အင်္ဂလန်မှ အသေးဆုံးအိမ် ဒေါ်လာ ၁ သန်းကျော် ဈေးခေါ်

အင်္ဂလန်မှ အသေးဆုံးအိမ် ဒေါ်လာ ၁ သန်းကျော် ဈေးခေါ် - Property News in Myanmar from iMyanmarHouse.com
19 Sep 2022 10:22 am တွင် တင်ခဲ့သည်
1557 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်၏ အသေးငယ်ဆုံးနေအိမ်များတွင်ပါဝင်ပြီး ကား ၂ စင်းရပ်နားရန် နေရာမျှပင်မရှိသော အိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာသည်။ ဈေးနှုန်းမှာမူ ငိုရလောက်သည်။

လန်ဒန်မြို့အနောက်ဘက်၊ ချယ်လ်ဆီးဆင်ခြေဖုံးအရပ်တွင် တည်ရှိသော သေးငယ်လှသည့် နေအိမ်တစ်လုံးကို ပေါင် ၁ ဒသမ ၂ သန်းအထိ ဈေးခေါ်ထားသည်။

(ပေါင် ၁ ဒသမ ၂ သန်းဈေးခေါ်ထားသော ချယ်လ်ဆီးအရပ်မှ အိမ်ကျဉ်းကလေး။ ဓာတ်ပုံ Credit: BNPS)

 

(အိမ်ခြံမြေ Developer ဖြစ်သူ Robin Swailes က အကောင်းဆုံးနေအိမ်တစ်လုံးဖြစ်လာအောင် ပြောင်းလဲပေးခဲ့သည်။ ဓာတ်ပုံ Credit: BNPS)

 

(နေရာကျဉ်းမြောင်းသောကြောင့် ရနိုင်သမျှနေရာများကို အကျိုးရှိစွာသုံးနိုင်ရန် ရွက်လှေကြီးများတွင် မွမ်းမံခင်းကျင်းပုံအတိုင်း စီစဉ်ထားရှိသည်။ ဓာတ်ပုံ Credit: BNPS)

 

(လန်ဒန်မြို့ကြီးကို ငေးမောခံစားနိုင်မည့် အမိုးပေါ်လသာဆောင်။ ဓာတ်ပုံ- Credit: BNPS)

ယခင်က သင်္ချိုင်းမြေပုံတူးသူ၏အိမ်ဖြစ်ပြီး အိမ်ခြံမြေ Developer ဖြစ်သူ Robin Swailes က ၂၀၁၇ ခုနှစ်တွင် ဝယ်ယူကာ ပြောင်းလဲပေးမှုဖြင့် အသွင်သစ်ဖြစ်လာသည်။

နှစ်ထပ်ဆောက်လုပ်ထားသောအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၂၉၀ သာရှိပြီး လန်ဒန်တွင် အသေးငယ်ဆုံးအိမ်များ၌ ပါဝင်သည်။

အိမ်၏ အကျဉ်းဆုံးနေရာတွင် ၈ ပေ ၂ လက်မသာရှိရာ မစ္စတာ Swailes အဖို့ ပြန်လည်မွမ်းမံမှုများလုပ်ရာတွင် စိန်ခေါ်မှုများစွာရှိခဲ့သည်။

ယင်းနေအိမ်ကို လေလံတင်ခဲ့စဉ်က မစ္စတာ Swailes မှ ပေါင် ၇၁၃၀၀၀ ပေးကာ အခြားလေလံဆွဲသူ ၁၇ ဦးကို ဖြတ်ကျော်ရယူခဲ့ခြင်းလည်း ဖြစ်သည်။ ထို့အပြင် မစ္စတာ Swailes သည် ယခုအိမ်ကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်ရာတွင် ပေါင် ၄၀၀၀၀၀ ဝန်းကျင် ထပ်မံကုန်ကျခဲ့သည်ဟု ဆိုသည်။

ယခုခေါ်ဈေး ပေါင် ၁ ဒသမ ၂ သန်းအရဆိုလျှင် ၁ စတုရန်းပေလျှင် ၄၁၃၇ ပေါင် ကျသင့်မည် ဖြစ်လေသည်။

ဈေးကွက်တင်ထားပြီးနောက် စိတ်ဝင်စားသူများစွာရှိကြောင်း ရောင်းချသူတို့က ပြောသည်။

ခေါက်သိမ်းနိုင်သော အိပ်ရာကုတင်တစ်ခုလည်းပါဝင်ပြီး နံရံတွင်ကပ်ထားသည်။ ထို့အပြင် Built-in မီးဖိုဆောင်သုံးပစ္စည်းများနှင့် အရက်ဘားငယ်တစ်ခုလည်းရှိသေးသည်။

မြေညီထပ်တွင် ဧည့်ခန်းတစ်ခု၊ ထိုမှတဆင့် မီးဖိုဆောင်ငယ်နှင့် အရက်ဘားခန်းသို့ ရောက်ရှိမည်ဖြစ်ပြီး အပေါ်ထပ်တွင်မူ အိပ်ခန်း ၁ ခန်းနှင့် အမိုးပေါ်လသာဆောင်နေရာတို့ရှိသည်။

မစ္စတာ Swailes သည် ချက်စတာဖီးဆိုဖာတစ်လုံးကိုလည်း အိပ်ရာတစ်ခုအဖြစ် ပြောင်းလဲထားသည့်အပြင် မှန်တစ်ချပ်နောက်တွင်လည်း ရုပ်မြင်သံကြားစက်ကို ဖျောက်ထားသည်။ ယင်းအပြင် အခန်းကို ပိုကျယ်သယောင် ထင်ရစေမည့် လှေကားတစ်ခုလည်း အထူးတပ်ဆင်ပေးထားသည်။

အခန်းထောင့်တစ်နေရာတွင် စားပွဲငယ်လေးတစ်ခု၊ အရက်ဘားထိုင်ခုံ ၂ လုံးနှင့် အရက်ဘားမှာ တံခါးတစ်ခုနောက်တွင် ဖျောက်ထားသည်။

ဒုတိယထပ်တွင် သစ်သားနံရံနောက်ဘက်၌ အိပ်ရာကုတင်ကို ဖွက်ထားသည်။ ယင်း၏အပေါ်တွင် LG projector နှင့် Bose ဆောင်းဘောက်တစ်ခု ထားရှိသည်။

ထို့အပြင် သင့်အဝတ်အစားများ ထားသိုရန် အဝတ်ဗီရိုတစ်ခုနှင့် ပြတင်းပေါက်ထိုင်ခုံတစ်ခုအပြင် အပြင်ဘက်တွင် အနားယူရန် အမိုးပေါ်လသာဆောင်နေရာတစ်ခုလည်း ရှိသည်။

St Luke's & Christ ဘုရားကျောင်ဘေးတွင်ရှိသော ယခုအိမ်ကို ရွက်လှေကြီးများ၏ မွမ်းမံမှုဒီဇိုင်းအား မှီးကာ ဆောက်လုပ်ခဲ့ကြောင်း မစ္စတာ Swailes က ပြောသည်။

၁၉၆၀ ပြည့်လွန်ကာလများက ဤအိမ်သည် ဈေးဆိုင်တစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် လူနေအိမ်အဖြစ်ပြောင်းလဲခဲ့သည်။

နေအိမ်အတွင်းရှိ လှေကားအတွက်ပင်လျှင် ပေါင် ၃၀၀၀၀ ခန့် ကုန်ကျခဲ့ကြောင်းလည်း မစ္စတာ Swailes က ပြောသည်။

အမိုးလသာဆောင်နေရာသို့ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဟိုက်ဒရောလစ်စနစ်ဖြင့် ဖွင့်လှစ်ရောက်ရှိရန် စီစဉ်ထားပြီး ယင်းအတွက် ပေါင် ၃၅၀၀၀ ကုန်ကျခဲ့သည်။

ယခုအိမ်ကို ဈေးကွက်တင်ပေးသည့် Harding Green ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင် Edward McCulloch က ပြောသည်မှာ ယခုအိမ်မှာ သေးငယ်ကြောင်း၊ ယခုခေါ်ဈေးငွေဖြင့်ဆိုလျှင် အိပ်ခန်း ၁ ခန်းပါ လူနေခန်းကောင်းကောင်းတစ်ခု ဝယ်ယူရနိုင်ကြောင်း၊ သို့သော် ယခုအိမ်မှာ ဘိုးဘွားပိုင်မြေဖြစ်ရာ တိုက်ခန်းများတွင် ကြုံရလေ့ရှိသော မြေငှားခပေးရခြင်းကဲ့သို့ ကိစ္စများ မရှိတော့ကြောင်း ပြောသည်။

“နေရာကတော့ အံ့မခန်းပါ။ လန်ဒန်အနောက်တောင်ပိုင်းရဲ့ အလှပဆုံးပန်းခြံတွေထဲက တစ်ခုကို အပေါ်စီးမြင်နိုင်တဲ့ အိမ်ကလေးပါ။ နေအိမ်ဒီဇိုင်းပြင်ဆင်ထားမှုက သိပ်ဈေးကြီးတဲ့ ရွက်လှေတစ်ခုနဲ့ တူပါတယ်။ အိမ်ထဲမှာက အပြည့်အစုံရှိပြီးသား။ မိတ်ဆွေအနေနဲ့ အိမ်သော့ယူပြီး နောက်နေ့အိမ်ပြောင်းနေလို့ ရပါတယ်”

(မစ္စတာ Swailes သည် အရုပ်အိမ်ဟု သူအမည်ပေးထားသောအိမ်ကို ပေါင် ၄၀၀၀၀၀ သုံးစွဲကာ ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ Credit: BNPS)

 

(ဤအိမ်လေးကို အဆင့်မြှင့်တင်ရာတွင် မစ္စတာ Swailes အတွက် စိန်ခေါ်မှုများစွာရင်ဆိုင်ခဲ့ရသည်။ ဓာတ်ပုံ Credit: BNPS)

 

(ယခုခေါ်ဈေးအရ ၁ စတုရန်းပေလျှင် ၄၁၃၇ ပေါင် ကျသင့်မည်ဖြစ်သည်။ ဓာတ်ပုံ Credit: BNPS)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside one of UK’s tiniest homes that’s smaller than two parking spaces and is on sale for an eye-watering amount (thesun)

 

 

 

 

[Zawgyi]

အဂၤလန္မွ အေသးဆံုးအိမ္ ေဒၚလာ ၁ သန္းေက်ာ္ ေစ်းေခၚ

 

ျဗိတိန္၏ အေသးငယ္ဆံုးေနအိမ္မ်ားတြင္ပါဝင္ျပီး ကား ၂ စင္းရပ္နားရန္ ေနရာမွ်ပင္မရွိေသာ အိမ္တစ္လံုး အေရာင္းေစ်းကြက္ဝင္လာသည္။ ေစ်းႏႈန္းမွာမူ ငိုရေလာက္သည္။

လန္ဒန္ျမိဳ႕အေနာက္ဘက္၊ ခ်ယ္လ္ဆီးဆင္ေျခဖံုးအရပ္တြင္ တည္ရွိေသာ ေသးငယ္လွသည့္ ေနအိမ္တစ္လံုးကို ေပါင္ ၁ ဒသမ ၂ သန္းအထိ ေစ်းေခၚထားသည္။

(ေပါင္ ၁ ဒသမ ၂ သန္းေစ်းေခၚထားေသာ ခ်ယ္လ္ဆီးအရပ္မွ အိမ္က်ဥ္းကေလး။ ဓာတ္ပံု Credit: BNPS)

(အိမ္ျခံေျမ Developer ျဖစ္သူ Robin Swailes က အေကာင္းဆံုးေနအိမ္တစ္လံုးျဖစ္လာေအာင္ ေျပာင္းလဲေပးခဲ့သည္။ ဓာတ္ပံု Credit: BNPS)

(ေနရာက်ဥ္းေျမာင္းေသာေၾကာင့္ ရႏိုင္သမွ်ေနရာမ်ားကို အက်ဳိးရွိစြာသံုးႏိုင္ရန္ ရြက္ေလွၾကီးမ်ားတြင္ မြမ္းမံခင္းက်င္းပံုအတိုင္း စီစဥ္ထားရွိသည္။ ဓာတ္ပံု Credit: BNPS)

(လန္ဒန္ျမိဳ႕ၾကီးကို ေငးေမာခံစားႏိုင္မည့္ အမိုးေပၚလသာေဆာင္။ ဓာတ္ပံု- Credit: BNPS)

ယခင္က သခၤ်ဳိင္းေျမပံုတူးသူ၏အိမ္ျဖစ္ျပီး အိမ္ျခံေျမ Developer ျဖစ္သူ Robin Swailes က ၂၀၁၇ ခုႏွစ္တြင္ ဝယ္ယူကာ ေျပာင္းလဲေပးမႈျဖင့္ အသြင္သစ္ျဖစ္လာသည္။

ႏွစ္ထပ္ေဆာက္လုပ္ထားေသာအိမ္၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၂၉၀ သာရွိျပီး လန္ဒန္တြင္ အေသးငယ္ဆံုးအိမ္မ်ား၌ ပါဝင္သည္။

အိမ္၏ အက်ဥ္းဆံုးေနရာတြင္ ၈ ေပ ၂ လက္မသာရွိရာ မစၥတာ Swailes အဖို႔ ျပန္လည္မြမ္းမံမႈမ်ားလုပ္ရာတြင္ စိန္ေခၚမႈမ်ားစြာရွိခဲ့သည္။

ယင္းေနအိမ္ကို ေလလံတင္ခဲ့စဥ္က မစၥတာ Swailes မွ ေပါင္ ၇၁၃၀၀၀ ေပးကာ အျခားေလလံဆြဲသူ ၁၇ ဦးကို ျဖတ္ေက်ာ္ရယူခဲ့ျခင္းလည္း ျဖစ္သည္။ ထို႔အျပင္ မစၥတာ Swailes သည္ ယခုအိမ္ကို ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ရာတြင္ ေပါင္ ၄၀၀၀၀၀ ဝန္းက်င္ ထပ္မံကုန္က်ခဲ့သည္ဟု ဆိုသည္။

ယခုေခၚေစ်း ေပါင္ ၁ ဒသမ ၂ သန္းအရဆိုလွ်င္ ၁ စတုရန္းေပလွ်င္ ၄၁၃၇ ေပါင္ က်သင့္မည္ ျဖစ္ေလသည္။

ေစ်းကြက္တင္ထားျပီးေနာက္ စိတ္ဝင္စားသူမ်ားစြာရွိေၾကာင္း ေရာင္းခ်သူတို႔က ေျပာသည္။

ေခါက္သိမ္းႏိုင္ေသာ အိပ္ရာကုတင္တစ္ခုလည္းပါဝင္ျပီး နံရံတြင္ကပ္ထားသည္။ ထို႔အျပင္ Built-in မီးဖုိေဆာင္သံုးပစၥည္းမ်ားႏွင့္ အရက္ဘားငယ္တစ္ခုလည္းရွိေသးသည္။

ေျမညီထပ္တြင္ ဧည့္ခန္းတစ္ခု၊ ထိုမွတဆင့္ မီးဖုိေဆာင္ငယ္ႏွင့္ အရက္ဘားခန္းသို႔ ေရာက္ရွိမည္ျဖစ္ျပီး အေပၚထပ္တြင္မူ အိပ္ခန္း ၁ ခန္းႏွင့္ အမိုးေပၚလသာေဆာင္ေနရာတို႔ရွိသည္။

မစၥတာ Swailes သည္ ခ်က္စတာဖီးဆိုဖာတစ္လံုးကိုလည္း အိပ္ရာတစ္ခုအျဖစ္ ေျပာင္းလဲထားသည့္အျပင္ မွန္တစ္ခ်ပ္ေနာက္တြင္လည္း ရုပ္ျမင္သံၾကားစက္ကို ေဖ်ာက္ထားသည္။ ယင္းအျပင္ အခန္းကို ပိုက်ယ္သေယာင္ ထင္ရေစမည့္ ေလွကားတစ္ခုလည္း အထူးတပ္ဆင္ေပးထားသည္။

အခန္းေထာင့္တစ္ေနရာတြင္ စားပြဲငယ္ေလးတစ္ခု၊ အရက္ဘားထိုင္ခံု ၂ လံုးႏွင့္ အရက္ဘားမွာ တံခါးတစ္ခုေနာက္တြင္ ေဖ်ာက္ထားသည္။

ဒုတိယထပ္တြင္ သစ္သားနံရံေနာက္ဘက္၌ အိပ္ရာကုတင္ကို ဖြက္ထားသည္။ ယင္း၏အေပၚတြင္ LG projector ႏွင့္ Bose ေဆာင္းေဘာက္တစ္ခု ထားရွိသည္။

ထို႔အျပင္ သင့္အဝတ္အစားမ်ား ထားသိုရန္ အဝတ္ဗီရိုတစ္ခုႏွင့္ ျပတင္းေပါက္ထိုင္ခံုတစ္ခုအျပင္ အျပင္ဘက္တြင္ အနားယူရန္ အမုိးေပၚလသာေဆာင္ေနရာတစ္ခုလည္း ရွိသည္။

St Luke's & Christ ဘုရားေက်ာင္ေဘးတြင္ရွိေသာ ယခုအိမ္ကို ရြက္ေလွၾကီးမ်ား၏ မြမ္းမံမႈဒီဇိုင္းအား မွွီးကာ ေဆာက္လုပ္ခဲ့ေၾကာင္း မစၥတာ Swailes က ေျပာသည္။

၁၉၆၀ ျပည့္လြန္ကာလမ်ားက ဤအိမ္သည္ ေစ်းဆိုင္တစ္ခုျဖစ္ခဲ့ျပီး ေနာက္ပိုင္းတြင္ လူေနအိမ္အျဖစ္ေျပာင္းလဲခဲ့သည္။

ေနအိမ္အတြင္းရွိ ေလွကားအတြက္ပင္လွ်င္ ေပါင္ ၃၀၀၀၀ ခန္႔ ကုန္က်ခဲ့ေၾကာင္းလည္း မစၥတာ Swailes က ေျပာသည္။

အမိုးလသာေဆာင္ေနရာသို႔ ခလုတ္တစ္ခ်က္ႏွိပ္ရံုျဖင့္ ဟိုက္ဒေရာလစ္စနစ္ျဖင့္ ဖြင့္လွစ္ေရာက္ရွိရန္ စီစဥ္ထားျပီး ယင္းအတြက္ ေပါင္ ၃၅၀၀၀ ကုန္က်ခဲ့သည္။

ယခုအိမ္ကို ေစ်းကြက္တင္ေပးသည့္ Harding Green ကုမၸဏီမွ အိမ္ျခံေျမအက်ဳိးေဆာင္ Edward McCulloch က ေျပာသည္မွာ ယခုအိမ္မွာ ေသးငယ္ေၾကာင္း၊ ယခုေခၚေစ်းေငြျဖင့္ဆိုလွ်င္ အိပ္ခန္း ၁ ခန္းပါ လူေနခန္းေကာင္းေကာင္းတစ္ခု ဝယ္ယူရႏိုင္ေၾကာင္း၊ သို႔ေသာ္ ယခုအိမ္မွာ ဘိုးဘြားပိုင္ေျမျဖစ္ရာ တိုက္ခန္းမ်ားတြင္ ၾကံဳရေလ့ရွိေသာ ေျမငွားခေပးရျခင္းကဲ့သို႔ ကိစၥမ်ား မရွိေတာ့ေၾကာင္း ေျပာသည္။

“ေနရာကေတာ့ အံ့မခန္းပါ။ လန္ဒန္အေနာက္ေတာင္ပိုင္းရဲ႕ အလွပဆံုးပန္းျခံေတြထဲက တစ္ခုကို အေပၚစီးျမင္ႏိုင္တဲ့ အိမ္ကေလးပါ။ ေနအိမ္ဒီဇိုင္းျပင္ဆင္ထားမႈက သိပ္ေစ်းၾကီးတဲ့ ရြက္ေလွတစ္ခုနဲ႔ တူပါတယ္။ အိမ္ထဲမွာက အျပည့္အစံုရွိျပီးသား။ မိတ္ေဆြအေနနဲ႔ အိမ္ေသာ့ယူျပီး ေနာက္ေန႔အိမ္ေျပာင္းေနလို႔ ရပါတယ္”

(မစၥတာ Swailes သည္ အရုပ္အိမ္ဟု သူအမည္ေပးထားေသာအိမ္ကို ေပါင္ ၄၀၀၀၀၀ သံုးစြဲကာ ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ထားသည္။ ဓာတ္ပံု Credit: BNPS)

(ဤအိမ္ေလးကို အဆင့္ျမွင့္တင္ရာတြင္ မစၥတာ Swailes အတြက္ စိန္ေခၚမႈမ်ားစြာရင္ဆိုင္ခဲ့ရသည္။ ဓာတ္ပံု Credit: BNPS)

(ယခုေခၚေစ်းအရ ၁ စတုရန္းေပလွ်င္ ၄၁၃၇ ေပါင္ က်သင့္မည္ျဖစ္သည္။ ဓာတ္ပံု Credit: BNPS)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside one of UK’s tiniest homes that’s smaller than two parking spaces and is on sale for an eye-watering amount (thesun)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service