မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) နှစ်ပတ်လည် အခမ်းအနား - Property Interview from iMyanmarHouse.com
2323 ကြိမ် ကြည့်ရှု့ ပြီး

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) နှစ်ပတ်လည် အခမ်းအနား

Posted by မေသက်နှင်း (iMyanmarHouse.com)

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) နှစ်ပတ်လည် အခမ်းအနားကို ၂၀၁၅ခုနှစ် မေလ ၂၇ရက်နေ့တွင် MCC ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ MCEA အသင်း တည်ထောင်ရခြင်းမှာ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် နှင့် အိမ်ရာစီမံကိန်းများတွင် ပူးပေါင်း အကောင်အထည်ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။

ယခုကဲ့သို့ နှစ်ပတ်လည် ညီလာခံမှာ နှစ်စဉ် Build Tech Yangon နှင့် အတူကျင်းပပြုလုပ်ကြောင်း၊ ညီလာခံတွင် တစ်နှစ်တာကာလအတွက် လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြကြောင်း၊ ဆောက်လုပ်ရေး လောက ဖွံ့ဖြိုးတိုးတက်လာစေရန် ဌာနဆိုင်ရာများနှင့် လိုအပ်ချက်များ၊ လိုအပ်ချက်များကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသင်း၏ အလုပ်အမှုဆောင် ဦးအေးလင်းမှ ပြောကြားခဲ့ပါသည်။

အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်သည့် M.K.T Construction ၏ CEO ဦးမျိုးမြင့်မှလည်း အသင်းစတည်ထောင်ပြီးချိန်မှ စ၍ အသင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ MCEA အသင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းငယ်များကို များစွာ အထောက်အကူပြုခဲ့ကြောင်း ပြောသွားပါသည်။ ကြားကာလတွင် အနည်းအားနည်းချက်များရှိသော်လည်း ယခုအခါတွင် ပြန်လည်ရှင်သန်လာမည် ဖြစ်ကြောင်း သိရပါသည်။

အခမ်းအနားတွင် အသင်း၏ နာယက၊ ဥက္ကဌများ နှင့် အမှုဆောင်အသီးသီးမှ အသင်း၏တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များ ကိုရှင်းလင်းတင်ပြခဲ့ပြီး ကြွရောက်လာကြသော ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App