ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)
[Unicode]
ဂျပ်စတင်ဘီဘာ အပန်းဖြေခဲ့သော အမေရိကမှ ဟာဝိုင်အီရှိ ရင်သပ်ရှုမောဖွယ် ရေတံခွန်စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာသည်။
အဆိုပါစံအိမ်ကြီးသည် ဟာဝိုင်အီတွင် ဓာတ်ပုံရိုက်ခံရမှုအများဆုံးနှင့် ကမ္ဘာကျော်ပုဂ္ဂိုလ်တို့နေထိုင်ခဲ့ကြမှုဖြင့် ကျော်ကြားသော စံအိမ်ကြီးဖြစ်ကာ စံအိမ်ဝန်းအတွင်း အမြင့်ပေ ၂၄၀ ရှိ သဘာဝရေတံခွန်ကြီးတစ်ခု၊ ထိုင်ခုံ ၄၅၀ ဆန့် အားကစားရုံ၊ ၉ ကျင်း ဂေါက်ကွင်း၊ ရေကူးကန်အပါအဝင် ရေနှင့်စပ်လျဉ်းသော အားကစားနေရာများပါသည့် အဆောက်အအုံ၊ ရေလွှာလျှော နှစ်ထပ်အဆောက်အအုံတို့ပါဝင်ပြီး ဟာဝိုင်အီ၏ အကောင်းဆုံးပင်လယ်ရှုခင်းများ ပိုင်ဆိုင်ထားသည်။
ဟာဝိုင်အီမှ Big Island ကျွန်း၏ အရှေ့မြောက်ဘက်ကမ်းခြေ၏ တစ်သီးတစ်ခြားနေရာတစ်ခုတွင် တည်ရှိပြီး ရေတံခွန်စံအိမ် (Waterfalling Estate) ဟု အမည်ပေးထားသည်။
ဂျပ်စတင်ဘီဘာက ၂၀၁၆ ခုနှစ်အတွင်း သူ၏အဖွဲ့သားများအတွက် ယခုစံအိမ်ကြီးကို တစ်ညလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ရက်သတ္တ ၂ ပတ်ကြာ ငှားရမ်းခဲ့ဖူးသည်။ သူ၏ အဖွဲ့သားများတွင် ဘီကီနီဝတ် မော်ဒယ် ၆ ဦးလည်း ပါဝင်သည်။
ရေတံခွန်စံအိမ်ကြီးသည် ရုပ်သံအစီအစဉ်များ ရိုက်ကူးရာနေရာအဖြစ်လည်း နာမည်ကျော်ပြီး Love Island အပြင် အခြားရုပ်သံအစီအစဉ်များ ရိုက်ကူးခဲ့ကြသည်။ ခြံဝန်းအကျယ် ၈ ဧကရှိပြီး တောအုပ်များနှင့် ပင်လယ်တို့ဆုံစည်းရာနေရာကို စီးမိုးတွေ့မြင်နိုင်သည်။
စံအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၁၀ ခန်းနှင့် တတိယထပ်တွင် ဝရန်တာပါသော master bedroom ၂ ခန်းပါသည်။
ပင်မဧည့်ခန်းနေရာ၊ မီးဖိုဆောင်နှင့် ညစာစားခန်းတို့မှတဆင့် ခမ်းနားလှသောရေတံခွန်ကြီးနှင့် သမုဒ္ဒရာရှုမျှော်ခင်းများကို ခံစားနိုင်သည်။
ရေကူးကန်များရှိရာ အဆောက်အအုံတွင် ဧည့်ဂေဟာဆောင် ၂ ခု၊ ဂိမ်းကစားခန်း၊ မီဒီယာနေရာ၊ ရေပူဝဲကတော့ကန် ၂ ခု၊ ချွေးထုတ်ခန်း၊ ရေပန်း၊ ဟင်းလင်းပြင်မီးဖိုဆောင်နှင့် ညစာစားနေရာတို့ ရှိသည်။
ယင်းအပြင် အိပ်ခန်း ၁ ခန်းပါ ဧည့်ဂေဟာအိမ်၊ ကား ၄ စင်းဆန့် ဂိုဒေါင်၊ ရဟတ်ယာဉ်ကွင်းနှင့် outdoor အရက်ဘားတို့လည်း ရှိသေးသည်။
စံအိမ်တည်ရှိရာ Big Island ကျွန်းတွင် လည်ပတ်သွားလာစရာများ များစွာရှိရာ Laupāhoehoe, Waikiki နှင့် Waipi’o အစရှိသည့် မက်မောဖွယ် ကမ်းခြေများ၊ Hilo ဘေးမဲ့တော၊ Akaka Falls State Park ဥယျာဉ်တို့တွင် တောလည်ခြင်း၊ KoleKole ရေတံခွန်၊ Volcano အမျိုးသားဥယျာဉ်တို့တွင် ကောင်းကင်ဘားကြိုးစီးခြင်း၊ ဝေလငါးကြည့်ခြင်း၊ ငါးဖမ်းခြင်း၊ တစ်သက်တာ အောက်မေ့တသဖွယ် ဆည်းဆာချိန်များကို ကြည့်ရှုခံစားခြင်းများ ပြုလုပ်နိုင်သည်။
ဟိုနိုလူလူသို့ သွားမည်ဆိုပါကလည်း လေယာဉ်ဖြင့်သွားလျှင် ဒေါ်လာ ၁၀၀ ပင်မကုန်ဘဲ မိနစ် ၅၀ ခန့်ဖြင့် ရောက်နိုင်သည်။
အဆိုပါ စံအိမ်ကို လာမည့် သြဂုတ်လ ၁၅ ရက်တွင် ကြမ်းခင်းဈေး ကန်ဒေါ်လာ ၅ ဒသမ ၉၉ သန်းဖြင့် လေလံတင် ရောင်းချသွားမည် ဖြစ်သည်။
(ဂျပ်စတင်ဘီဘာ ဘယ်သူလဲ)
ကမ္ဘာကျော် ကနေဒါပေါ့ပ်ကြယ်ပွင့် ဂျပ်စတင်ဘီဘာသည် ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်၊ လန်ဒန်မြို့တွင် ၁၉၉၄ ခုနှစ်၊ မတ်လ ၁ ရက်၌ မွေးဖွားသည်။ တေးအယ်လ်ဘမ် ၄ ခု ထွက်ရှိထားပြီး ကမ္ဘာတစ်ဝန်းတွင် ချပ်ရေ သန်း ၁၅၀ ခန့် ရောင်းချထားရပြီးဖြစ်ကာ ကမ္ဘာပေါ်တွင် အရောင်းရဆုံး တေးသံရှင်များတွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နေသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် တွစ်တာလူမှုကွန်ရက်၌ follower သန်း ၁၀၀ သို့ ရောက်ရှိခဲ့ရာ ကေတီပယ်ရီပြီးလျှင် သန်း ၁၀၀ ကျော်သည့် ဒုတိယမြောက်တစ်ဦး ဖြစ်လာသည်။ အနုပညာသက်တမ်းတစ်လျှောက် ဆုတံဆိပ်များစွာ ရရှိခဲ့ရာ ၂၀၁၀ နှင့် ၂၀၁၂ ခုနှစ်များတွင် American Music Award က ပေးအပ်သော Artist of the Year ဆု၊ "Where Are Ü Now" သီချင်းအတွက် Best Dance Recording ဂရမ်မီဆု၊ လက်တင်ဂရမ်မီဆုတို့ ပါဝင်သည်။
ဖော့ဘ်မဂ္ဂဇင်းကြီးက ဖော်ပြသည့် ကမ္ဘာ့သြဇာအလွှမ်းဆုံး ထိပ်တန်းအကျော်အမော် ၁၀ ဦးစာရင်းတွင် ဂျပ်စတင်ဘီဘာသည် ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ၃ ကြိမ်တိုင် ဖော်ပြခံခဲ့ရသည်။
၂၀၁၆ ခုနှစ်အတွင်း ဂျပ်စတင်ဘီဘာသည် Vevo တွင် video views စုစုပေါင်း ၁၀ ဘီလီယံကျော်သည့် ပထမဆုံးတေးသံရှင် ဖြစ်လာသည်။
ဂျပ်စတင်ဘီဘာသည် ၂၀၁၀ မှ ၂၀၁၅ အထိ ဆလီနာ ဂိုမက်ဇ်နှင့် ချစ်ကြိုက်ခဲ့စဉ်အတွင်း လမ်းခွဲခြင်း၊ ပြန်လည်ပေါင်းထုပ်ခြင်း ကြိမ်ဖန်များစွာ ဖြစ်ပေါ်ခဲ့သည်။ ယင်းနောက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် ဟိုင်လေ ဘော်လ်ဒွင်နှင့် စေ့စပ်ခဲ့ကာ စက်တင်ဘာလတွင် လက်ထပ်ခဲ့ကြသည်။
(ဆက်စပ်သတင်း)
https://www.imyanmarhouse.com/news/read/1021288
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: HAWAII WATERFALL HOME – JUSTIN BIEBER VACATION! (toptenrealestatedeals)
[Zawgyi]
ဂ်ပ္စတင္ဘီဘာအပန္းေျဖခဲ့သည့္ ရင္သပ္ရႈေမာဖြယ္ ေရတံခြန္စံအိမ္
ဂ်ပ္စတင္ဘီဘာ အပန္းေျဖခဲ့ေသာ အေမရိကမွ ဟာဝိုင္အီရွိ ရင္သပ္ရႈေမာဖြယ္ ေရတံခြန္စံအိမ္ၾကီး အေရာင္းေစ်းကြက္ဝင္လာသည္။
အဆိုပါစံအိမ္ၾကီးသည္ ဟာဝိုင္အီတြင္ ဓာတ္ပံုရိုက္ခံရမႈအမ်ားဆံုးႏွင့္ ကမၻာေက်ာ္ပုဂၢိဳလ္တို႔ေနထိုင္ခဲ့ၾကမႈျဖင့္ ေက်ာ္ၾကားေသာ စံအိမ္ၾကီးျဖစ္ကာ စံအိမ္ဝန္းအတြင္း အျမင့္ေပ ၂၄၀ ရွိ သဘာဝေရတံခြန္ၾကီးတစ္ခု၊ ထိုင္ခံု ၄၅၀ ဆန္႔ အားကစားရံု၊ ၉ က်င္း ေဂါက္ကြင္း၊ ေရကူးကန္အပါအဝင္ ေရႏွင့္စပ္လ်ဥ္းေသာ အားကစားေနရာမ်ားပါသည့္ အေဆာက္အအံု၊ ေရလႊာေလွ်ာ ႏွစ္ထပ္အေဆာက္အအံုတို႔ပါဝင္ျပီး ဟာဝိုင္အီ၏ အေကာင္းဆံုးပင္လယ္ရႈခင္းမ်ား ပိုင္ဆိုင္ထားသည္။
ဟာဝိုင္အီမွ Big Island ကၽြန္း၏ အေရွ႕ေျမာက္ဘက္ကမ္းေျခ၏ တစ္သီးတစ္ျခားေနရာတစ္ခုတြင္ တည္ရွိျပီး ေရတံခြန္စံအိမ္ (Waterfalling Estate) ဟု အမည္ေပးထားသည္။
ဂ်ပ္စတင္ဘီဘာက ၂၀၁၆ ခုႏွစ္အတြင္း သူ၏အဖြဲ႔သားမ်ားအတြက္ ယခုစံအိမ္ၾကီးကို တစ္ညလွ်င္ ကန္ေဒၚလာ ၁၀၀၀၀ ျဖင့္ ရက္သတၱ ၂ ပတ္ၾကာ ငွားရမ္းခဲ့ဖူးသည္။ သူ၏ အဖြဲ႔သားမ်ားတြင္ ဘီကီနီဝတ္ ေမာ္ဒယ္ ၆ ဦးလည္း ပါဝင္သည္။
ေရတံခြန္စံအိမ္ၾကီးသည္ ရုပ္သံအစီအစဥ္မ်ား ရိုက္ကူးရာေနရာအျဖစ္လည္း နာမည္ေက်ာ္ျပီး Love Island အျပင္ အျခားရုပ္သံအစီအစဥ္မ်ား ရိုက္ကူးခဲ့ၾကသည္။ ျခံဝန္းအက်ယ္ ၈ ဧကရွိျပီး ေတာအုပ္မ်ားႏွင့္ ပင္လယ္တုိ႔ဆံုစည္းရာေနရာကို စီးမိုးေတြ႔ျမင္ႏိုင္သည္။
စံအိမ္အတြင္း အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၁၀ ခန္းႏွင့္ တတိယထပ္တြင္ ဝရန္တာပါေသာ master bedroom ၂ ခန္းပါသည္။
ပင္မဧည့္ခန္းေနရာ၊ မီးဖိုေဆာင္ႏွင့္ ညစာစားခန္းတို႔မွတဆင့္ ခမ္းနားလွေသာေရတံခြန္ၾကီးႏွင့္ သမုဒၵရာရႈေမွ်ာ္ခင္းမ်ားကို ခံစားႏိုင္သည္။
ေရကူးကန္မ်ားရွိရာ အေဆာက္အအံုတြင္ ဧည့္ေဂဟာေဆာင္ ၂ ခု၊ ဂိမ္းကစားခန္း၊ မီဒီယာေနရာ၊ ေရပူဝဲကေတာ့ကန္ ၂ ခု၊ ေခၽြးထုတ္ခန္း၊ ေရပန္း၊ ဟင္းလင္းျပင္မီးဖိုေဆာင္ႏွင့္ ညစာစားေနရာတို႔ ရွိသည္။
ယင္းအျပင္ အိပ္ခန္း ၁ ခန္းပါ ဧည့္ေဂဟာအိမ္၊ ကား ၄ စင္းဆန္႔ ဂိုေဒါင္၊ ရဟတ္ယာဥ္ကြင္းႏွင့္ outdoor အရက္ဘားတို႔လည္း ရွိေသးသည္။
စံအိမ္တည္ရွိရာ Big Island ကၽြန္းတြင္ လည္ပတ္သြားလာစရာမ်ား မ်ားစြာရွိရာ Laupāhoehoe, Waikiki ႏွင့္ Waipi’o အစရွိသည့္ မက္ေမာဖြယ္ ကမ္းေျခမ်ား၊ Hilo ေဘးမဲ့ေတာ၊ Akaka Falls State Park ဥယ်ာဥ္တို႔တြင္ ေတာလည္ျခင္း၊ KoleKole ေရတံခြန္၊ Volcano အမ်ဳိးသားဥယ်ာဥ္တို႔တြင္ ေကာင္းကင္ဘားၾကိဳးစီးျခင္း၊ ေဝလငါးၾကည့္ျခင္း၊ ငါးဖမ္းျခင္း၊ တစ္သက္တာ ေအာက္ေမ့တသဖြယ္ ဆည္းဆာခ်ိန္မ်ားကို ၾကည့္ရႈခံစားျခင္းမ်ား ျပဳလုပ္ႏိုင္သည္။
ဟိုႏိုလူလူသို႔ သြားမည္ဆိုပါကလည္း ေလယာဥ္ျဖင့္သြားလွ်င္ ေဒၚလာ ၁၀၀ ပင္မကုန္ဘဲ မိနစ္ ၅၀ ခန္႔ျဖင့္ ေရာက္ႏိုင္သည္။
အဆိုပါ စံအိမ္ကို လာမည့္ ၾသဂုတ္လ ၁၅ ရက္တြင္ ၾကမ္းခင္းေစ်း ကန္ေဒၚလာ ၅ ဒသမ ၉၉ သန္းျဖင့္ ေလလံတင္ ေရာင္းခ်သြားမည္ ျဖစ္သည္။
(ဂ်ပ္စတင္ဘီဘာ ဘယ္သူလဲ)
ကမၻာေက်ာ္ ကေနဒါေပါ့ပ္ၾကယ္ပြင့္ ဂ်ပ္စတင္ဘီဘာသည္ ကေနဒါႏိုင္ငံ၊ အြန္ေတရီယိုျပည္နယ္၊ လန္ဒန္ျမဳိ႕တြင္ ၁၉၉၄ ခုႏွစ္၊ မတ္လ ၁ ရက္၌ ေမြးဖြားသည္။ ေတးအယ္လ္ဘမ္ ၄ ခု ထြက္ရွိထားျပီး ကမၻာတစ္ဝန္းတြင္ ခ်ပ္ေရ သန္း ၁၅၀ ခန္႔ ေရာင္းခ်ထားရျပီးျဖစ္ကာ ကမၻာေပၚတြင္ အေရာင္းရဆံုး ေတးသံရွင္မ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ ရပ္တည္ေနသည္။
၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လတြင္ တြစ္တာလူမႈကြန္ရက္၌ follower သန္း ၁၀၀ သို႔ ေရာက္ရွိခဲ့ရာ ေကတီပယ္ရီျပီးလွ်င္ သန္း ၁၀၀ ေက်ာ္သည့္ ဒုတိယေျမာက္တစ္ဦး ျဖစ္လာသည္။ အႏုပညာသက္တမ္းတစ္ေလွ်ာက္ ဆုုတံဆိပ္မ်ားစြာ ရရွိခဲ့ရာ ၂၀၁၀ ႏွင့္ ၂၀၁၂ ခုႏွစ္မ်ားတြင္ American Music Award က ေပးအပ္ေသာ Artist of the Year ဆု၊ "Where Are Ü Now" သီခ်င္းအတြက္ Best Dance Recording ဂရမ္မီဆု၊ လက္တင္ဂရမ္မီဆုတို႔ ပါဝင္သည္။
ေဖာ့ဘ္မဂၢဇင္းၾကီးက ေဖာ္ျပသည့္ ကမၻာ့ၾသဇာအလႊမ္းဆံုး ထိပ္တန္းအေက်ာ္အေမာ္ ၁၀ ဦးစာရင္းတြင္ ဂ်ပ္စတင္ဘီဘာသည္ ၂၀၁၁၊ ၂၀၁၂ ႏွင့္ ၂၀၁၃ ခုႏွစ္မ်ားတြင္ ၃ ၾကိမ္တိုင္ ေဖာ္ျပခံခဲ့ရသည္။
၂၀၁၆ ခုႏွစ္အတြင္း ဂ်ပ္စတင္ဘီဘာသည္ Vevo တြင္ video views စုစုေပါင္း ၁၀ ဘီလီယံေက်ာ္သည့္ ပထမဆံုးေတးသံရွင္ ျဖစ္လာသည္။
ဂ်ပ္စတင္ဘီဘာသည္ ၂၀၁၀ မွ ၂၀၁၅ အထိ ဆလီနာ ဂိုမက္ဇ္ႏွင့္ ခ်စ္ၾကိဳက္ခဲ့စဥ္အတြင္း လမ္းခြဲျခင္း၊ ျပန္လည္ေပါင္းထုပ္ျခင္း ၾကိမ္ဖန္မ်ားစြာ ျဖစ္ေပၚခဲ့သည္။ ယင္းေနာက္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ ၇ ရက္တြင္ ဟိုင္ေလ ေဘာ္လ္ဒြင္ႏွင့္ ေစ့စပ္ခဲ့ကာ စက္တင္ဘာလတြင္ လက္ထပ္ခဲ့ၾကသည္။
(ဆက္စပ္သတင္း)
https://www.imyanmarhouse.com/news/read/1021288
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: HAWAII WATERFALL HOME – JUSTIN BIEBER VACATION! (toptenrealestatedeals)