မေဖူးဇော် Construction မှ Managing Director ဦးဇော်မင်းလတ် နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
3204 ကြိမ် ကြည့်ရှု့ ပြီး

မေဖူးဇော် Construction မှ Managing Director ဦးဇော်မင်းလတ် နှင့် အင်တာဗျူး

Posted by နှင်းဒါလီ (iMyanmarHouse.com)

မေဖူးဇော် Construction ကို 2007 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်းသိရပါသည်။ ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ် ပြီးပြန်လာသော အချိန်တွင် မိမိ နိုင်ငံ၌ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင် လိုသောကြောင့် ပြည်ပနိုင်ငံ မှ အတွေ့အကြုံ များကို အသုံးချကာ မေဖူးဇော် Construction ကို စတင်တည်ထောင်ခဲ့ ကြောင်းသိရပါသည်။ ကမာရွတ်မြို့နယ်၊ တောင်ဥက္ကာပမြို့နယ်၊ ဒေါပုံမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လမ်းမတော်မြို့နယ် တို့တွင် အများဆုံးဆောက်လုပ် ဖြစ်ကြောင်းသိရပါသည်။ မေဖူးဇော် Construction အနေဖြင့် ဆောက်လုပ်ပြီးသော တိုက်ခန်းများတွင် ကြိုပွိုင့် ရောင်းချမှု ရှိကြောင်းသိရပါသည်။ နေရာကိုလိုက်၍ ကြိုပွိုင့် ဝယ်ယူသူရှိသလို အချို့ကလဲ ဆောက်လုပ်မှု ပြီးစီးမှသာ ဝယ်ယူသောသူများလည်း ရှိကြောင်းလည်း သိရပါသည်။

Construction အနေဖြင့် မြေရှင်များနှင့် လည်း အခန်းပေးအခန်းယူ စနစ် ဆောက်လုပ်ကြောင်း သိရပါသည်။ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ လသာ၊ လမ်းမတော် ဘက်တွင် အခန်းပေးအခန်းယူ စနစ် ဆောက်လုပ်ကြောင်း သိရပါသည်။ ကမာရွတ်ဘက်ရှိ တိုက်ခန်းများတွင်လည်း P.A.E စနစ်ဖြင့် ဆောက်လုပ်ထားကြောင်း သိရပါသည်။ လုပ်ငန်းခွင်တွင်လည်း မိမိ၏ အလုပ်သမားများ အန္တရာယ် မဖြစ်အောင် အစ အဆုံး သေချာဂရုစိုက် ဆောင်ရွက်ကြောင်း သိရပါသည်။

လုပ်ငန်းခွင်တွင်လည်း စည်းကမ်းချက်များကို သတ်မှတ်ထားကြောင်း ၊ တာဝန်ခံ အင်ဂျင်နီယာ များ နှင့် ဆိုဒ်တာဝန်ခံများကို လည်း စနစ်တကျ စိစစ်ထားကြောင်း သိရပါသည်။ မိမိကိုယ်တိုင်လည်း နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ် ကိုင်ဖူးသောကြောင့် အလုပ်သမားများ၏ ထိခိုက်မှုကို ကိုယ်တိုင်လည်း မလိုလားကြောင်း ပြောကြားခဲ့ပါသည်။
ယခုလက်ရှိတွင် ဈေးကွက် အခြေနေ တည်ငြိမ်နေသောကြောင့် 2016 နှစ်ကုန်ပိုင်းလောက်တွင် ဈေးကွက်အခြေနေ ပြန်လည်ကောင်းမွန်လာစေရန် မျှော်လင့်ထားကြောင်း သိရပါသည်။ နောက်တစ်ချက် အနေဖြင့် ကန်ထရိုက်တာ အများစု ကြုံတွေ့နေရသည့် အခက်အခဲ ဖြစ်သော စည်ပင် နှင့် ပတ်သတ်၍ လည်း ပြောပြသွားပေးခဲ့ပါသည်။

မြေရှင်နှင့် တစ်ခြမ်းပေး တစ်ခြမ်းယူ ဆောက်လုပ်သည့် အခါမျိုးတွင် ကြန့်ကြာမှု များ ဖြစ်ပေါ်ကြောင်း ၊ တချို့ကိစ္စများတွင် စည်ပင်၌ File တင်ထားသော်လည်း 6 လ 1 နှစ်လောက်ကြာကြောင်း ၊ ထိုအခါ မြေရှင်များနှင့် လည်း အပေးအယူ ကိစ္စများ ပြန်လည် ဆောင်ရွက်ရကြောင်း၊ မြေရှင်၏ နစ်နာမှုများကို ကန်ထရိုက်တာများ ဘက်မှ ပြန်လည် ပေးလျော်ရကြောင်း စသည့်အခက်အခဲများစွာ ရှိသောကြောင့် လက်ရှိအစိုးရသစ် တက်လာသောအချန်တွင် တိကျသော မူဝါဒနှင့် ခိုင်လုံသော မူဝါဒ များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ ဆောင်ရွက်ပေးမည်ဆိုပါက ကန်ထရိုက်တာများ အတွက် လည်း များစွာ အထောက်အကူပြု အဆင်ပြေမည် ဖြစ်ကြောင်းကို ပြောပြပေးခဲ့ပါသည်။

မေဖူးဇော် Construction အနေဖြင့် ယခုလက်ရှိတွင် အမှတ်(၅) /သီရိမင်္ဂလာလမ်း၊ အမှတ်(26) / B သီရိမင်္ဂလာလမ်း (ဆောက်လုပ်ပြီး) နှင့် ၊ သင်္ဃန်းကျွန်း လွတ်လပ်ရေးလမ်း ၊ သံသုမာလမ်း စီမံကိန်း (၄) ရပ်ကွက် တောင်ဥက္ကလာ နှင့် သံသုမာ တောင်ဥက္ကလာ ၊ ဒေါပုံမြို့နယ်ရှိ ရွှေနှင်းဆီလမ်း နှင့် ရွှေသီတာနွယ်လမ်း တို့တွင် ဆောက်လုပ်လျက် ရှိကြောင်း သိရပါသည်။ Customer များအနေဖြင့် မေဖူးဇော် Construction ကို ဆက်သွယ်လိုပါက အမှတ် (၇၆/၈၀) ဗညားဒလလမ်း ၊ မင်္ဂလာတောင်ညွန့် မြို့နယ် သို့ လာရောက် ဆက်သွယ်နိုင် ကြောင်းသိရပါသည်။ ph-no အားဖြင့် (Office-205699) နှင့် Ph-09-5500787 (MD-ဦးဇော်မင်းလတ်) တို့အားဆက်သွယ် မေးမြန်းနိုင် ကြောင်းသိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App