ရွှေဇမ္ဗူဒိပ် ဆောက်လုပ်ရေး မှ Managing Director ဦးသန်းနိုင် နှင့် အင်တာဗျူး (အပိုင်း-၁)
Posted by နှင်းဒါလီ (iMyanmarHouse.com)
ရွှေဇမ္ဗူဒိပ် ဆောက်လုပ်ရေး အနေဖြင့် အလုံမြို့နယ်တွင်အများဆုံး ဆောက်လုပ်ဖြစ်၍၊ ယခုလက်ရှိတွင် အလုံမြို့နယ် ကမ်းနားလမ်း၌ Shwe Zabu Riverview Complex ကို ဆောက်လုပ်ထားကြောင်း သိရှိရပါသည်။ကြိုပွိုင့်ရောင်းချမှုတွင် ရွှေဇမ္ဗူဒိပ် ဆောက်လုပ်ရေး အနေဖြင့် အနည်းဆုံး Basement နှင့် Foundation ပြီးမှ ရောင်းချသောကြောင့် ယခု လက်ရှိတွင် ကြိုပွိုင့် ရောင်းချမှု မရှိသေးကြောင်း သိရပါသည်။
ထို့နောက် Shwe Zabu Deik Condominium အပြင် အလုံလမ်းတွင် ‘ပန်းစွယ်တော် Condominium’ ကိုဆောက်လုပ်လျှက်ရှိကြောင်းသိရပါသည်။ ‘ပန်းစွယ်တော် Condominium’ကို နိုင်ငံတကာ အဆင့်မှီ Condominium အဖြစ်တည်ဆောက်ရန် ရည်ရွယ် ထားကြောင်းလည်း သိရှိရပါသည်။ ရွှေဇမ္ဗူဒိပ် ဆောက်လုပ်ရေး အနေဖြင့် Shwe Zabu Deik Condominium နှင့် ‘ပန်းစွယ်တော် Condominium’ကို စင်္ကာပူနိုင်ငံမှ Architect ဖြင့်ရေးဆွဲထားကြောင်း လည်း သိရှိရပါသည်။ ပန်းစွယ်တော် Condominium ကို အထပ်ပေါင်း ၂၁ ထပ်ဖြင့် ဖွဲ့စည်းထားပြီး အခန်းပေါင်း ၁၄၈ ခန်းပါဝင်ကြောင်း သိရှိရပါသည်။
‘ပန်းစွယ်တော် Condominium’တွင် Roomtype အမျိုးအစား ၈ မျိုးပါဝင်ကြောင်းလည်း သိရှိရပါသည်။ 1 sqft ကို ဒေါ်လာ 300 မှ 450 ထိသတ်မှတ် ထားကြောင်းသိရပါသည်။ ပန်းစွယ်တော် Condominium’မှ ရွှေတိဂုံဘုရား၊ ရန်ကုန်မြို့ နှင့် ရန်ကုန်မြစ်အစရှိသော မြင်ကွင်းများကို ကြည့်ရှုခံစား နိုင်မည်ဖြစ်ပါသည်။ Swimming pool,Play ground,Gym အစရှိသော Facilities များကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ Safety ပိုင်းတွင်လည်း Singapore မှ Project Manager ကို ငှားရမ်းထားပြီး Singapore Safety Management အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Customer များအနေဖြင့် ‘ပန်းစွယ်တော် Condominium’ကို စိတ်ဝင်စား၍ ဆက်သွယ်မေးမြန်းလိုပါက 0973377779 သို့ ဆက်သွယ်နိုင်ကြောင်း သိရပါသည်။