အရက်ဆိုင်ထဲက သော့တစ်ချောင်းနှင့် လူတစ်ဦးတည်းသာနေသော မြို့ကလေး

အရက်ဆိုင်ထဲက သော့တစ်ချောင်းနှင့် လူတစ်ဦးတည်းသာနေသော မြို့ကလေး - Property News in Myanmar from iMyanmarHouse.com
19 Sep 2022 10:49 am တွင် တင်ခဲ့သည်
1917 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

[Unicode]

အမေရိကန်ပြည်ထောင်စုတွင် မိုနိုဝီအမည်ရှိ မြို့ကလေးတစ်မြို့ရှိပြီး ၁၉၃၀ ပြည့်လွန်ကာလများက လူဦးရေ ၁၅၀ ခန့်နေထိုင်ခဲ့သော်လည်း ယနေ့တွင်မူ မြို့ကလေးတွင် အခြေချနေထိုင်သူ ၁ ဦးတည်းသာ ရှိတော့သည်။

တစ်ဦးတည်းသော နေထိုင်သူ၏ အမည်မှာ Elsie Eiler ဖြစ်ပြီး အသက် ၈၄ နှစ်ရှိပြီဖြစ်ကာ သူသည်ပင် ထိုမြို့ကလေး၏ မြို့တော်ဝန်ဖြစ်ကာ အရက်ဆိုင်နှင့် စာကြည့်တိုက်များကိုလည်း သူတစ်ဦးတည်းကပင် ထိန်းသိမ်းလည်ပတ်ပေးသည်။

(မိုနိုဝီမှ ကြိုဆိုပါ၏)

 

အသက် ၈၄ နှစ်အရွယ်အဘွားအို Elsie သည် အကောက်ခွန်များကို သူ့ကိုယ်သူပေး၏။ မိမိဘာသာ အရက်လိုင်စင်ပေးထားပြီး နီဘရာစကာပြည်နယ်၊ မိုနိုဝီမြို့ကလေးတွင် နေထိုင်သူဟူ၍ သူတစ်ဦးတည်းသာ ရှိ၏။

အမေရိကန်ပြည်ထောင်စု၊ နီဘရာစကာပြည်နယ်မြောက်ပိုင်း ဝေးလံခေါင်သီလှသောနေရာ၊ တောင် ဒါကိုတာပြည်နယ်နှင့် နယ်စပ်မှ ၅ မိုင်အကွာ။ ရှည်လျားလှသော ဖုန်လမ်းကလေးတစ်ခုသည် စိမ်းသော မြက်ခင်းများ၊ ရွှေရောင်ဂျုံခင်းများကို ဖြတ်သန်းကာ မိုနိုဝီမြို့ကလေး၏ မြို့လယ်ဆီ ဦးတည်သွားသည်။

စွန့်ပစ်ခံထားရသော ဘုရားကျောင်းတစ်ခုအတွင်းရှိ လူသူကင်းမဲ့သော ခုံတန်းရှည်များတွင် ယခုအခါ ထရပ်ကား တာရာများဖြင့် ပြည့်နှက်နေပြီး ဘုရားကျောင်းမျက်နှာချင်းဆိုင်တွင်ကား ဂျုံကျုံးသည့် ဇလားတပ်စက်ပျက်ကြီးတစ်ခု ရှိနေသည်။

ပြိုကျပျက်စီးနေသော နေအိမ်တို့၏ ဝန်းကျင်တွင် ပေါင်းပင်များနှင့် မြက်များ တောထဝန်းပတ်လျက်ရှိ၏။

ဆေးသားများ ကွာကျနေသော အဖြူရောင်အဆောက်အအုံပုကလေးအတွင်းတွင်ကား အသက် ၈၄ နှစ်အရွယ် အဘွားအို Elsie Eiler သည် ဝက်သားကြော်များ ပြင်ဆင်ကာ ပုံမှန်ဖောက်သည်များအတွက် ဘီယာပုလင်းများ ဖွင့်နေသည်။

ဆိုင်အတွင်း ဆိုင်းဘုတ်တစ်ခုလည်းရှိရာ “ကမ္ဘာကျော် မိုနိုဝီအရက်ဆိုင်မှ ကြိုဆိုပါ၏။ တစ်မြို့လုံးတွင် အအေးဆုံးဘီယာ”ဟု ရေးသားထားသည်။ Elsie ၏ ခင်ပွန်းဖြစ်သ ရူဒီသည် ၂၀၀၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ကာ ဇနီးဖြစ်သူအတွက် အရက်ဆိုင်အပြင် တစ်မြို့လုံးကို ပေးအပ်ထားခဲ့သည်။

အမေရိကန်သန်းခေါင်စာရင်းအရ ယနေ့အခါတွင် မိုနိုဝီမြို့ကလေးသည် လူတစ်ဦးတည်းသာ နေထိုင်သော မြို့ကလေးအဖြစ် စာရင်းဝင်နေ၏။

Elsie သည် ထိုမြို့ကလေး၏ မြို့တော်ဝန်ဖြစ်၏။ သူသည်ပင် ဘဏ္ဍာရေးမှူး၊ စာကြည့်တိုက်မှူးဖြစ်သည့်အပြင် အရက်ဆိုင်စားပွဲထိုးမှာလည်း သူသာ ဖြစ်သည်။

(လူတစ်ဦးတည်းသာနေထိုင်သော အမေရိကန်က အသေးဆုံးမြို့ကလေး)

(တစ္ဆေမြို့တော်၏ မြို့တော်ဝန် ။ ဓာတ်ပုံ-Credit: Will Francome)

(မြို့တော်ဝန်)

မြို့ကလေးတွင် တစ်ဦးတည်းသော နေထိုင်သူ Elsie ၏ နေ့စဉ်ဘဝမှာ အမှန်ပင်ရိုးရှင်းလှသည်။

မြို့ကလေး၏ တစ်ခုတည်းသော စီးပွားရေးလုပ်ငန်းဖြစ်သည့် သူ၏အရက်ဆိုင်တွင် မြို့တော်ဝန်ရွေးကောက်ပွဲ အတွက် Elsie က နှစ်စဉ်နှစ်တိုင်း ကြော်ငြာတင်လေ့ရှိသည်။ ယင်းနောက် သူ့ကိုယ်သူ မဲပြန်ပေး၏။

မြို့ကလေးရှိ လမ်းမီးတိုင် ၃ ခုနှင့် ရေစီးရေလာကောင်းရေးအတွက် မိမိကိုယ်မိမိ အကောက်ခွန် ဒေါ်လာ ၅၀၀ ပေးဆောင်၏။

“နှစ်တိုင်း ကျွန်မဟာ ပြည်နယ်အစိုးရဆီ အရက်နဲ့ ဆေးလိပ်လိုင်စင်လျှောက်တဲ့အခါ သူတို့က မိုနိုဝီရဲ့ အတွင်းရေးမှူးဆီ အကြောင်းပြန်ပါတယ်။ အတွင်းရေးမှူးကလည်း ကျွန်မပါပဲ။ ဒီတော့ ကျွန်မက ပြည်နယ်ကလာတဲ့စာကို အတွင်းရေးမှူးအနေနဲ့ လက်ခံရယူတယ်။ ပြီးတော့ စာရေးအနေနဲ့ လက်မှတ်ထိုးတယ်။ နောက်ဆုံးမှာ အရက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ကျွန်မကိုယ်ကျွန်မ စာရွက်စာတမ်းတွေ ပေးလိုက်ပါတယ်”ဟု Elsie က ရှင်းပြသည်။

Elsie သည် မြို့ကလေးရှိ လူမနေသော အဆောက်အအုံများကိုလည်း မျက်ခြည်မပြတ်စောင့်ကြည့်ရ၏။ အကယ်၍ ဟောင်းနွမ်းပျက်စီးနေသော မြို့ကလေး၏ အဆောက်အအုံများတွင် နေထိုင်လိုသူရှိပါက မြို့လေး၏ လူဦးရေကို ၂ ဆတိုးစေရန် ဖြစ်သည်။

(အဘွား ဒီမှာပျော်ပါတယ်။ အဘွားက ဒီမှာကြီးပြင်းခဲ့တာပါ။ ဓာတ်ပုံ-Credit: Will Francome)

အဘွားဒီမှာပျော်ပါတယ်။ အဘွားက ဒီမှာ ကြီးပြင်းခဲ့တာပါ။ ဒီနေရာနဲ့ နေသားကျနေပါပြီ။ အဘွားဘာလိုချင်တယ်ဆိုတာ အဘွားသိပါတယ်။ နှစ်တွေအများကြီး ကြာခဲ့ပြီ။ ပြောင်းလဲဖို့က ခက်ပါတယ်..ဟု အဘွားအို Elsie က ပြောသည်။

(မိုနိုဝီ၏ အထွတ်အထိပ်ကာလ။ ဓာတ်ပုံ-Credit: Will Francome)

(အထွတ်အထိပ်ကာလများ)

၁၉၃၀ ပြည့်လွန်ကာလများက မိုနိုဝီသည် Elkhorn ရထားလမ်းတွင် ပျားပန်းခတ် စည်ကားခဲ့သော ဘူတာတစ်ခုရှိခဲ့သည်။

ထိုစဉ်က မြို့သူမြို့သား ၁၅၀ ခန့်ရှိကာ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များရှိသည့်အပြင် အကျဉ်းထောင်တစ်ခုပင် ရှိခဲ့သည်။

Elsie သည် မြို့ကလေးမှ တစ်မိုင်၏ ၄ ပုံ ၁ ပုံခန့် ဝေးကွာသော ယာတောတစ်ခုတွင် မွေးဖွားကြီးပြင်းခဲ့ပြီး မြို့ကလေးရှိ အခန်းတစ်ခန်းတည်းသာရှိသော ကျောင်းကလေးတွင် မူလတန်းတက်စဉ် နောင်အခါ ခင်ပွန်းဖြစ်လာမည့် ရူဒီနှင့် စတင်ဆုံစည်းခဲ့သည်။

မူလတန်းပြီးချိန်တွင် မြို့ကလေးမှ ၇ မိုင်ခန့်ဝေးသော အနီးဆုံးမြို့၏ အထက်တန်းကျောင်းသို့ ၂ ဦးအတူ ဘတ်စ်ကားစီးကာ ကျောင်းတက်ကြသည်။ နောက်ပိုင်းတွင် ရူဒီက အမေရိကန်လေတပ်သို့ ဝင်ရောက်ခဲ့သည်။

ကိုရီးယားစစ်ပွဲဖြစ်ပွားချိန်တွင် ရူဒီက ပြင်သစ်နိုင်ငံတွင် ရောက်ရှိကာ တာဝန်ထမ်းဆောင်နေရသည်။ ထိုအချိန်တွင် Elsie က ကန်ဆတ်မြို့သို့ စွန့်စားထွက်လာခဲ့သည်။

“လေယာဉ်မယ်တစ်ယောက် ဖြစ်လာဖို့အိပ်မက်နဲ့အတူ အဘွားဟာ လေကြောင်းလိုင်းတစ်ခုမှာ အလုပ်လုပ်ဖို့ သွားခဲ့တာဖြစ်ပါတယ်။ မြို့ကိုတော့ မတွယ်တာပါဘူး။ မိုနိုဝီကသာ အမြဲတမ်း အဘွားရဲ့အိမ်ပါပဲ”

အသက် ၁၉ နှစ်အရွယ်တွင်ကား ရူဒီနှင့် လက်ထပ်ရန် မြို့ကလေးသို့ ပြန်လာခဲ့ပြီး ရူဒီနှင့်အတူ သားသမီး ၂ ဦး ထွန်းကားသည်။

ကနဦးတွင် ရူဒီက ဂျုံကျုံးစက်တွင် အလုပ်လုပ်ခြင်း၊ ဓာတ်ဆီဆိုင်များသို့ ဆီများပို့ပေးခြင်း အစရှိသည့်အလုပ်များ လုပ်၏။

နောက်ပိုင်းတွင်မူ ယခင်က Elsie ၏ ဖခင်ပိုင်ဆိုင်ခဲ့သော အရက်ဆိုင်ဟောင်းကို ပြန်ဖွင့်ရန် အကြုံရသည်။ Elsie ကလည်း သဘောတူကာ ၁၉၇၁ ခုနှစ်တွင် အရက်ဆိုင်ကလေးကို ဖွင့်လှစ်ခဲ့သည်။

(အလုံးအရင်းရွှေ့ပြောင်းမှု)

Elsie တို့ အရက်ဆိုင်ဖွင့်ချိန်ဝန်းကျင်တွင် မြို့ကလေးမှာ အခြေအနေမကောင်းတော့ချေ။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီးနောက် တောင်သူများ အထိနာကာ အမေရိကန်ရှိ မြေပြန်လွင်ပြင်တစ်လွှား ကျေးလက်စီးပွားရေး ပြိုလဲသွားသည်။ အမေရိက၏ အချက်အခြာဒေသမှ လူမှုအသိုက်အဝန်းများ ပျောက်ကွယ်စပြုလာခဲ့သည်။

မိုနိုဝီမြို့ကလေး၏ သစ်ဘုရားကျောင်းကလေးတွင် နောက်ဆုံးကျင်းပခဲ့သော ဈာပနအခမ်းအနားမှာ Elsie ၏ ဖခင်အတွက် ကျင်းပသည့်အခမ်းအနားဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွင် ဖြစ်သည်။

ယင်းနောက် စာတိုက်နှင့် နောက်ဆုံးကျန်နေသည့် ကုန်စုံဆိုင် ၃ ဆိုင်လည်း ၁၉၆၇ မှ ၁၉၇၀ ပြည့်နှစ်များအကြား ပိတ်သိမ်းသွားခဲ့သည်။

ယင်းနောက် ၁၉၇၄ ခုနှစ်တွင် စာသင်ကျောင်း ပိတ်သိမ်း၏။

Elsie ၏ သားသမီး ၂ ဦးလုံးမှာ ၁၉၇၀ ပြည့်လွန်ကာလများတွင် အလုပ်ရှာရန် မြို့ကြီးပြကြီးများသို့ ထွက်သွားကြသည်။

၁၉၈၀ ပြည့်နှစ်တွင် မြို့ကလေးတွင် နေထိုင်သူမှာ ၁၈ ဦးအထိ ကျဆင်းသွားခဲ့သည်။

ယင်းနောက် နှစ်ပေါင်း ၂၀ အကြာ ၂၀၀၀ ပြည့်နှစ်တွင်ကား မြို့ကလေးတွင် နေထိုင်သူ ၂ ဦးတည်းသာ ရှိတော့ရာ ရူဒီနှင့် Elsie တို့ ဇနီးမောင်နှံဖြစ်၏။

သူတို့ ၂ ဦးလုံး အရက်ဆိုင်ကလေး ဖွင့်ထားဆဲပင်။

(အသိုက်အဝန်းလေးတစ်ခု)

Elsie သည် တစ်ဦးတည်းနေထိုင်လျက်ရှိသည်ဖြစ်သော်လည်း အထီးမကျန်ချေ။

နေ့စဉ် မနက် ၉ နာရီထိုးပြီဆိုသည်နှင့် Elsie က သူနေထိုင်သော နောက်တွဲယာဉ်ကလေးမှ ပေအနည်းငယ်သာ ကွာဝေးသော အရက်ဆိုင်ရှိရာသို့ လမ်းလျှောက်သွားကာ ဆိုင်ဖွင့်၏။

တနင်္လာနေ့များတွင်မူ ဆိုင်မဖွင့်ချေ။ တနင်္လာနေ့ကို Elsie က အလုပ်ပိတ်ရက်အဖြစ် မိမိဘာသာ သတ်မှတ်ပေးထားသည်။

သူ၏ ပုံမှန်ဖောက်သည်အများစုမှာ မြို့ကလေးမှ မိုင်ပေါင်း ၂၀ ကျော်၊ ၃၀ ဝေးကွာသည့်နေရာများတွင် နေထိုင်သူများ ဖြစ်ကြသည်။

ထိုဖောက်သည်များသည် Elsie ၏ ဘဝတစ်လျှောက် ကာလကြာမြင့်စွာ သိကျွမ်းပြီးသူများသာ ဖြစ်၏။

အချို့ဆိုလျှင် Elsie ကို လာကြည့်ရန် မိုင်ပေါင်း ၂၀၀ ခန့် ဝေးသော လင်ကွန်း၊ အိုမာဟာမြို့များမှ ကားမောင်းလာကြသူများ ဖြစ်သည်။

“တကယ့်မိသားစုကြီးလိုပါပဲ။ စတုတ္ထနဲ့ ပဉ္စမမျိုးဆက် ဖောက်သည်တွေတောင် ရှိနေပြီ။ ကိုယ်က ကလေးလေးအနေနဲ့ သိထားခဲ့တဲ့သူတစ်ယောက်က သူ့ကလေးကို ခေါ်လာပြနေကြပြီလေ”ဟု Elsie က သတင်းစာရှိ ဇယားဖြည့်ပဟေဠိတစ်ခုကို ဖြေကြည့်နေရင်း ပြောသည်။

အမေရိကန်ပြည်ထောင်စု ကျေးလက်ဒေသများရှိ စားသောက်ဆိုင်များနှင့် အရက်ဆိုင်များ အများစုနည်းတူ မိုနိုဝီ အရက်ဆိုင်ကလေးသည်လည်း ဒေသခံများ၏ ဧည့်ခန်းသဖွယ် ဖြစ်လာသည်။

Elsie ၏ အရက်ဆိုင်တွင် ဟမ်ဘာဂါတစ်ခုလျှင် ၃ ဒသမ ၅ ဒေါ်လာ၊ Hot dog တစ်ခုလျှင် ၁ ဒသမ ၂၅ ဒေါ်လာ၊ gizzard တစ်ခုလျှင် ၄ ဒေါ်လာနှုန်းဖြင့် ရောင်းချပေးသည်။

ဒေသခံ မိသားစုများသည် Elsie ၏ အရက်ဆိုင်ကလေးမှ ကြော်ငြာသင်ပုန်းတွင် ရေဖြန်းမင်္ဂလာအတွက် မိတ်ဆွေများကို ဖိတ်သည့်ဖိတ်စာများ၊ ကျောင်းဆင်းပွဲ သတိပေးစာများ၊ နှုတ်ခွန်းဆက်ကဒ်များကို လာရောက်ကပ်ကြလေ့ရှိသည်။

တနင်္ဂနွေညဆိုလျှင် တစ်နာရီခန့် ကားမောင်းလာရသောဒေသမှ လူများသည် Elsie ၏ အရက်ဆိုင်တွင် Euchre ကစားရန် လာကြ၏။ တနင်္ဂနွေညဆိုလျှင် Elsie သည် ည ၉ နာရီခွဲအထိ ဆိုင်မပိတ်ချေ။

 

(Elsie ၏ အိမ်မှ မလှမ်းမကမ်းတွင်ရှိသော ရူဒီ၏ စာကြည့်တိုက်။ ဓာတ်ပုံ Credit: Will Francome)

(ရူဒီ၏ စာကြည့်တိုက်)

မိုနိုဝီမြို့ကလေးတွင် အရက်ဆိုင်အပြင် အခြားသော အများပြည်သူသုံး အဆောက်အအုံတစ်ခု ရှိနေသေးသည်။

Elsie ၏ နေအိမ်နှင့် အရက်ဆိုင်တို့မှ အနည်းငယ်သာ လျှောက်ရသော ထိုအဆောက်အအုံကား ရူဒီ၏ စာကြည့်တိုက်ဖြစ်၏။

ရူဒီသည် စိုက်ခင်းထဲ မဆင်းချိန်၊ အရက်ဆိုင်မထိုင်ချိန်များဆိုလျှင် စာဖတ်နေလေ့ရှိသည်။

ရူဒီမကွယ်လွန်မီက ပြောခဲ့သည်ကား သူ၏ နောက်ဆုံးဆန္ဒမှာ ကိုယ်ပိုင်ဝယ်ယူစုဆောင်းထားသော စာအုပ်များကို အများပြည်သူဖတ်ရှုနိုင်သည့် စာကြည့်တိုက်အဖြစ် တည်ထောင်လိုကြောင်း ပြောခဲ့သည်။

ထိုဆန္ဒအတွက် ရူဒီက စတုရန်းပေ ၃၂၀ ပစ္စည်းထားသိုသည့် ရုံတစ်ခု မှာယူကာ သူစုဆောင်းထားသော အုပ်ရေ ၅၀၀၀ ခန့်ရှိ စာအုပ်များနှင့် မဂ္ဂဇင်းများကို ထားရှိသွားရန် စီစဉ်ခဲ့သည်။

သို့သော် စာကြည့်တိုက်အကောင်အထည်မပေါ်မီ ၂၀၀၄ ခုနှစ်တွင် ရူဒီ ကွယ်လွန်သွားခဲ့သည်။

ရူဒီကွယ်လွန်ပြီးနောက်ပိုင်း လအနည်းငယ်ကြာသောအခါ သူ၏ သားသမီးများက စာကြည့်တိုက်ကို မီးများဆင်၏။ တူတော်စပ်သူများက ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော စာအုပ်ဆင်များ ပြုလုပ်ပေးကြသည်။

မြေးမြစ်သူများက ရေခဲသေတ္တာဟောင်းကြီးတစ်ခုဘေးတွင် ရူဒီ၏စာကြည့်တိုက်ဟု စာလုံးရေးပေးကြသည်။

ယနေ့တွင် မိုနိုဝီမှ အရက်ဆိုင်ကလေးတွင် သော့တစ်ချောင်းချိတ်ထားသည်။

စာဖတ်လိုသူ မည်သူမဆို အရက်ဆိုင်မှ သော့ယူကာ ရူဒီ၏ စာကြည့်တိုက်တွင် Goethe မှသည် ၁၉၅၀ ပြည့်လွန်ကာလများက ထုတ်ဝေခဲ့သော National Geographic မဂ္ဂဇင်းများအထိ ဖတ်ရှုနိုင်သည်။

(မမျှော်လင့်ဘဲ နာမည်ကြီးလာခြင်း)

ရူဒီ ကွယ်လွန်သွားပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင် မိုနိုဝီမြို့ကလေးသည် လူတစ်ဦးတည်းနေထိုင်သော မြို့ကလေးဖြစ်ပြီး သူသည်သာ မြို့ကိုစီမံရလျက်ရှိရာ လူအများ၏ အာရုံစိုက်မှု ရရှိလာခဲ့သည်။

ယနေ့အခါ Elsie ၏ အရက်ဆိုင်ကလေးတွင် ဧည့်သည်တော်မှတ်တမ်းစာအုပ်မှာ ၄ အုပ်အထိ ရှိလာနေပြီဖြစ်ပြီး မှတ်တမ်းတွင် အမှတ်တရလက်မှတ်ရေးထိုးသွားသူတို့မှာ ကမ္ဘာတစ်ဝန်းမှ ဖြစ်သည်။

(ဆိုင်ပိတ်ချိန်)

အရက်ဆိုင်ဖွင့်လှစ်ပြီး ၁၂ နာရီအကြာတွင် မိုနိုဝီမြို့ကလေးထဲ၌ Elsie တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

ထိုအခါ Elsie သည် အရက်ဆိုင်ကို ပိတ်လိုက်ပြီး သူ၏ နောက်တွဲယာဉ်ကလေးရှိရာသို့ ပြန်သည်။ ထို့နောက် ရူဒီစုဆောင်းထားခဲ့သောစာအုပ်များထဲမှ တစ်အုပ်ကို ဖွင့်ကာ ဖတ်၏။

အပြင်ဘက်ဆီတွင်ကား မြက်ခင်းပြင်ကျယ်များကို ဖြတ်သန်းကာ လေက တသုန်သုန်ဖြူးနေသည်။

ည ၁၁ နာရီသို့ရောက်လျှင် Elsie အိပ်ယာဝင်တော့သည်။

မိုးလင်းလျှင် ဝေးကွာလှသောဒေသများမှ မိတ်ဟောင်းများ ရောက်လာကြဦးမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Welcome to Monowi, Nebraska: population 1 (bbc)

 

 

 

[Zawgyi]

အရက္ဆိုင္ထဲက ေသာ့တစ္ေခ်ာင္းႏွင့္ လူတစ္ဦးတည္းသာေနေသာ ျမိဳ႕ကေလး

 

အေမရိကန္ျပည္ေထာင္စုတြင္ မိုႏိုဝီအမည္ရွိ ျမိဳ႕ကေလးတစ္ျမိဳ႕ရွိျပီး ၁၉၃၀ ျပည့္လြန္ကာလမ်ားက လူဦးေရ ၁၅၀ ခန္႔ေနထိုင္ခဲ့ေသာ္လည္း ယေန႔တြင္မူ ျမိဳ႕ကေလးတြင္ အေျခခ်ေနထိုင္သူ ၁ ဦးတည္းသာ ရွိေတာ့သည္။

တစ္ဦးတည္းေသာ ေနထိုင္သူ၏ အမည္မွာ Elsie Eiler ျဖစ္ျပီး အသက္ ၈၄ ႏွစ္ရွိျပီျဖစ္ကာ သူသည္ပင္ ထိုျမိဳ႕ကေလး၏ ျမိဳ႕ေတာ္ဝန္ျဖစ္ကာ အရက္ဆိုင္ႏွင့္ စာၾကည့္တိုက္မ်ားကိုလည္း သူတစ္ဦးတည္းကပင္ ထိန္းသိမ္းလည္ပတ္ေပးသည္။

(မိုႏိုဝီမွ ၾကိဳဆိုပါ၏)

အသက္ ၈၄ ႏွစ္အရြယ္အဘြားအို Elsie သည္ အေကာက္ခြန္မ်ားကို သူ႔ကိုယ္သူေပး၏။ မိမိဘာသာ အရက္လိုင္စင္ေပးထားျပီး နီဘရာစကာျပည္နယ္၊ မိုႏိုဝီျမိဳ႕ကေလးတြင္ ေနထုိင္သူဟူ၍ သူတစ္ဦးတည္းသာ ရွိ၏။

အေမရိကန္ျပည္ေထာင္စု၊ နီဘရာစကာျပည္နယ္ေျမာက္ပိုင္း ေဝးလံေခါင္သီလွေသာေနရာ၊ ေတာင္ ဒါကိုတာျပည္နယ္ႏွင့္ နယ္စပ္မွ ၅ မိုင္အကြာ။ ရွည္လ်ားလွေသာ ဖုန္လမ္းကေလးတစ္ခုသည္ စိမ္းေသာ ျမက္ခင္းမ်ား၊ ေရႊေရာင္ဂ်ံဳခင္းမ်ားကို ျဖတ္သန္းကာ မိုႏိုဝီျမိဳ႕ကေလး၏ ျမိဳ႕လယ္ဆီ ဦးတည္သြားသည္။

စြန္႔ပစ္ခံထားရေသာ ဘုရားေက်ာင္းတစ္ခုအတြင္းရွိ လူသူကင္းမဲ့ေသာ ခံုတန္းရွည္မ်ားတြင္ ယခုအခါ ထရပ္ကား တာရာမ်ားျဖင့္ ျပည့္ႏွက္ေနျပီး ဘုရားေက်ာင္းမ်က္ႏွာခ်င္းဆိုင္တြင္ကား ဂ်ံဳက်ံဳးသည့္ ဇလားတပ္စက္ပ်က္ၾကီးတစ္ခု ရွိေနသည္။

ျပိဳက်ပ်က္စီးေနေသာ ေနအိမ္တို႔၏ ဝန္းက်င္တြင္ ေပါင္းပင္မ်ားႏွင့္ ျမက္မ်ား ေတာထဝန္းပတ္လ်က္ရွိ၏။

ေဆးသားမ်ား ကြာက်ေနေသာ အျဖဴေရာင္အေဆာက္အအံုပုကေလးအတြင္းတြင္ကား အသက္ ၈၄ ႏွစ္အရြယ္ အဘြားအို Elsie Eiler သည္ ဝက္သားေၾကာ္မ်ား ျပင္ဆင္ကာ ပုံမွန္ေဖာက္သည္မ်ားအတြက္ ဘီယာပုလင္းမ်ား ဖြင့္ေနသည္။

ဆိုင္အတြင္း ဆိုင္းဘုတ္တစ္ခုလည္းရွိရာ “ကမၻာေက်ာ္ မိုႏိုဝီအရက္ဆိုင္မွ ၾကိဳဆိုပါ၏။ တစ္ျမိဳ႕လံုးတြင္ အေအးဆံုးဘီယာ”ဟု ေရးသားထားသည္။ Elsie ၏ ခင္ပြန္းျဖစ္သ ရူဒီသည္ ၂၀၀၄ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့ကာ ဇနီးျဖစ္သူအတြက္ အရက္ဆိုင္အျပင္ တစ္ျမိဳ႕လံုးကို ေပးအပ္ထားခဲ့သည္။

အေမရိကန္သန္းေခါင္စာရင္းအရ ယေန႔အခါတြင္ မိုႏိုဝီျမိဳ႕ကေလးသည္ လူတစ္ဦးတည္းသာ ေနထုိင္ေသာ ျမိဳ႕ကေလးအျဖစ္ စာရင္းဝင္ေန၏။

Elsie သည္ ထိုျမိဳ႕ကေလး၏ ျမိဳ႕ေတာ္ဝန္ျဖစ္၏။ သူသည္ပင္ ဘ႑ာေရးမွဴး၊ စာၾကည့္တိုက္မွဴးျဖစ္သည့္အျပင္ အရက္ဆိုင္စားပြဲထုိးမွာလည္း သူသာ ျဖစ္သည္။

(လူတစ္ဦးတည္းသာေနထုိင္ေသာ အေမရိကန္က အေသးဆံုးျမိဳ႕ကေလး)

(တေစၦျမိဳ႕ေတာ္၏ ျမိဳ႕ေတာ္ဝန္ ။ ဓာတ္ပံု-Credit: Will Francome)

(ျမိဳ႕ေတာ္ဝန္)

ျမိဳ႕ကေလးတြင္ တစ္ဦးတည္းေသာ ေနထုိင္သူ Elsie ၏ ေန႔စဥ္ဘဝမွာ အမွန္ပင္ရိုးရွင္းလွသည္။

ျမိဳ႕ကေလး၏ တစ္ခုတည္းေသာ စီးပြားေရးလုပ္ငန္းျဖစ္သည့္ သူ၏အရက္ဆိုင္တြင္ ျမိဳ႕ေတာ္ဝန္ေရြးေကာက္ပြဲ အတြက္ Elsie က ႏွစ္စဥ္ႏွစ္တိုင္း ေၾကာ္ျငာတင္ေလ့ရွိသည္။ ယင္းေနာက္ သူ႔ကိုယ္သူ မဲျပန္ေပး၏။

ျမိဳ႕ကေလးရွိ လမ္းမီးတိုင္ ၃ ခုႏွင့္ ေရစီးေရလာေကာင္းေရးအတြက္ မိမိကိုယ္မိမိ အေကာက္ခြန္ ေဒၚလာ ၅၀၀ ေပးေဆာင္၏။

“ႏွစ္တိုင္း ကၽြန္မဟာ ျပည္နယ္အစိုးရဆီ အရက္နဲ႔ ေဆးလိပ္လိုင္စင္ေလွ်ာက္တဲ့အခါ သူတို႔က မိုႏိုဝီရဲ႕ အတြင္းေရးမွဴးဆီ အေၾကာင္းျပန္ပါတယ္။ အတြင္းေရးမွဴးကလည္း ကၽြန္မပါပဲ။ ဒီေတာ့ ကၽြန္မက ျပည္နယ္ကလာတဲ့စာကို အတြင္းေရးမွဴးအေနနဲ႔ လက္ခံရယူတယ္။ ျပီးေတာ့ စာေရးအေနနဲ႔ လက္မွတ္ထိုးတယ္။ ေနာက္ဆံုးမွာ အရက္ဆိုင္ပိုင္ရွင္ျဖစ္တဲ့ ကၽြန္မကိုယ္ကၽြန္မ စာရြက္စာတမ္းေတြ ေပးလိုက္ပါတယ္”ဟု Elsie က ရွင္းျပသည္။

Elsie သည္ ျမိဳ႕ကေလးရွိ လူမေနေသာ အေဆာက္အအံုမ်ားကိုလည္း မ်က္ျခည္မျပတ္ေစာင့္ၾကည့္ရ၏။ အကယ္၍ ေဟာင္းႏြမ္းပ်က္စီးေနေသာ ျမိဳ႕ကေလး၏ အေဆာက္အအံုမ်ားတြင္ ေနထုိင္လိုသူရွိပါက ျမိဳ႕ေလး၏ လူဦးေရကို ၂ ဆတိုးေစရန္ ျဖစ္သည္။

(အဘြား ဒီမွာေပ်ာ္ပါတယ္။ အဘြားက ဒီမွာၾကီးျပင္းခဲ့တာပါ။ ဓာတ္ပံု-Credit: Will Francome)

အဘြားဒီမွာေပ်ာ္ပါတယ္။ အဘြားက ဒီမွာ ၾကီးျပင္းခဲ့တာပါ။ ဒီေနရာနဲ႔ ေနသားက်ေနပါျပီ။ အဘြားဘာလိုခ်င္တယ္ဆိုတာ အဘြားသိပါတယ္။ ႏွစ္ေတြအမ်ားၾကီး ၾကာခဲ့ျပီ။ ေျပာင္းလဲဖို႔က ခက္ပါတယ္..ဟု အဘြားအို Elsie က ေျပာသည္။

(မိုႏိုဝီ၏ အထြတ္အထိပ္ကာလ။ ဓာတ္ပံု-Credit: Will Francome) (အထြတ္အထိပ္ကာလမ်ား)

၁၉၃၀ ျပည့္လြန္ကာလမ်ားက မိုႏိုဝီသည္ Elkhorn ရထားလမ္းတြင္ ပ်ားပန္းခတ္ စည္ကားခဲ့ေသာ ဘူတာတစ္ခုရွိခဲ့သည္။

ထိုစဥ္က ျမိဳ႕သူျမိဳ႕သား ၁၅၀ ခန္႔ရွိကာ ကုန္စံုဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ားရွိသည့္အျပင္ အက်ဥ္းေထာင္တစ္ခုပင္ ရွိခဲ့သည္။

Elsie သည္ ျမိဳ႕ကေလးမွ တစ္မိုင္၏ ၄ ပံု ၁ ပံုခန္႔ ေဝးကြာေသာ ယာေတာတစ္ခုတြင္ ေမြးဖြားၾကီးျပင္းခဲ့ျပီး ျမိဳ႕ကေလးရွိ အခန္းတစ္ခန္းတည္းသာရွိေသာ ေက်ာင္းကေလးတြင္ မူလတန္းတက္စဥ္ ေနာင္အခါ ခင္ပြန္းျဖစ္လာမည့္ ရူဒီႏွင့္ စတင္ဆံုစည္းခဲ့သည္။

မူလတန္းျပီးခ်ိန္တြင္ ျမိဳ႕ကေလးမွ ၇ မိုင္ခန္႔ေဝးေသာ အနီးဆံုးျမိဳ႕၏ အထက္တန္းေက်ာင္းသို႔ ၂ ဦးအတူ ဘတ္စ္ကားစီးကာ ေက်ာင္းတက္ၾကသည္။ ေနာက္ပိုင္းတြင္ ရူဒီက အေမရိကန္ေလတပ္သို႔ ဝင္ေရာက္ခဲ့သည္။

ကိုရီးယားစစ္ပြဲျဖစ္ပြားခ်ိန္တြင္ ရူဒီက ျပင္သစ္ႏိုင္ငံတြင္ ေရာက္ရွိကာ တာဝန္ထမ္းေဆာင္ေနရသည္။ ထိုအခ်ိန္တြင္ Elsie က ကန္ဆတ္ျမိဳ႕သို႔ စြန္႔စားထြက္လာခဲ့သည္။

“ေလယာဥ္မယ္တစ္ေယာက္ ျဖစ္လာဖုိ႔အိပ္မက္နဲ႔အတူ အဘြားဟာ ေလေၾကာင္းလိုင္းတစ္ခုမွာ အလုပ္လုပ္ဖို႔ သြားခဲ့တာျဖစ္ပါတယ္။ ျမိဳ႕ကိုေတာ့ မတြယ္တာပါဘူး။ မိုႏိုဝီကသာ အျမဲတမ္း အဘြားရဲ႕အိမ္ပါပဲ”

အသက္ ၁၉ ႏွစ္အရြယ္တြင္ကား ရူဒီႏွင့္ လက္ထပ္ရန္ ျမိဳ႕ကေလးသို႔ ျပန္လာခဲ့ျပီး ရူဒီႏွင့္အတူ သားသမီး ၂ ဦး ထြန္းကားသည္။

ကနဦးတြင္ ရူဒီက ဂ်ံဳက်ံဳးစက္တြင္ အလုပ္လုပ္ျခင္း၊ ဓာတ္ဆီဆိုင္မ်ားသို႔ ဆီမ်ားပို႔ေပးျခင္း အစရွိသည့္အလုပ္မ်ား လုပ္၏။

ေနာက္ပိုင္းတြင္မူ ယခင္က Elsie ၏ ဖခင္ပိုင္ဆိုင္ခဲ့ေသာ အရက္ဆိုင္ေဟာင္းကို ျပန္ဖြင့္ရန္ အၾကံဳရသည္။ Elsie ကလည္း သေဘာတူကာ ၁၉၇၁ ခုႏွစ္တြင္ အရက္ဆိုင္ကေလးကို ဖြင့္လွစ္ခဲ့သည္။

(အလံုးအရင္းေရႊ႕ေျပာင္းမႈ)

Elsie တုိ႔ အရက္ဆိုင္ဖြင့္ခ်ိန္ဝန္းက်င္တြင္ ျမိဳ႕ကေလးမွာ အေျခအေနမေကာင္းေတာ့ေခ်။

ဒုတိယ ကမၻာစစ္ၾကီးျပီးဆံုးသြားျပီးေနာက္ ေတာင္သူမ်ား အထိနာကာ အေမရိကန္ရွိ ေျမျပန္လြင္ျပင္တစ္လႊား ေက်းလက္စီးပြားေရး ျပိဳလဲသြားသည္။ အေမရိက၏ အခ်က္အျခာေဒသမွ လူမႈအသိုက္အဝန္းမ်ား ေပ်ာက္ကြယ္စျပဳလာခဲ့သည္။

မိုႏိုဝီျမိဳ႕ကေလး၏ သစ္ဘုရားေက်ာင္းကေလးတြင္ ေနာက္ဆံုးက်င္းပခဲ့ေသာ စ်ာပနအခမ္းအနားမွာ Elsie ၏ ဖခင္အတြက္ က်င္းပသည့္အခမ္းအနားျဖစ္ျပီး ၁၉၆၀ ျပည့္ႏွစ္တြင္ ျဖစ္သည္။

ယင္းေနာက္ စာတိုက္ႏွင့္ ေနာက္ဆံုးက်န္ေနသည့္ ကုန္စံုဆိုင္ ၃ ဆိုင္လည္း ၁၉၆၇ မွ ၁၉၇၀ ျပည့္ႏွစ္မ်ားအၾကား ပိတ္သိမ္းသြားခဲ့သည္။

ယင္းေနာက္ ၁၉၇၄ ခုႏွစ္တြင္ စာသင္ေက်ာင္း ပိတ္သိမ္း၏။

Elsie ၏ သားသမီး ၂ ဦးလံုးမွာ ၁၉၇၀ ျပည့္လြန္ကာလမ်ားတြင္ အလုပ္ရွာရန္ ျမိဳ႕ၾကီးျပၾကီးမ်ားသို႔ ထြက္သြားၾကသည္။

၁၉၈၀ ျပည့္ႏွစ္တြင္ ျမိဳ႕ကေလးတြင္ ေနထုိင္သူမွာ ၁၈ ဦးအထိ က်ဆင္းသြားခဲ့သည္။

ယင္းေနာက္ ႏွစ္ေပါင္း ၂၀ အၾကာ ၂၀၀၀ ျပည့္ႏွစ္တြင္ကား ျမိဳ႕ကေလးတြင္ ေနထုိင္သူ ၂ ဦးတည္းသာ ရွိေတာ့ရာ ရူဒီႏွင့္ Elsie တို႔ ဇနီးေမာင္ႏွံျဖစ္၏။ သူတို႔ ၂ ဦးလံုး အရက္ဆိုင္ကေလး ဖြင့္ထားဆဲပင္။

(အသိုက္အဝန္းေလးတစ္ခု)

Elsie သည္ တစ္ဦးတည္းေနထုိင္လ်က္ရွိသည္ျဖစ္ေသာ္လည္း အထီးမက်န္ေခ်။

ေန႔စဥ္ မနက္ ၉ နာရီထုိးျပီဆိုသည္ႏွင့္ Elsie က သူေနထိုင္ေသာ ေနာက္တြဲယာဥ္ကေလးမွ ေပအနည္းငယ္သာ ကြာေဝးေသာ အရက္ဆိုင္ရွိရာသို႔ လမ္းေလွ်ာက္သြားကာ ဆိုင္ဖြင့္၏။

တနလၤာေန႔မ်ားတြင္မူ ဆိုင္မဖြင့္ေခ်။ တနလၤာေန႔ကို Elsie က အလုပ္ပိတ္ရက္အျဖစ္ မိမိဘာသာ သတ္မွတ္ေပးထားသည္။

သူ၏ ပံုမွန္ေဖာက္သည္အမ်ားစုမွာ ျမိဳ႕ကေလးမွ မိုင္ေပါင္း ၂၀ ေက်ာ္၊ ၃၀ ေဝးကြာသည့္ေနရာမ်ားတြင္ ေနထုိင္သူမ်ား ျဖစ္ၾကသည္။

ထိုေဖာက္သည္မ်ားသည္ Elsie ၏ ဘဝတစ္ေလွ်ာက္ ကာလၾကာျမင့္စြာ သိကၽြမ္းျပီးသူမ်ားသာ ျဖစ္၏။

အခ်ဳိ႕ဆိုလွ်င္ Elsie ကို လာၾကည့္ရန္ မိုင္ေပါင္း ၂၀၀ ခန္႔ ေဝးေသာ လင္ကြန္း၊ အိုမာဟာျမိဳ႕မ်ားမွ ကားေမာင္းလာၾကသူမ်ား ျဖစ္သည္။

“တကယ့္မိသားစုၾကီးလိုပါပဲ။ စတုတၳနဲ႔ ပဥၥမမ်ဳိးဆက္ ေဖာက္သည္ေတြေတာင္ ရွိေနျပီ။ ကိုယ္က ကေလးေလးအေနနဲ႔ သိထားခဲ့တဲ့သူတစ္ေယာက္က သူ႔ကေလးကို ေခၚလာျပေနၾကျပီေလ”ဟု Elsie က သတင္းစာရွိ ဇယားျဖည့္ပေဟဠိတစ္ခုကို ေျဖၾကည့္ေနရင္း ေျပာသည္။

အေမရိကန္ျပည္ေထာင္စု ေက်းလက္ေဒသမ်ားရွိ စားေသာက္ဆိုင္မ်ားႏွင့္ အရက္ဆိုင္မ်ား အမ်ားစုနည္းတူ မိုႏိုဝီ အရက္ဆိုင္ကေလးသည္လည္း ေဒသခံမ်ား၏ ဧည့္ခန္းသဖြယ္ ျဖစ္လာသည္။

Elsie ၏ အရက္ဆိုင္တြင္ ဟမ္ဘာဂါတစ္ခုလွ်င္ ၃ ဒသမ ၅ ေဒၚလာ၊ Hot dog တစ္ခုလွ်င္ ၁ ဒသမ ၂၅ ေဒၚလာ၊ gizzard တစ္ခုလွ်င္ ၄ ေဒၚလာႏႈန္းျဖင့္ ေရာင္းခ်ေပးသည္။

ေဒသခံ မိသားစုမ်ားသည္ Elsie ၏ အရက္ဆိုင္ကေလးမွ ေၾကာ္ျငာသင္ပုန္းတြင္ ေရျဖန္းမဂၤလာအတြက္ မိတ္ေဆြမ်ားကို ဖိတ္သည့္ဖိတ္စာမ်ား၊ ေက်ာင္းဆင္းပြဲ သတိေပးစာမ်ား၊ ႏႈတ္ခြန္းဆက္ကဒ္မ်ားကို လာေရာက္ ကပ္ၾကေလ့ရွိသည္။

တနဂၤေႏြညဆိုလွ်င္ တစ္နာရီခန္႔ ကားေမာင္းလာရေသာေဒသမွ လူမ်ားသည္ Elsie ၏ အရက္ဆိုင္တြင္ Euchre ကစားရန္ လာၾက၏။ တနဂၤေႏြညဆိုလွ်င္ Elsie သည္ ည ၉ နာရီခြဲအထိ ဆိုင္မပိတ္ေခ်။

(Elsie ၏ အိမ္မွ မလွမ္းမကမ္းတြင္ရွိေသာ ရူဒီ၏ စာၾကည့္တိုက္။ ဓာတ္ပံု Credit: Will Francome)

(ရူဒီ၏ စာၾကည့္တိုက္)

မိုႏိုဝီျမိဳ႕ကေလးတြင္ အရက္ဆိုင္အျပင္ အျခားေသာ အမ်ားျပည္သူသံုး အေဆာက္အအံုတစ္ခု ရွိေနေသးသည္။

Elsie ၏ ေနအိမ္ႏွင့္ အရက္ဆိုင္တို႔မွ အနည္းငယ္သာ ေလွ်ာက္ရေသာ ထိုအေဆာက္အအံုကား ရူဒီ၏ စာၾကည့္တိုက္ျဖစ္၏။

ရူဒီသည္ စိုက္ခင္းထဲ မဆင္းခ်ိန္၊ အရက္ဆိုင္မထိုင္ခ်ိန္မ်ားဆိုလွ်င္ စာဖတ္ေနေလ့ရွိသည္။

ရူဒီမကြယ္လြန္မီက ေျပာခဲ့သည္ကား သူ၏ ေနာက္ဆံုးဆႏၵမွာ ကိုယ္ပိုင္ဝယ္ယူစုေဆာင္းထားေသာ စာအုပ္မ်ားကို အမ်ားျပည္သူဖတ္ရႈႏိုင္သည့္ စာၾကည့္တိုက္အျဖစ္ တည္ေထာင္လိုေၾကာင္း ေျပာခဲ့သည္။

ထိုဆႏၵအတြက္ ရူဒီက စတုရန္းေပ ၃၂၀ ပစၥည္းထားသိုသည့္ ရံုတစ္ခု မွာယူကာ သူစုေဆာင္းထားေသာ အုပ္ေရ ၅၀၀၀ ခန္႔ရွိ စာအုပ္မ်ားႏွင့္ မဂၢဇင္းမ်ားကို ထားရွိသြားရန္ စီစဥ္ခဲ့သည္။

သို႔ေသာ္ စာၾကည့္တိုက္အေကာင္အထည္မေပၚမီ ၂၀၀၄ ခုႏွစ္တြင္ ရူဒီ ကြယ္လြန္သြားခဲ့သည္။

ရူဒီကြယ္လြန္ျပီးေနာက္ပိုင္း လအနည္းငယ္ၾကာေသာအခါ သူ၏ သားသမီးမ်ားက စာၾကည့္တိုက္ကို မီးမ်ားဆင္၏။ တူေတာ္စပ္သူမ်ားက ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ စာအုပ္ဆင္မ်ား ျပဳလုပ္ေပးၾကသည္။

ေျမးျမစ္သူမ်ားက ေရခဲေသတၱာေဟာင္းၾကီးတစ္ခုေဘးတြင္ ရူဒီ၏စာၾကည့္တိုက္ဟု စာလံုးေရးေပးၾကသည္။

ယေန႔တြင္ မိုႏိုဝီမွ အရက္ဆိုင္ကေလးတြင္ ေသာ့တစ္ေခ်ာင္းခ်ိတ္ထားသည္။

စာဖတ္လိုသူ မည္သူမဆို အရက္ဆိုင္မွ ေသာ့ယူကာ ရူဒီ၏ စာၾကည့္တိုက္တြင္ Goethe မွသည္ ၁၉၅၀ ျပည့္လြန္ကာလမ်ားက ထုတ္ေဝခဲ့ေသာ National Geographic မဂၢဇင္းမ်ားအထိ ဖတ္ရႈႏိုင္သည္။

(မေမွ်ာ္လင့္ဘဲ နာမည္ၾကီးလာျခင္း)

ရူဒီ ကြယ္လြန္သြားျပီးေနာက္ပိုင္း အေမရိကန္ျပည္ေထာင္စုတြင္ မိုႏိုဝီျမိဳ႕ကေလးသည္ လူတစ္ဦးတည္းေနထိုင္ေသာ ျမိဳ႕ကေလးျဖစ္ျပီး သူသည္သာ ျမိဳ႕ကိုစီမံရလ်က္ရွိရာ လူအမ်ား၏ အာရံုစိုက္မႈ ရရွိလာခဲ့သည္။

ယေန႔အခါ Elsie ၏ အရက္ဆိုင္ကေလးတြင္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္မွာ ၄ အုပ္အထိ ရွိလာေနျပီျဖစ္ျပီး မွတ္တမ္းတြင္ အမွတ္တရလက္မွတ္ေရးထိုးသြားသူတို႔မွာ ကမၻာတစ္ဝန္းမွ ျဖစ္သည္။

(ဆိုင္ပိတ္ခ်ိန္)

အရက္ဆိုင္ဖြင့္လွစ္ျပီး ၁၂ နာရီအၾကာတြင္ မိုႏိုဝီျမိဳ႕ကေလးထဲ၌ Elsie တစ္ဦးတည္းသာ က်န္ရစ္ခဲ့ေတာ့သည္။

ထိုအခါ Elsie သည္ အရက္ဆိုင္ကို ပိတ္လိုက္ျပီး သူ၏ ေနာက္တြဲယာဥ္ကေလးရွိရာသို႔ ျပန္သည္။ ထို႔ေနာက္ ရူဒီစုေဆာင္းထားခဲ့ေသာစာအုပ္မ်ားထဲမွ တစ္အုပ္ကို ဖြင့္ကာ ဖတ္၏။

အျပင္ဘက္ဆီတြင္ကား ျမက္ခင္းျပင္က်ယ္မ်ားကို ျဖတ္သန္းကာ ေလက တသုန္သုန္ျဖဴးေနသည္။

ည ၁၁ နာရီသို႔ေရာက္လွ်င္ Elsie အိပ္ယာဝင္ေတာ့သည္။

မိုးလင္းလွ်င္ ေဝးကြာလွေသာေဒသမ်ားမွ မိတ္ေဟာင္းမ်ား ေရာက္လာၾကဦးမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Welcome to Monowi, Nebraska: population 1 (bbc)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ချားလ်စ်ဘုရင်က သားတော် မင်းသားဝီလျံအား အိမ်ငှားခ ပေးရ
ချားလ်စ်ဘုရင်က သားတော် မင်းသားဝီလျံအား အိမ်ငှားခ ပေးရ
ဒေါ်လာ ၁၄၁ သန်းတန် စတုရန်းပေ တစ်သိန်းကျော်ကျယ်သော လော့စ်အိန်ဂျလိစံအိမ်ကြီး၏ မီတာခ တစ်လလျှင် မြန်မာငွေ သိန်း ၁၀၀၀ ကျော် ကျသင့်...
ဒေါ်လာ ၁၄၁ သန်းတန် စတုရန်းပေ တစ်သိန်းကျော်ကျယ်သော လော့စ်အိန်ဂျလိစံအိမ်ကြီး၏ မီတာခ တစ်လလျှင် မြန်မာငွေ သိန်း ၁၀၀၀ ကျော် ကျသင့်...
လေရူးသုန်သုန်တွင် စကားလက်အဖြစ်သရုပ်ဆောင်ခဲ့သူ ဗီဗီယန်လေးက ခင်ပွန်းအတွက် ရွေးချယ်ပေးခဲ့သော အင်္ဂလန်ကျေးလက်စံအိမ်...
လေရူးသုန်သုန်တွင် စကားလက်အဖြစ်သရုပ်ဆောင်ခဲ့သူ ဗီဗီယန်လေးက ခင်ပွန်းအတွက် ရွေးချယ်ပေးခဲ့သော အင်္ဂလန်ကျေးလက်စံအိမ်...
ချားလ်စ်ဘုရင် ပိုင်သောစံအိမ်တော်များကို တစ်ညလျှင် ပေါင် ၁၀၀ မျှဖြင့် တည်းခိုနိုင်
ချားလ်စ်ဘုရင် ပိုင်သောစံအိမ်တော်များကို တစ်ညလျှင် ပေါင် ၁၀၀ မျှဖြင့် တည်းခိုနိုင်
တစ်နာရီအတွင်း အိမ်ထဲက ယင်ကောင်တွေ ရှင်းပစ်နိုင်မယ့် ရိုးစင်းလွယ်ကူနည်းလမ်း
တစ်နာရီအတွင်း အိမ်ထဲက ယင်ကောင်တွေ ရှင်းပစ်နိုင်မယ့် ရိုးစင်းလွယ်ကူနည်းလမ်း
Adele က စတားလုံး၏အိမ်ကို ဝယ်ရန် ဒေါ်လာ ၃၇ သန်းကျော် ချေးငွေရယူခဲ့
Adele က စတားလုံး၏အိမ်ကို ဝယ်ရန် ဒေါ်လာ ၃၇ သန်းကျော် ချေးငွေရယူခဲ့
ဗြိတိန်တော်ဝင်မင်းသားဝီလျံ ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ စံအိမ်အမွေရ
ဗြိတိန်တော်ဝင်မင်းသားဝီလျံ ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ စံအိမ်အမွေရ
အီတလီနိုင်ငံတွင် လူမနေသောအိမ် ၁၀၀ ကို တစ်အိမ်လျှင် ၁ ဒေါ်လာဖြင့် ရောင်းမည်
အီတလီနိုင်ငံတွင် လူမနေသောအိမ် ၁၀၀ ကို တစ်အိမ်လျှင် ၁ ဒေါ်လာဖြင့် ရောင်းမည်
ဘာလီကျွန်းမှ ငဟစ်ငှက်တို့ နိဗ္ဗာန်ဘုံ (သို့) ပထူးလူကျေးရွာပုံပြင်
ဘာလီကျွန်းမှ ငဟစ်ငှက်တို့ နိဗ္ဗာန်ဘုံ (သို့) ပထူးလူကျေးရွာပုံပြင်
ကင်မ်ကာဒါရှီယန်က စင်ဒီကရောဖို့ဒ်၏ စံအိမ်ကို ဒေါ်လာသန်း ၇၀ ကျော်ဖြင့်ဝယ်
ကင်မ်ကာဒါရှီယန်က စင်ဒီကရောဖို့ဒ်၏ စံအိမ်ကို ဒေါ်လာသန်း ၇၀ ကျော်ဖြင့်ဝယ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)