ထိုင်းက ကြက်ချေးအကျဉ်းထောင် (ထူးခြားဆန်းပြား ကမ္ဘာတစ်လွှား)
ထိုင်းက ကြက်ချေးအကျဉ်းထောင် (ထူးခြားဆန်းပြား ကမ္ဘာတစ်လွှား) - Property News in Myanmar from iMyanmarHouse.com
17 Aug 2022 10:58 am တွင် တင်ခဲ့သည်
1341 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ထိုင်းနိုင်ငံတွင် တချိန်က အကျဉ်းသားများကို ကြက်ချေးဖြင့် နှိပ်စက်သည့် အကျဉ်းထောင်တစ်ခု ရှိခဲ့ဖူးသည်။
သင်တို့အနေဖြင့် ယခုကဲ့သို့ ဆန်းဆန်းပြားပြားနှိပ်စက်သည့်နည်းလမ်းကို ကြားဖူးကြမည် မဟုတ်ချေ။
သင့်အနေဖြင့် ကြက်များသည် အန္တရာယ်မရှိသည့်အပြင် ချစ်စရာကောင်းသော သတ္တဝါများဖြစ်သည်ဟု ယူဆနိုင်သည်။ သင့်အထင်မှန်ပါသည်။
သို့သော် ကြက်ချေးမှာ လွန်စွာအန္တရာယ်ကြီးမားလှပြီး ယင်းသို့ အန္တရာယ်များသည့်အရာဖြင့် ထိုင်းနိုင်ငံတွင် နှိပ်စက်ညှင်းပန်းခဲ့ဖူးသည်ကို သိပါသလား။
အဆိုပါ ထောင်ကို ထိုင်းဘာသာအားဖြင့် Khuk Khi Kai ဟု အမည်ပေးထားပြီး ကြက်ချေးအကျဉ်းထောင်ဟုလည်း လူသိများသည်။
ကြက်ချေးအနံ့သည် လွန်စွာပြင်းထန်သော အမိုးနီးယားနံ့ကို ထုတ်လွှတ်သည်။
လူသားတစ်ဦးသည် ကြက်ချေးများထည့်ထားသောအလုံပိတ်ခန်းတစ်ခုတွင် မိနစ်များစွာကြာအောင် နေထိုင်၍ မရချေ။
ကြက်ချေးနံ့ကြောင့် ဆိုးရွားသော ခန္ဓာကိုယ်တုံ့ပြန်မှုများစွာဖြစ်နိုင်ရာ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းအပြင် ပြင်းထန်သော စိတ်ကျရောဂါများ ဖြစ်လာနိုင်သည်။
ထိုသို့ဖြစ်ရခြင်း အကြောင်းမှာ အမိုးနီးယားသည် ကိုယ်ခန္ဓာအတွင်း ဝင်ရောက်သွားပြီးနောက် ရေနှင့် ဓာတ်ပြုကာ အမိုနီယမ်ဟိုက်ဒရောဆိုဒ် ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။
ထွက်ပေါ်လာသည့် ဓာတ်ကြောင့် နှာခေါင်း၊ လည်ချောင်းနှင့် အသက်ရှုလမ်းကြောင်းတို့တွင် ထိခိုက်ပူလောင်ခြင်းတို့ဖြစ်စေနိုင်သည်။
လူသားတစ်ဦး သို့မဟုတ် တိရိ စ္ဆာန်တစ်ကောင်သည် ကြက်ချေးနံ့ကို ကြာရှည်စွာ ရှုရှိုက်မိမည်ဆိုပါက ပြင်းထန်သည့် ကျန်းမာရေးပြဿနာများ ရင်ဆိုင်ရနိုင်သည်။
(ထိုင်းနိုင်ငံမှ ကြက်ချေးအကျဉ်းထောင်)
၁၈၉၃ ခုနှစ်တွင် ကြက်ချေးကို လူတို့အား နှိပ်စက်သည့် လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။
အချိန်ကား ထိုင်းနိုင်ငံကို ပြင်သစ်တို့ ဝင်ရောက်ခဲ့စဉ်က ဖြစ်သည်။
ပြင်သစ်စစ်တပ်က သေးငယ်သည့် အကျဉ်းထောင်တစ်ခုကို ချန်သာဘူရီခရိုင်၊ Laem Sing မြို့တွင် ဆောက်လုပ်ခဲ့ကြသည်။
အကျဉ်းထောင်မှာ အလျား ၁၄ ပေ၊ အမြင့် ၂၃ ပေ ရှိပြီး အုတ်နီများဖြင့် ထောင့်မှန်စတုဂံပုံ ဆောက်လုပ်ထားခြင်းဖြစ်သည်။
အကျဉ်းသားများကို ထိုအခန်းအတွင်းထားကာ အမိုးပေါ်တွင် ကြက်ချေးများထားသည့် ဂိုဒေါင်ငယ်တစ်ခု ဆောက်လုပ်ထားသည်။
ကြက်ချေး ဂိုဒေါင်၏ ကြမ်းပြင်ကို အပေါက်ငယ်များစွာ ဖောက်ထားကာ ထိုအပေါက်များမှ ကြက်ချေးများ ကျစေခြင်းဖြင့် အကျဉ်းသားများကို ညှင်းပန်းနှိပ်စက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဆိုပါက ထိုအကျဉ်းထောင်ကို ယနေ့တိုင် တွေ့နိုင်သေးသည်။
Khuk Khi Kai (Thai: คุกขี้ไก่) ကြက်ချေးအကျဉ်းထောင်ကို ပြင်သစ်-ထိုင်းစစ်ပွဲအပြီး ပြင်သစ်တို့က ချန်သာဘူရီခရိုင်ကို သိမ်းပိုက်လိုက်ပြီးနောက် ၁၈၉၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
၁၉၀၄ ခုနှစ်တွင် ပြင်သစ်တို့ ထိုင်းမှထွက်ခွာသွားပြီးနောက်ပိုင်း အဆိုပါအကျဉ်းထောင်ကို ယနေ့တိုင် အသုံးပြုခြင်းမရှိတော့ချေ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The chicken poop prison of Thailand: a story of unimaginable brutality (timesofindia)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
Magical World
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service