လဲလူရွက်စားသုံးခြင်းဖြင့် ရရှိနိုင်မည့်ကျန်းမာရေးကောင်းကျိုးများ

လဲလူရွက်စားသုံးခြင်းဖြင့် ရရှိနိုင်မည့်ကျန်းမာရေးကောင်းကျိုးများ - Property Knowledge in Myanmar from iMyanmarHouse.com
10 Mar 2022 11:45 am တွင် တင်ခဲ့သည်
5546 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

လဲလူပင်သည် Olacaceae မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ - Olax scandens ဖြစ်သည်။ သေးငယ်သောချုံပင်အမျိုးစားဖြစ်ပြီး အကိုင်းများစွာဖြာလေ့ရှိသည်။ အပင်အမြင့်သည် 5m အထိမြင့်ပြီး မြင့်မားသော တောင်ကုန်း၊ တောင်တန်းဒေသများ၊ခြောက်သွေ့သော ရွက်ပြတ်တောများနှင့် အစိုဓာတ်မြင့်မားသော ဒေသများတွင် ‌ကျယ်ပြန့်စွာပေါက်ရောက်လေ့ရှိကြသည်။ သေးငယ်သော အဖြူရောင်ပန်းပွင့်များပွင့်ကြပြီး ဥပုံစံ (ovoid shape) အသီးများ သီးကြသည်။ မူရင်းဒေသမှာ - အိန္ဒိယ၊ အင်ဒိုချိုင်းနား၊ မလေးရှား၊ ဂျာဗား၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။

အသီးနှင့်အရွက်ကို ဆေးဝါးအတွက်သာမက အစားအသောက်အဖြစ်လည်း စားသုံးနိုင်သည်။ အရွက်နုနှင့် အညွှန့်ကို တို့စရာ(သို့) ဟင်းရည်ကျိုချက်၍လည်းစားသုံးနိုင်သလို အသီးကိုလည်းစားနိုင်သည်။ ယေဘုယျအားဖြင့် ဝမ်းချုပ်ခြင်း၊ ပြည်တည်နာ၊ သွေးအားနည်းခြင်း၊ ဆီးချိုရောဂါ၊ ဖျားနာခြင်းနှင့် အခြားရောဂါအမျိုးမျိုးအတွက် အရွက်ကို ဟင်းသီးဟင်းရွက်ပုံစံချက်ပြုတ်စားကြသည်။

လဲလူပင်ကို မိုးတွင်းပိုင်း အထက်အညာဒေသတွင်ပေါများစွာတွေ့ရပြီး ဧရာဝတီတိုင်း ကျိုက်လတ်ဘက်တွင်လည်းတွေ့ရသည်။ ရန်ကုန်မြို့အနီး ထောက်ကြန့်နှင့် လှည်းကူးမြို့နယ်ဘက်မှာလည်း တွေ့နိုင်သည်။ အရပ်ဒေသကိုလိုက်၍ " လဲလူနှင့် ရှင်ပါကူ" ဟူ၍ အခေါ်အဝေါ်မတူကြောင်းတွေ့ရသည်။

မြန်မာဆေးကျမ်းများထဲတွင် " အသည်းအူ လဲလူ" ဆိုပြီးရေးသားထားကြောင်းတွေ့ရသည်။ ဒါ့အပြင် "လဲလူဖိုမ၊ ရှင်ကပစ္စည်း၊ ရှင်ပါကူ" ဆိုပြီး အမည်ကွဲများလည်းရှိသည်။ အသည်းနှင့် အူအတွက် လဲလူပင်က အကောင်းဆုံးဆေးတစ်မျိုးဖြစ်ပြီး မြန်မာ့စွယ်စုံကျမ်းထဲတွင် " လဲလူဖို၊ လဲလူမ၊ တောင်လဲလူပင်၊ လဲလောပင်" ဟူ၍ရေးသားထားသည်။

လဲလူပင်၏ ဂုဏ်နှင့်စွမ်းရည်ကို အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်ထဲတွင်...

- အလွန်အဖျားကြီး၍ သွေးဖောက်ပြန်ခြင်းကို နိုင်၏။

- အပူကိုငြိမ်းစေ၏။

- သွေးဆိုးများကို အကောင်းဖြစ်စေရန် ပြုပြင်တတ်၏။

- ကျောက်၊ ဝက်သက်စသည်တို့ပေါက်ရောက်ခြင်းကို အရွက်ကို ပြုတ်၍လည်းကောင်း၊ ဟင်းချိုချက်၍လည်းကောင်း အသုံးပြုနိုင်၏....ဟူ၍ရေးသားဖော်ပြထားသည်။

ထို့အပြင် အသည်းရောဂါနှင့် ပတ်သက်သော အသည်းရောင်၊ အသည်းဝါ၊ အသည်းအဆီဖုံး၊ အသည်းကြီး၊ အသည်းခြောက် ရောဂါအမျိုးမျိုးအတွက် လဲလူရွက် (သို့) လဲလူမြစ် လက်တစ်ဆုပ်စာကို ၃ခွက် ၁ခွက်တင် ကျိုကာသောက်သုံးနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

[Zawgyi]








- အပူကိုငြိမ်းစေ၏။








နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service