လေဖြတ်ဝေဒနာခံစားနေရသူ ဂျပ်စတင်ဘီဘာ၏ စံအိမ်

လေဖြတ်ဝေဒနာခံစားနေရသူ ဂျပ်စတင်ဘီဘာ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
21 Jun 2022 10:35 am တွင် တင်ခဲ့သည်
3907 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော်အဆိုတော် ဂျပ်စတင်ဘီဘာသည် မကြာသေးမီက မျက်နှာတစ်ခြမ်းလေဖြတ်သည့် ဝေဒနာခံစားခဲ့ရပြီး ဆေးကုသမှုခံယူရာတွင် သက်သာမှုများ ရလာနေသည်ဟု ဆိုသည်။

ကန်ဒေါ်လာ ၂၈၅ သန်းကျော် ချမ်းသာကြွယ်ဝသူ ဂျပ်စတင်ဘီဘာသည် နှစ်ပေါင်းများစွာအခြေချနေထိုင်သည့် စံအိမ်အပါအဝင် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသည်။

သူ၏တန်ဖိုးကြီးစံအိမ်ကြီးများသည် မဂ္ဂဇင်းမျက်နှာဖုံးများတွင် ဖော်ပြခံရဖူးပြီး လော့စ်အိန်ဂျလိရှိ သူ၏ပိုင်ဆိုင်မှုများမှာ နာမည်ဆိုးဖြင့် ကျော်ကြားသည်။

ဂျပ်စတင်ဘီဘာနေထိုင်သော တန်ဖိုးကြီးစံအိမ်အကြောင်း ကြည့်ရအောင်။

(ဂျပ်စတင်ဘီဘာစံအိမ်)

ဂျပ်စတင်ဘီဘာ၏ စတုရန်းပေ ၁၁၁၄၅ ကျယ်ဝန်းသောစံအိမ်ကြီးတွင် လူတိုင်းအိပ်မက်သည့် စံအိမ်တစ်လုံး တွင် ပါဝင်မည့်အရာအားလုံး ပါရှိသည်။

တင်းနစ်ကွင်း၊ ပန်းဥယျာဉ်အသွင်ခြံဝန်း၊ ရေကူးကန်အပြင် အခြားအရာများစွာ ပါဝင်သည်။

၁၉၈၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ပြီး အကြိမ်ရေအချို့ ပြန်လည်မွမ်းမံမှု ပြုလုပ်ထားသည်။

ဂျပ်စတင်ဘီဘာနှင့် ဇနီးဖြစ်သူ Hailey တို့ နှစ်သက်မြတ်နိုးသောစံအိမ်တွင် ခေတ်ပေါ် amenities များကို formal နေရာများနှင့် ပေါင်းစပ်ထားသည်။

ခမ်းနားသောစင်္ကြန်လမ်းမှတဆင့် အမည်းရောင် မီးလင်းဖိုပါသည့် ရင်သပ်ရှုမောဖွယ် ဧည့်ခန်းတစ်ခုသို့ ပေါက်သည်။

စံအိမ်အတွင်း အိပ်ခန်း ၇ ခန်း၊ informal နှင့် formal ညစာစားနေရာများ၊ ရေချိုးခန်း ၁၀ ခန်း၊ သီးသန့် အားကစားလေ့ကျင့်ခန်းမ၊ Jacuzzi တစ်ခုနှင့် ရုပ်ရှင်ရုံတစ်ခုတို့ ရှိသည်။

Master Bedroom တွင် dual အဝတ်ဗီရိုများ၊ အပူပေးစနစ်ကြမ်းခင်းပါသော ရေချိုးခန်းတို့ ပါသည်။

မြေယာအလှဆင်ထားသော ခြံဝန်းကို စီးမိုးတွေ့မြင်နေရသည့် လသာဆောင်များ များစွာပါဝင်သည်။

(ဂျပ်စတင်ဘီဘာ၏ ကနေဒါမှစံအိမ်)

၂၀၁၈ ခုနှစ်တွင် ဂျပ်စတင်ဘီဘာသည် Hailey Baldwin နှင့် စေ့စပ်ကြောင်းလမ်းပြီးနောက် ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်၊ Wellington ခရိုင်ရှိ ၁၀၁ ဧကကျယ်သော စံအိမ်နှင့် ခြံကြီးတစ်ခုကို ဒေါ်လာ ၅ သန်းဖြင့် ဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သည်။

ရေကန်စပ်တွင် တည်ရှိသော စံအိမ်ကြီးသည် ဂျပ်စတင်ဘီဘာတို့စုံတွဲအတွက် ကနေဒါမှ နိဗ္ဗာန်ဘုံလည်း ဖြစ်သည်။

စိမ်းလန်းသော ပန်းဥယျာဉ်များ၊ သီးသန့်ပြေးလမ်း၊ ဂိမ်းကစားခန်း၊ ရုပ်ရှင်ရုံ၊ အားကစားလေ့ကျင့်ခန်းမ၊ ရှုမျှော်ခင်းကြည့်နေရာ အစရှိသည်တို့ဖြင့် ခမ်းနားလှသော စံအိမ်ဝန်းကြီးသည် ဇိမ်ကျမှုနှင့် သက်တောင့်သက်သာရှိမှုတို့ ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။

အိမ်တွင်း မွမ်းမံပြင်ဆင်မှုတွင် ခေတ်ပြိုင်နှင့် မော်ဒန်ဟန်တို့ ပေါင်းစပ်ထားသည်။

ယာတောအိပ်အသွင် ဆောက်လုပ်ထားပြီး ဧည့်ခန်းကို ကျောက်တုံး၊ သစ်တို့ဖြင့် ဆောက်လုပ်ထားကာ တောက်ပလင်းချင်းသောဝန်းကျင်ကို ဖန်တီးထားသည်။

Master bedroom ၄ ခန်း၊ ရေချိုးခန်း ၅ ခန်းတို့ပါဝင်ကာ တသီးတသန့်ဖြစ်ကာ တကိုယ်ရေလုံခြုံမှု ကောင်းမွန်သည့် ကျေးလက်ဒေသတွင် တည်ရှိရာ ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုဟု ဆိုနိုင်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလတစ်လျှောက် ဂျပ်စတင်ဘီဘာတို့စုံတွဲသည် အဆိုပါစံအိမ်ဝန်းတွင် နေထိုင်ခဲ့သည်ဟု ဆိုသည်။

(ကယ်လီဖိုးနီးယားမှ ခမ်းနားသောစံအိမ်)

ခမ်းနားသော စံအိမ်ကြီးများအတွက် ငွေသုံးစွဲခြင်းမှာ ဂျပ်စတင်ဘီဘာ၏ ဒုတိယဝါသနာသဖွယ် ဖြစ်လာသည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Calabasas ရှိ စံအိမ်တစ်လုံးကို ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့စဉ်က ဂျပ်စတင်ဘီဘာမှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည်။

နောက်ပိုင်းတွင် Khloe Karashian ထံ ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၇ ဒသမ ၂ သန်းဖြင့် ပြန်ရောင်းထုတ်ခဲ့သည်။

(ကမ္ဘာတစ်ဝန်း ဂျပ်စတင်ဘီဘာပိုင်ဆိုင်ထားသော တန်ဖိုးကြီး စံအိမ်များ)

● ဂျပ်စတင်ဘီဘာသည် ၁၈ နှစ်ပြည့် မွေးနေ့အတွက် လော့စ်အိန်ဂျလိမှ စံအိမ်တစ်လုံး ဝယ်ယူကာ မိမိကိုယ်ကို လက်ဆောင်ပေးခဲ့သည်။

ထိုစံအိမ်တွင် အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၈ ခန်းပါသည်။

● အသက် ၁၆ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် နယူးယောက်မြို့ရှိ penthouse ခန်းတစ်ခန်းကို မိခင်ထံမှ လက်ဆောင်ရခဲ့သည်။

စတုရန်းပေ ၂၄၀၀ ကျယ်ဝန်းသောအခန်းတွင် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၄ ခန်းနှင့် စာရေးရန် ရည်ရွယ်ပြုလုပ်ထားသည့်အခန်းတစ်ခန်းပါသည်။

● နောက်ဆုံးဝယ်ယူခဲ့သည်မှာ အမ်စတာဒမ်မြို့မှ ကျယ်ဝန်းသော penthouse ခန်းဖြစ်သည်။

အထပ် ၃ ခုတွင် ဖြန့်ကျက်တည်ရှိပြီး သီးသန့်ဓာတ်လှေကားတစ်ခုရှိကာ အိပ်ခန်း ၄ ခန်းနှင့် အမိုးပေါ်လသာဆောင်တို့ ပါဝင်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Justin Bieber’s House: From Swanky to Splendour Assets (squareyards)

[Zawgyi]

ေလျဖတ္ေဝဒနာခံစားေနရသူ ဂ်ပ္စတင္ဘီဘာ၏ စံအိမ္

ကမၻာေက်ာ္အဆိုေတာ္ ဂ်ပ္စတင္ဘီဘာသည္ မၾကာေသးမီက မ်က္ႏွာတစ္ျခမ္းေလျဖတ္သည့္ ေဝဒနာခံစားခဲ့ရျပီး ေဆးကုသမႈခံယူရာတြင္ သက္သာမႈမ်ား ရလာေနသည္ဟု ဆိုသည္။

ကန္ေဒၚလာ ၂၈၅ သန္းေက်ာ္ ခ်မ္းသာၾကြယ္ဝသူ ဂ်ပ္စတင္ဘီဘာသည္ ႏွစ္ေပါင္းမ်ားစြာအေျခခ်ေနထုိင္သည့္ စံအိမ္အပါအဝင္ အိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထားသည္။

သူ၏တန္ဖုိးၾကီးစံအိမ္ၾကီးမ်ားသည္ မဂၢဇင္းမ်က္ႏွာဖံုးမ်ားတြင္ ေဖာ္ျပခံရဖူးျပီး ေလာ့စ္အိန္ဂ်လိရွိ သူ၏ပိုင္ဆိုင္မႈမ်ားမွာ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားသည္။

ဂ်ပ္စတင္ဘီဘာေနထုိင္ေသာ တန္ဖုိးၾကီးစံအိမ္အေၾကာင္း ၾကည့္ရေအာင္။

(ဂ်ပ္စတင္ဘီဘာစံအိမ္)

ဂ်ပ္စတင္ဘီဘာ၏ စတုရန္းေပ ၁၁၁၄၅ က်ယ္ဝန္းေသာစံအိမ္ၾကီးတြင္ လူတိုင္းအိပ္မက္သည့္ စံအိမ္တစ္လံုး တြင္ ပါဝင္မည့္အရာအားလံုး ပါရွိသည္။ တင္းနစ္ကြင္း၊ ပန္းဥယ်ာဥ္အသြင္ျခံဝန္း၊ ေရကူးကန္အျပင္ အျခားအရာမ်ားစြာ ပါဝင္သည္။

၁၉၈၀ ျပည့္လြန္ကာလမ်ားတြင္ ေဆာက္လုပ္ခဲ့ျပီး အၾကိမ္ေရအခ်ဳိ႕ ျပန္လည္မြမ္းမံမႈ ျပဳလုပ္ထားသည္။

ဂ်ပ္စတင္ဘီဘာႏွင့္ ဇနီးျဖစ္သူ Hailey တို႔ ႏွစ္သက္ျမတ္ႏိုးေသာစံအိမ္တြင္ ေခတ္ေပၚ amenities မ်ားကို formal ေနရာမ်ားႏွင့္ ေပါင္းစပ္ထားသည္။ ခမ္းနားေသာစၾကၤန္လမ္းမွတဆင့္ အမည္းေရာင္ မီးလင္းဖိုပါသည့္ ရင္သပ္ရႈေမာဖြယ္ ဧည့္ခန္းတစ္ခုသုိ႔ ေပါက္သည္။

စံအိမ္အတြင္း အိပ္ခန္း ၇ ခန္း၊ informal ႏွင့္ formal ညစာစားေနရာမ်ား၊ ေရခ်ဳိးခန္း ၁၀ ခန္း၊ သီးသန္႔ အားကစားေလ့က်င့္ခန္းမ၊ Jacuzzi တစ္ခုႏွင့္ ရုပ္ရွင္ရံုတစ္ခုတို႔ ရွိသည္။

Master Bedroom တြင္ dual အဝတ္ဗီရိုမ်ား၊ အပူေပးစနစ္ၾကမ္းခင္းပါေသာ ေရခ်ဳိးခန္းတု႔ိ ပါသည္။

ေျမယာအလွဆင္ထားေသာ ျခံဝန္းကို စီးမိုးေတြ႔ျမင္ေနရသည့္ လသာေဆာင္မ်ား မ်ားစြာပါဝင္သည္။

(ဂ်ပ္စတင္ဘီဘာ၏ ကေနဒါမွစံအိမ္)

၂၀၁၈ ခုႏွစ္တြင္ ဂ်ပ္စတင္ဘီဘာသည္ Hailey Baldwin ႏွင့္ ေစ့စပ္ေၾကာင္းလမ္းျပီးေနာက္ ကေနဒါႏိုင္ငံ၊ အြန္ေတရီယိုျပည္နယ္၊ Wellington ခရိုင္ရွိ ၁၀၁ ဧကက်ယ္ေသာ စံအိမ္ႏွင့္ ျခံၾကီးတစ္ခုကို ေဒၚလာ ၅ သန္းျဖင့္ ဝယ္ယူကာ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ခဲ့သည္။

ေရကန္စပ္တြင္ တည္ရွိေသာ စံအိမ္ၾကီးသည္ ဂ်ပ္စတင္ဘီဘာတို႔စံုတြဲအတြက္ ကေနဒါမွ နိဗၺာန္ဘံုလည္း ျဖစ္သည္။

စိမ္းလန္းေသာ ပန္းဥယ်ာဥ္မ်ား၊ သီးသန္႔ေျပးလမ္း၊ ဂိမ္းကစားခန္း၊ ရုပ္ရွင္ရံု၊ အားကစားေလ့က်င့္ခန္းမ၊ ရႈေမွ်ာ္ခင္းၾကည့္ေနရာ အစရွိသည္တို႔ျဖင့္ ခမ္းနားလွေသာ စံအိမ္ဝန္းၾကီးသည္ ဇိမ္က်မႈႏွင့္ သက္ေတာင့္သက္သာရွိမႈတို႔ ျပီးျပည့္စံုစြာ ေပါင္းစပ္ထားသည့္ ေနရာတစ္ခုလည္း ျဖစ္သည္။

အိမ္တြင္း မြမ္းမံျပင္ဆင္မႈတြင္ ေခတ္ျပိဳင္ႏွင့္ ေမာ္ဒန္ဟန္တို႔ ေပါင္းစပ္ထားသည္။

ယာေတာအိပ္အသြင္ ေဆာက္လုပ္ထားျပီး ဧည့္ခန္းကို ေက်ာက္တံုး၊ သစ္တို႔ျဖင့္ ေဆာက္လုပ္ထားကာ ေတာက္ပလင္းခ်င္းေသာဝန္းက်င္ကို ဖန္တီးထားသည္။

Master bedroom ၄ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္းတို႔ပါဝင္ကာ တသီးတသန္႔ျဖစ္ကာ တကိုယ္ေရလံုျခံဳမႈ ေကာင္းမြန္သည့္ ေက်းလက္ေဒသတြင္ တည္ရွိရာ ေကာင္းမြန္သည့္ ရင္းႏွီးျမွဳပ္ႏွံမႈဟု ဆိုႏိုင္သည္။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးကာလတစ္ေလွ်ာက္ ဂ်ပ္စတင္ဘီဘာတို႔စံုတြဲသည္ အဆိုပါစံအိမ္ဝန္းတြင္ ေနထိုင္ခဲ့သည္ဟု ဆိုသည္။

(ကယ္လီဖုိးနီးယားမွ ခမ္းနားေသာစံအိမ္)

ခမ္းနားေသာ စံအိမ္ၾကီးမ်ားအတြက္ ေငြသံုးစြဲျခင္းမွာ ဂ်ပ္စတင္ဘီဘာ၏ ဒုတိယဝါသနာသဖြယ္ ျဖစ္လာသည္။

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ Calabasas ရွိ စံအိမ္တစ္လံုးကို ၂၀၁၂ ခုႏွစ္အတြင္း ကန္ေဒၚလာ ၆ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့စဥ္က ဂ်ပ္စတင္ဘီဘာမွာ အသက္ ၁၈ ႏွစ္အရြယ္သာ ရွိေသးသည္။ ေနာက္ပိုင္းတြင္ Khloe Karashian ထံ ၂၀၁၄ ခုႏွစ္အတြင္း ကန္ေဒၚလာ ၇ ဒသမ ၂ သန္းျဖင့္ ျပန္ေရာင္းထုတ္ခဲ့သည္။

(ကမၻာတစ္ဝန္း ဂ်ပ္စတင္ဘီဘာပိုင္ဆိုင္ထားေသာ တန္ဖုိးၾကီး စံအိမ္မ်ား)

● ဂ်ပ္စတင္ဘီဘာသည္ ၁၈ ႏွစ္ျပည့္ ေမြးေန႔အတြက္ ေလာ့စ္အိန္ဂ်လိမွ စံအိမ္တစ္လံုး ဝယ္ယူကာ မိမိကိုယ္ကို လက္ေဆာင္ေပးခဲ့သည္။

ထိုစံအိမ္တြင္ အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၈ ခန္းပါသည္။

● အသက္ ၁၆ ႏွစ္ျပည့္ ေမြးေန႔လက္ေဆာင္အျဖစ္ နယူးေယာက္ျမိဳ႕ရွိ penthouse ခန္းတစ္ခန္းကို မိခင္ထံမွ လက္ေဆာင္ရခဲ့သည္။

စတုရန္းေပ ၂၄၀၀ က်ယ္ဝန္းေသာအခန္းတြင္ အိပ္ခန္း ၃ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္းႏွင့္ စာေရးရန္ ရည္ရြယ္ျပဳလုပ္ထားသည့္အခန္းတစ္ခန္း ပါသည္။

● ေနာက္ဆံုးဝယ္ယူခဲ့သည္မွာ အမ္စတာဒမ္ျမိဳ႕မွ က်ယ္ဝန္းေသာ penthouse ခန္းျဖစ္သည္။

အထပ္ ၃ ခုတြင္ ျဖန္႔က်က္တည္ရွိျပီး သီးသန္႔ဓာတ္ေလွကားတစ္ခုရွိကာ အိပ္ခန္း ၄ ခန္းႏွင့္ အမိုးေပၚလသာေဆာင္တို႔ ပါဝင္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Justin Bieber’s House: From Swanky to Splendour Assets (squareyards)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service