Maruart Decoration မှ တာဝန်ရှိသူမနီနီမြင့်နှင့် iMyanmaHouse.comမှ ကြီးမှူးကျင်းပသော"မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲကြီး” အကြောင်းအင်တာဗျူး - Property Interview from iMyanmarHouse.com
2664 ကြိမ် ကြည့်ရှု့ ပြီး

Maruart Decoration မှ တာဝန်ရှိသူမနီနီမြင့်နှင့် iMyanmaHouse.comမှ ကြီးမှူးကျင်းပသော"မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲကြီး” အကြောင်းအင်တာဗျူး

Posted by မေသက်နှင်း (iMyanmarHouse.com)

Maruart Decoration သည် အိမ်တစ်အိမ်၌ အဓိကဖြစ်သော မီးဖိုချောင်သုံးပစ္စည်းများ၊ နံရံကပ်အလှwallpapersများ၊ ကြမ်းခင်းပိုင်းနှင့်ပတ်သတ်သော ပစ္စည်းများ နှင့်အခြားအိမ်သုံးပစ္စည်းများ စုံစုံလင်လင်ကို ရောင်းချပေးနေတာပဲ ဖြစ်ပါသည်။

ပြပွဲ၌ဝင်ရောက်ပြသခဲ့ခြင်းကြောင့် customerအများစု Maruat နဲ့ ပတ်သတ်ပြီး အသေးစိတ် သိရှိသွားကြောင်း နှင့်ယခင်ကထက် customerတွေပိုမိုများပြားလာကြောင်း၊ DecorationServices အမျိုးအစားပေါင်းများစွာ ဝင်ရောက်ပြသခဲ့ကြောင်း လည်း ပြောပြပေးသွားပါသည်။

ဝင်ရောက်ပြသရာ၌ ပစ္စည်းအလေးချိန်နှင့် အရွေ့ အပြောင်း အခက်အခဲများကြောင့် Car parkingက အရေးကြီးသော်လည်း ပွဲအတွင်း၌ ပြသသော company များပြားသောကြောင့် Car parking အခက်အခဲများ ရှိခဲ့ကြောင်း ပြောပြခဲ့ပါသည်။

ပွဲ၏အကျိုးရလာဒ်မှာ ကောင်းမွန်သောကြောင့် နောက်ပိုင်းယခုကဲ့သို့ ပွဲများထပ်မံကျင်းပလျှင်လည်း ဝင်ရောက်ပြသလိုကြောင်း ပြောပြခဲ့ပါသည်။
တန်ဖိုးမြင့်အိမ်ရာတွေအပြင် နောက်ပွဲများ၌တန်းဖိုးနည်းအိမ်ရာများပါ ဝင်ရောက်ပြသနိုင်လျှင် ကြည့်ရှုသူ ပိုမိုများပြားနိုင်ကြောင်း အကြံပေးစကားလည်း ပြောကြားပေးသွားပါသည်။

အဆုံးသတ်၌ နောက်ပိုင်းပွဲများကျင်းပလျှင် ဝင်ရောက်ပြသလိုသောကြောင့် အခါကြီးရက်ကြီးမဟုတ်သောရက်များ၌ ကျင်းပလျှင် လာရောက်ကြည့်ရှုသူ ပိုမိုများပြားနိုင်ကြောင်းအကြံပြုစကား ပြောသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)