ဆွေမျိုးရင်းချာမရှိသော ကွယ်လွန်သူပိုင် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

ဆွေမျိုးရင်းချာမရှိသော ကွယ်လွန်သူပိုင် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
9 Jun 2022 10:54 am တွင် တင်ခဲ့သည်
1773 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အစ်မဖြစ်သူပိုင်တဲ့ မြေ နဲ့ အိမ် ကို ညီမဖြစ်သူထံမှ ဝယ်ရင် တရားဝင်ပိုင်ဆိုင်ခွင့် ရနိုင်ပါသလားဟု မိတ်ဆွေတစ်ဦးက ဆွေးနွေးလာပါသည်။

”အစ်မဖြစ်သူက အပျိုကြီး လား၊ မိဘတွေ မရှိတော့ဘူးလား”

”အစ်မဖြစ်သူက အပျိုကြီး အနေနဲ့ ကွယ်လွန်သွားတယ်။ မိဘ တွေက မရှိတော့ဘူး၊ ဆုံးပါးသွား ကြပြီ။ ညီမဖြစ်သူကလည်း ညီမ အရင်းမဟုတ်ဘူး၊ ညီမတစ်ဝမ်းကွဲ အတူနေလို့ ပြောတယ်” ”ညီမဝမ်းကွဲဆိုတာက ဘယ်လိုတော်စပ်တယ်လို့ သိသလဲ” ”မအေညီအစ်မက မွေးတာ လို့ ပြောတယ်” ”ဒါဆို ညီမတစ်ဝမ်းကွဲပေါ့” ”အဲဒီရောင်းမယ်ဆိုတဲ့ ညီမ ဝမ်းကွဲကကော ဘယ်နှယောက် ရှိတယ်ဆိုတာ မမေးခဲ့ဘူးလား”

”ညီမဖြစ်သူ အပြောတော့ ကွယ်လွန်တဲ့ အစ်မကြီးမှာ မောင်နှမအရင်းလည်း မရှိဘူး။ ညီမဝမ်းကွဲဆိုလို့ သူတစ်ယောက်ပဲရှိတာလို့ ပြောတယ်”

”ကွယ်လွန်သူ အမွေရှင်ရဲ့ ညီအစ်ကို မောင်နှမအရင်းမဟုတ်တော့ ပြဿနာရှိနိုင်တယ်။ အခု ရောင်းမယ်ဆိုတဲ့ ညီမက မိခင်ဘက်က ဆွေမျိုးတော်တဲ့ ညီအစ်မ တစ်ဝမ်းကွဲဆိုတော့ ကွယ်လွန်သူရဲ့ ဖခင်ဘက်က တော်စပ်မယ့် ညီအစ်ကိုမောင်နှမဝမ်းကွဲတွေက တောင်းဆိုလာရင်တော့ အရောင်းအဝယ်ခက်ခဲသွားမှာ ဖြစ်တယ်”

”ဖခင်ဘက်က တော်စပ်တဲ့ ညီအစ်ကို မောင်နှမဝမ်းကွဲမရှိဘူး ဆိုရင်တော့ အရောင်းအဝယ် ချောမွေအဆင်ပြေနိုင်တယ်ပေါ့”

”မှန်ပါတယ်”  ”ဖခင်ဘက်က တော်စပ်တဲ့ ညီအစ်ကို မောင်နှမဝမ်းကွဲတွေရှိ၊ မရှိတော့ သေချာမသိဘူး။ ဒါပေမယ့် ဒီလိုကိစ္စရပ်တွေဆိုရင် ဘယ်လိုဆောင်ရွက်ရင်ကောင်းမလဲ” ”အကောင်းဆုံးကတော့ ဥပဒေ နဲ့အညီ အမွေထိန်းစာ လျှောက်ဖို့လိုမယ်၊ အမွေထိန်းစာရ မှ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုရောင်းချတာ အဆင်ပြေဆုံးပဲ” ”အမွေထိန်းစာလျှောက်လို့ ကန့်ကွက်လာရင် အဆင်ပြေပါ့မလား”

”ဒါကတော့ တရားရုံးက ဥပဒေ  နဲ့အညီဆုံးဖြတ်ပေးမှာပဲလေ။ ကိုယ်ကဒီမြေနဲ့ အိမ်ကိုဝယ်ချင်တယ်ဆိုရင် အမွေထိန်းစာရသူဆီကနေ ဝယ်ရင်ဖြစ်ပါတယ်”

” အချို့ကပြောတော့ အတူနေတဲ့ မောင်နှမတွေက အမွေ ဆက်ဆံခွင့်ရှိတယ်လို့ ဆိုတယ် ဟုတ်ပါသလား”

”မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရဆိုရင်တော့ ကွယ်လွန်သူ အမွေရှင်ပိုင် ပစ္စည်းကို သွေးသားရင်းချာဖြစ်တဲ့ ခင်ပွန်းသို့မဟုတ် ဇနီး၊ သားသမီး၊ မိဘ၊ ညီအစ်ကို မောင်နှမရင်းချာစသဖြင့် အဆင့်ဆင့် အမွေဆက်ခံခွင့်ရှိမှာဖြစ်တယ်။ သွေးသားရင်းချာ ဆွေမျိုး မရှိမှ၊ တစ်ဝမ်းကွဲညီအစ်ကို မောင် နှမတွေက ခံစားခွင့်ရှိလာမှာဖြစ် တယ်” ”သွေးသားရင်းချာဆိုရင် သူတို့နဲ့ တိုက်ရိုက်အရောင်းအဝယ် စာချုပ်ချုပ်လို့ရမှာပေါ့”

”သွေးသားရင်းချာဖြစ်တဲ့ ခင်ပွန်း သို့မဟုတ် ဇနီး၊ သားသမီးတို့ ကျန်ရစ်မယ်ဆိုရင် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ကို စာချုပ်စာတမ်းရုံးမှာ ပြုလုပ်ချုပ်ဆိုပြီး အရောင်းအဝယ်စာချုပ်ကိုပါ တစ်ပြိုင်တည်း မှတ်ပုံတင်ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်”

”သွေးသားချင်းဝေးရင် အစောက ပြောသလို ပိုင်ဆိုင်ကြောင်း အမွေဆက်ခံစာချုပ်ပြုလုပ်လို့ရပါသလား” ”အမွေရှင်နဲ့ ဆွေမျိုးတော်စပ်မှုဝေးသွားရင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ် ဆိုခွင့်မရှိပါဘူး။ ဒါကြောင့် ကွယ်လွန်သူ အမွေရှင်ပိုင်ပစ္စည်းကို ထိန်းသိမ်းဆောင်ရွက်ပိုင်ခွင့်ဖြစ်တဲ့ အမွေထိန်းစာကို တရားရုံးမှာ လျှောက်ထားရပါတယ်။ အမွေထိန်းစာရသူက အမွေရှင်ပစ္စည်းကို ရောင်းချလွှဲပြောင်းခွင့်ရမှာဖြစ်ပါတယ်”

”အတူနေ ဆွေမျိုးကိစ္စနဲ့ ပတ်သက်လို့ကတော့ မကြာသေးမီက တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုဖြစ်တဲ့ ” ဦးမောင်မောင်ညိမ်းပါ ၁၂ ဦးနှင့် ဒေါ်သန်းပါ ၁၂ ဦး၊ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၀၈ ”အမှု မှာ အမွေရှင်မကွယ်လွန်မှီ သာစဉ်၊ နာစဉ်အခါ၌ ပြုစုစောင့်ရှောက်သူ အမွေခံ၊ သားချင်းတစ်ယောက်သည် အမွေရှင်အား ပြုစုစောင့် ရှောက်မှုမရှိဘဲ ဆွေမျိုးဝတ္ထာရားကို တမင်ပျက်ကွက်စွန့်ပစ်ထားသူ အမွေခံသားချင်းများကို အမွေမှ ဖယ်ထုတ်ခြင်းပြုနိုင်သည်။ ထို့ကြောင့် ဤအမှုတွင် အမွေရှင် ဒေါ်မြရီ အပျိုကြီးဘဝနှင့် ကွယ်လွန်သွား ပြီးနောက် ဦးမောင်မောင်ညိမ်းနှင့် ဒေါ်သန်းတို့မှာ ဒေါ်မြရီနှင့် မောင်နှမတစ်ဝမ်းကွဲတော်စပ်သူများဖြစ်သည်။

ဦးမောင်မောင်ညိမ်းတို့သည် အမွေရှင်အား ပြုစုစောင့်ရှောက်မှု မရှိ၊ သာမန်ဆွေမျိုးဝတ်နှင့် သံယောဇဉ်ဖြတ်၊ ပျက်ကွက်နေလာသဖြင့် ကွယ်လွန်သူ ဒေါ်မြရီ၏ အမွေကို ရထိုက်ခွင့်ဆုံးရှုံးမည်ဖြစ်သည်။ ဒေါ်သန်းသည် ဒေါ်မြရီနှင့် အတူနေပြီး၊ အမွေရှင် ဒေါ်မြရီ အား သာစဉ်နာစဉ် အချိန်၌ ပြုစု စောင့်ရှောက်သူဖြစ်သဖြင့် ဒေါ်မြရီ၏ အမွေကို ခံစားထိုက်သူဖြစ်သည်”ဟု ဆုံးဖြတ်ထားတာတွေ့ရ တယ်။ ” ဒါဆိုရင် သွေးသားရင်းချာ မဟုတ်ရင် အမွေဆက်ခံမှုက ကွာခြားသွားတဲ့ သဘောပေါ့ ”

”မှန်ပါတယ်၊ အမွေရှင်နဲ့ ဆွေမျိုးနီးစပ်သာတော်ကြမယ်ဆိုရင် ဆွေမျိုးနီးသူက ဆွေမျိုးစဉ်ဆက် ဝေး သူကို အမွေကနေဖယ်ထုတ်ခွင့်ရှိတယ်။ ဆွေမျိုးဝေးတာချင်းလည်း တူမယ်၊ ဆွေမျိုး တော်စပ်ပုံ အဆင့်ကလည်း တူညီနေမယ်ဆိုရင်တော့ အမွေရှင်နဲ့ အတူနေပြီး အမွေရှင်ကို အမြဲမပြတ်ပြုစုစောင့်ရှောက်သူက အမွေဆက်ခံခွင့်ရမှာ ဖြစ်တယ်” ”အချို့က ဆွေမျိုးတော်စပ်ပေမယ့် အဆက်အသွယ်လည်း မလုပ်၊ အဝင်အထွက်လည်း မရှိ၊ သူစိမ်းဆန်ဆန်နေကြသူတွေလည်း ရှိကြတယ်။ သူစိမ်းဖြစ်သူက ဆွေမျိုးထက်ပိုပြီး ပြုစုစောင့်ရှောက်တာရှိတတ်တယ်”

”တစ်ခုတော့ ရှိတယ်။ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေမှာ သူတစ်စိမ်းတစ်ယောက်က အမွေရှင်ကို ပြုစုစောင့်ရှောက်စေကာမူ အမွေခံ ဆွေမျိုးသားချင်းကို အမွေ မှ ဖယ်ထုတ်မရဘူးဆိုတာပဲ ဖြစ်တယ်” ”ဒါဆိုရင် သေချာမေးမြန်းစုံစမ်းပြီးမှ ဝယ်သင့်တာပေါ့”

”မှန်ပါတယ်။ အမွေရှင်နဲ့ ဆွေမျိုးဝေးရင်တော့ တရားရုံးမှာ အမွေထိန်းစာ လျှောက်ထားပြီးမှ အရောင်းအဝယ်လုပ်တာ အကောင်းဆုံးပဲ သူငယ်ချင်း” ဟု အကြံပြုချက်ကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု ဥပဒေအတိုင်ပင်ခံ (ဈေးကွက်ဂျာနယ်)

 

[Zawgyi]

ေဆြမ်ဳိးရင္းခ်ာမရွိေသာ ကြယ္လြန္သူပိုင္ ေျမႏွင့္အိမ္ကို ၀ယ္မည္ဆိုလွ်င္

 

 

အစ္မျဖစ္သူပိုင္တဲ့ ေျမ နဲ႕ အိမ္  ကို ညီမျဖစ္သူထံမွ ၀ယ္ရင္ တရား ၀င္ပိုင္ဆုိင္ခြင့္ ရနုိင္ပါသလားဟု မိတ္ေဆြတစ္ဦးက ေဆြးေႏြးလာ ပါသည္။

”အစ္မျဖစ္သူက အပ်ုိျကီး လား၊ မိဘေတြ မရွိေတာ့ဘူးလား”

”အစ္မျဖစ္သူက အပ်ုိျကီး အေနနဲ့ ကြယ္လြန္သြားတယ္။ မိဘ ေတြက မရွိေတာ့ဘူး၊ ဆုံးပါးသြား ျကျပီ။ ညီမျဖစ္သူကလည္း ညီမ အရင္းမဟုတ္ဘူး၊ ညီမတစ္၀မ္းကြဲ အတူေနလုိ႕ ေျပာတယ္” ”ညီမ၀မ္းကြဲဆုိတာက ဘယ္ လုိေတာ္စပ္တယ္လုိ့ သိသလဲ” ”မေအညီအစ္မက ေမြးတာ လုိ႕ ေျပာတယ္” ”ဒါဆုိ ညီမတစ္၀မ္းကြဲေပါ့” ”အဲဒီေရာင္းမယ္ဆုိတဲ့ ညီမ ၀မ္းကြဲကေကာ ဘယ္နွေယာက္ ရွိတယ္ဆုိတာ မေမးခဲ့ဘူးလား”

”ညီမျဖစ္သူ အေျပာေတာ့ ကြယ္လြန္တဲ့ အစ္မျကီးမွာ ေမာင္ႏွမအရင္းလည္း မရွိဘူး။ ညီမ၀မ္းကြဲဆုိလုိ႔ သူတစ္ေယာက္ပဲရွိတာလုိ႕ ေျပာတယ္”

”ကြယ္လြန္သူ အေမြရွင္ရဲ႕ ညီအစ္ကို ေမာင္နွမအရင္းမဟုတ္ေတာ့ ျပႆနာရွိနုိင္တယ္။ အခု ေရာင္းမယ္ဆုိတဲ့ ညီမက မိခင္ဘက္က ေဆြမ်ုိးေတာ္တဲ့ ညီအစ္မ တစ္၀မ္းကြဲဆုိေတာ့ ကြယ္လြန္သူရဲ႕ ဖခင္ဘက္က ေတာ္စပ္မယ့္ ညီအစ္ကုိေမာင္နွမ၀မ္းကြဲေတြက ေတာင္းဆုိလာရင္ေတာ့ အေရာင္းအ၀ယ္ခက္ခဲသြားမွာ ျဖစ္တယ္”

”ဖခင္ဘက္က ေတာ္စပ္တ့ဲ ညီအစ္ကို ေမာင္နွမ၀မ္းကြဲမရွိဘူး ဆုိရင္ေတာ့ အေရာင္းအ၀ယ္ ေခ်ာေမြအဆင္ေျပနုိင္တယ္ေပါ့”

”မွန္ပါတယ္” ”ဖခင္ဘက္က ေတာ္စပ္တဲ့ ညီအစ္ကို ေမာင္နွမ၀မ္းကြဲေတြရွိ၊ မရွိေတာ့ ေသခ်ာမသိဘူး။ ဒါေပမယ့္ ဒီလုိကိစၥရပ္ေတြဆုိရင္ ဘယ္လုိေဆာင္ရြက္ရင္ေကာင္းမလဲ” ”အေကာင္းဆုံးကေတာ့ ဥပေဒ နဲ႕အညီ အေမြထိန္းစာ ေလွ်ာက္ဖုိ့လုိမယ္၊ အေမြထိန္းစာရ မွ အေရာင္းအ၀ယ္မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆုိေရာင္းခ်တာ အဆင္ ေျပဆုံးပဲ” ”အေမြထိန္းစာေလွ်ာက္လုိ႕ ကန္႕ကြက္လာရင္ အဆင္ေျပပါ့မလား”

”ဒါကေတာ့ တရားရုံးက ဥပေဒ နဲ႕အညီဆုံးျဖတ္ေပးမွာပဲ ေလ။ ကိုယ္ကဒီေျမနဲ့ အိမ္ကို ၀ယ္ခ်င္တယ္ဆုိရင္ အေမြထိန္းစာရသူဆီကေန ၀ယ္ရင္ျဖစ္ပါတယ္”

” အခ်ုိ့ကေျပာေတာ့ အတူ ေနတဲ့ ေမာင္နွမေတြက အေမြ ဆက္ဆံခြင့္ရွိတယ္လုိ့ဆုိတယ္ ဟုတ္ပါသလား”

”ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒအရဆိုရင္ေတာ့ ကြယ္လြန္သူ အေမြ႐ွင္ပိုင္ ပစၥည္းကို ေသြးသားရင္းခ်ာျဖစ္တဲ့ ခင္ပြန္းသို႔မဟုတ္ ဇနီး၊ သားသမီး၊ မိဘ၊ ညီအစ္ကို ေမာင္ႏွမရင္းခ်ာစသျဖင့္ အဆင့္ဆင့္ အေမြဆက္ခံခြင့္႐ွိမွာျဖစ္တယ္။ ေသြးသားရင္းခ်ာ ေဆြမ်ိဳး မ႐ွိမွ၊ တစ္ဝမ္းကြဲညီအစ္ကို ေမာင္ ႏွမေတြက ခံစားခြင့္႐ွိလာမွာျဖစ္ တယ္” ”ေသြးသားရင္းခ်ာဆိုရင္ သူတို႔နဲ႔ တိုက္႐ိုက္အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္လို႔ရမွာေပါ့”

”ေသြးသားရင္းခ်ာျဖစ္တဲ့ ခင္ပြန္း သို႕မဟုတ္ ဇနီး၊ သားသမီးတုိ့ က်န္ရစ္မယ္ဆုိရင္ အေမြဆက္ခံ ပိုင္ဆုိင္ေျကာင္း ေၾကညာစာခ်ဳပ္ ကုိ စာခ်ဳပ္စာတမ္းရုံးမွာ ျပုလုပ္ခ်ုပ္ဆုိျပီး အေရာင္းအ၀ယ္စာခ်ဳပ္ ကိုပါ တစ္ျပိဳင္တည္း မွတ္ပုံတင္ခ်ဳပ္ဆုိနုိင္မွာျဖစ္ပါတယ္”

”ေသြးသားခ်င္းေ၀းရင္ အေစာက ေျပာသလုိ ပုိင္ဆုိင္ေျကာင္း အေမြဆက္ခံစာခ်ုပ္ျပုလုပ္လုိ့ရပါသလား” ”အေမြရွင္နဲ႕ ေဆြမ်ုိးေတာ္စပ္မႈေ၀းသြားရင္ အေမြဆက္ခံပိုင္ဆုိင္ေၾကာင္း ေျကညာစာခ်ဳပ္ခ်ဳပ္ ဆုိခြင့္မရွိပါဘူး။ ဒါေၾကာင့္ ကြယ္လြန္သူ အေမြရွင္ပိုင္ပစၥည္းကို ထိန္းသိမ္းေဆာင္ရြက္ပုိင္ခြင့္ျဖစ္တဲ့ အေမြထိန္းစာကို တရားရုံးမွာ ေလွ်ာက္ထားရပါတယ္။ အေမြထိန္းစာရသူက အေမြရွင္ပစၥည္း ကို ေရာင္းခ်လႊဲေျပာင္း ခြင့္ရမွာျဖစ္ပါတယ္”

”အတူေန ေဆြမ်ုိးကိစၥနဲ႕ ပတ္သက္လုိ႕ကေတာ့ မၾကာေသးမီက တရားရုံးခ်ုပ္က ဆုံးျဖတ္ထားတဲ့ အမွုျဖစ္တဲ့ ” ဦးေမာင္ေမာင္ညိမ္းပါ ၁၂ ဦးနွင့္ ေဒါ္သန္းပါ ၁၂ ဦး၊ ၂၀၁၅ ခုနွစ္ ျမန္မာနုိင္ငံ တရားစီရင္ထုံး စာမ်က္နွာ ၁၀၈ ”အမွု မွာ အေမြရွင္မကြယ္လြန္မီွ သာစဥ္၊ နာစဥ္အခါ၌ ျပဳစုေစာင့္ေရွာက္သူ အေမြခံ၊ သားခ်င္းတစ္ေယာက္သည္ အေမြရွင္အား ျပဳစုေစာင့္ ေရွာက္မႈမရွိဘဲ ေဆြမ်ုိး၀တၳာရားကုိ တမင္ပ်က္ကြက္စြန္႕ပစ္ထားသူ အေမြခံသားခ်င္းမ်ားကို အေမြမွ ဖယ္ ထုတ္ျခင္းျပဳနုိင္သည္။ ထုိ႕ေၾကာင့္ ဤအမႈတြင္ အေမြရွင္ ေဒၚျမရီ အပ်ုိျကီးဘ၀နွင့္ ကြယ္လြန္သြား ျပီးေနာက္ ဦးေမာင္ေမာင္ညိမ္းနွင့္ ေဒၚသန္းတုိ႕မွာ ေဒၚျမရီနွင့္ ေမာင္နွမတစ္၀မ္းကြဲေတာ္စပ္သူမ်ားျဖစ္သည္။

ဦးေမာင္ေမာင္ညိမ္းတုိ့သည္ အေမြရွင္အား ျပဳစုေစာင့္ေရွာက္မွု မရွိ၊ သာမန္ေဆြမ်ုိး၀တ္နွင့္ သံေယာဇဥ္ျဖတ္၊ ပ်က္ကြက္ေနလာသျဖင့္ ကြယ္လြန္သူ ေဒၚျမရီ၏ အေမြကို ရထိုက္ခြင့္ဆုံးရံႈးမည္ျဖစ္သည္။ ေဒၚသန္းသည္ ေဒၚျမရီနွင့္ အတူေနျပီး၊ အေမြရွင္ ေဒၚျမရီ အား သာစဥ္နာစဥ္ အခ်ိန္၌ ျပဳစု ေစာင့္ေရွာက္သူျဖစ္သျဖင့္ ေဒၚျမ ရီ၏ အေမြကို ခံစားထုိက္သူျဖစ္သည္”ဟု ဆုံးျဖတ္ထားတာေတြ့ရ တယ္။ ” ဒါဆုိရင္ ေသြးသားရင္းခ်ာ မဟုတ္ရင္ အေမြဆက္ခံမႈက ကြာျခားသြားတဲ့ သေဘာေပါ့ ”

”မွန္ပါတယ္၊ အေမြရွင္နဲ့ ေဆြမ်ုိးနီးစပ္သာေတာ္ျကမယ္ဆုိရင္ ေဆြမ်ုိးနီးသူက ေဆြမ်ုိးစဥ္ဆက္ ေ၀း သူကို အေမြကေနဖယ္ထုတ္ ခြင့္ရွိတယ္။ ေဆြမ်ုိးေ၀းတာခ်င္းလည္း တူမယ္၊ ေဆြမ်ုိး ေတာ္စပ္ပုံ အဆင့္ကလည္း တူညီေနမယ္ဆုိရင္ေတာ့ အေမြရွင္နဲ့ အတူေနျပီး အေမြရွင္ကို အျမဲမျပတ္ျပဳစုေစာင့္ေရွာက္သူက အေမြဆက္ခံခြင့္ရမွာ ျဖစ္တယ္” ”အခ်ုိ့က ေဆြမ်ုိးေတာ္စပ္ ေပမယ့္ အဆက္အသြယ္လည္း မလုပ္၊ အ၀င္အထြက္လည္း မရွိ၊ သူစိမ္းဆန္ဆန္ေနၾကသူေတြ လည္း ရွိျကတယ္။ သူစိမ္းျဖစ္သူက ေဆြမ်ုိးထက္ပိုျပီး ျပဳစုေစာင့္ေရွာက္တာရွိတတ္တယ္”

”တစ္ခုေတာ့ ရွိတယ္။ ျမန္မာ့ ဓေလ့ထုံးတမ္း ဥပေဒမွာ သူတစ္စိမ္းတစ္ေယာက္က အေမြရွင္ကို ျပဳစုေစာင့္ေရွာက္ေစကာမူ အေမြခံ ေဆြမ်ုိးသားခ်င္းကို အေမြ မွ ဖယ္ထုတ္မရဘူးဆုိတာပဲ ျဖစ္တယ္” ”ဒါဆုိရင္ ေသခ်ာေမးျမန္းစုံစမ္းျပီးမွ ၀ယ္သင့္တာေပါ့”

”မွန္ပါတယ္။ အေမြရွင္နဲ႕ ေဆြမ်ုိးေ၀းရင္ေတာ့ တရားရုံးမွာ အေမြထိန္းစာ ေလွ်ာက္ထားျပီးမွ အေရာင္းအ၀ယ္လုပ္တာ အေကာင္းဆုံးပဲ သူငယ္ခ်င္း” ဟု အၾကံျပဳခ်က္ကို ဗဟုသုတအျဖစ္ ေရးသားလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု ဥပေဒအတုိင္ပင္ခံ (ေစ်းကြက္ဂ်ာနယ္)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service