iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၃) - Property Interview from iMyanmarHouse.com
3134 ကြိမ် ကြည့်ရှု့ ပြီး

iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၃)

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

အိမ်ခြံမြေဈေးကွက် အခြေအနေကျဆင်းနေသော ယခုလိုအချိန်တွင် မိမိပိုင်ဆိုင်ထားသောအိမ်ခြံမြေ ကို ရောင်းသင့်မရောင်းသင့် အချက်မှာတော့ မိမိလိုအပ်ေ နသော ငွေကြေးပမာဏအခြေအနေအပေါ် မူတည်ပါသည်။ တခဏအတွင်းလိုအပ်သော ငွေကြေး ပမာဏကြောင့် အိမ်ခြံမြေကိုအရှုံးခံပြီး မရောင်းသင့်ကြောင်းအကြံပေးသွား ပါသည်။ရင်းနှီးမြုပ်နှံချင်သော သူများအနေဖြင့် ဆိုင်ခန်းဖွင့် မည်ဆိုလျှင် လမ်းမတန်းလမ်းကျယ်အပေါ်တွင်ဝယ်ယူ သင့်ကြောင်း နှင့်ကိုယ်တိုင်နေထိုင်မည်ဆိုလျှင် လမ်းပန်း ဆက်သွယ်ရေးသွားလာရလွယ်ကူသော နေရာများတွင်ဝယ်ယူနေထိုင်သင့်ကြောင်း ပြောပြပေးသွားပါသည်။နိုင်ငံခြားသားCustomer တွေကိုငှားမည်ဆိုလျှင်လမ်းမတော်၊လသာ၊ဒဂုံဘက်တွင်ဝယ်ယူထားသင့်ကြောင်း ပြောပြပေးသွားပါသည်။ မြေကွက်ဝယ်ယူမည်ဟု စဉ်းစားထားသူတွေအနေဖြင့် ယခုအချိန်တွင် မြေကွက်နှင့်လုံးချင်းအိမ်ဈေးကွက် အခြေအနေမှာ အကျဘက်သို့ဆက်လက်ပြနေသောေ ကြာင့် မဝယ်သင့်ကြောင်း ပြောပြပေးခဲ့ပါသည်။

အိမ်ခြံမြေဈေးကွက်အခြေအနေပြန်လည် ဦးမော့စေရန်မှာ အဓိကအချက်အားဖြင့် အစိုးရအဖွဲ့အစည်း၏ကူညီပံ့ပိုး မှုများလို အပ်ကြောင်း နှင့်Condominium Law အတည်ပြုပေါ်ထွက်လာပြီးစီမံကိန်းချမှတ်ထားသော မြို့သစ်စီမံကိန်းများ အကောင်အထည်ဖော်ပြီးချိန်တွင် မြန်မာနိုင်ငံ ၏အိမ်ခြံမြေဈေးကွက်အခြေအနေမှာ ပြန်လည်အသက်ဝင်လာနိုင်ကြောင်း ပြောပြပေးသွားပါ သည်။ဒါ့အပြင်ယခုလအ ကုန်တွင် တန်ဖိုးနည်းအိမ်ရာတစ်ခုဖြစ်သော ဗိုလ်ဗထူးအိမ် ရာကိုလည်း ပြည်သူတွေထံ အခန်းအပ်ပေးတော့မည် ဖြ စ်ကြောင်းသိရှိရပြီး တန်ဖိုးအနေဖြင့်သိန်း၃၀၀ပတ်ဝန်းကျင် ကျသင့်နိုင်ကြောင်း ပြောပြပေးသွားပါသည်။ သိန်း၃၀၀ ဟူသော တန်ဖိုးမှာအခြေခံ လူတန်းစားတွေအတွက် တတ်နိုင်သည့် အနေအထားမဟုတ်သေးကြောင်းနှင့် မကြာသေးမှီ အချိန်ကမှ သိရှိခဲ့ရသော Taw Win Family မှ ၄၂သိန်းတန် တန်ဖိုးနည်းအိမ်ရာစီမံကိန်းသာ အကောင်အ ထည်ဖော်နိုင်ခဲ့ပြီဆိုလျှင် ပြည်သူတွေအတွက်သာမက ဈေးကွက်အနေအထားပါ ပြောင်းလဲသွားနိုင်ကြောင်းသိရှိခဲ့ရပါသည်။နောက်ဆုံးတစ်ချက် မှာတော့ အငှားချအိမ်ရာစီမံကိန်းေ တွသာအစိုးရအဖွဲ့အစည်းဘက်မှအမှန်တကယ်ဆောင်ရွက် ပေးနိုင်ခဲ့ပြီဆိုလျှင် ပြည်သူတွေ အတွက် ပိုမိုကောင်းမွန် လာနိုင်မည်ဟု ပြောပြခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)