NHM Construction မှ Director ကိုမင်းကျော်သူနှင့် အင်တာဗျူး
Posted by နှင်းဒါလီ (iMyanmarHouse.com)
NHM construction ကို 2010 ခုနှစ်က စတင်တည်ထောင်ခဲ့ကြောင်း sသိရသည်။ စတင်တည်ထောင်သော အချိန်တွင် Construction ပိုင်းကို စိတ်ဝင်စား၍ လုံးချင်းအိမ်ကို အများဆုံးဆောက်လုပ်ဖြစ်ကြောင်းသိရသည်။ စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ယခု လက်ရှိအချိန်ထိ ရန်ကင်း မြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်၊ လှိုင်မြို့နယ် နှင့် လှိုင်သာယာ မြို့နယ်တို့တွင် အများဆုံးဆောက်လုပ်ဖြစ်ကြောင်းသိရပါသည်။ Safety ပိုင်းနှင့် ပတ်သတ်၍ Fire Safety, Alarm အစရှိသည်တို့ကို စနစ်တကျ တပ်ဆင်ပေးကြောင်းသိရပါသည်။
ဓါတ်လှေကားပါသော တိုက်ခန်းများတွင်လည်း CCTV တပ်ဆင်ပေးခြင်း အစ ရှိသည်တို့ကို စနစ်တကျ ဆောင်ရွက်ပေးကြောင်းသိရပါသည်။ NHM Construction အနေဖြင့် ကြိုပွိုင့်ရောင်းချမှုလည်း ရှိကြောင်း သိရပါသည်။ Customer များအနေဖြင့် ကြိုပွိုင့်တိုက်ခန်းဝယ်ယူခြင်းက ပိုမို ဈေးနှုန်းသက်သာကြောင်း ပြောပြပေးခဲ့ပါသည်။ အသင့်ဆောက်လုပ်ပြီးသောတိုက်ခန်းများကို ဝယ်ယူပါက ကျသင့်ငွေကို လက်ငင်း ပေးချေရကြောင်း နှင့် ကြိုပွိုင့် ဝယ်ယူပါက ဝယ်ယူသူ Customer များ အနေဖြင့်လည်း ဈေးနှုန်းအဆင်ပြေ ကြောင်း ရောင်းချသူ ဆောက်လုပ်သူများဘက်မှလည်း အဆင်ပြေကြောင်း ပြောပြပေးခဲ့ ပါသည်။
လုံးချင်းများ၊ အခန်းပေးအခန်းယူနှင့် ဓါတ်လှေကားပါသော အဆောက်အဦးများကို ဆောက်လုပ်ကြောင်း ၊ဈေးနှုန်းမှာလည်း သိန်း 120 မှ 1000 ကျော်ဝန်းကျင်အထိ ဆောက်လုပ်ကြောင်းသိရပါသည်။ NHM Construction အနေဖြင့် တိုက်ခန်းများကိုဆောက်လုပ်ရောင်းချရာတွင် Customer များဘက်မှDecoration ပိုင်းကို ပြုပြင်မွန်းမံမှုများ ပြုလုပ်လိုပါက customer များစိတ်တိုင်းကျ ဆောင်ရွက်ပေးကြောင်း သိရပါသည်။ NHM Construction သည် Decoration ပိုင်းကို လဲ လုပ်ကိုင်ကြောင်းသိရပါသည်။ Decoration ပိုင်းတွင်လည်း customer များ စိတ်ကျေနပ်မှု ရရှိအောင် ဆောင်ရွက်ပေးကြောင်းသိရပါသည်။
2016 အိမ်ခြံမြေဈေးကွက်ကိုလည်း လတ်တလော အေးနေကြောင်းပြောပြပေးခဲ့ပါသည်။ 2017 နောက်ပိုင်းတွင်တော့ ဈေးကွက်အခြေအနေ ပြန်ကောင်းလာစေရန် မျှော်လင့်ထားကြောင်း ပြောပြပေးခဲ့ပါသည်။ ဈေးကိုတော့ ယခင်အနေအထားလောက် ရနိုင်မည် မထင်ကြောင်း ပြောပြပေးခဲ့ပါသည်။ Condo Law နှင့် ပတ်သတ်၍ Condo Law သည် အဆောက်အအုံ အတွက်ဆိုလျှင် သိပ် effective သိပ်မဖြစ်ကြောင်း ပြောပြပေးခဲ့ပါသည်။ ယခုလက်ရှိ အိမ်ခြံမြေဈေးကွက် နှင့် ယခင် အိမ်ခြံမြေဈေးကွက် အခြေအနေမှာ များစွာ့ ကွာခြားသွားသည် ဟုလည်း ပြောပြပေးခဲ့ပါသည်။
NHM Construction အနေဖြင့် တောင်ဥက္ကလာပဘက်တွင် အများဆုံး ဆောက်လုပ် ဖြစ်ကြောင်းသိရပါသည်။ ဓါတ်လှေကားပါသောတိုက်ခန်းများကို သိန်း 580 မှ 1000 ကျော် ပတ်ဝန်းကျင်အထိ ရောင်းချပေးကြောင်းသိရပါသည်။ NHM Construction အနေဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံ များတွင် ဝယ်တဲ့လူအတွက် ရော နေတဲ့လူအတွက်ရော အိမ်ပိုင်ရှင် အတွက်ရော အဆင်ပြေအောင်လို့ ပစ္စည်း quality ကိုလည်း တော်တော်ကောင်းကောင်း ကိုသာအသုံးပြုပေးထားကြောင်းသိရပါသည်။
2016 အိမ်ခြံမြေဈေးကွက် နှင့် ပတ်သတ်၍လည်း ဝယ်သူဘက်က နည်းနည်းပို၍ အားသာကြောင်း ၊ ပိုမို ရွေးချယ် နိုင်ကြောင်း၊ ကန်ထရိုက်တာအနေဖြင့်လည်း ရောင်းလိုသောအခန်းများကို ဈေးလျှော့ရောင်းမှ အဆင်ပြေ တော့မည် ဖြစ်ကြောင်း၊ ခြံဈေးသည်လည်း အရင်လောက်မရှိတော့ကြောင်း၊ ထို့ကြောင့် တိုက်ခန်းဈေး သည်လည်း အများကြီးတက်စရာ မရှိတော့ကြောင်း၊ ပြောပြသွားပေးခဲ့ပါသည်။ NHM Construction ကို ဆက်သွယ်မေးမြန်းလိုပါက အမှတ် (632) ဝေဇယန္တာလမ်းတွင်တည်ရှိကြောင်း သိရပါသည်။