ဖို႔ႀကိဳးစားၾကပါတယ္။

အခ်က္ျပဖို႔ ေနာက္ဆုံးမီးက်ည္လည္းကုန္သြားၿပီ။ေနကလည္းဝင္ေတာ့မဲ့အခ်ိန္။ရွင္သန္ဖို႔အတြက္ ဒီအခ်ိန္မွာ လက္ေလ်ာ့လိုက္ရင္ ဒီဇာတ္လမ္းကို ကၽြန္ေတာ္တို႔ဖတ္ခြင့္ရခဲ့မွာမဟုတ္ပါဘူး။ အျဖစ္မွန္ကိုလည္းသိခြင့္ မရေတာ့ပါဘူး။

ႀကိဳးစားရွင္သန္လိုစိတ္ရွိေနသူအတြက္ ေမခလာနတ္သမီးဟာအကယ္ရွိေနပါတယ္။ဒီလို ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့ ဒီပင္လယ္ျပင္ႀကီးမွာ တကယ္ပါပဲ ျမန္မာႏိုင္ငံကေန ျပန္ထြက္လာတဲ့ကုန္တင္သေဘၤာတစ္စီးရဲ႕ မာလိန္မွဴးက အေမွာင္မေပ်ာက္ခင္ေနာက္ဆုံးအခ်ိန္ေလးမွာ ပင္လယ္ျပင္ကို မွန္ဘီလူနဲ႔ ၾကည့္လိုက္တဲ့ အၾကည့္ေလးက ဆရာေသာ္ကတို႔အတြက္ အသက္ရွင္ခြင့္ကိုျဖစ္ေစခဲ့ပါတယ္။

ဒီလိုပါပဲ မင္းသားႀကီး တြမ္ဟန္႔ရဲ႕ Cast Away ဆိုတဲ့ ဇာတ္လမ္းဟာလည္း ေလယာဥ္ပ်က္ၿပီး ေရေမ်ာ ကမ္းတင္ ဘဝနဲ႔ လူသူမရွိတဲ့ ကၽြန္းတစ္ကၽြန္းေပၚမွာ ရရာနဲ႕ အသက္ဆက္ခဲ့ရၿပီး ရွင္သန္ဖို႔ႀကိဳးစား ထားတာကိုေတြ႔ရပါတယ္။

သူဟာအဲဒီကၽြန္းေပၚမွာ ဒီတိုင္းမေနခဲ့ပါဘူး။ကၽြန္းကေနခြာလို႔ရေအာင္ ေဖာင္တစ္ခုဖြဲ႔ပါတယ္။ လူ႕ရပ္ဌာေန ျပန္ေရာက္ႏိုင္ဖို႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ကၽြန္းကိုစြန္႔ၿပီး ကမ္းမျမင္လမ္းမျမင္ပင္လယ္ျပင္ကို ျပန္ျဖတ္သန္း ခဲ့တယ္။ရွင္သန္လိုသူအတြက္၊ေမွ်ာ္လင့္ခ်က္ကို မစြန္႔လႊတ္သူအတြက္ အက်ိဳးအမဲ့ခဲ့ပါဘူး။

ဒီလိုသာဓကေတြ မ်ားစြာရွိတဲ့ ဇာတ္လမ္းေတြဟာ က်ေနတဲ့စိတ္ဓာတ္ေတြကို အေကာင္းဆုံးျပန္လည္ ျမွင့္တင္ေပးပါလိမ့္မယ္။ရွင္သန္ဖို႔လက္ေလ်ာ့သြားလိုသူေတြအတြက္ မဟာဇနကဇာတ္ေတာ္ဆိုရင္ စိတ္ဓာတ္ျမွင့္တင္ေပးတဲ့ အေကာင္းဆုံးသာဓကတစ္ခုဆိုတာ ေတြ႔ရပါလိမ့္မယ္။

သက္ေသျခင္းနိဂုံးနဲ႔ အဆုံးမသတ္ဘဲ ရုန္းထြက္လိုသူေတြအတြက္ စာအုပ္ေကာင္းေတြ တကယ့္ အျဖစ္အပ်က္ေတြကို ဖတ္ရႈအားက်ၿပီး အသက္ဆက္ႏိုင္ဖို႔ႀကိဳးစားႏိုင္ပါေစေၾကာင္း ခြန္အားေကာင္း တစ္ခုအေနနဲ႔ တင္ျပလိုက္ပါရေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
shwe-hninsi
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service