Enchant’s Luxury Product Showroom ဖွင့်ပွဲ အခမ်းအနား - Property Interview from iMyanmarHouse.com
3376 ကြိမ် ကြည့်ရှု့ ပြီး

Enchant’s Luxury Product Showroom ဖွင့်ပွဲ အခမ်းအနား

Posted by မေသက်နှင်း (iMyanmarHouse.com)

၂၀၁၅ ခုနှစ် ဇွန်လ ၂၁ရက်နေ့တွင် အမှတ်(၇၅၃/၇၅၄)၊ ပင်လုံလမ်း၊ ၃၀ရပ်ကွက်၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားကို ကြွရောက်လာကြသော ဂုဏ်သရေရှိ လူကြီးမင်းများ နှင့် Enchant မှ တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။

ထို့နောက် တာဝန်ရှိသူ အသီးသီးမှ Enchant’s Luxury Product Showroom ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။ အခမ်းအနားကို စက်ခလုတ်နှိပ်၍ ထပ်မံဖွင့်လှစ်ကာ Showroom ဖွင့်ပွဲအောင်မြင်သည့် အထိမ်းအမှတ် အနေဖြင့် Champagne ဖောက်၍ ဂုဏ်ပြုကျင်းပခဲ့ပါသည်။

ကြွရောက်လာကြသော ဧည့်သည်တော်များအား Lucky Draw ဖွင့်ဖောက် ကံစမ်းပေးခြင်း၊ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခြင်း၊ Enchant’s Luxury Product များကို လှည့်လည် ကြည့်ရှုလေ့လာစေခြင်းတို့ဖြင့် ကျင်းပခဲ့ကြောင်း သိရပါသည်။

Enchant Showroom ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်
Mattress မှာ ရွေးချယ်ရန် နည်းပါးနေခြင်းကြောင့် လည်းကောင်း၊ လူနေမှု အဆင့်အတန်းမြင့်မားစေလိုသောကြောင့် လည်းကောင်း ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။ Enchant’s Luxury Product များမှာ ဂျာမနီ နှင့် အီတလီ နည်းပညာများကို အသုံးပြုထားပြီး Customer များ၏ စိတ်ဝင်စားမှုများစွာ ရရှိကြောင်း Managing Director မယမင်း မှ ပြောပြသွားခဲ့ပါသည်။
Enchant’s Luxury Product Showroom ဖွင့်ပွဲ အခမ်းအနား - Property Interview from iMyanmarHouse.com
Enchant’s Luxury Product Showroom ဖွင့်ပွဲ အခမ်းအနား - Property Interview from iMyanmarHouse.com
Enchant’s Luxury Product Showroom ဖွင့်ပွဲ အခမ်းအနား - Property Interview from iMyanmarHouse.com

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)