Moon Sun Construction မှ တာဝန်ရှိသူ Assistant Marketing Manager ကိုကျော်ဇေယျ နှင့် အင်တာဗျူး
Posted by နှင်းဒါလီ (iMyanmarHouse.com)
Moon Sun Construction သည် ကုမ္ပဏီသက်တမ်းအားဖြင့် သုံးနှစ်ရှိပြီဖြစ်ကြောင်း သိရပါသည်။ ကုမ္ပဏီ တည်ထောင်ကာစတွင် ကိုယ်ပိုင်ဆောက်လုပ်ရေး လုပ်ငန်းနေဖြင့် ဆောက်လုပ်ခဲ့သော အဆောက်အဦး တော်တော်များများ ရှိခဲ့ကြောင်း သိရပါသည်။ နောက်ပိုင်းတွင် အများပြည်သူ နှင့် သက်ဆိုင်သော မြို့ပြအိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ ထဲတွင်ပါသော အိမ်ရာအဆောက်အဦး များ ဆောက်လုပ်ဖြစ် ကြောင်း သိရပါသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ် ၊ ဝေဇယန္တာ လမ်းမကြီးပေါ် အစရှိသည့် နေရာ များတွင် ဆောက်လုပ်ဆဲ စီမံကိန်း အနေဖြင့် အများဆုံး ဆောက်လုပ်ဖြစ်ကြောင်း သိရပါသည်။
ဆောက်လုပ်ထားသော တိုက်ခန်းများတွင် ကြိုပွိုင့်အနေဖြင့်ရောင်းချမှု ရှိကြောင်းသိရပါသည်။ မြေရှင်နှင့် အခန်းပေး အခန်းယူ စနစ်ဖြင့် ဆောက်လုပ်မှု ရှိကြောင်းသိရပါသည်။ Moon Sun Construction အနေဖြင့် Safety ပိုင်းကို နိုင်ငံတကာ စံချိန်စံညွှန်း နှင့် အညီ နိုင်ငံတကာ အဆင့် အရည်အသွေး ရှိနေသော ဆောက်လုပ်ရေး အင်ဂျင်နီယာများ၊ ဝန်ထမ်း အင်အားများ စသည်တို့ကို အခြေပြု၍ အားလုံးကို Systematically ဆောင်ရွက်လျက် ရှိကြောင်းသိရပါသည်။ Moon Sun Construction အနေဖြင့် လက်ရှိဆောက်လုပ်လျက် ရှိသော Project များထဲမှ ရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းမကြီး လမ်း(၅၀) နှင့် (၅၁) လမ်းကြား ရှိ Merchant Luxury Condominium ကြီးကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီဆောက်လုပ်လျက်ရှိကြောင်း သိရပါသည်။ Customer များအနေဖြင့် နိုင်ငံတကာ အဆင့်အတန်းမှီ Condominium အခန်းများကို စိတ်ဝင်စားပါက Moon Sun Construction မှတာဝန်ယူ ဆောက်လုပ်သည့် လမ်း ၅၀ နှင့် ၅၁ လမ်းကြား ၊ကုန်သည်လမ်းမကြီး၊ ဗိုလ်တထောင် မြို့နယ်ရှိ Merchant Luxury Condominium ကြီးကို လာရောက် လေ့လာနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါသည်။
နေရာအကွက်အကွင်း ကောင်းကောင်း၊ သဘာဝအလင်းရောင် နှင့် လေဝင်လေထွက် ကောင်းကောင်း ရသော အခန်းသန့် ကို သဘောကျသော Customer များကိုလည်း Moon Sun Construction မှ ဆောက်လုပ်သော တောင်ဥက္ကလာပမြို့နယ် ၊ ဗြဟ္မစိုရ်လမ်း နှင့် ဝေဇယန္တာလမ်းမကြီး ထောင့်ကွက်ရှိ ၈ ထပ်ခွဲ၊ RC အဆာက်အဦး ကို စိတ်ဝင်စားပါက Moon Sun Construction ကို ဆက်သွယ် လေ့လာနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါသည်။ Customer များအနေဖြင့် Moon Sun Construction ကို စိတ်ဝင်စား ၍ ဆက်သွယ် မေးမြန်းလို ပါက အမှတ် (၂၀) သံသုမာလမ်း၊ သုဝဏ၊ သင်္ဃန်းကျွန်းမြို့နယ် ကို လာရောက်လေ့လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။