မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(MCEA)၏ အသင်းသားစုံညီ အစည်းအဝေး ကျင်းပပြုလုပ်ခြင်း အခမ်းအနား - Property Interview from iMyanmarHouse.com
3416 ကြိမ် ကြည့်ရှု့ ပြီး

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(MCEA)၏ အသင်းသားစုံညီ အစည်းအဝေး ကျင်းပပြုလုပ်ခြင်း အခမ်းအနား

Posted by မေသက်နှင်း (iMyanmarHouse.com)

Construction, Power & Mining Myanmar 2015 နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်း(MCEA) ၏ အသင်းသားစုံညီ အထူးအစည်းအဝေးပွဲ အခမ်းအနားကို ၂၀၁၅ခုနှစ် နိုဝင်ဘာလ ၂၈ရက် စနေနေ့တွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Convenice Centre (MCC) ခန်းမမှာ ကျင်းပခဲ့ကြောင်း သိရပါသည်။

ထိုနေ့ အစည်းအဝေးတွင် အသင်း၏ ရှေ့ဆက်သွားမည့် လမ်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရပါသည်။ လက်ရှိပြသလျက်ရှိသော Construction, Power, Mining Myanmar 2015 ပြပွဲ မှာ MCEA၏ အသင်းသားများ ဝင်ရောက်ကြည့်ရှုစေလိုသော ရည်ရွယ်ချက်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါသည်။

ပြပွဲတွင် နိုင်ငံခြားကုမ္ပဏီများစွာ ဝင်ရောက်ပြသသောကြောင့် မိမိတို့လုပ်ငန်းရှင်များအနေဖြင့် လာရောက်လေ့လာနိုင်ကြောင်း၊ ထို့ကြောင့် နောင်လာမည့် အနာဂတ်တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်လာပြီ ဖြစ်သောကြောင့် မိမိတို့အတွက် များစွာ အကျိုးရှိကြောင်း အသင်း၏ တာဝန်ရှိသူများမှ ပြောကြားသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App