Mayar Construction Co.,Ltd (Mandalay) မှ တာဝန်ရှိသူ ကိုသန်းထိုက်ဇော် နှင့် တွေ့ဆုံမေးမြန်းခြင်း - Property Interview from iMyanmarHouse.com
2526 ကြိမ် ကြည့်ရှု့ ပြီး

Mayar Construction Co.,Ltd (Mandalay) မှ တာဝန်ရှိသူ ကိုသန်းထိုက်ဇော် နှင့် တွေ့ဆုံမေးမြန်းခြင်း

Posted by မေသက်နှင်း (iMyanmarHouse.com)

Mayar Construction ကို ၂၀၁၃ခုနှစ်မှ စတင်၍ တည်ထောင်ခဲ့ကြောင်း သိရပါသည်။ အများအားဖြင့် ကန်ထရိုက် တိုက်ခန်းများကို တည်ဆောက်ခြင်းဖြစ်ပြီး လက်ရှိတွင် တည်ဆောက်ပြီး တိုက်ခန်းများ ရှိသကဲ့သို့ဆောက်လုပ်ဆဲ တိုက်ခန်းများလည်း ရှိကြောင်း သိရပါသည်။

ဆောက်လုပ်ရာတွင် အရည်အသွေးပိုင်းကို ဦးစားပေးပြီး ဝယ်ယူသူများ စိတ်ချမ်းသာစေရန်သာ ရည်ရွယ်ကြောင်း သိရပါသည်။
မန္တလေးမြို့တွင် အထပ်မြင့် တိုက်ခန်းများ အထိုက်အလျောက် ဖွံ့ဖြိုးလာသော်လည်း ရန်ကုန်နှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးကြောင်း ပြောသွားပါသည်။

ဆောက်လုပ်ရေးပြုလုပ်ရာတွင် စီးပွားရေးဆိုင်ရာ အခက်အခဲများ၊ အစိုးရရုံးပိုင်းဆိုင်ရာ အခက်အခဲများ စသည်ဖြင့် တွေ့ကြုံရသော်လည်း အကောင်းဆုံးဖြေရှင်းကာ ဆောက်လုပ်ရကြောင်း သိရပါသည်။

တည်နေရာနှင့် ပတ်ဝန်းကျင်ပေါ် မူတည်၍ ဈေးနှုန်းသတ်မှတ် ရောင်းချခြင်းဖြစ်ပြီး ရန်ကုန်ဈေးကွက်ကဲ့သို့ ဈေးနှုန်းပုံသေ သတ်မှတ်ချက် မရှိကြောင်း ပြောသွားပါသည်။ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းထဲက ဈေးကွက် အေးစက်မှုကို ကြုံ့တွေ့ရကြောင်း၊ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ဈေးကွက်မှာ ပြန်လည် တိုးတက်ဖွံ့ဖြိုး လာမည်ဖြစ်ကြောင်း ထင်မြင်ချက်ပေးသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)