The Godfather ရုပ်ရှင်ရိုက်ကူးခဲ့သော စစ္စလီကျွန်းမှ ရဲတိုက်ကြီး ယူရို ၆ သန်းဖြင့် ရောင်းချမည်
The Godfather ရုပ်ရှင်ရိုက်ကူးခဲ့သော စစ္စလီကျွန်းမှ ရဲတိုက်ကြီး ယူရို ၆ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
24 Feb 2022 11:17 am တွင် တင်ခဲ့သည်
1183 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တည်နေရာ- အီတလီနိုင်ငံ၊ စစ္စလီကျွန်း၊ အက်ဆီရီးယဲလ်မြို့
ဈေးနှုန်း- ယူရို ၆ သန်း (ကန်ဒေါ်လာ ၆ ဒသမ ၇၈ သန်း)
The Godfather: Part III ရုပ်ရှင်ရိုက်ကူးခဲ့သော အီတလီနိုင်ငံ၊ စစ္စလီကျွန်းမှ ရဲတိုက်တိုက်ကြီး ယူရို ၆ သန်း (ကန်ဒေါ်လာ ၆ ဒသမ ၇၈ သန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
အဆိုပါရဲတိုက်ကြီးသည် အမေရိကန်သမ္မတအိမ်ဖြူတော်ခန့်ကြီးမားပြီး စတုရန်းပေ ၄၃၀၀၀ ရှိသည်။
၁၈၀၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၂၂ ခန်းနှင့် လူနေခန်း ၁၂ ခန်း ပါဝင်သည်။
ပုံပြင်များထဲကကဲ့သို့သော ရဲတိုက်ကြီးဖြစ်သည့် ယခုရဲတိုက်ကြီးကို ၁၈၀၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ပြီး ထိုအချိန်ကစပြီး မိသားစုတစ်ခုတည်းက ဆွေစဉ်မျိုးဆက် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
၁၉၉၀ ပြည့်နှစ်က ရုံတင်ပြသခဲ့သော ရုပ်ရှင်ဒါရိုက်တာ ဖရန်စစ် ဖို့ဒ် ကော့ပိုလာ၏ “The Godfather: Part III” နှင့် ၁၉၆၉ ခုနှစ်က ထွက်ရှိခဲ့သော အီတလီရုပ်ရှင်မင်းသမီး Gina Lollabridgida ၏ ရုပ်ရှင် “That Splendid November” ဇာတ်ကားများတွင် ယခုရဲတိုက်ကြီးကို ဇာတ်အိမ်တည်ရာအဖြစ် ထည့်သွင်းရိုက်ကူးခဲ့ကြဖူးသည်။
အီတလီတောင်ပိုင်း Floristella မှ အမတ်ကြီး အဂေါ့စတီနို ပန်းနီဆီ ( Agostino Pennisi ) က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
မူလက ပြတိုက်တစ်ခုအဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း ပန်းနီဆီ၏ မျိုးဆက် ၅ ဆက် နေထိုင်ရာ စံအိမ်ကြီးဖြစ်လာခဲ့သည်။
ရဲတိုက်ကြီးကို ဈေးကွက်တင်ပေးခဲ့သည့် Sotheby’s International Realty မှ အီတလီဆိုင်ရာ အကြီးအကဲ ဒီလက်တာ ဂျော့ဂိုလို(Diletta Giorgolo) က ပြောရာတွင် ယခုရဲတိုက်ကြီးနှင့် လူနေရန်သာမက ကူးသန်းရောင်းဝယ်ရေးအတွက်လည်း ကောင်းမွန်လှကြောင်း ပြောကြားသည်။
ရဲတိုက်ကြီး၏ သမိုင်းကြောင်း ၊ တည်နေရာ၊ ဗိသုကာဟန်၊ အကျယ်အဝန်းတို့ကြောင့် အနာဂတ်တွင် ကြီးမားသည့် အလားအလာများရှိကြောင်းလည်း သူမက ပြောသည်။
ဂေါ့သစ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ရဲတိုက်ကြီးသည် အဆောက်အအုံ ၃ ခုကို ၂ ထပ်မြောက်တွင် ဆက်သွယ်ပေးထားသည်။
ရဲတိုက်တွင်း ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၄၃၀၅၅ ရှိပြီး အိပ်ခန်း ၂၂ ခန်းနှင့် ရေချိုးခန်း ၈ ခန်း ပါဝင်သည်။
ရဲတိုက်ဝန်းအတွင်း မြေယာအလှပြုပြင်ထားသည့် စိမ်းလန်းသော ပန်းခြံဧရိယာ ၂ ဧကလည်း ပါဝင်၏။ရဲတိုက်ကြီးကို Piazza Agostino Pennisi ဟု အမည်ပေးထားပြီး မူလပိုင်ရှင်ကို အစွဲပြု အမည်ပေးထားခြင်း ဖြစ်သည်။
ရှည်လျားကျယ်ဝန်းကာ အုန်းပင်များစီတန်းထားသော လမ်းကလေးမှတဆင့် ရဲတိုက်ကြီးဆီသို့ ရောက်ရှိမည် ဖြစ်သည်။
အမတ်ကြီး ပန်းနီဆီ၏ ကိုယ်တစ်ပိုင်း စကျင်ကျောက်ရုပ်တုကိုလည်း အုန်းပင်များဖြင့် ဝန်းပတ်ထားသည်။
အမိုးခုံး ပေါ်တီကို ၃ ခုက စကျင်ကျောက် လှေကားဆီသို့ ဦးတည်သွားပြီး လှေကား၏ မျက်နှာကြက်မှာ သစ်သားဖောင်းကြွမျက်နှာကြက်ဖြစ်ပြီး မိသားစုအထိမ်းအမှတ်တံဆိပ်နှင့် မိသားစုအမည်အတိုကောက် ပန်းစာလုံးများ ဖော်ထားသည်။
ဧည့်ခံ ခန်းမတွင် ဒေါင်လိုက်ပြတင်းတိုင်ပါသော ကြီးမားသည့် ပြတင်းပေါက် ၅ ခုပါဝင်ကာ မိသားစု အမည် အစစာလုံးများဖြင့် မျက်နှာကြက်ထိ ပုံဖော်ထားသော မီးလင်းဖိုတစ်ခုလည်း ပါဝင်သည်။
ရဲတိုက်ကြီး၏ အတွင်းပိုင်းနေရာအနှံတွင် အနုပညာလက်ရာများဖြင့် မွမ်းမံအလှဆင်ထားရာ ရဲတိုက်ကြီးကို အမွေဆက်ဆံသူတစ်ဦးဖြစ်သော နာမည်ကျော်ပန်းချီဆရာ ပေါလ် ပန်းနီဆီ၏ လက်ရာတစ်ခုလည်း အပါအဝင် ဖြစ်သည်။
အီတလီပန်းချီဆရာ Giuseppe Sciuti ၏ အင်္ဂတေပန်းချီများဖြင့် မွမ်းမံအလှဆင်ထားသော ဘုရားကျောင်းတစ်ခုလည်း ရဲတိုက်အတွင်း ပါဝင်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Sicilian Castle Where ‘The Godfather: Part III’ Filmed Is Nearly as Large as the White House (mansionglobal)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service