မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတတ်အောင် ဘယ်လိုလုပ်မလဲ (အပိုင်း-၂)
Posted by ယဉ်မွန်ထူး (iMyanmarHouse.com)
ကျွန်တော်တို့မြန်မာနိုင်ငံ၏ အိမ်ခြံမြေ လောကကတော့ ၂၀၁၄ ခုနှစ်မှာ အမြင့်ဆုံးကာလသို့ ရောက်ရှိပြီး နောက်ပိုင်း တဖြည်းဖြည်း ဈေးနှုန်းတွေ ကျလာတယ် အရောင်းအဝယ်တွေ ကျလာပြီး ၂၀၁၉ ခုနှစ်ဆန်းပိုင်းမှာ ပြန်လည် လှုပ်ရှားလာတာကို တွေ့ရပါတယ်။
အိမ်ခြံမြေ လောကဆိုတာက မြန်မာနိုင်ငံ၏ စီးပွားရေး တခြားစီးပွားရေးနှင့် ဆက်စပ်နေတာကို တွေ့ရပါတယ်။ ဘဏ်လုပ်ငန်းတွေနဲ့လည်း ဆက်စပ်နေတယ်။ ဆောက်လုပ်ရေးလုပ်ငန်း၊ တခြား သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ ဆက်စပ်နေတာဖြစ်တဲ့အတွက် အိမ်ခြံမြေ လောက တိုးတတ်လာလေလေ မြန်မာနိုင်ငံ၏စီးပွားရေး ပိုပြီး ကောင်းလေလေ အဲ့လိုပုံစံမျိုး နှစ်ဦးနှစ်ဘက် အပြန်အလှန် အကျိုးကျေးဇူးပြုနေတာဖြစ်ပါတယ်။
ဒီစီးပွားရေးကဏ္ဍကြီး ပြန်လည်ပြီးတော့ ဖွံ့ဖြိုးတိုးတတ်အောင် ဘာတွေလုပ်ကြမလဲ ဆိုတာကို ဒီစကားဝိုင်းလေးထဲမှာ ထည့်သွင်းဆွေးနွေးကြမှာဖြစ်ပါတယ်။